Ebola အီဘိုလာ ဗိုင်ရက်စ် ရောဂါပိုး သတင်း – ရန်ကုန်မှာမသင်္ကာ

KyaemonAugust 21, 20143min442011

အထူးသတိပြုရန်
 ယိုးဒယားနိုင်ငံမှတဆင့် ပြန်လာတဲ့ မြန်မာခရီးသယ်တဦး
က အီဘိုလာ ဗိုင်ရက်စ် ရောဂါပိုး ပါလာ တယ်လို့
သင်္ကာမကင်းဖြစ်ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန
ဝက်စိုဒ် ကဖော်ပြထားကြောင်း     

ယင်းခရီးသယ်က (အီဘိုလာဖြစ်နေတဲ့) ဂီနီ နဲ့ လိုင်ဘဲရီးယား
နိုင်ငံတွေမှာအလုပ်လုပ်ခဲ့ဘူးကြောင်း၊ ဘန်ကောက်ကနေရန်ကုန်
လေဆိပ်ဝင်လာချိန် အင်္ဂါနေ့ ည ၈ နာရီ မှာ ကိုယ်အရမ်းပူ နေကြောင်း၊
 ရန်ကုန် မြို့ပြင်ကူးဆက်ရောဂါဆေးရုံဆီပို့ထားကာ (ရောဂါပိုး)ကို
ထပ်မံ ခွဲစိပ်လေ့လာနေကြောင်း၊ 

သတင်းရ
 

 

 

Myanmar reports suspected case of deadly Ebola virus

http://news.xinhuanet.com/english/health/2014-08/20/c_133570822.htm

 

YANGON, Aug. 20 (Xinhua) — A man traveled from Thailand to Myanmar has been suspected of catching the deadly Ebola virus, Myanmar’s Ministry of Information reported Wednesday.

The ministry said on its website that the patient, who used to work in Guinea and Liberia, arrived at the airport in Yangon from Bangkok at around 8 p.m. Tuesday with a high fever.

The man has been transferred to an infectious disease hospital in the suburbs of Yangon for further diagnosis, said the ministry.

 

 

 

 

 
 ဗီယက်နမ် ဟိုချီမင်းမြို့ သို့ ရောက်လာတဲ့ နိုင်ဂျီးရီးယား ခရီးသယ်
နှစ်ဦး က အလားတူ အီဘိုလာ ရောဂါပိုးသယ်လာနိုင်မယ်လို့
မသင်္ကာ၊ အလားတူ ခြေချုပ်ထားပြီး အကဲဖြတ်နေကြောင်း

  သတင်းရ
 

Ebola Scare In Southeast Asia As Vietnam And Myanmar Test Suspected Patients

http://www.ibtimes.com/ebola-scare-southeast-asia-vietnam-myanmar-test-suspected-patients-1663612

Two Nigerians, who arrived in Vietnam late on Tuesday, and a 22-year-old Burmese national, who landed in Myanmar after a trip to Guinea and Liberia — two of the worst-hit countries in the current Ebola outbreak — are being tested for symptoms of the viral disease, Agence France-Presse, or AFP, reported Wednesday.

The Nigerians were sent to the Tropical Diseases Hospital in Ho Chi Minh City, where they are being kept in isolation, the report said, citing Vietnamese health ministry officials. The Burmese national was taken to a hospital in Yangon in Myanmar.

“Samples were sent to a WHO (World Health Organization) recognized laboratory to check whether or not Ebola was present,” an official at the Myanmar Centre for Disease Control and Prevention reportedly said, adding that four people who accompanied the man to the hospital were also being kept under observation.

More than 1,200 people have died so far in the worst-ever Ebola outbreak on record.

 

 

11 comments

  • အလင်းဆက်(24/05/2011)

    August 21, 2014 at 7:40 am

    အမငွီးးးးးး

    ရန်ကုန်မြို့ပြင်က ကူးစက်ရောဂါကု ဆေးရုံဆိုရင်

    သားသားတို့ရပ်ကွက်နဲ့ နီးနီးလေး

    😥

    • ဇီဇီ ခင်ဇော် (15102012)

      August 21, 2014 at 7:46 am

      ဟမ်မငေးးး
      ရောက်လာပြီလားးး
      😥

  • Yae Myae Tha Ninn

    August 21, 2014 at 10:21 am

    ဝေဘာဂီမှာဆို.. သိဘူး.. ဒီနေ့ကစပြီး.. ခေါက်ဆွဲပြုတ်.. စည်သွပ်ဗူးနဲ့ပဲ မြည်းတော့မယ်… အသားနဲ့မထိမိတဲ့ အရာတွေ စဉ်းစားစားရမယ်… 🙂

  • ဦးဦးပါလေရာ

    August 21, 2014 at 10:27 am

    .ကျန်းမာရေးဝန်ထမ်းတွေ အရင်ကြောက်ဖို့ ချန်ထားပါဦးမယ်……

    ဒါထက်
    နယ်စပ်တွေကများ ဝင်လာရင် မတွေးဝံ့စရာ….

  • manawphyulay

    August 21, 2014 at 11:27 am

    အီဘိုလာ တွေ့ရှိသူ သင်္ဘောသားတစ်ဦးနဲ့ သူ၏ အဖော် သုံးဦးက မတွေ့ရှိ သူတို့ ၄ ဦးသည် ဝေဘာဂီဆေးရုံတွင် ပို့ဆောင် ကြပ်မက်နေကြောင်း မနေ့က သတင်းမှာတော့ ကြားလိုက်ရပါတယ်။

  • kai

    August 21, 2014 at 2:02 pm

    ဒီပြဿနာမသေးပါလား…
    ဘယ့်နှာ.. မှန်းချက်က.. စစ်ဖြစ်နေတဲ့နေရာတွေဆီ..
    ရောက်လာတာက.. အရှေ့တောင်အာရှ… ဆို..
    လုပ်သူတွေကို.. ခေါင်းလောင်းကျိန်စာတိုက်ရမယ်ထင်တယ်..
    အနှစ်၄၀ဝ ရေမြုတ်စေသတည်း… လို့..။ :k:

  • kai

    August 21, 2014 at 2:21 pm

    ဒါပေမဲ့ ထိုင်း The Nation သတင်းစာမှာတော့ Ebola ကြောင့်မဟုတ်ဘဲ ငှက်ဖျားရောဂါပိုးရှိသူလို့ စမ်းသပ်တွေ့ရတဲ့အကြောင်း မြန်မာအာဏာပို်င်တွေက ထိုင်း CDC ရောဂါထိန်းချုပ်ရေးဌာနကို အကြောင်းကြားထားတယ်လို့ ထိုင်း CDC ဒုတိယညွှန်ကြားရေးမှူး Dr. Okart ကို ကိုးကားပြီး ရေးပါတယ်။
    http://www.thithtoolwin.com/2014/08/ebola_21.html

  • kai

    August 21, 2014 at 2:22 pm

    ဝေဘာဂီဆေးရုံတွင် တက်ရောက်နေသည့် မြန်မာနိုင်ငံသား ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိလာ
    21 August 2014 11:23(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)
    နေပြည်တော် ဩဂုတ် ၂၁

    ဩဂုတ် (၁၉) ရက်က ဖျားနာခြင်း၊ အားအင်ချိနဲ့ခြင်း၊ သတိလစ်သကဲ့သို့ ဖြစ်ခြင်း စသည့် ရောဂါ လက္ခဏာများ ရှိသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကျန်းမာရေး အဖွဲ့က သံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်းပြီး လိုအပ်သော ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှုများ စစ်ဆေးခြင်းနှင့် ဆေးကုသခြင်း လုပ်ငန်းများကို အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့က အထူးကြီးကြပ် ကုသပေးလျက် ရှိသည့် မြန်မာနိုင်ငံသား သည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာနမှ ဩဂုတ်လ (၂၀) ရက် ညနေပိုင်းတွင် ရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ် သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် ရောဂါ ပိုး နှစ်မျိုး ကူးစက်ခံနေရ ကြောင်း တွေ့ရှိရသည်။

    ၎င်းအား လိုအပ်သော ငှက်ဖျားရောဂါ ကုသပေးခြင်း လုပ်ငန်းကို ဆောင် ရွက်ပေးခဲ့ပြီး ဆေးကုသ ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး အခြေအနေ တိုးတက်မှုများ ရှိလာပြီ ဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ စစ်ဆေး ကုသနေသည့် အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနတွင် စစ်ဆေး သည့် ဓာတ်ခွဲအဖြေအရ မည်သည့် ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သိရှိရသည်။

    ထိုသို့ လူနာတွင်ငှက်ဖျားရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိ၍ ဆေးကုသမှု ပေးနေခြင်း အပြင် ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှု ကို ကမာ္ဘ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်အရ အိနိ္ဒယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ရန် စီစဉ်လျက် ရှိကြောင်းနှင့် အီဘိုလာ ဗိုင်းရပ်စ် ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းနှင့် ပတ်သက်၍ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

    MOI Webportal Myanmar
    https://www.facebook.com/MOIWebportalMyanmar

    • Kyaemon

      August 21, 2014 at 3:53 pm

      အီဘိုလာပိုး မတွေ့ရင် ….ဝမ်းသာစရာသတင်းလို့ပြောရမှာ၊

      ” ကမာ္ဘ့ကျန်းမာရေး အဖွဲ့၏ သတ်မှတ်ချက်အရ
      အိနိ္ဒယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်း”က
      အဖြေနဲ့အတည်ပြုချက်တွေ ရက်ပိုင်း အတွင်းထွက်
      နိုင်မယ် လို့မျှော်

  • Kyaemon

    August 21, 2014 at 3:20 pm

    မြန်မာတိုင်မ်း သတင်း အရ

    Ebola အီဘိုလာပိုး ရှိမရှိ စမ်းသပ်ချက်များအဖြေကိုစောင့်ဆိုင်းလျက်ရှိ၊
    ယင်း ခရီးသယ် ပုဂ္ဂိုလ်ကို မိမိဘာသာ တကိုယ်ရေအဖြစ် တသီးတခြား
    နေဘို့ထား၊

    မြောက်ဥက္ကလာပ ဝေဘာဂိ ဆေးရုံ မှာ၊

    လူနာက အသက်၂၂နှစ် ရှိပြီး လွန်ခဲ့တဲ့ ၁၃ လ အတွင်း
    အီဘိုလာသောင်းကျန်းတဲ့ ဂိနီနဲ့လိုင်ဘဲယီးယား နိုင်ငံတွေမှာ
    အလုပ် လုပ်ခဲ့၊

    လေဆိပ်သို့ရောက်စဉ်က ကိုယ်ပူ အဖျားနဲ့ခရီးစဉ်မှာလဲ
    သတိလစ်

    သူ့နဲ့အတူလာတဲ့ခရီးအဖော်တွေကိုလဲ တသီးတခြားထား ထား၊
    စမ်းသပ်ချက်အဖြေကိုနောက် သုံး လေး ရက် လောက်ရနိုင်၊

    ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်လေဆိပ်၊ဆိပ်ကမ်းမြို့များ၊
    နယ်စပ်အကူး ၁၄ နေရာ တို့မှာ ကိုယ်အပူတိုင်း ဒီဂျစ်တယ်
    ကရိယာ တွေကို နေရာချထား၊ ကိုယ်အပူရှိန် ဟာ ယင်း
    ရောဂါပိုးရဲ့အဓိကလက္ခဏာဖြစ်တယ်၊

    ( မြန်မာတိုင်မ်း သတင်းမြန်မာပိုင်းမှာ ဤသတင်းကိုမတွေ့လို့
    အချို့အဝက်ကိုဘာသာပြန်ပေးတာပါ)

    Myanmar man being tested for Ebola virus

    http://www.mmtimes.com/index.php/national-news/11425-myanmar-man-being-tested-for-ebola-virus.html

    A Myanmar man is being kept in an isolation ward in Yangon, as doctors await the result of tests that will determine whether or not he has been exposed to the Ebola virus.

    The 22-year-old was transported to Waibargi Hospital in North Okkalapa township upon arrival at Yangon International Airport on August 19. He had spent the previous 13 months working in Guinea and Liberia – two countries hit hardest by the ongoing Ebola outbreak, according to a Myanmar health official.

    “He arrived with at the airport with a fever and had lost consciousness while he was travelling,” said Dr Toe Thiri Zaw, assistant director of diseases control at the Ministry of Health.

    “Now he and four people other people he was travelling with have been put into isolation and are receiving treatment,” she said.

    Blood samples have been sent to a WHO (World Health Organisation) recognised laboratory in India for testing. Myanmar lacks such a facility.

    Dr Toe Thiri Zaw told The Myanmar Times on August 20 said that it would take between three and four days for results to be received.

    The Ministry of Health has placed digital thermometers at Yangon international airport, as well as seaports and 14 land border crossings, to scan travellers who display signs of fever, one of the main symptoms of Ebola.

    The global death toll from the hemorrhagic disease is at 1,229, with the majority of cases in Liberia, Guinea and Sierra Leone.

  • ခင် ခ

    August 24, 2014 at 4:33 pm

    အီဘိုလာမဟုတ်ဘူးလို့တော့ အစိုးရပိုင်သတင်းကဆိုသွားတာဘဲ
    ဟိုမှာလည်း စမ်းသပ်ကုသဆေး နဲ့ ကုနေပြီလို့ဆိုတာဘဲလေ
    လူသားတိုင်း ထိုဘေးမှကင်းဝေးကြပါစေ

Leave a Reply