ဟိုတစ်ရက်က ဘာရယ်မဟုတ် ကျောင်းကိုရောက်သွားတယ်။

သူငယ်တန်းကနေ ဆယ်တန်းအထိ တက်ခဲ့တဲ့ကျောင်းပါ။

ကျောင်းကိုရောက်တော့ ငယ်ငယ်က သူငယ်ချင်းတွေကိုလွမ်း၊ ဆရာမတွေကိုလွမ်း၊ စာသင်ခန်းတွေကို လွမ်း နဲ့ အလွမ်းတွေ များလာတာမို့ အလွမ်းပြေ ပုံတွေလျှောက်ရိုက်လာတာဗျ။

ကျနော်တက်ခဲ့တဲ့ ကျောင်းကတော့

အရင်က တော်ဝင်သံတဲ၊ နောက် ဒိုင်အိုစီဇင်၊ ထပ် ပြောင်းတော့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ပေါ့ဗျာ။

မင်းတုန်းမင်းလက်ထက်မှာ ဒေါက်တာမတ် ကို ဆောက်ပေးခဲ့တဲ့ကျောင်း ပါ။

သီပေါမင်းနဲ့ မင်းညီမင်းသားတချို့ ဒီကျောင်းက ထွက်ခဲ့သပေါ့

ဘာရယ်မဟုတ် အလွမ်းပြေလေး တင်တာပါဗျာ။

အသေးစိတ်ကို နောက်ပိုင်း စိတ်ပါမှ ပြန် မွှေပြီး တင်ပါဦးမယ်

လောလောဆယ်တော့ အမြည်း လို့သာ မှတ်ပေါ့  :loll:

 

ဒါက သုဝဏ္ဏဆောင်

ဒါက သုဝဏ္ဏဆောင်

ဟိုဘက်က ကုက္ကိုပင်၊ နဲ့ နှစ်ထပ်စာသင်ဆာင်

ဟိုဘက်က ကုက္ကိုပင်၊ နဲ့ နှစ်ထပ်စာသင်ဆာင်

နေ့လည်နေ့ခင် ဘောလုံးအစွမ်းပြတဲ့ကွင်းပေါ့  (တကယ်က ဘော်လီဘောကွင်းပါ) :D

နေ့လည်နေ့ခင်း ဘောလုံးအစွမ်းပြတဲ့ကွင်းပေါ့ (တကယ်က ဘော်လီဘောကွင်းပါ) :D

ကျနော်တက်ခဲ့ရတဲ့ အဆောင်ဟောင်းလေးကတော့ အနားယူသွားရှာပြီ..

ကျနော်တက်ခဲ့ရတဲ့ အဆောင်ဟောင်းလေးကတော့ အနားယူသွားရှာပြီ..

ပင်မဆောင် (တော်ဝင်သံတဲ ဆိုတာ ဒီက စ ဖြစ်လာတာဗျ)

ပင်မဆောင် (တော်ဝင်သံတဲ ဆိုတာ ဒီက စ ဖြစ်လာတာဗျ)

ဒါက ဘေးတိုက်ရိုက်ထားတာ (အပေါ်ဆုံထပ်ကို တိုက်ရိုက်တက်လို့ရတဲ့လှေကားပေါ့)

ဒါက ဘေးတိုက်ရိုက်ထားတာ (အပေါ်ဆုံးထပ်ကို တိုက်ရိုက်တက်လို့ရတဲ့လှေကားပေါ့)

မြဝတီဆောင် (အပင်လေးတွေတောင် အတော်ကြီးပြီ)

မြဝတီဆောင် (အပင်လေးတွေတောင် အတော်ကြီးပြီ)

တော်ဝင်သံတဲ လို့ အမည်တွင်သပေါ့ :)

တော်ဝင်သံတဲ လို့ အမည်တွင်သပေါ့ :)

စာကြည့်တိုက်ဗျ နေ့လည်ကျောင်းဆင်းချိန်မှာ အားရပါးရ မွှေခဲ့ဖူးရဲ့

စာကြည့်တိုက်ဗျ နေ့လည်ကျောင်းဆင်းချိန်မှာ အားရပါးရ မွှေခဲ့ဖူးရဲ့

 

စုံတော့ မစုံသေးဘူးဗျ နိုင်သလောက်ပဲ ပတ် ရိုက်ထားတာ

 

အဲ.. ဆရာမတွေအကြောင်းတော့ လာမမေးနဲ့နော့ အတန်းဖော် မိန်းကလေးတွေတောင် နာမည်မေ့လုလုဖြစ်နေလို့ ဆရာမတွေဆို မှတ်မိဖို့တောင် မသေချာ …  :mrgreen:

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010

   Send article as PDF