ဒီတခါတော့ ဈေးနှုန်း ချိုတဲ့ အထဲတော့ မပါဘူး..

သင့်တင့်တယ်… ထိုင်လို့ကောင်းတယ်… အေးဆေးတယ်…

နေရာလေးကတော့ မြောက်ဒဂုံထဲမှာ… တိတိကျကျဆိုရင် မန္တလေးလမ်း မှတ်တိုင် နဲ့  ကျောင်းလမ်း မှတ်တိုင်ကြားထဲက   SHAKE  ဆိုတဲ့ ဆိုင်လေးပါပဲ…

ပုံမှန်ဆိုရင် SHAKE  က အချိုရည်၊ အအေး၊ ကော်ရည်ခေါက်ဆွဲ၊ လက်ဘက်ထမင်း၊ ရွှေတောင်ခေါက်ဆွဲ အဲဒါတွေ အပြင် ပေါင်မုန့်တို့ ဘာတို့တောင် ရတယ်ဗျ… အဲဒါ ထူးခြားချက်ပဲ…

ဖာလူဒါတို့ ရေခဲမုန့်တို့လဲ သက်သာတယ်.. ငါးရာ တထောင်အပြင်ပိုမပေးရဘူး…

နေရာကလဲ ထိုင်စရာ ၃ မျိုးလောက်ရှိတယ်… ဆိုင်အပြင်ဘက်မှာဆို အရောင်းအ၀ယ်လုပ်မလား.. စကားပြောကောင်း အေးဆေးလွတ်လပ်… ညနေဆို မိသားစုတွေနဲ့ဆို ပိုတောင် ကောင်းသေး…

လူကြီးတွေက ကော်ရည်ခေါက်ဆွဲစား၊ လက်ဘက်ထမင်းစား၊ ကြာဆံချက်စား၊ ရွှေတောင်ခေါက်ဆွဲစား… ကလေးတွေက ပေါင်မုန့်စားရင်စား၊ မစားရင် ရေခဲမုန့်စား၊ ဖာလူဒါစား… ဆော့ကစား…

အတွင်းထဲဝင်လိုက်ရင် အခုမှ စချိန်းတွေ့တဲ့ အတွဲ … ဒါမှမဟုတ် ချက်တင်က ချိန်းတဲ့ ဟာမျိုး ထိုင်စောင့်တဲ့ သဘောနဲ့ဆို ဂွတ်…

နောက်ထပ် အတွင်းထဲ ထပ်ဝင်လိုက်ရင် အဲကွန်းအခန်းပဲ.. ဒါကတော့ ရှိုးစမိုးနဲ့ ထိုင်ချင်လဲ ထိုင်လို့ကောင်းတဲ့ ပုံစံမျိုး… နည်းနည်း ကြိုက်တာကြာတဲ့ အတွဲတွေ…

စားရင်းနဲ့ အပူဒဏ်လဲလွတ် အချိန်ဖြုန်းချင်တဲ့ သူတွေ အတွက် ကွက်တိ…

ကျွန်တော်တို့တောင် အဲလိုလေး ထိုင်ရင်း ငယ်မူသွေးခဲ့သေးသဗျာ…

လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပိုက်ဆံသာရှိပြီး… အေးဆေး မထိုင်ဖြစ် (စားတာတော့ စားဖြစ်တယ်) အလုပ်ကိစ္စတခုကို စောင့်ရင်း ထိုင်ဖြစ်ခဲ့တယ်…  :)

P1280058

P1280059

တစ်ထောင်ပဲ ရှိတယ်…

P1280061

ရွှေတောင်ခေါက်ဆွဲ တစ်ထောင်ပဲ ရှိတယ်… မိန်းမကတော့ အိုဆာကာ ရွှေတောင်ခေါက်ဆွဲလောက် သိပ်မကြိုက်ဘူး ပြောတယ်…

P1280065

လက်ဘက်ထမင်း ကြက်ဥပါပါမှ တစ်ထောင်ပါ… ကျွန်တော်ကြိုက်တယ်… :)

P1280066

စတော်ဘယ်ရီ ရေခဲမုန့်… ၅၀၀ ကျပ်ပါ… ထိုင်ရတာ အမြတ်ပဲ…  ဈေးက အပြင်ကဈေးနဲ့ အတူတူပဲ..

 

ကဲ.. အားလုံးပဲ… ကျေးဇူးတင်ပါတယ်… မမေ့လိုက်ကြနဲ့နော်… ရေမြေ့သနင်း… မြေပြင်ဆင်းပြီး အရောင်းအ၀ယ်လုပ်နေလို့ပါ…. :)

 

 

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...

   Send article as PDF