ကြာဇံ စား ကြ မယ် – KZ’s ထမင်းဆိုင်

ဇီဇီSeptember 29, 20144min47759

ထမင်းဆိုင် ပြန်ဖွင့်မို့ သာ ကြိုးစားပြီး စု ရတာ။ ဘာဟင်းမှ လက်ထဲမရှိဘူးးး
ဟီးဟီးး  :mrgreenn:
တဂျီးကလည်း လူလည် (အဟွတ်! သူမလာခင် အတင်းအုပ်လိုက်ဦးမယ်)

:kwi:
ဟင်းစပ်ရော…
ဟင်းချက်နည်းရော…
ဖြစ်နိုင်ရင် အချိုးအစား ရော လိုချင်တာ…

ကိုယ့်မလည်း စားဖိုမှူးတွေကို ဒီထက် ချေးများလို့ တွန်းလို့ က မကောင်းးးဘူး လေ.။

:mrgreenn:
အဲဒီတော့လည်း ဂလိုပဲ ကြံရဖန်ရတော့မယ်။

ဒီ တစ်ပတ်တော့ ကြာဇံ စား ရအောင်။

လူတိုင်း စားလို့ ရအောင် ကြက်သားနဲ့ပဲ အားပြု ပေးထားပါတယ်။
(ကြာဆံလို့ ပေါင်းရမယ်ထင်တယ်၊ မသိဘူးး အားရသလို ပေါင်းလိုက်ပြီ)
ပဲကြာဇံ ကြိုက်သူက ပဲကြာဇံ ချက်နည်းယူပေါ့။
ဆန်ကြာဇံ ကြိုက်သူက ဆန်ကြာဇံ ချက်နည်း ယူပေါ့။
အချိုးအစားလည်း ကြိုးစားပြီး ပေးထားတယ်။ ကွကိုယ် လိုတိုးပိုလျှော့သာ လုပ်ပါတော့နော့။  :mrgreenn:

၁) ကြက် ကြာဇံ ပေါင်း (မွသဲ ဆီက)
၂) ကြက် ကြာဇံ ကြော် (မွအိ ဆီက ဓာတ်ပုံနဲ့ တကွ)
၃) ကြက် ကြာဇံ ပြုတ် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)
၄) ကြက် ကြာဇံ ဆီချက် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)၊
၅) ကြက် ကြာဇံ သုပ် – ဗမာ သုပ် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)၊
၆) ကြက် ကြာဇံ သုပ် – ယိုးဒယားသုပ် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)၊

~~~~~~~~~~

၁) ကြက် ကြာဇံ ပေါင်း (မွသဲ ဆီက)

https://myanmargazette.net/110567

 

လိုအပ်သောပစ္စည်းများ

၁ ။ ဆန်ကြာဇံ ၂ ထုပ် ( ၃ ဦးစာ ) ( ပဲကြာဇံဖြင့်မရပါ )

( စားမည့်လူဦးရေပေါ်မူတည်ပြီး လိုသလိုတိုးနိုင်ပါသည် )

၂ ။ ကြက်သား အသားလွှာ ၂ဝ သား

( ကြာဇံပေါ်မူတည်ပြီးလိုသလို အချိုးကျတိုးနို်င်ပါသည် )

၃ ။ ကြက်သွန်ဖြူကြော်

၄ ။ ကြက်သွန်ဖြူ နုတ်နုတ်စင်း

၅ ။ ငရုတ်ကောင်းမှုန့်

၆ ။ ခနောကြက်သားမှုန့်

ရ ။ ဆား

ပြုလုပ်ပုံ

၁ ။ ကြာဇံကို ၅ နာရီခန့်ရေစိမ်ပါ။

၂ ။ ကြက်သားကိုအရွယ်တော် အတုံးလေးများတုံးပါ။ ဇလုံထဲတွင် ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း မှုန့်၊ ကြက်သွန်ဖြူ နုတ်နုတ်စင်း များဖြင့်နယ်ပါ။

( ကြိုက်တတ်ရင်တော့ နှမ်းဆီလေးနဲနဲထည့်နယ်ရင်ပိုမွှေးပါတယ်။ )

၃ ။ ပေါင်းမည့်အိုး ( သို့ ) ဇလုံထဲသို့ကြက်သားနယ်ပြီးသားထဲ့ပါ။

၄ ။ ကြာဇံကိုဆယ်ပြီးရေစစ်ထားပါ။ ဇလုံတလုံးထဲထည့်ပြီး ကြက်သားမှုန့်၊ ကြက်သွန်ဖြူကြော်တို့ဖြင့် နယ်ပါ။

၅ ။ ပေါင်းအိုးထဲမှ ကြက်သားပေါ်သို့နယ်ပြီးသားကြာဇံကိုတင်ပါ။

၆ ။ အောက်ကအိုးထဲတွင်ရေများများခံပြီးမီးအေးအေးဖြင့် ၃ဝ မိနစ်ပေါင်းပါ။ အထက်အောက်လှန်ပြီး နောက်ထပ် ၃ဝ မိနစ်ထပ်ပေါင်းပါ။

ရ ။ ကြက်သားများနူးပြီး ကြာဇံများအိသွားလျှင် အရသာရှိပြီးကျန်းမာရေးနှင့်ညီညွတ်သော ကြက်ကြာဇံပေါင်းကို ပန်းကန်ထဲပြောင်းထည့်ပြီး ဆော့ ( သို့ ) ကင်ချီဖြင့်တွဲဖက်စားသုံးနိုင်ပါသည်။

ကြက် ကြာဇံပေါင်း
ကြက် ကြာဇံပေါင်း

 

 

 

 

 

 

 

~~~~~~~~~~

၂A) ကြက် ကြာဇံ ကြော် (မွအိ ဆီက ဓာတ်ပုံနဲ့ တကွ)

 

ပါဝင်ပစ္စည်းများ

– ဆန်ကြာဇံ ၁ ထုတ်
– ကြက်သား တောက်တောက်စဉ်း ၁၅ ကျပ်သား၊
–ကြက်အူချောင်း ၁ ချောင်း အမျှင်လှီး ထားပါ၊
– ကြက်သွန်ဖြူ နှစ်မွှာလောက် ဓားပြားရိုက်ထား
– တရုတ်နံနံ အနဲငယ်လှီးထား
– မုန်လာဥနီ ၊ ဘိုစားပဲ ၊ ပန်းပွင့် ၊ဂေါ်ဖီ စသည်ဖြင့် နှစ်သက်ရာ အသီးရွက်များကိုအနေတော် ပါးပါးလှီး လိုက်ပါမယ်။
– ပဲပြား တစ်တုံး အတုံးသေးများတုံးထားပါ
-ကြက်ဥ တစ်လုံး ခလောက်ထားပါ။
– ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း 1ဇွန်း
–ခရုဆီ စားပွဲတင်ဇွန်း 1ဇွန်း
– ဆား၊ ကြက်သားမှုန့် အနဲငယ်

 

ပြုလုပ်ပုံ
– ကြာဇံကို အနည်းဆုံးနာရီဝက်လောက် ရေစိမ်ထားပါ။၊
– အသားကို ဆား၊ကြက်သားမှုန့်  ရောနယ်ထားပါ။
– ဆီပူလာရင် ပဲပြားတုံးလေးတွေ ကြော်ပြီးဆယ်ထားပါ၊
– ပြီးရင် ကြက်သွန်ဖြူ လေးဆီသတ်လို့  အသား၊ ကြက်အူချောင်း ထည့်ပါမယ် ခဏ နေရင် အသီးရွက်လှီးထားတာတွေထည့်ကြော်ပါမယ်။
– အသီးရွက် အသား များအနေတော်ဖြစ်ရင် ခုဏဆယ်ထားတဲ့ ပဲပြားလေးတွေထည့်လိုက်ပါမယ်၊၊
-ဆား၊ ကြက်သားမှုန့် ၊ပဲငံပြာရည် အနောက်ရည် ၊ခရုုဆီ  ထည့်ပါမယ်..နောက်
–တရုတ်နံနံ ရယ် ငရုတ်ကောင်းလေးနဲနဲရယ် ထည့်လိုက်ပါ..ရေအနည်းငယ် ထည့်ပါမယ်…
– ပြီးမှ အိုးထဲကို ကြာဇံထည့်ပြီး နှံ့အောင် မွှေပါ။ ခဏ ဖုံးထားပါ၊၊
–ခဏနေ မွှေကြည့်လို့  ရေမကျန်တော့ရင် မီးပိတ်လိုက်ပါ… အရသာရှိတဲ့ ကြာဇံကြော်ရပါပြီ။
– ကြက်ဥ အချပ်ကြော်လေး ကြော်ပြီး ညှပ်ထည့် စားသောက်နိုင်ပါတယ်။
– အချဉ် အတွက်တော့ ကြက်သွန်နီပါးပါးလှီး ရေဆေး၊ ငရုတ်သီးစိမ်းလေးပါးပါးလှီးထည့်
သံပုရာရည် ဒါမှမဟုတ် နှစ်သက်ရာဆော့ တစ်မျိုးမျိုး ဆမ်းလို့ တွဲဖက်စားသုံးနိုင်ပါတယ်…

ကြက်ကြာဇံကြော်
ကြက်ကြာဇံကြော်

 

 

 

 

 

 

 

 

ကြက်သားနေရာကို ဂဏန်း အစားထိုးလို့လည်း ရ၏။

 

ဂဏန်း ဆန်ကြာဇံကြော်
ဂဏန်း ဆန်ကြာဇံကြော်

 

 

 

 

 

 

 

 

 

 

၂B) ယိုးဒယား ပဲကြာဇံကြော်  (ဆိုင် က မေးထားသည်)
(ယိုးဒယားက ပဲကြာဇံကို သုံးတာများတယ်)

ပါဝင်ပစ္စည်းများ

-ကြက်သား တောက်တောက်စဉ်း ၅၀ဝ ဂရမ်၊ ကြက်မြစ်ကြက်သဲ ၃ တွဲ
-ကြက်သွန်နီတလုံးလှီးထား
-ကြက်သွန်မြိတ် အနဲငယ်လှီးထား
– မုန်လာဥနီနှစ်လုံး ( အမျှင်ခြစ်ထားပြီး)
– ကိုက်လန် အနူလေးတွေကို အရွက်သင်ထားတာ တစ်စည်း
-ဂေါ်ဖီ ပါးပါးလှီးထား ( စွတ်ပြုတ်ပန်ကန်လုံးတလုံးစာ)
– ပဲပင်ပေါက် ( စွတ်ပြုတ်ပန်ကန်လုံးတလုံးစာ)
-ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ဇွန်း
-ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
-သကြား စားပွဲတင်ဇွန်း ၁ဇွန်း
-ဆား၊ ကြက်သားမှုန့် အနဲငယ်

 

ပြုလုပ်နည်း
ကြာဇံကို ရေစိမ်ပြီး ကိုယ် ကြိုက်ရာ အနေအထားလောက်ညှပ်ပြီး ရေ စစ်ထားပါ။၊
ပြီးရင် ပဲငံပြာရည် အကြည်/အနောက်/ဆား၊ ကြက်သားမှုန့် စတာတွေနဲ့ နယ်ထားပါ။
အသားကို ပဲငံပြာရည် အကြည် ရောနယ်ထားပါ။
ဆီအိုးထဲ ကြက်သွန်နီထည့်ပြီး ကြော်ပါ့မယ်၊
ပြီးရင် အသားလေးတွေ နဲ့ ကြက်မြစ်ကြက်သဲတွေကိုကြော်လိုက်ပါ
အသားကျက်ပြီဆိုရင် ခဏ ဆယ်ထားပါ။
ပြီးရင် မုန်လာဥနီနှစ်လုံး၊ ဂေါ်ဖီ ပါးပါးလှီးထားတာတို့ကိုပါရောကြော်ပါမယ်
ပဲပင်ပေါက်ကိုလဲ ပြီးမှ ထည့်ပါမယ်။ ပဲပင်ပေါက်နွမ်းမသွားခင် ဆယ်ထားလိုက်ပါဦးး
ပြီးမှ အိုးထဲကို ကြာဇံထည့်ပြီး ကြော်ပါမယ်။ ကြာဇံက ကို မပြတ်သွားအောင် မွှေရင်း ကိုယ် စိတ်ကြိုက် အပျော့အမာ အနေအထားမှာ ခုနက အသားနဲ့ အသီးအရွက်တွေကိုထည့်ပြီး
ယောက်မ ၂ လက်နဲ့ ဖွမွှေပြီး ကြော်ပါ။ မီးပိတ်ခါနီးမှ ကြက်သွန်မြိတ်လေးဖြူး ၊ ငရုတ်ကောင်းလေးနဲနဲဖြူးပြီးရင် အရသာရှိတဲ့ ကြာဇံကြော်ရပါပြီ။
(အဲ!! ပုံက တော့ စီးဖု နဲ့ ကြော်ထားတာ)

ယိုးဒယား စီးဖု ပဲကြာဇံကြော်
ယိုးဒယား စီးဖု ပဲကြာဇံကြော်

 

 

 

 

 

 

 

 

~~~~~~~~~~

၃) ကြက် ကြာဇံ ပြုတ် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)

 

ခက်ခက်လွန်းလို့။
ဟိ။
အမယ် စုံ အောင် မပါပါအောင်ထည့်တာမို့ သည်းခံကြပါ ပလိတ်သတ်ကြီးး
အမှန်က ကြေးအိုးနဲ့လည်း ဆင်ပါတယ်။
ဒါပေမဲ့ ကြေးအိုး အဆင့်ထိ လုပ်နိုင်ဖို့ မတတ်နိုင်တဲ့ အပျင်းမမို့ ဆောင်းတွင်းညပိုင်းမှာ မောင်လေးတွေကို တစ်ပတ်ရိုက်ပြီး ကျွေးတဲ့ အစားအသောက်ပါ။။

 

ပါဝင်ပစ္စည်းများ
ဆန်ကြာဇံ – လူရှိသလောက်ကြည့်ထည့်ပေါ့။ ခိခိ (ကျနော်က တစ်ယောက်စာ အထုပ်လေးတွေနဲ့ပဲ ချိန်တယ်)
ကြက် – တစ်ကောင် (အရိုးအသားခွဲ)
မုံညင်းစိမ်း – တစ်ပန်းကန်ကို ၂ ပင်နှုံးနဲ့ တွက်ပြီး ရေဆေးထားပါ။
ပိန်းဥ – ၂ ဥ
ငရုတ်သီးစိမ်း – တပန်းကန် ၃ တောင့်နှုံးနဲ့ ဖင်ခွဲထားတယ် (ငရုတ်သီးစိမ်းကို ပြောတာ)၊
ငရုတ်ဆော့ – တစ်ပုလင်း
သံပုရာသီး – ၂ လုံး

ပြုလုပ်နည်း
– ကြာဇံတွေကို ထုံးစံ အတိုင်း ရေစိမ်ထားပါ။
– ကြက်ရိုးတွေကို ပိန်းဥ၊ ဂျင်း၊ ကြက်သွန်ဖြူ ဒါးပြားရိုက်နဲ့ တစ်နေ့လုံး မီးမျှင်းမျှင်းနဲ့ ပြုတ်ထားပါ။
– ကြက်သား အသားလေးတွေ မျှင်ပြီး အကျွတ်ကြော်ထားပါ။
– ငရုတ်ဆော့ ထဲကို ကြက်သွန်နီ ပါးပါးလှီးပြီး သံပုရာသီးပါ ညှစ်ထားပါ။
– စားခါနီးပြီ ဆိုမှ အိုး အငယ်ထဲကို မုန့်ညှင်းထည့် ကြက်ရိုးပြုတ်ရည် တပန်းကန်စာထည့်ပြီး တည်၊
– ပွက်ပွက်ဆူမှ ကြာဇံ တစ်ယောက်စာ ညှပ်ထည့်၊ ဆူပြီ ဆိုရင် ငရုတ်သီးစိမ်းတောင့်ထည့်ပြီး အပေါ့အငံချိန်
– ပန်းကန်လုံးထဲကို ကြက်သားအမျှင်ကြော်ပါ ဖြူးပြီး ပေးလိုက်ပါ။
ဟိ။  :mrgreenn:

~~~~~~~~~~

၄) ကြက် ကြာဇံ ဆီချက် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)၊

 

ကြက်ပေါင်း ကြာဇံ ဆီချက် စားမားး??? :mrgreenn:

ဘာတွေ ပါရမတုန်း ဆိုရင်

ဆန်ကြာဇံ ဝယ်ရမယ်။

ကြက် အရွယ်ငယ်ငယ် တစ်ကောင်လုံး ကို ဝယ်၊ အရေခွံပါ ပါပေ့စေနော်။
ကလီစာတွေနှုတ်၊ ဆားနဲ့ နယ်ထားး
ရိုက် ကွတ်ကာထဲမှာ နှုတ်သီး၊ အတက် ဖြတ် ရေဆေးပြီး အကောင်လိုက်ထည့်
ကြက်သွန်ဥ – ၃ လုံး အလုံးလိုက်ထည့်
ကြက်သွန်ဖြူ – ၅ မွှာလောက် ရောထည့်
ဂျင်း – လက်တစ်ဆစ်လောက် ပစ်ထည့်
ပဲငံပြာရည် အနောက် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည် အကြည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
နာနတ်ပွင့် ၅ ပွင့်လောက် ထည့်
သကြား – လက်ဖက်ရည်ဇွန်းဝက်လောက် ထည့်
ဆီ – ထမင်းစားဇွန်း ၅ ဇွန်းလောက်ပဲထည့် ပြီး ခလုပ်နှိပ်ထားလိုက်တော့။
ခလုပ်တက်ရင် ကျက်ပြီပေါ့။ အရေခွံက ဆီရယ် ကြက်သားက အရည်လေးတွေရယ် မခန်းခင် အနေအထားက အကောင်းဆုံးပါပဲ။
ပြီးရင် ကြက်ပေါင်း ဆီလေးကို ပန်းကန်လုံးလေးထဲ စစ်ထားလိုက်။
ကြက်သားလေးတွေကို မျှင်ထားလိုက်။

ကြက်သွန်ဖြူကို ထောင်းးး
ဆီအိုး တည်။ ဆီကျက်ရင် ကြက်သွန်ဖြူထောင်းတွေကို ထည့်ပြီး မီးပိတ်ထားလိုက်။

ကြာဇံ ပြင်ကြစို့။ ကြာဇံကို ကိုယ်ကြိုက်ရာ အနေအထားထိပြုတ်။ ဆီချက် အတွက်ဆို မာမာလေးက ပိုကောင်းတာပေါ့နော်။

 

ပန်းကန်ထဲကို ကြာဇံ တစ်ယောက်စာ ပြင်
ကြက်ပေါင်းဆီလေး – ထမင်းစားဇွန်း ၁ ဇွန်းစာထည့်
ဆီချက် – တစ်ဇွန်းထည့်
ပဲငံပြာရည် အကြည် – တစ်ဇွန်း ထည့်
ပြီးရင် နယ်ပြီးမှ အပေါ်က ကြက်သားအမျှင်လေးတွေဖြူးပြီး ကြက်သွန်ဖြူကြော်လေး ဖြန်းပြီး အချဉ်နဲ့ တို့ စားတော့။  :mrgreenn:

~~~~~~~~~~

 

၅) ကြက် ကြာဇံ သုပ် – ဗမာ သုပ် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)၊

 

ဗမာ ကြာဇံသုပ် အလွယ်လေးနော့။ လူတိုင်းသုပ်တတ်မှာပဲ။
တစ်ချို့က ဆန် ကြာဇံကို သုပ်တယ်။
ကျနော်က တော့ ပဲ ကြာဇံကို သုပ်တာကိုပဲ ကြိုက်လို့။
အချိုးတွေကို မြင်ရင် မဆူရဘူးနော်။ ဟိဟိ  :mrgreenn:

ပါးပါးလှီးထားတဲ့ အာလူးပြုတ် – ၃ လုံး
ပါးပါးလှီးထားသောဂေါ်ဖီ – လက်တစ်ဆုပ်
ပါးပါးလှီးထားသောကြက်သွန်နီ – လက်တစ်ဆုပ်
ရေစိမ်ပြီးတစ်မိနစ်လောက်ပြုပ်ထားသော ပဲကြာဇံ – ဟင်းစားပန်းကန် တစ်ပန်းကန်စာ
ပုဇွန်ခြောက်မှုန့် – လက်ဖက်ရည်ပန်းကန်လုံး ရဲ့ တစ်ဝက်လောက်၊
မြေပဲမှုန့် – လက်ဖက်ရည် ပန်းကန်လုံး ရဲ့ တစ်ဝက်လောက်
ငရုတ်သီးအလှော်မှုန့် – ထမင်းစားဇွန်း ရဲ့ တစ်ဝက်
ငံပြာရည် – ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ဆီချက် – ထမင်းစားဇွန်း ၃ ဇွန်း
မန်ကျည်းမှည့်ရည် – ထမင်းစားဇွန်း ၃ ဇွန်း
ဇလုံထဲသာ အကုန်ထည့်နယ်ပြီး အပေါ်က ကြက်သွန်ဖြူကြော်လေးဖြူး စားလို့ ရပြီ
အချိုးမပါရင် ပြောမဆိုးလို့။ :mrgreenn:

ဟိ။ လိုတိုးပိုလျှော့ ကွကိုယ်လုပ်ကြနော်။
ပဲပုပ် မှုန့်တို့ ပဲမှုန့်တို့ ကြိုက်လည်း ထည့်သုပ်လို့ရတယ်။

ကြက်ပေါင်တွေကို ဂျင်း၊ ကြက်သွန်ဖြူ ထောင်းပြီး အရည်ညှစ်ထားတာနဲ့ နယ်။
ပြီးရင် ဆီပူထဲထည့်ကျော်ပြီး အိုးချခါနီးမှ ဂျင်းနဲ့ သွန်ဖြူ အရည်ညှစ်ထားတာလေး ပစ်ထည့်ပြီး မတူးခင် ချပြီး
တွဲစားလို့ ရပါပြီ။
ဟိဟိ  :mrgreenn:

 

ဗမာ ကြာဇံသုပ်
ဗမာ ကြာဇံသုပ်

 

 

 

 

 

 

 

 

~~~~~~~~~~

 

၆) ကြက် ကြာဇံ သုပ် – ယိုးဒယားသုပ် (ကေဇီ ရဲ့ လောက်ဇီး ကွတ်)၊

 

စားနေကျ ယိုးဒယားဆိုင်က ပဲ ကြာဇံသုတ် က နည်း မေးတော့ လွယ်လို့… :mrgreenn:

ပါဝင်ပစ္စည်း

ပဲကြာဇံ – တစ်ထုပ်
ကောက်ရိုးမှို – ၅ လုံး
ကြက်သွန်ဥ ဖြူ – ၅ မွှာ
ငရုတ်သီးစိမ်းတောင့် – ၄ တောင့်မှ ရ တောင့် (ကိုယ် အစပ်စားနိုင်သလောက် မူတည်ပြီး)
ကြက်သား ရင်အုပ် – တစ်ပိုင်း (အရိုးအသားခွဲထား)
စပါးလင် – ၂ ပင်
သံပုရာသီး – ၂ လုံး

 

ပြုလုပ်နည်း

– ကြက်သား ကို စပါးလင်လေးနဲ့ ပြုတ်ပြီး ဆယ်ထား၊ အရိုးနဲ့ အသားခွဲ။
– အသားကို မျှင်ပြီး သပ်သပ်ဖယ်ထားး
– အဲဒီပြုတ်ရည်ထဲကို မှို ရယ် ကြက်သွန်ဖြူရယ် ငရုတ်သီးစိမ်းရယ် ကို ဆက်ပြုတ် ၊ ရရင် ဆယ်ပြီး သပ်သပ်ထားး
– ငရုတ်သီးစိမ်းကို ထောင်းပြီး အနှစ်ကို သံပုရာရည်ညှစ်ပြီး စိမ်ထားး၊ အပေါ့အငန်မြည်းထားပါ။ ကြိုက်တတ်ရင် သကြားနည်းနည်းထည့်လို့ရပါတယ်။
– အဲဒီ အိုးထဲမှာပဲကြာဇံပြုတ်ထားတုန်းအချိန်မှာ
– ပန်းကန်ဇောက် နက်နက်ထဲကို ကြက်သား၊ မှို၊ ကြက်သွန်ဖြူ ကို ပြင်ထားး
– ကြာဇံ အနေတော် ရတာနဲ့ တန်းဆယ်ပြီး အရည်စပ်စပ်နဲ့ကို ပဲ ခုနကပြင်ထားတဲ့ ပန်းကန်ထဲ တန်းထည့်ပြီး ဖြော်ထားတဲ့ ချဉ်စပ်ရည်ကို ထည့်လိုက်ပါ။
– ပြီးမှ မွှေပြီး ပူတုန်း စားရင် ပိုကောင်းပါတယ်။
– ကြိုက်တတ်ရင် ပြည်ကြီးငါးပြုတ်တို့ ပုဇွန်ပြုတ်ပါ ထည့်လို့ရပါတယ် ခင်ညာ။

ကြာဇံသုပ် (ယိုးဒယား)
ကြာဇံသုပ် (ယိုးဒယား)

 

 

 

 

 

 

 

 

~~~~~~~~~~

 

အပိုထည့်ပေးမို့ ကြာဇံချက်ကို။
ဒါမဲ့ ဘယ် လင့် က ယူမိမှန်း မမှတ်မိတော့ဘူးးး။ ညွှန်းထားတာ လိုတိုရှင်းမို့ ကိုယ့် အကြိုက်နဲ့ ညီလို့ ယူထားတာ။
ဟိဟိ

:k:
၇)  ကြက်ကြာဇံချက်

 

၁.ကြက်သား (အတုံးသေးသေးတုံးထားပါ)

၂.ပဲပြားခြောက် (ရေစိမ်ထားပါ).အရွယ်တော်ညှပ်ထားပါ.

၃.ကြွက်နားရွက်မှို (ရေစိမ်ထားပါ)သန့်စင်ထားပါ.

၄.ငုံးဥ. ပြုတ်ထားပါ.ဘဲဥ ကိုပြုတ်ပြီးပါးပါးလှီးထားပါ.

၅.ပဲကြာဇံ (ယိုးဒယား ထုပ်သုံးထားပါတယ်)

၆.ကြက်သွန်ဖြူ နီဂျင်း (ထောင်းထားပါ)

၇.ဆား ငံပြာရည် အချိုမှုန့် ကြက်သားမှုန့် .ငရုတ်ကောင်းမှုန့်

ချက်မည့်အိုးထဲကိုကြက်သားဆားအချိုမှုန့်ဆနွင်း ငရုတ်နှစ် ကြက်သွန်ဖြူ နီဂျင်းငံပြာရည်ထည့်ပြီးလုံးပါ.
အနံ့မွှေးလျှင်ရေထည့်ပွက်ပွက်ဆူအောင်တည်ပါ
.ကြက်သားမှုန့် ထည့်ပါ
.ကြွက်နားရွက်မှို ပဲပြားခြောက်ရေစိမ်ထားတာထည့်ပါ.
ကြာဇံကယိုးဒယားထုပ်ထည့်ချက်တာမို့ရေဆေးပြီးထည့်ပါ.ရေစိမ်စရာမလိုပါ.
ငုံးဥ.ကြက်သွန်နီ ဥ ဘဲဥထည့်ပါ.
အရသာစိတ်ကြိုက်ပြင်ဆင်ပါ.
ငရုတ်ကောင်းမှုန့်ထည့်ပါ.
အရသာရှိစွာသုံးဆောင်နိုင်ပါသည်.
ငါးဖယ်ကိုအလုံးလေးလုပ်ပြီးထည့်၍လည်းသုံးဆောင်နိုင်ပါသည်.

~~~~~~~~~~

ကေဇီ!!!

မင်း ပိုင်သကွာ။
တစ်ပတ်စာရသွားပြန်ပြီ။
ဟေးဟေးဟေးးး

 

:mrgreen:

59 comments

  • Kaung Kin Pyar

    September 29, 2014 at 10:08 am

    ကြက်ကြာဇံပေါင်းလေး စားချင်တယ်…။
    မနက်စာ မစားခဲ့ရပါဘူးဆို….ဂလု.!!!!!!
    ကြာဇံကို ခေါက်ဆွဲထက် ပိုကြိုက်တယ်…

    • ကေဇီ

      September 29, 2014 at 10:21 am

      တူတူပဲ။
      ကြာဇံ နဲ့ ခေါက်ဆွဲ ဆို ကြာဇံကိုပဲ ရွေးမယ်

      :k:

  • weiwei

    September 29, 2014 at 10:10 am

    ပထမဆုံး နေရာဦးသွားပါသည် …

    • weiwei

      September 29, 2014 at 10:14 am

      loading လုပ်နေတုန်း ပထမနေရာ ဦးသွားတဲ့သူရှိသွားတယ် …
      ပထမဆုံး မွသဲရဲ့ ကြာဇံပေါင်းတင်တုန်းက ငြင်းခုန်ဖြစ်ခဲ့တာလေး သတိရသွားတယ် ..
      ပဲကြာဇံနဲ့ ဆန်ကြာဇံ ငြင်းခဲ့ကြတာ …
      ကြာဇံက သိပ်မအီလို့ ကြိုက်တယ် …

      • ကေဇီ

        September 29, 2014 at 10:22 am

        ဟိ။
        အမှန်ကလေ ဆန်ကြာဇံက မုန့်ဖတ် အသေးနဲ့ တူလို့ ပဲ ကြာဇံကိုမှ ကြာဇံထင်တယ်။

        :k:

  • Mr. MarGa

    September 29, 2014 at 10:21 am

    ကြက် ကြာဇံ တဲ့
    မရဝူးး
    တခြား အသားနဲ့ လုပ်ပေးဘာာာ :mrgreenn:

    • ကေဇီ

      September 29, 2014 at 11:35 am

      ကြက် ကို စိတ်နာနေတဲ့ သဘောပဲ။
      ကြောင်သားနဲ့ စားမားး

      :k:

      • Mr. MarGa

        September 29, 2014 at 12:01 pm

        မိုက်စ် မိုက်စ် မိုက်စ် :mrgreenn:

  • Wow

    September 29, 2014 at 10:36 am

    ပဲကြာဇံ ဆီးဖုနဲ့ ကြိုက်စ် :kwi:

    • ကေဇီ

      September 29, 2014 at 11:34 am

      ဒီ လာရင် သွားစားကြမယ်။

      :kwi:

  • Ma Ei

    September 29, 2014 at 10:38 am

    ကြာဇံတဲ့…
    စားစရာကို မျိုးစုံနေတာပါပဲလား..ဆွိရေ
    ခေါက်ဆွဲမှာက ဆိုဒါပါလို့ သွေးနဲနဲတက်တတ်တဲ့ အတွက်
    ခေါက်ဆွဲထက် ကြာဇံကိုပိုစားဖြစ်ပါတယ်…
    ဆန်ကြာဇံ၊ ပဲကြာဇံ နှစ်မျိုးစလုံး ကြိုက်တယ် မျိုးစုံလုပ်စားတယ်…
    🙂

    • ကေဇီ

      September 29, 2014 at 11:33 am

      မွအိ ရဲ့ ကြာဇံကြော် နဲ့ ဓာတ်ပုံအတွက်လည်း ကျေးကျေးပါ။

      :chit:

  • ဦးကြောင်ကြီး

    September 29, 2014 at 11:34 am

    ပြောင်းဖူးနဲ့လုပ်တဲ့ကြာဇံတွေ့လို့ ဝယ်ထားတာ ကြော်စားဦးမှ… ပဲပြား၊ ခရုဆီ၊ ကြက်သား၊ ဥနီ၊ ကြက်သွန်၊ ကြက်ဥ၊ နှမ်းဆီ၊ ဆယ်လာရီ.. ရှိထားပြီ.. ပန်းဂေါ်ဖီနဲ့ဂေါ်ဖီရလျင် ပြည့်စုံပီ…

    • ကေဇီ

      September 29, 2014 at 11:36 am

      ပြီးရင် ပို့(စ) တင်ပေးးး
      လူနဲ့ကြောင်ချင်း မပေါင်းရပေမဲ့
      ပို့(စ) ချင်း ပေါင်းလို့ ရအောင်။
      :k:

  • kyeemite

    September 29, 2014 at 11:38 am

    .ဆန်ကြာဇံကြော်တော့ကြိုက်သဗျို့
    .နောက်..ကြက်ကြာဇံချက်လည်းကြိုက်တယ်
    .ဆန်ကြာဇံသုတ်တော့ အိမ်ကဆိုင်မှာရောင်းလို့ အရင်ကစားတယ်..ခုတော့ရိုးသွားလို့ မစားတော့ဘူး :kwi:

    • ကေဇီ

      September 29, 2014 at 11:52 am

      အဲဒီ ကြာဇံသုပ်ပေါ့။
      မနေ့က ဓာတ်ပုံထည့်ချင်လို့ သုပ်စားမယ် ဆိုကာမှ ပဲ ကြာဇံက မရှိပဲ အိမ်မှာ ဆန်ကြာဇံပဲရှိတော့ ဆန်ကြာဇံလေးပဲ သုပ်စားလိုက်ရတယ်။

      ဟိ
      :kwi:

  • ခင် ခ

    September 29, 2014 at 12:16 pm

    ” ကြာဇံကြော် အသားများများ ကြက်ဥထဲ့ ထုံးစံတိုင်း”
    လို့ ကျောင်းသားဘဝ တရုတ်ကြီးဆိုင်မှာ နောက်ပြောခဲ့တဲ့ အချိန်တွေတောင် ပြန်လွမ်းသလိုဘဲဗျာ။

    • ကေဇီ

      September 29, 2014 at 12:24 pm

      ဟိ။
      ဗိုက်ဆာလာပြီ

      :k:

  • Crystalline

    September 29, 2014 at 3:25 pm

    ဆန်ကြာဇံကြော်.. ကြေးအိုးဆီချက်..အရမ်းရမ်းကြိုက်…
    ပဲကြာဆံကိုတော့ ယိုးဒယားဆီးဖုသုတ်…ကြာဇံချက်.. နောက် ရှစ်မိုင်..ပြည်လမ်းမပေါ်က ဟိုင်နန်လား..ယူနန်လား..အဲ့လိုနာမည်မျိုးနဲ့ဆိုင်က ပဲကြာဆံကို ကြက်သား..မြေအိုးနဲ့ပေါင်းထားတာ အရမ်းကြိုက်.. အရင်က မကြာမကြာစား.. ခုမစားဖြစ်တာ ၈နှစ်လောက်ရှိပြီ.. အရသာတောင် မမှတ်မိတော့..ဆိုင်ရှိသေးလားလည်းမသိတော့.. :mrgreenn:

    • ကေဇီ

      September 29, 2014 at 3:27 pm

      အမှန်တော့ ကြေးအိုး ဆီချက်က မလုပ်တတ်လို့ ချန်ခဲ့တာ။
      ရှာပြီးထည့်ပေးဦးမှပါ။
      တစုတည်းဖြစ်သွားအောင်။

      :k:

    • ကေဇီ

      September 29, 2014 at 3:31 pm

      ကြေးအိုးဆီချက် (ကြက်)
      • • • • • • • • • • • • • •
      (Credit to http://taunzalat.blogspot.sg/2013/03/blog-post_4441.html)

      * ပါဝင်ပစ္စည်းများ

      ၁။ ကြက်အပေါ်ဆီ – စားပွဲဇွန်း၂ ဇွန်း
      ၂။ ဆီချက်ဆီ(ကြက်သွန်ဖြူ) – စားပွဲဇွန်း (၃)ဇွန်း
      ၃။ ပဲကျဲ(Maggi Cooking) – စားပွဲဇွန်း(၃)ဇွန်း
      ၄။ ငရုတ်ကောင်း – အနည်းငယ်
      ၅။ ဆန်ကြာဆံ(ရေစိမ်) – ၈ ကျပ်သား
      ၆။ ခုဆိုင်ရွက် – ၅မူးသား
      (ကြေးအိုးထဲမှာပါတဲ့အစိမ်းချောင်း)
      ၇။ မုန်ညင်းစိမ်း – အစည်းတစ်ဝက်
      ၈။ ကြက်သားအကြမ်း – ၁၆ တုံး
      ၉။ ကြက်သားလုံးအချော – ၂လုံး
      ၁၀။ ငုံးဥ – ၂လုံး
      ၁၁။ ကြက်ဥ – ၁လုံး
      ၁၂။ ဆီချက်ဖတ် – စားပွဲဇွန်း(၁)ဇွန်း
      ၁၃။ ပဲပြား – ၁တုံး
      ၁၄။ ဆီမွှေး (ဟင်းရည်ထဲထည့်) – အနည်းငယ်
      ၁၅။ ကြက်ပြုတ်ရည် – ၁ခွက်

      * ကြေးအိုးကြက်သားအကြမ်းပြုလုပ်နည်း
      • ဟင်းချက်မှုန့် – စားပွဲဇွန်း (၂)ဇွန်း
      • သကြား – လက်ဖက်ရည်ဇွန်း (၁)ဇွန်း
      • ပဲကျဲ – စားပွဲဇွန်း(၄)ဇွန်း
      • ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း (၁)ဇွန်း

      (၁) ဇလုံတစ်ခုထဲတွင် အရသာများထည့်ပြီးလျှင်နယ်ပါ။
      ပြီးလျှင် ငါးမြစ်ချင်းခြစ်(၅ကျပ်သား)နှင့်ရောနယ်ပါ။

      (၂) ကော်မှုန့်(၈ကျပ်သား) မှ ကော်မှုန့် တစ်ဝက်ကို နည်းနည်းချင်းထည့်ပါ။(စေးလာမှ)

      (၃) ကြက်စဉ်းသား(၂၅ကျပ်သား)ကို
      ကျန်တဲ့ကော်မှုန့်ပါ ထပ်ထည့်ပြီး စေးအောင် နာနာနယ်ပါ။

      • ပြင်ဆင်နည်း
      (၁) ကြေးအိုးကြက်ပြုတ်ရည်တစ်ခွက်ကို
      အိုးထဲထည့်ပြီး ဆူအောင်တည်ပါ။

      (၂) ရေဆူလာလျှင် ကြက်သားများ
      လက်နဲ့ဆုပ်ပြီး ပစ်ထည့်ပါ။

      (၃) ကြက်သားလုံးများ ၊ ငုံးဥ၊ ပဲပြား၊
      ကြာဆံများထပ်ထည့်ပါ။

      (၄) အသားများကျက်ပါက ကြက်ဥ၊ ခုဆိုင်၊
      မုန်ညှင်းစိမ်းများထည့်ပါ။

      (၅) ပြီးလျှင် အသားများ၊ အရွက်များကိုဆယ်ထားပါ။
      ကြာဆံကို သက်သက်ဆယ်ထားပါ။
      (၆) ကြေးအိုးပန်းကန်ထဲကိုကြက်သားအပေါ်ဆီ၊
      ဆီချက်ဆီ၊ပဲကျဲအရသာများ ထည့်ပြီးမွှေထားပါ။

      (၇) ကြာဆံများထည့်ပြီး နှံ့အောင်နယ်ပါ။

      (၈) နယ်ထားသော ကြာဆံအပေါ်ကို ကြက်သားလုံးများ
      ကြက်ဥ၊ ငုံးဥ၊ ခုဆိုင်၊ မုန်ညင်းစိမ်းရွက်များထည့်ပါ။

      (၉) ကြေးအိုးအရည်ကို ခွက်တစ်ခုထဲထည့်ပါ။

      (၁၀) ငရုတ်ဆီ၊ ငရုတ်သီးအရည်စိမ်ထားပြီး
      အချဉ်နှင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။

      http://taunzalat.blogspot.sg/2013/03/blog-post_4441.html

  • ဝင့်ပြုံးမြင့်

    September 30, 2014 at 5:25 am

    .အောင်မယ်လေးးး မောပါ့ ကေဇီရေ
    . ကျောက်စ်တစ်ယောက်လောက် ဘယ်လိုတွေ့အောင် ရှာမလဲ။ တွေ့ရင် ဘယ်လိုအမိဖမ်းမလဲ စဉ်းစားရတာက ပိုသက်သာဦးမယ်။
    .အမဖြင့် ကျောက်စ်ကို အမိမဖမ်းနိုင်ခဲ့လို့ တနေ့တနေ့ ရောက်လိုက်ရတဲ့ ဒုက္ခတွေ။

    • ကေဇီ

      September 30, 2014 at 9:05 am

      ငင့်။
      နာ့ အမွကတော့ လုပ်ပြီ။
      :k:

  • Yae Myae Tha Ninn

    September 30, 2014 at 11:34 am

    ပဲကြာဇံသုပ်ရော စားဖူးလား… မြိတ်လက်ရာလေ… ပဲဟင်းပါ ထည့်ပြီး နယ်စားရတာ… 🙂

    • ကေဇီ

      September 30, 2014 at 11:36 am

      ဟင်?
      မစားဖူးဘူးး!!!၊
      နည်းလေး ပြောပြပါလားဟယ်။
      တစုတည်းထားချင်လို့။

      :k:

  • Yae Myae Tha Ninn

    September 30, 2014 at 11:49 am

    မေးပေးမယ်.. စားပဲ စားဖူးတာ.. လုပ်တာတော့ လုပ်ဖူးဘူး.. ပဲပင်ပေါက် သခွားသီး.. မကျည်းနှစ်ရေ.. အာလူး.. ပဲမှုန့်လဲ ပါလောက်တယ်.. အားလုံးပြီးရင် ပဲဟင်းထည့်စားရတာ… ဆီချက် အဖတ်တွေလဲ ဖောချင်းသောချင်းထည့်ရတာ.. စားခဲတယ်ဗျ… မေးပေးမယ်နော်… 🙂
    ကြာဇံတွေ စုတယ်ဆိုတော့ ကျန်တာလေး ဖြည့်ပေးတာပါ… 😀

    • ကေဇီ

      September 30, 2014 at 11:51 am

      ကျေးကျေးးး
      ဟုတ်တယ်။
      ကြာဇံ စုနေတာမို့။

      :k:

  • ဂျက်စပဲရိုး

    September 30, 2014 at 2:03 pm

    ကြာဇံဖတ် ကို သိပ်မကြိုက်လှဘူး။
    ဒီတော့ အထဲက ချက်ထားတဲ့ ကြက်သားလေးတွေချည်းပဲ ရွေးစားလို့ ရမလား ဟင်…. 😀
    ကြက်သားတို့ ပင်လယ်စာတို့ ဘာတို့ ညာတို့ ဟိဟိဟိ

    • ကေဇီ

      September 30, 2014 at 2:07 pm

      ငင်။
      အင်းးး
      ရတယ် ရတယ်။
      ဟိ။
      လိမ္မာတယ် ငါ့မောင်လေးက ….
      နောက်ခါ နန်းကြီးသုပ်ရင် ခေါ်ကျွေးမယ်။

      :k:

      • ဂျက်စပဲရိုး

        September 30, 2014 at 2:49 pm

        ဂယ်????
        နန်းကြီးမသုပ် တောင် ဟို Street Food market လေး မှာ ကျွေးရင် မဆိုးလှပါဘူးလေ… ဟိဟိ း)

        • ကေဇီ

          September 30, 2014 at 3:22 pm

          အွန်။
          ဒါကျ မြင်သားးးး

          :kwi:

        • ဂျက်စပဲရိုး

          September 30, 2014 at 10:20 pm

          အစားအသောက် နဲ့ ပတ်သက်ရင် မျက်စိက လျှင်တယ် း)

  • ပြန်လာရင် သာ ဇီဇီ ကိုယ်တိုင်ချက်ကျွေးပါတော့

    ကိုခ က ပိုက်ပိုက်ထုတ်ပေးမယ်

    မာဃ မိဗုံ နဲ့ ကျုပ်က အကဲဖြတ်ပေးမယ်

    • ကေဇီ

      September 30, 2014 at 3:57 pm

      ရပါ့။ ရပါ့။
      စားရဲ ရင် ချက်ကျွေးမှာပ!!

      :k:

  • မွသဲ ( 17082011 )

    September 30, 2014 at 7:53 pm

    ရေးးးးးးးးးးးးးးးဝင်ရဘီကွ။ မပုတုကျေးဇူးနဲ့ လမ်းပိတ်နေလို့ ထမင်းဆိုင်ကိုလာလို့က်ုမြဖစ်နေဒါ။ 😥 ကြာကြာစံရအောင်တနေ့တမျိုးကြာဇံလုပ်စားအူးမှ။ :sar:
    ချွေးမွလေး အဆက်သွယ်ပြတ်သွားတယ် ရေခဲတောင်ရောက်တွားလို့လားဟင် :byee:

    • ကေဇီ

      October 1, 2014 at 5:25 am

      အချစ်တော်တွေ အကုန် အလုပ်ရှုပ်နေတော့ ပျင်းတာပေါ့

      😥

      • မွသဲ ( 17082011 )

        October 2, 2014 at 6:02 pm

        ဟင့်ဟင့် ပြန်လာခဲ့ဘာ 😥

  • kai

    October 1, 2014 at 2:42 pm

    ဒီနေ့.. ရိုးမမှာ.. ခေါက်ဆွဲသုတ်စားခဲ့တာ…
    မြန်မာစာတွေထဲ..အဲဒီအချောင်းတွေ.. အသုတ်လုပ်တာမျိုးက… တခြားနိုင်ငံတွေနဲ့မတူ… ကွဲပြားသမို့.. ကမ္ဘာအနှံ့.. မက်ခ်ဒေါနာလို.. ဖရန်ချိုးင်းဆိုင်တွေဖွင့်နိုင်တယ်.. ထင်မိ..။ :k:

  • ကေဇီ

    October 1, 2014 at 2:55 pm

    ဟိ…!!

    ဘူ စ လုပ်ပြီးးး ကြီးးးပွားးး မလဲ စောင့် ကြည့်ဦးးမယ်။
    မြန်မာ ပီပီ ပြီးးမှ သာအောင် လိုက်လုပ်မယ်
    :k:

  • တောင်ပေါ်သား

    October 1, 2014 at 3:10 pm

    ကြာဇံဟင်းခါး ၊ ကြာဇံချက် ကြိုက်၏ ၊

    ကြာဇံကြော်ကိုလည်း ခေါက်ဆွဲကြော်ထက် ပိုုကြိုက်၏ ၊

    ကြိုက်သော ကြာဇံအကြောင်း ပုံနှင့်တကွ ပြောပြ၍ စိတ်တို၏ ၊

    ( မြင်သာမြင်ရ၍ ) 🙂

  • ကေဇီ

    October 1, 2014 at 3:31 pm

    တောင်ပေါ်သားးး ဆိုပဲ
    အသစ်လေးးလားးး
    မမ ကို မှတ်ထားးးနော်
    :k:

    • တောင်ပေါ်သား

      October 1, 2014 at 3:43 pm

      ဟုတ်ကဲ့ မမကေဇီ

  • အလင်းဆက်

    October 1, 2014 at 7:22 pm

    ငယ်ငယ်က…ကြာဇံကို အသေအလဲကြိုက်ခဲ့ပြီး….
    ခေါက်ဆွဲကို လှည့်မကြည့်ချင်တဲ့သူ…
    အခု ကြီးလာတော့ (အသက်) ခေါက်ဆွဲကို အသေအလဲ..ကြိုက်သွားပြီး…
    ကြာဇံကိုလှည့်မကြည့်ချင်တော့သူ…
    ကျနော်…. ဒညင်းဝက်

    (ဖွေးဖွေးကို ဟှဒင်းဖြစ်ချင်သူ)

    :k:

    • kaungngelay

      October 3, 2014 at 12:01 am

      ဒီမှာ မောင်ရင် အလင်းဆက်…
      ခင်ဗျားက ကြာဇံကို အရင် ချစ်ခဲ့ပြီးမှ ခေါက်ဆွဲကို ပြောင်းဆွဲ အဲ ပြောင်းကြိုက်တယ်ဆိုတော့
      ခင်ဗျားက အပြောင်းအလဲ သိပ်များတယ်လေ… ကြာဇံမှာ အပြစ်မရှိသလို မောင်ရင်မှာလည်း ပြောင်းကြိုက်ပိုင်ခွင့် ရှိပါတယ်… 🙂

      အလကားစတာ စိတ်မဆိုးနဲ့ ဖွေးဖွေးက ကိုယ်နဲ့ အတူ ကြာဇံပြုတ်သောက်နေကြတာလေ…
      မောင်ရင်ကို နောက်လိုက်ပါအုံးဆိုလို့ပါ…

      ကောင်မလေးက ဆိုးတယ် 🙂

  • မြစပဲရိုး

    October 1, 2014 at 11:06 pm

    ဝေဝေ လိုဘဲ ပဲ နဲ့ ဆန် ဇဝေဇဝါ တွေးခဲ့ ဘူးပါ့။
    ငယ်တုန်း က ကြာဇံ ဝယ် ရင် ဆန် က ဈေးသက်သာ တေ။
    ပဲ က ဈေးကြီး တယ် လို့ မှတ်ထားဘူးတာ။
    အခု ရော မြန်မာပြည်ထဲ ဘယ် ကြာဇံ က ပို ဈေးကြီးလဲ။ :))

  • ကေဇီ

    October 2, 2014 at 6:33 am

    အရီးးရေ
    ဒီမှာတော့ ဈေးတူတူပဲ။

    ဆက်ဆက်
    နာ့ ဆီကို ဖွေးးဖွေးး ခေါ်မလာ နဲ့

    :k:

  • kaungngelay

    October 3, 2014 at 12:11 am

    အန်တီဇီ…
    ချက်ကြည့်တယ် ချက်ကြည့်တယ်… မမြင်ရဘူး.. ဗိုက်ထောက်နေလို့…. 🙂

    စတာပါ… အိမ်မှာတော့ ကြာဇံစားနည်းကိုတော့ အတော်လေး ကျွမ်းကျင်ကြပါတယ်…
    အခုဟင်းချက်နည်းများအား ယောက္ခမကြီးအား လွှဲပြောင်းပေးအပ်ကြောင်းနှင့် မှတ်ပုံတင်ကြေးမပေးရပါက အချပ်လိုက် Printer မှ ထုတ်ပြီး ချက်ပြုတ်ကျွေးပါမည်အား သဘောတူညီမှုစာချုပ်ချုပ်ဆိုပါမည်။

    အိမ်ရှိလူအားလုံး အန်တီဇီ ပို့စ်ကြောင့် ဗိုက်ခွေးနမ်းကိန်း ဆိုက်ဒ်တော့မည်ဖြစ်ကြောင်း…

    • ကေဇီ

      October 3, 2014 at 5:29 am

      ဂွစ် ဂွစ်
      Credit to ဆက်ဆက်
      :mrgreen:

  • pooch

    October 3, 2014 at 11:14 am

    မန်းလေးမှာလေ ကြာဇံကြော်ကို ဒုတ်ထိုးနဲ့တွဲရောင်းနေပြီ

    တော်ပါပြီ မစားရဝခမန်း
    ပုံတွေနဲ့ လာလာနှိပ်စက်နေတယ် 😥

    တွတ်ပီဆိုင်ပဲ သွားတော့မယ် ဒီတပတ်ပိတ်ရက် :sar:

    • ကေဇီ

      October 3, 2014 at 12:40 pm

      ငင်.။
      လွယ်လွယ် ဝယ်စားလို့ ရတဲ့သူက ရန်တွေ့နေတယ်။
      အဟင့်။သများတို့က ပင်ပင်ပန်းပန်းချက်ပြီးမှ စားရတဲ့ ဘွပါ။
      😥

      ပြောရင်း ဝက်သားဒုတ်ထိုးလေး စားချင်ထာ။

      :sar:

  • ခင်ဇော်

    December 30, 2014 at 2:33 pm

    ဒါကတော့ ကိုကိုကျောက်ရဲ့ ယိုးဒယားစတိုင် ပုစွန်နဲ့ ကြာဇံပေါင်းပါတဲ့ ခင်ဗျားးး
    :k:

    ~~~~~~~~~~~~~~~~~~~~~~~~~~~

    https://www.facebook.com/photo.php?fbid=487544828050365&set=a.487542568050591.1073741950.100003845566779&type=1&theater

    ပုဇွန် ပုံစံမပျက်လေးသင်ထား… (အဟိ အဲဒါမိနှင်းကျွမ်းတယ်)
    ပဲကြာဇံ ၂-ထုပ် (အချင်အတွယ် မမှန်းတတ်)ကို ရေစိမ်ပြီးပွလာရင် …
    ပဲငံပြာရည် အကြည် ၃-ဇွန်း ၊ ပဲငံပြာရည် အနောက် အချိုဇွန်း ၁-ဇွန်း နဲ့ နယ်ထားပါ ။
    ပုဇွန် ဆိတ်ကလေး ၂-ဇွန်းစာလောက်ကို ခရုဆီ အချိုဇွန်း -ဇွန်းလောက်နဲ့ နှပ်ထားပါ ။
    ဂျင်းတစ်လက်မလောက် မထူမပါး ၂-ချပ်နဲ့ ကြက်သွန်ဖြူ ၂-ဥလောက်ကို ရယ်ဒီပြင် ၊ ဆီပူရင် သတ်လိုက်ပါ ။
    ပြီးရင် ပုဇွန်ဆိတ်လေးတွေလည်းထည့် ၊
    ပုဇွန်အကြီးလည်း ထည့်ပေါ့ ၊
    ခဏနေရင် နှပ်ထားတဲ့ ပဲကြာဇံထည့် ၊
    ရေမြုပ်အောင်ထည့် ၊
    ပုဇွန်ထုပ်တွေကို အပေါ်တင် ၊
    နှမ်းဆီ စားပွဲတင် ၂-ဇွန်းလောက် ပုဇွန်အပေါ်ကနေ ဆမ်းပေးပါ ။
    ရေခမ်းသွားရင် အတော်အရောင်လှ အရသာကောင်းတဲ့ ဟင်းတစ်ခွက်ရပါဘီ ။
    ပြည်ကြီးငါးနဲ့လည်း ဖြစ်ပါတယ်ဗျို့…
    သဘောကတော့ ပုဇွန်ဆိတ် အချို + ပုဇွန်ထုပ် အဆီ ပဲကြာဇံထဲ ဝင်စေတာဗျား…

    (ခရက်ဒစ် တူ ဦးကျောက်ခဲ)

  • မြစပဲရိုး

    December 30, 2014 at 3:10 pm

    ဒီနှစ် ခရစ်စမတ် ပွဲ ထဲ ရွာထဲ က နည်း တွေ နဲ့ Homemade ကြာဇံကြော် ၊ ပေါက်စီ တို့ အတော် ပေါ်ပြူလာ ဖြစ်ခဲ့တယ်။
    ဟိုးတုန်းက redaymade တွေ ဝယ် သွားတော့ မဆန်းဘူးပေါ့။
    Gazette Chef များ အားလုံး ရှဲရှဲနိ ပါ။ :))

  • ခင်ဇော်

    May 24, 2015 at 8:45 pm

    Credit to Wei Wei
    —-
    ကိုရီယားကြာဇံနဲ့ပုဇွန်ပေါင်းတယ်
    ကိုရီယားကြာဇံကို နဲနဲပျော့အောင်ပြုတ်ပြီး ဆား ပဲငံပြာရည် သကြားနဲနဲ နဲ့နယ်ပြီး ကြွေပန်းကန်ထဲထည့်တယ်။ ဆီနဲနဲလေးနဲ့ ကြက်သွန် ဂေါ်ဖီနဲ့ ပုဇွန်ကို အရသာရောပြီး အချိုရည်ထွက်အောင်ကြော်ပြီး ကြာဇ့ပေါ်တင်ပြီး ပေါင်းအိုးပေါတင်ပေါင်းလိုက်တာပဲ။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 25, 2015 at 8:38 am

    မဒမ်ဂျစ်ကို ပို့စ် ပြပီး ကြော်ခိုင်းလိုက်မယ်.. အဲ့ဒါမှ တားအတွက် အီးဇွီးကွက်ဖြစ်မှာ..
    ကြာဇံကိုရှယ်ကြော်ပီး ငရုတ်ရည်နဲ့ သုတ်တာကို TTK ပါပဲ ဂျီးဒေါ် ခင်ဇော်.. :k:

    • ခင်ဇော်

      May 25, 2015 at 9:26 am

      လာအားပေးတာကို ကျေးကျေးပါ မုန့်ကြိုးလိမ်။
      နာမည်ခေါ်ရတာ စားချင်စရာအေ။

      :k:

    • ခင်ဇော်

      May 26, 2015 at 10:06 am

      လွယ်တယ်။
      လုပ်စားကျိ..

      :sar:

Leave a Reply