ဟီး.. ပထမက ပို့စ်တင်ဖို့ မဟုတ်ပါဘူး.. ဇီဇီကို နောက်ပြီး ကော်မန့်ရေးဖို့ပါ…

လက်တမ်းချရေးလိုက်တာ… ကိုယ့်သာသာ သဘောကျသွားလို့…

စိတ်ဆိုးသွားရင် ချောတီးနော် ဇီဇီ… :)

တကယ်တော့ ဇီဇီက မိန်းကလေးဆိုတော့ အတွေးတမျိုးပေါ့…

ကျွန်တော်ကတော့ ယောကျာင်္းလေးဆိုတော့ တမျိုးပေါ့..

အဓိကက ဘာသာရပ်မတူတာပါ…

တကယ်လို့ သဘောမကျရင် ဖျက်လိုက်ပါနော်….

 

စိတ်ညစ်ရင် ရှာကြံ ရီ တယ်။

.
စိတ်နာရင် များများ ပြုံးတယ်။

.
ရန်သူ ကို နီးနီးထားတယ်။

.

.
ချစ်သူကို ဝေးဝေးမှာ နေခိုင်းတယ်။

.

.
စိတ်ညစ်ရင် အလှပြင်ပြီး စိတ်ပျော်ရင် ထင်သလိုနေတယ်။

.

.

ကိုယ် နေသာထိုင်သာမရှိရင် သူများကို လိုက်နှောက်ရှက်တယ်။

.

သတ်ချင်တဲ့သူကို ကျောသပ်ပြီး
မြတ်နိုးတဲ့ သူကို စကားနာထိုးတတ်တယ်။

.

.

ချစ်သူနဲ့ တော်စပ်ရမဲ့ ပြိုင်ဘက်ကို ဝိုင်းစုခိုင်သိန်းလောက်တော့ ဖြစ်စေချင်ပြီးးး
ရန်သူ့လက် ချစ်သူရောက်တဲ့နေ့ ကိုယ့်ကိုယ်ကို သတ်သေမိမလား မပြောတတ်။

..

သများ ရူးသွားပြီလားဟမ်?

 

ဒါက Original ပါ…

 

Feeling ပြဲကြောင်.!!!…

စိတ်ညစ်ရင် အရက်သောက်…

စိတ်နာရင် အမြည်းမစား…(အမြည်း အရင်မလုပ်ပေးဘဲ ဟင်းအရင်ချက်ရင်)

သေမင်းကို နီးနီးထားတယ်… (High Class ပုလင်းဘေးထားအိပ်တာကိုး)

စစ်ကူကို ဝေးဝေး နေခိုင်းတယ်… (ပြောမရတော့ အမေတို့ကို တိုင်မှာစိုးလို့)

စိတ်ညစ်ရင် ပုလင်းထောင် မူးပြီးရင်တော့ ပြဲသွားတယ်…

သတ်ချင်တဲ့သူကို နားဖာချီးခပ်ပြီး…

မြတ်နိုးတဲ့သူဆို ပြေစာထိုးပေးတတ်တယ်….

ချစ်သူနဲ့ တော်စပ်ရမဲ့ ယောက်ဖကို အသေးတလုံး အကြီးတလုံး ဖြစ်စေချင်ပြီး…

ယောက္ခမအိမ်ကို ချစ်သူနဲ့ ရောက်တဲ့နေ့ ကိုယ့်ဘာသာ ငတ်သေမလား ထင်ထားတယ်…(မိန်းမက စိတ်ဆိုးပြီး ထမင်းမပြင်ပေးတော့ဘူး… အရက်ချည်းလိမ့်သောက်လို့တဲ့… ဟီး အိမ်မှာဆို ၂ ပက်ထက်မပိုရဘူးလေ)

ကို တော့ မူးသွားပြီလား ဟင်….

PS: ခင်လို့စတာနော်… ဟီး… :)

 

ဒါလေးက ကျွန်တော် ရွှေညာဏ်တော် စူးရောက်ထားတာ…. ဟီး… :)

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...

   Send article as PDF