အချစ်ဆိုတာ…

manawphyulayAugust 19, 20141min18214

အချစ်ဆိုတာ လူငယ်လည်း လူငယ်အတွေး၊ လူကြီးလည်း လူကြီးအတွေး ကိုယ့်အတွေးနဲ့ကိုယ် ရှိကြမှာပါ။ တစ်ယောက်တစ်မျိုးပေါ့လေ။
အချစ်ဆိုတာ ဘယ်ကစဖြစ်တာလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုလာပြီနော်။ လှတာကိုလား။ ချောတာကိုလား။ ဒါမှ မဟုတ် အပြောကောင်းတာကိုဆိုလိုတာလား။ အဲဒီမှာ စကားပုံတစ်ခုကို စဉ်းစားမိတယ်။
“Love in the heart is better than honey in the mouth”
နှလုံးသားထဲက အချစ်ဟာ ပါးစပ်ဖျားက ပျားရည်ထက် ချိုပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။
ကျွန်မ ခံယူမိထားတာကတော့ လူတစ်ယောက်မှာ It is needed to love and be loved. အချစ်ခံရဖို့နဲ့ ချစ်ဖို့ဆိုတာ လူတိုင်းမှာ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
အဲ တစ်ခုတော့ ရှိတယ်နော် “And remember, the surest way to win love is to give love.” သိထားဖို့က မေတ္တာကိုရဖို့ အသေချာဆုံးလမ်းဟာ မေတ္တာကို ပေးဖို့ပါပဲ။
အချစ်ဆိုတာ ဘယ်အရာမှ မကောင်းဘူးလို့လည်း ထင်တယ်။ ပူလောင်တယ်။ အချစ်ဆိုတာထက် မေတ္တာထားတတ်ဖို့ လိုအပ်ပါတယ်။
အဲ အချစ်ဆိုတာ အချစ်တစ်ခုထဲနဲ့လည်း အချစ်ဆိုတာ ဖြစ်မလာတတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားနိုင်ဖို့ရယ် နားလည်မှုရယ် သစ္စာရှိဖို့ရယ် ဒါတွေ အားလုံးပေါင်းစပ်မှသာ အချစ်ဆိုတာ ဖြစ်လာမယ်လို့ ကျွန်မ မြင်မိပါတယ်။
ခု လူတွေဟာ ဘယ်အရာမှ တန်ဖိုးမထားတတ်ကြတာကို မြင်တွေ့နေရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အများအားဖြင့် အွန်လိုင်းတက်နေကြတဲ့သူတွေရဲ့ ထုံးစံတစ်ခုပေါ့။ လွယ်လွယ်တွေ့၊ လွယ်လွယ်ပြော၊ လွယ်လွယ်ကွဲနဲ့ သူတို့ကျတော့ လွယ်လိုက်ကြတာနော်။ ဒါကို အချစ်လို့ ခေါ်တာလား။ ဒီတစ်ဦးကို ပြောကြည့်မယ်။ မရရင် နောက်တစ်ယောက်ပြောမယ်။ ဒါတွေဟာ အချစ်စစ်လို့ ပြောလို့ရမလား။
မဟာတ္ထမဂန္ဓီ ပြောခဲ့တာကတော့
“where there is love, there is life. Hatred leads to destruction. အချစ်ရှိလျှင် ဘဝရှိ၍ အမုန်းတရားသည် ပျက်စီးခြင်းကိုု ဦးတည်သည်တဲ့။
ကျွန်မမြင်မိတာကတော့ “lowe is a fervent fire” အချစ်ဆိုတာ ပြင်းထန်တဲ့ မီးတောက်မီးလျှံပဲ။
လောကမှ နှစ်ဦးနှစ်ဖက် လိုချင်တာနဲ့ ပေးဆပ်တာ ထပ်တူကျမှသာ အချစ်ဆိုတာ ဖြစ်ပေါ်လာရင် ပိုကောင်းပါတယ်။
အချစ်ဆိုတာ ဘဏ်တိုက်မှာ သွင်းထားတဲ့ ငွေကြေးလို မဟုတ်ပါဘူး။ လိုတဲ့အခါ ထုတ်ချင်တိုင်း ထုတ်လို့မရပါဘူး။
သူ ပေးနိုင်ပြီး ကိုယ်မပေးနိုင်တဲ့အခါ တစ်ဖက်သားအတွက် စိတ်မကောင်းရုံက လွဲလို့ မတတ်နိုင်တဲ့အရာတစ်ခုပါပဲ။
ကျွန်မကတော့ မချစ်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ သံယောဇဉ်အရမ်းကြီးတတ်လို့ပဲ။ သံယောဇဉ်ဆိုတဲ့အရာဟာလည်း ဖြတ်နိုင်တဲ့သူတွေအတွက် အေးချမ်းပေမယ့် မဖြတ်နိုင်တဲ့သူတွေကျတော့ အမြဲပူလောင်နေတာပဲလေ။
ကျွန်မကတော့ အချစ်ဆိုတာ ရယူခြင်းရှိသင့်သလို ပေးဆပ်မှုလည်း ထားတတ်ရမယ်။ ဟုတ်တယ်မလား။
အချစ်ဆိုတာ ကိုယ်ကျင့်တရားနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါဟာလည်း မပါမဖြစ်ဘူးလေ။
အင်း မရေးလည်း မရေးတတ်ပါဘူး။ ရေးချင်တာတွေလည်း ရှိသေးတယ်။ အချစ်အကြောင်းကို လေ့လာပြီးမှပဲ ဆက်ရေးတော့မယ်။

အချစ်ဆိုတာ
ဒုက္ခရဲ့နိဒါန်း
သောကရဲ့မြစ်ဖျား
အလွမ်းရဲ့ဗဟို
အပြိုပြိုအလဲလဲ
ငိုလို့မဆုံးတဲ့ ပွဲတစ်ပွဲ….. ပေါ့

14 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 19, 2014 at 1:38 pm

    အချစ်ဆိုတာ ….
    ……………………
    ………………………..
    ဒီခေတ်မှာတော့ ……………….
    …………………………………….
    …………………………………………….

    လွယ်လွယ် ကောက်တတ် စရာ ခေါင်းစဉ်တစ်ခု ဖြစ်နေသေးရဲ့ ကွယ်။

  • မင်း ခန့် ကျော်

    August 19, 2014 at 1:39 pm

    အချစ်(ဖို/မ)ဆိုတာကို
    အဓိပ္ပါယ်ဖွင့်နေပြီဆိုရင်အချစ်မဟုတ်တော့ဘူး။
    အချစ်စစ်မှာ မေတ္တာတရားက သူ့အလိုလိုပါပြီးသားပါ။
    အချစ်ကိုခိုင်မြဲစေတာက သံယောဇင် :mrgreen:

  • နောင် ရိုး

    August 19, 2014 at 2:07 pm

    ပြောသင့်သလောက်လဲ ပြောပြီးပြီမို့…မပြောတော့ပါဘူးဗျာဆိုတာလေးး
    လာပြောတာပါ…

  • Yae Myae Tha Ninn

    August 19, 2014 at 2:56 pm

    ဘာလို့ အဲပို့စ်တင်တာလဲပဲ စိတ်ဝင်စားပါတယ်… 😛

  • Mr. MarGa (12512)

    August 19, 2014 at 6:32 pm

    အချစ်လား???
    သူဖျားနေတယ် :mrgreenn:

    ချစ်သူလား???
    စကားတစ်ပွင့် ပွင့်ခဲ့တယ် :mrgreenn:

    နောက်တာပါ..
    တကယ်တော့ အချစ်ဆိုတာ ခံယူသူတွေအပေါ်မှာပဲ မူတည်ပါတယ်။
    ကိုယ် နားလည်ထားသလို ပုံစံပြောင်းသွားတတ်တာမျိုးကလား…..
    နဖူးတွေ့ ဒူးတွေ့ တွေ့မှ ဒါဟာ အချစ်တဲ့လား…. အဲဒါ အချစ်တဲ့လားး ဆို ဖြစ်ကုန်ရော :s:

  • အလင်းဆက်(24/05/2011)

    August 20, 2014 at 7:17 am

    အချစ်ဆိုတာ
    ပေးဆပ်ခြင်း
    ရယူခြင်း
    စွှန့်လွှတ်ခြင်း
    ပိုင်ဆိုင်ခြင်းတို့ရဲ့ ပြင်ပမှာ
    သီးခြားရှိနေတဲ့အရာ

    ချစ်ဖို့လွယ်သလောက် ချစ်မြဲချစ်ဖို့ ခက်တယ်

    ခက်ခဲတဲ့ ချစ်မြဲချစ်ခြင်းကို
    အဆုံးစွန်ထိ ချွင်းချက်မရှိ ချစ်နိုင်သွားတဲ့အခါ
    . . .

    အချစ်ဆိုတာ. . .
    အချစ်သာလျှင် ဖြစ်တော့တယ်

    အချစ်ကို တခြား ဘယ်လိုမှ အဓိပ္ပာယ် ထပ်ဖွင့်ဖို့မလိုလောက်အောင်ပါပဲ ။

    :mrgreen:

    ယူဆမိတာလေး ပြောသွားတာပါ ။

  • Myo Thant

    August 20, 2014 at 10:46 am

    အချစ်ဆိုတာ ဘာလဲ အဖေ ?

    အချစ်ဆိုတာ ဘာလဲလို့ ဖေဖေတစ်ခါမှ မသိခဲ့ပါဘူး သမီးရယ် ၊

    အခုချိန်ကျမှလည်း မသိချင်တော့ပါဘူးကွယ် ၊

    ( စုလှိုင်နှင်း ၊ သုမောင် ၊ ခုနှစ်စဉ်အလွမ်း ၊ ဝတ္ထု မင်းလူ )

    • manawphyulay

      August 20, 2014 at 12:49 pm

      အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ…. :mrgreen:

  • Kaung Kin Pyar

    August 20, 2014 at 11:34 am

    မနောလေးရေးတဲ့ ရေးပေးပါနဲ့ ဆက်စပ်ပြီး ပြောရရင်…
    ငယ်ငယ်က ပြောခဲ့တဲ့အချစ်ဆိုတာမှာတော့…
    အဲ့ဒါ….
    စိတ္တဇနာမ် ပဲ…

  • myat pearl phyu

    August 20, 2014 at 4:21 pm

    တစ်စုံတစ်ယောက်ကို ချစ်ရတာ ပူလောင်လို့…
    တစ်စုံတစ်ယောက်ကို မေတ္တာပဲပေးလိုက်တယ်…
    မျှော်လင့်မိပါတယ် သူ…ကိုယ့်ပေါ် တန်ပြန်သစ္စာလေးတော့ရှိဖို့ပေါ့…
    ဒါပေမယ့် သူကသူ ကိုယ်က ကိုယ်ပဲမို့ …
    ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ ဘဝမှာ…
    သူ့ကိုလည်း မပူလောင်စေချင်တော့တာ အချစ်လား … မသိတော့ပါဘူးလို့ …….

    MPP

  • Ko chogyi

    August 20, 2014 at 9:42 pm

    အချစ်ဆိုတာ ……တိကျတဲ့အဖြေမရှိဘူး
    အသက်အရွယ်
    အဆင့်အတန်း
    လူနေမှုဘဝ
    အတွေအကြုံပေါ်မူတည်ပြီး ကွဲပြားခြားနားပါတယ်

    • manawphyulay

      August 21, 2014 at 11:22 am

      ဒါပေမယ့် ပူလောင်တာပဲဖြစ်ဖြစ်
      ဘာဖြစ်ဖြစ်
      ခုချိန်ထိ တပ်မက်နေဆဲပါပဲ…

  • ခင် ခ

    August 24, 2014 at 4:52 pm

    အချစ်ကို တိုင်းတာလို့ရတဲ့ စံနှုန်းသတ်မှတ်ချက် ခုထိမရှိသေးတာကို ကြည့်ခြင်းအားဖြင့် အချစ်ဆိုတာ ခံစားသူရဲ့ သတ်မှတ်ချက်သာလျှင် အမှန်ပင်။

Leave a Reply