” စဉ်းစားတွေးကြည့် “

ခင္ခAugust 20, 20141min1355

” စဉ်းစားတွေးကြည့် “

 

မြူနှင်းတွေက ထူလှသည်

တဖွဲဖွဲနဲ့ မြေသက်ဆင်း

နံနက်ခင်းရဲ့ လေပြေအသွင်

အေးလှပေါ့ ချမ်းလှစွာအင်

ဟိုတုန်းက ဆောင်းအခါပင်။

 

မြူနှင်းတွေက ဘယ်မှာလဲ

လေပြေအေးလည်း မရှိလေဘဲ

ဆောင်းတွင်းအခါ ပြက္ခိန်မှာ

ဖော်ညွှန်းလအရ သိရတာ

ဖောက်ပြန်ပ ရာသီဥတုရာ။

 

ရော်ရွက်ဝါတွေ မြေခလို့

နွေဘဝသို့ ရောက်လေပြီ

အရင်နှစ်နွေထက် ပိုလေမည်

ပူချက်ကတော့ စွမ်းလောက်သည်

တစ်နှစ်ထက်တစ်နှစ် ပိုပူလှတာ

ဖောက်ပြန်ပ ရာသီဥတုရာ။

 

ဟိုတုန်းက မိုးရွာထဲ

ဆော့ကစားကာ မြူးလှမြဲ

မိုးအေးအေးနဲ့ ဆောင်ခြုံကွေး

ရာသီဥတုက သာယာသေး

ခုများတော့ မိုးရွာဟန်

ကြားရရင် မချမ်းမြေ့ပြန်

နောက်ဆက်တွဲ မုန်တိုင်းများ

ပါလေများ စိုးရိမ်သွား

ရွာလှသည့်မိုး ရေတွေတိုးတာ

ဖောက်ပြန်ပ ရာသီဥတုရာ။

 

ရှေးတုန်းက ကျမ်းဂန်အရ

မင်းကျင့်တရား မညီထားရင်

ရာသီဥတု ဖောက်လိမ့်မည်ပြင်

ကောသမင်းကြီး အိမ်မက်ဟောချက်တွင်

တိုက်ဆိုင်လေလား ဖြစ်ပြီလားလို့

ဒို့တော့မသိ စဉ်းစားတွေးကြည့်။

 

ခင်ခ။

5 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 20, 2014 at 2:04 pm

    ရန်ဒူ ၅ ပါးထဲမှာ အင်မတန်ဆိုးဝါးးး လှတာ~~~
    မညှာမတာ ဘယ်သူ့မှ မကြောက်ပါ ~~~~
    သူခိုးး ဓားမြထက် ဆိုးတဲ့ ရန်သူပါ~~~~~

    :k:

    မီးကို ပြောတာဟုတ်ဘူးး

    မီးလောင်တာ ကိုယ်ပိုင်တဲ့ မြေကို မလောင်နိုင်ဘူးး

    :a:

  • Mr. MarGa (12512)

    August 20, 2014 at 2:30 pm

    တစ်ကမာ္ဘလုံးဖြစ်နေတာဆိုတော့ အင်းးးးး 🙄

  • manawphyulay

    August 20, 2014 at 3:10 pm

    ဟိုတုန်းက မိုးရွာထဲ

    ရာသီဥတုက သာယာသေး

    ကော်ဖီသောက်ရင်း

    စာဖတ်မြဲ…..

  • Paing Lay

    August 20, 2014 at 7:10 pm

    အနော်တို့ ပတ်ဝန်းကျင်မှာတော့ မိသားစုအားလုံးနီးပါးကို Sun Glasses နဲ့ဖြစ်ကုန်ကြပြီဂျို့ မနက်ခင်းမှာ နေပြင်းပြင်းပူပြီး ညနေပိုင်း နေမဝင်ခင် မိုးတွေသည်းကြီးမည်းကြီးရွာချရာကနေ မျက်စိကျိန်းစပ်ပြီး နီရဲကုန်သဗျို့ :mrgreen:

  • အလင်းဆက်(24/05/2011)

    August 21, 2014 at 8:19 am

    ဟောာာာ
    အတွေးတစ်စက
    စကားလုံးတွေနဲ့ တည်ဆောက်လိုက်တဲ့အခါမှာတော့
    ကဗျာဆိုတဲ့ အနုပညာအဆောက်အဦးကြီး ဖြစ်သွားပါရော့လား
    အဲ့ဒီ အနုပညာအဆောက်အဦး
    ဟောဒီအနုပညာအဆောက်အဦးထဲမှာ
    အနုပညာ ဒဿနတွေ နေတယ်
    အနုပညာဆန်သော အတွေးစတွေ နေထိုင်တယ်

Leave a Reply