စားမယ်၊ သောက်မယ်၊ အေးဆေးထိုင်မယ်…

ကုိ ထြဋ္August 19, 20141min17211

ဒီတခါတော့ ဈေးနှုန်း ချိုတဲ့ အထဲတော့ မပါဘူး..

သင့်တင့်တယ်… ထိုင်လို့ကောင်းတယ်… အေးဆေးတယ်…

နေရာလေးကတော့ မြောက်ဒဂုံထဲမှာ… တိတိကျကျဆိုရင် မန္တလေးလမ်း မှတ်တိုင် နဲ့  ကျောင်းလမ်း မှတ်တိုင်ကြားထဲက   SHAKE  ဆိုတဲ့ ဆိုင်လေးပါပဲ…

ပုံမှန်ဆိုရင် SHAKE  က အချိုရည်၊ အအေး၊ ကော်ရည်ခေါက်ဆွဲ၊ လက်ဘက်ထမင်း၊ ရွှေတောင်ခေါက်ဆွဲ အဲဒါတွေ အပြင် ပေါင်မုန့်တို့ ဘာတို့တောင် ရတယ်ဗျ… အဲဒါ ထူးခြားချက်ပဲ…

ဖာလူဒါတို့ ရေခဲမုန့်တို့လဲ သက်သာတယ်.. ငါးရာ တထောင်အပြင်ပိုမပေးရဘူး…

နေရာကလဲ ထိုင်စရာ ၃ မျိုးလောက်ရှိတယ်… ဆိုင်အပြင်ဘက်မှာဆို အရောင်းအဝယ်လုပ်မလား.. စကားပြောကောင်း အေးဆေးလွတ်လပ်… ညနေဆို မိသားစုတွေနဲ့ဆို ပိုတောင် ကောင်းသေး…

လူကြီးတွေက ကော်ရည်ခေါက်ဆွဲစား၊ လက်ဘက်ထမင်းစား၊ ကြာဆံချက်စား၊ ရွှေတောင်ခေါက်ဆွဲစား… ကလေးတွေက ပေါင်မုန့်စားရင်စား၊ မစားရင် ရေခဲမုန့်စား၊ ဖာလူဒါစား… ဆော့ကစား…

အတွင်းထဲဝင်လိုက်ရင် အခုမှ စချိန်းတွေ့တဲ့ အတွဲ … ဒါမှမဟုတ် ချက်တင်က ချိန်းတဲ့ ဟာမျိုး ထိုင်စောင့်တဲ့ သဘောနဲ့ဆို ဂွတ်…

နောက်ထပ် အတွင်းထဲ ထပ်ဝင်လိုက်ရင် အဲကွန်းအခန်းပဲ.. ဒါကတော့ ရှိုးစမိုးနဲ့ ထိုင်ချင်လဲ ထိုင်လို့ကောင်းတဲ့ ပုံစံမျိုး… နည်းနည်း ကြိုက်တာကြာတဲ့ အတွဲတွေ…

စားရင်းနဲ့ အပူဒဏ်လဲလွတ် အချိန်ဖြုန်းချင်တဲ့ သူတွေ အတွက် ကွက်တိ…

ကျွန်တော်တို့တောင် အဲလိုလေး ထိုင်ရင်း ငယ်မူသွေးခဲ့သေးသဗျာ…

လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပိုက်ဆံသာရှိပြီး… အေးဆေး မထိုင်ဖြစ် (စားတာတော့ စားဖြစ်တယ်) အလုပ်ကိစ္စတခုကို စောင့်ရင်း ထိုင်ဖြစ်ခဲ့တယ်…  🙂

P1280058

P1280059

တစ်ထောင်ပဲ ရှိတယ်…

P1280061

ရွှေတောင်ခေါက်ဆွဲ တစ်ထောင်ပဲ ရှိတယ်… မိန်းမကတော့ အိုဆာကာ ရွှေတောင်ခေါက်ဆွဲလောက် သိပ်မကြိုက်ဘူး ပြောတယ်…

P1280065

လက်ဘက်ထမင်း ကြက်ဥပါပါမှ တစ်ထောင်ပါ… ကျွန်တော်ကြိုက်တယ်… 🙂

P1280066

စတော်ဘယ်ရီ ရေခဲမုန့်… ၅၀ဝ ကျပ်ပါ… ထိုင်ရတာ အမြတ်ပဲ…  ဈေးက အပြင်ကဈေးနဲ့ အတူတူပဲ..

 

ကဲ.. အားလုံးပဲ… ကျေးဇူးတင်ပါတယ်… မမေ့လိုက်ကြနဲ့နော်… ရေမြေ့သနင်း… မြေပြင်ဆင်းပြီး အရောင်းအဝယ်လုပ်နေလို့ပါ…. 🙂

 

 

11 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 19, 2014 at 12:18 pm

    သင်္ဘောသား ဖျော်ရည် (အဲလေ) သင်္ဘောသီး ဖျော်ရည်လားးး
    လက်ဖက်ထမင်းက ထမင်းနည်းမလားမသိ။ ကြက်ဥကြော် အောက်မှာ မမြင်ရတော့ဘူးးး
    နာ သာ ဆို ၂ ပွဲမှ ဝမဲ့ပုံ၊.
    ၊ဟိ

    :k:

  • Crystalline

    August 19, 2014 at 12:35 pm

    လမ်းမတော်က Shake တော့ထိုင်ဖြစ်တယ်.. ကော်ရည်ခေါက်ဆွဲနဲ့ ငါးပိထောင်းက အကြိုက်ဆုံး.. ရွှေတောင်ခေါက်ဆွဲလည်းမဆိုးဘူး.. တစ်ယောက်ထဲလည်း ထိုင်ရအဆင်ပြေလို့ မကြာခဏ သွားဖြစ်တဲ့နေရာပေါ့.. :))

    • ဦးကြောင်ကြီး

      August 22, 2014 at 9:28 am

      ယေမြေ့သနင်း
      ဂွေတွေ့ဗျင်း
      ဗွေခွေ့ပုလင်း
      ဇေဟေ့ရှင်း..

      မှက်ခြက်။ ခွစ်လေးပေါင်ပေါ် တပ်ထိုင်ချဉ်သယ်..

  • Yae Myae Tha Ninn

    August 19, 2014 at 2:04 pm

    ဆားချိုသီး ဖျော်ရည်ပါ… ၅၀ဝ cc … တစ်ထောင်ကျပ်ပါ…
    ထမင်းကတော့ နည်းတယ်.. ဒါပေမဲ့ ဝ ပါတယ်…
    တယောက်တည်းကတော့ ဆိုးပါဘူး.. သူများ မိသားစုတွေကို ကြည့်ပြီး ကြည်နူးရတာပေါ့…
    စကားမစပ် ကျွန်တော်လဲ ငပိထောင်းတအားကြိုက်တယ်…

  • Ko chogyi

    August 19, 2014 at 2:37 pm

    စားဖို့သောက်ဖို့အေးအေးဆေးဆေးထိုင်ဖို့ မြောက်ဒဂုံအထိသွားရဦးမယ်
    Crystalline လမ်းမတော်ဆိုင်ဘယ်နားလဲ ညွှန်းပါဦး

    • Crystalline

      August 19, 2014 at 3:10 pm

      အနော်ရထာလမ်းမပေါ်.. ကိုရေမြင်းပြောတဲ့ ဘုန်းကြီးလမ်းနဲ့ ၁၁လမ်းကြား.. :)) စံပြရုပ်ရှင်ရုံနဲ့ မျက်နှာချင်း မဆိုင်တဆိုင်လောက်မှာ.. :mrgreenn:

  • Yae Myae Tha Ninn

    August 19, 2014 at 2:52 pm

    ဆောရီး…မြောက်ဒဂုံနားနီးသူများ အတွက်ဆိုတာ မပြောမိတာ… လမ်းမတော်ကတော့ မျက်စိရှုပ်ပါတယ်ခင်ဗျာ… ဘုန်းကြီးလမ်း နဲ့ ၁၁ လမ်းကြားမှာပါ… 🙂

  • အလင်းဆက်(24/05/2011)

    August 20, 2014 at 7:40 am

    ဆိုးပါဘူး။
    ဈေးနှုန်းလေးလည်း သင့်တင့်သားပဲ

    အဲ့ဘက် ရောက်စရာ ရှိတယ်
    ရောက်ရင် ထိုင်ဖြစ်မယ်ထင်ရဲ့

  • kyeemite

    August 20, 2014 at 9:45 am

    ပိုက်ဆံအကုန်ခံစားပြီး ဓါတ်ပုံရိုက်တင်ရတာ ဆိုတော့ မလွယ်ဘူးနော…အဲ့ဖက်ရောက်ရင်ထိုင်ကြည့်ပါမယ်

  • Yae Myae Tha Ninn

    August 20, 2014 at 1:47 pm

    ဟားဟား.. ကိုကြီးမိုက်ကတော့ လုပ်ပြီ… ကြွားတာတော့ ဟုတ်ဘူးနော်.. ညနေစာကို အပြင်ဆိုင် တခုခုမှာပဲ စားတတ်ပါတယ်… ရိုက်ဖြစ်တာ မရိုက်ဖြစ်တာ… မတန်လို့ စိတ်တိုင်းမကျလို့ မတင်တာပဲ ရှိတာပါ… တကူးတကတော့ စားပြီး ရိုက်ပြီး တင်တာ မဟုတ်ပါဗျာ.. အဲလို လုပ်လို့ တဂျီးက ပေးတယ်ဆို ဟုတ်တုတ်တုတ်ရယ်… 😛 ဝင်ရောက်အားပေးကြတာ ကျေးဇူးပါ… 🙂

Leave a Reply