” ပြယုဒ်သုံးလီ “

ခင္ခAugust 19, 20141min816

” ပြယုဒ်သုံးလီ “

 

ရော်ရွက်ဝါတို့

လေမှာလွင့်ကာ

မြေပြင်သက်ဆင်း

ကြွေကျခြင်းက

နွေရာသီ၏ ပြယုဒ်ပါ့။

 

နောက်တောင်ဆီက

မဲမှောင်ကာညို

ထစ်ချုန်းကာလျှပ်စီး

မြေပြင်သို့ရွာကာချ

မိုးရာသီ၏ ပြယုဒ်ပါ့။

 

အေးလှတဲ့လေညှင်း

မြူတွေရယ်ပိတ်တင်း

ငွေနှင်းတို့ဖွဲဖွဲကျ

ဆောင်းရာသီ၏ ပြယုဒ်ပါ့။

 

ပြယုဒ်သုံးလီ

လှည့်ကာပတ်ပြီ

တစ်နှစ်ပြည့်ပြီဆိုကြသည်။

 

 

ခင်ခ။

6 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 19, 2014 at 10:30 am

    ဂလိုနဲ့ပဲ တစ်နှစ်ပြီး တစ်နှစ်
    အသက်တွေလည်း ကြီးပါပေါ့။
    ဘုရားးး
    ဘုရားးးး.
    .

    .
    .
    .
    .
    .
    .
    .
    .
    .

    လုပ်ချင်တာတွေ ပိုလုပ်မှ။
    :mrgreen:

    • ခင် ခ

      August 19, 2014 at 11:52 am

      လုပ်ချင်တာဆို လုပ်ပလိုက်ပေါ့ မလုပ်ဘဲလည်း နေလို့ ရချင်မှ ရမှာကိုး။

  • Mr. MarGa (12512)

    August 19, 2014 at 11:42 am

    ဘာ လိုုလိုနဲ့ ! တစ်နှစ်ပြည့်ပြီ… ပဲ… :hint:

  • manawphyulay

    August 19, 2014 at 1:34 pm

    ပြယုဒ်သုံးလီ

    လှည့်ကာပတ်ပြီ

    အသက် တစ်နှစ် ပိုကြီးပြီလို့

    ဆိုကြသည်…. :mrgreen:

  • အလင်းဆက်(24/05/2011)

    August 20, 2014 at 8:00 am

    ဆောင်းဟာ ဆောင်းမပီတော့တာ
    နွေဟာ နွေမပီတော့တာ
    မိုးဟာ မိုးမပီတော့တာ

    အဲ့ဒီအကြောင်းလေးလည်း ခံစားရေးဖွဲ့ပါဦးလား လေးခ

    😆

    • ခင် ခ

      August 20, 2014 at 1:37 pm

      ကိုအလင်းဆက်ညွှန်းတာလေးလည်း မဆိုးဘူးဘဲ

Leave a Reply