တော်ဝင်သံတဲ လွမ်းချင်း

Mr. MarGaAugust 20, 20142min20817

ဟိုတစ်ရက်က ဘာရယ်မဟုတ် ကျောင်းကိုရောက်သွားတယ်။

သူငယ်တန်းကနေ ဆယ်တန်းအထိ တက်ခဲ့တဲ့ကျောင်းပါ။

ကျောင်းကိုရောက်တော့ ငယ်ငယ်က သူငယ်ချင်းတွေကိုလွမ်း၊ ဆရာမတွေကိုလွမ်း၊ စာသင်ခန်းတွေကို လွမ်း နဲ့ အလွမ်းတွေ များလာတာမို့ အလွမ်းပြေ ပုံတွေလျှောက်ရိုက်လာတာဗျ။

ကျနော်တက်ခဲ့တဲ့ ကျောင်းကတော့

အရင်က တော်ဝင်သံတဲ၊ နောက် ဒိုင်အိုစီဇင်၊ ထပ် ပြောင်းတော့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း ပေါ့ဗျာ။

မင်းတုန်းမင်းလက်ထက်မှာ ဒေါက်တာမတ် ကို ဆောက်ပေးခဲ့တဲ့ကျောင်း ပါ။

သီပေါမင်းနဲ့ မင်းညီမင်းသားတချို့ ဒီကျောင်းက ထွက်ခဲ့သပေါ့

ဘာရယ်မဟုတ် အလွမ်းပြေလေး တင်တာပါဗျာ။

အသေးစိတ်ကို နောက်ပိုင်း စိတ်ပါမှ ပြန် မွှေပြီး တင်ပါဦးမယ်

လောလောဆယ်တော့ အမြည်း လို့သာ မှတ်ပေါ့  :loll:

 

ဒါက သုဝဏ္ဏဆောင်
ဒါက သုဝဏ္ဏဆောင်
ဟိုဘက်က ကုက္ကိုပင်၊ နဲ့ နှစ်ထပ်စာသင်ဆာင်
ဟိုဘက်က ကုက္ကိုပင်၊ နဲ့ နှစ်ထပ်စာသင်ဆာင်
နေ့လည်နေ့ခင် ဘောလုံးအစွမ်းပြတဲ့ကွင်းပေါ့  (တကယ်က ဘော်လီဘောကွင်းပါ) :D
နေ့လည်နေ့ခင်း ဘောလုံးအစွမ်းပြတဲ့ကွင်းပေါ့ (တကယ်က ဘော်လီဘောကွင်းပါ) 😀
ကျနော်တက်ခဲ့ရတဲ့ အဆောင်ဟောင်းလေးကတော့ အနားယူသွားရှာပြီ..
ကျနော်တက်ခဲ့ရတဲ့ အဆောင်ဟောင်းလေးကတော့ အနားယူသွားရှာပြီ..
ပင်မဆောင် (တော်ဝင်သံတဲ ဆိုတာ ဒီက စ ဖြစ်လာတာဗျ)
ပင်မဆောင် (တော်ဝင်သံတဲ ဆိုတာ ဒီက စ ဖြစ်လာတာဗျ)
ဒါက ဘေးတိုက်ရိုက်ထားတာ (အပေါ်ဆုံထပ်ကို တိုက်ရိုက်တက်လို့ရတဲ့လှေကားပေါ့)
ဒါက ဘေးတိုက်ရိုက်ထားတာ (အပေါ်ဆုံးထပ်ကို တိုက်ရိုက်တက်လို့ရတဲ့လှေကားပေါ့)
မြဝတီဆောင် (အပင်လေးတွေတောင် အတော်ကြီးပြီ)
မြဝတီဆောင် (အပင်လေးတွေတောင် အတော်ကြီးပြီ)
တော်ဝင်သံတဲ လို့ အမည်တွင်သပေါ့ :)
တော်ဝင်သံတဲ လို့ အမည်တွင်သပေါ့ 🙂
စာကြည့်တိုက်ဗျ နေ့လည်ကျောင်းဆင်းချိန်မှာ အားရပါးရ မွှေခဲ့ဖူးရဲ့
စာကြည့်တိုက်ဗျ နေ့လည်ကျောင်းဆင်းချိန်မှာ အားရပါးရ မွှေခဲ့ဖူးရဲ့

 

စုံတော့ မစုံသေးဘူးဗျ နိုင်သလောက်ပဲ ပတ် ရိုက်ထားတာ

 

အဲ.. ဆရာမတွေအကြောင်းတော့ လာမမေးနဲ့နော့ အတန်းဖော် မိန်းကလေးတွေတောင် နာမည်မေ့လုလုဖြစ်နေလို့ ဆရာမတွေဆို မှတ်မိဖို့တောင် မသေချာ …  :mrgreen:

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

17 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 20, 2014 at 2:42 pm

    နာ့ ခြေရာတေ ရှိ အူးးးမှာ

    :k:

  • kyeemite

    August 20, 2014 at 3:28 pm

    ကျုပ်နေခဲ့တာက နန်းတွင်းက အထက (၁၈) မှာ… လွမ်းတော့လွမ်းမိသား :loll:

    • Mr. MarGa (12512)

      August 21, 2014 at 8:30 am

      အထက (၁၈) လား
      မနာလိုဘု ဗျာ
      သူတို့ကျ နန်းတွင်းထဲမှာ တက်ရတာ :loll:

      • kyeemite

        August 21, 2014 at 3:56 pm

        ဟုတ်တယ်ကွ…အားရင်မန်ကျည်းသီးမှည့်ထုစားလို့ရတယ်…ကျူံ း ဘေးသွားထိုင်လို့ရတယ်
        မြို့ရိုးပေါ်သွားအိပ်လို့ရတယ်..ပျော်စရာကြီးကွာ :loll:

        • Mr. MarGa (12512)

          August 22, 2014 at 9:23 am

          ဂါးးးးးးး
          ပိုပြီး မနာလိုအောင် လာပြောနေဒယ် :byae:

    • Mr. MarGa (12512)

      August 21, 2014 at 8:31 am

      ဟဲဟဲ..
      မန်းသားမို့ နန်းဆန်တာ မနာလို မရှိပါနဲ့ကွီ 🙂

    • Mr. MarGa (12512)

      August 21, 2014 at 8:34 am

      ဒီမယ် ဒညင်းဝက်
      ငါ စက်ရုပ်မဟုတ်ဘူး !!!!!!!!!

  • Ko chogyi

    August 20, 2014 at 9:37 pm

    ” မင်းတုန်းမင်းလက်ထက်မှာ ဒေါက်တာမတ် ကို ဆောက်ပေးခဲ့တဲ့ကျောင်း ပါ။
    သီပေါမင်းနဲ့ မင်းညီမင်းသားတချို့ ဒီကျောင်းက ထွက်ခဲ့သပေါ့”
    အမတ်မင်း(soe moe) အတွက်ကျောင်းလား
    အခုတော့ သကြားလဲအဲဒီကပဲထွက်တယ်ပေါ့

    • Mr. MarGa (12512)

      August 21, 2014 at 9:00 am

      အဲ့ အမတ်မင်းတော့ ဘယ်ကျောင်းကထွက်တယ်မသိ
      ဒေါက်တာမတ် ဆိုတာကတော့ John Ebenezer Mark တဲ့ ဗျ
      Forty Years in Burma ဆိုတဲ့စာအုပ်ကိုရေးသွားလေရဲ့
      သူ့အကြောင်း ရှာမတွေ့လို့ သူ့စာအုပ်ကိုပဲ ညွှန်းလိုက်မယ် :mrgreenn:
      http://anglicanhistory.org/asia/burma/forty/

  • ခင် ခ

    August 22, 2014 at 12:31 pm

    နှစ်တွေအလီလီပြောင်း
    လတွေနှောင်းပေမယ့်
    ကျောင်းတော်ကြီးမှာ
    ခေါင်းလောင်းသံညံ
    စာအံသံနဲ့
    စည်းကားနေမြဲ
    ဒို့ကျောင်းတော်ဘဲ။

    • Mr. MarGa (12512)

      August 22, 2014 at 2:14 pm

      အရင်က ကလေးတွေကြားမှာနေရတော့ အသက်ကြီးတာ မသိသာ
      ကျောင်းကို အတော်ကြာပြီးမှ ပြန်ရောက်တော့ ကလေးတွေကိုကြည့် ကိုယ် အသက်ကြီးတာ ပို သိလာ 🙂

  • သုံးတန်းနဲ့လေးတန်း အဲဒီကျောင်းမှာနေခဲ့ရတာ လုံးဝ အမှတ်တရ

    ရေးဘူးတယ် ဒီကျောင်းအကြောင်းကို ငယ်ငယ် တုံးက ခေါင်းလောင်းသံဆိုပြီး

    မာဃရေ အဲဒိပိုစ်လေးပြန်ရှာပေးပါ အပိုင်း6 အထိဘဲရေးဖြစ်တယ် ဖတ်မယ့် သူ မရှီဘူးဆိုပြီးဆက်မရေးဖြစ်တာ

    • Mr. MarGa (12512)

      August 25, 2014 at 9:36 am

      ဒါတွေလား လေးပေါက် ???
      ငယ်ငယ်တုန်းက ခေါင်းလောင်းသံ( အပိုုင်းတစ်) – http://myanmargazette.net/85065
      ငယ်ငယ်တုန်းက ခေါင်းလောင်းသံ(အပိုင်းနှစ်) – http://myanmargazette.net/85142
      ငယ်ငယ်တုံးကခေါင်းလောင်းသံအပိုင်းသုံး – http://myanmargazette.net/86495
      ငယ်ငယ်တုန်းက ခေါင်းလောင်းသံ အပိုင်းလေး – http://myanmargazette.net/86749
      “ငယ်ငယ်တုန်း ခေါင်းလောင်းသံ အပိုင်းငါး” – http://myanmargazette.net/87158
      ငယ်ငယ်တုံးကခေါင်းလောင်းသံ(အပိုင်းခြောက်) – http://myanmargazette.net/85171

      ဒိုင်အိုက အပိုင်း သုံး နဲ့ လေး မှာ ပါပါအိ…. 🙂

Leave a Reply