မ “တတ်ပါ့ ” နဲ့ “မေတ္တာစိတ်”

မ " တတ္ ပါ့ "August 21, 20141min22419

:boss:

ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်က သူ့ကောင်လေးနဲ့ အဆင်မပြေလို့ ကိုယ့်ကိုလှမ်းပြီး ဖွဘုတ်မှာ တက်တယ် တစ်ယောက်ထဲနေ တစ်စိတ်တည်းထား ဆိုပြီး ။

သူ့ကောင်လေးက အောက်က ပြန်မန့်တယ် တစ်ယောက်တစ်နေရာဆီမှာနေ တစ်စိတ်တည်းထား လုပ်ပါတဲ့ ။ ခုသူတို့ အဆင်ပြေသွားတော့ ပြောပြန်တယ် ငါတို့က နှစ်ကိုယ့်တစ်စိတ်ပါတဲ့။

:s:

တတ်လည်းတတ်နိုင်တယ်နော်။

အော် … လူ့စိတ်ဆိုတာ မျောက်စိတ်တဲ့။

ဂဏှာမငြိမ်ပုံကို တင်စားပြောတာဖြစ်မှာပါ။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို။

သူများစိတ်တွေကို ဖတ်တတ်နေလို့ ဘာအကျိုးထူးမလဲ။

ကိုယ့်စိတ်လေးကို ကိုယ်စစ်ပြီးနေမှ ၊ ဘယ်သူ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့လိုသလို ။

ကိုယ့်အထုပ် ကိုယ်ထမ်းလို့ ကိုယ့်လမ်းကိုယ်လျှောက်ရမယ်။

ကိုယ့်သမိုင်း ကိုယ်ရေးရမယ်။

အကုသိုလ်စိတ်တွေ အဝင်မခံဖို့ ကြိုးစားနေပါတယ်ဆိုမှ။

မနေ့ကပေါ့။

😆

မ တတ်ပါ့ လေးက ရုံးကအပြန်လမ်းမှာ ….

သတ္တဝါတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ ၊ အဆင်ပြေကြပါစေလို့ မေတ္တာလေးပို့ပြီး ကားလမ်းဘေးကနေ လမ်းလျှောက်နေတုန်း …

“ဗြုန်း” ဆို ကားတစ်စီးက ကိုယ့်ဘေးနားထိုးကပ်ဆိုက် ရပ်လိုက်တော့ ….

လမ်းဘေးရွံ့ရေအိုင်တည့်တည့် …

မြောင်းရေတွေက ..”ဗွမ်း” ခနဲဆို (သင်္ကြန်ရေ အပတ်ခံလိုက်ရတယ် မထင်ပါနဲ့လား..)

ကျမ ကိုလာစင်ပါရောလား ….

ထောင်းခနဲ ထွက်သွားတဲ့ အရာက ဘာထင်ပါသလဲ ။

.

.

.

.

ဟိုအဝှာ မဟုတ်ပါ။ သင်ထင်တာ မှန်ပါတယ်။ ဒေါသပါ။

ကတောက်စ်!

တယ်…မဆင်မခြင် ရမ်းရမ်းကားကားမောင်းပီးရပ်တဲ့ ကားပေါ့ဆိုပြီး ..စိတ်ထဲ တင်းခနဲဖြစ်…

ကားပေါ်က မောင်းတဲ့ ဒရိုင်ဘာ အပါအဝင် နောက်ခန်းကလိုက်လာတဲ့ ငနဲသားတွေကလေ မသိခြင်ထောင် ထောင် ကြပါတယ် ရှင်…  🙁

ကျမလည်း စိတ်ကလေးကို လျော့ပြီး အော် မတော်တဆပဲလေ…

ငါလမ်းတစ်လျှောက် ပို့လာတဲ့ မေတ္တာလေးတွေ အပျက်မခံနဲ့ အပျက်မခံနဲ့ဆိုပြီးပဲ

ဘာမှ မပြောပဲ လှည့်ထွက်ခဲ့ပါတော့တယ်။

ငါ့ကို စမ်းတာလားလို့တောင် ထင်မိပါတယ်…တကယ်…

(နတ်တွေကပြောပါတယ်…  စိတ်စမ်းတာလားလို့ပါ …)။

လူဆိုတာ ကိုယ့်ကိုလာမထိခိုက်တဲ့အချိန်တော့ မေတ္တာရှင်မကြီးတွေ မေတ္တာရှင်ကြီးတွေ ဖြစ်နိုင်ကြပေမယ့်…

ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ မဖြစ်တဲ့အခါ မရတဲ့အခါမျိုး အခြေအနေ အကြောင်းတစ်ရပ်ရပ်ကြောင့်

ကိုယ်ခံစားရရင် အကုသိုလ်စိတ်ဆိုး စေတနာဆိုးတွေဟာ ဝင်လာတတ်လွန်းလို့ပါ…။

အော် ဒေါ် မ တတ်ပါ့ တစ်ယောက်ပါးလို့ တရားပေါက်နေပြီ မထင်ပါနဲ့နော်။

တစ်ခြား တစ်ခြားသော ဖြစ်စဉ်များလည်း များစွာ ရှိပါသေးကြောင်း စာရေးချင်စိတ်များပေါ်လာရင်ဖြင့် ထိပ်တင်ဦးမှာ (အဲ ထပ်တင်ဦးမှာ)ပါလို့ …။

တော်သေးကပီ။

:loll:

ပုံ

မ တတ်ပါ့

19 comments

  • မ " တတ် ပါ့ "

    August 21, 2014 at 2:33 pm

    Bold လုပ် လိုက် တာ ဖတ် ရ သိပ် ဆင် ပြေ ဘူး နော်။

    နောက် ချို မ Bold တော့ပါဘု လို့။

    အာ့ … လာ ပြော တာ ။

    ခိခိ

    • မ " တတ် ပါ့ "

      August 21, 2014 at 4:11 pm

      ဟယ် … မ Bold တော့ဘု … Normal လေး ဖတ်လို့လှတွားပီ ကျန်း …
      ဘဒူ ဝင်ပြင်ပေးလိုက်လဲ မတိ …
      ကျေးဂျူးတင်လို့ … အာဘွား ပေးမယ်… မွ … (Juz text kiss) 😀

  • JackSkellington

    August 21, 2014 at 2:41 pm

    အဲ့ဒီတော့လဲ “ငါပြောသလို လုပ် ငါ လုပ်သလို မလုပ် နဲ့” ပေါ့ကွယ်….. 😀

    • မ " တတ် ပါ့ "

      August 21, 2014 at 4:14 pm

      ဒိလို အတ္တဝါဒီ ဒွေ လက်မခံနိုင်ဘူးနော်။
      ကြိုပြောလိုက်မယ်..ဒါဗြဲ ….။

  • Nyo Win

    August 21, 2014 at 3:09 pm

    ွှအဲ့ဒီလိုအဖြစ်မျိုးလောက်ကတော့ကွယ်….ရိုးနေလွန်းလို ့
    ဒီ့ထက်ဆိုးတဲ့အဖြစ်မျိုးတွေ ကြုံရပါများလွန်းလို ့
    သည်းခံနိုင်တဲ့စိတ်ကငယ်ထိပ်ရောက်လုလု….
    ဒီတော့…ဒီလူကြီးကအချဉ်ပါလို ့တောင်ကွယ်ရာမှာအပြောခံရနေကျ။

    • မ " တတ် ပါ့ "

      August 21, 2014 at 4:18 pm

      အချဉ် ဆိုရင် ဘူးသီးကြော်နဲ့ လာတို့စားနေဦးမယ်…အဟိ အဟိ
      သည်းခံခြင်းတရား ရှိဖို့ဆိုတာ…
      အထက်တန်းစားစိတ်ဓါတ်မို့ ဂုဏ်ယူရင်း.. ကုသိုလ်ရိက္ခာယူလိုက်ပါ့ ဘော်ဒါရာ။

      ပုံ
      မ တတ်ပါ့

  • ဇီဇီ ခင်ဇော် (15102012)

    August 21, 2014 at 3:15 pm

    ဟိ။
    ကိုယ်နဲ့ မဆိုင်နေရင် “မင်း သည်းခံလိုက်ပါ ကွာ” ပေါ့။
    ဟိ။
    ကိုယ့်ထိလို့ကတော့ “ဒင်းက ဘာကောင်မို့တုန်း” ဆိုပြီး ဒေါသဆိပ် ငယ်ထိပ်တက်တတ်တာ ဇီဇီ ပေါ့လေ။
    :k:

    • မ " တတ် ပါ့ "

      August 21, 2014 at 4:28 pm

      အို ဇီဇီ ။
      အဲ… မအိုသေးတဲ့ ဇီဇီ … စိတ်ကြီးတယ်ဆိုတာ ရေးထားတဲ့ စာဒွေဖတ်ပြီး သိရပါတယ်…။
      ၃ နေကျ ၄လေးလိုပေါ့ ဇီဇီ .. အစိတ် (၂၅) လျော့ပါ့နော်။ ဒေါသ က သိပ်ကြောက်ဖို့ကောင်းတယ်။
      ဒေါသထွက်လာရင် လူသတ်ဖို့တောင်ဝန်မလေးတတ်ကြဘူးလေ။ လောဘရယ် ဒေါသရယ် မောဟရယ် မာန် မာနတွေက အကုသိုလ်စိတ်တွေမဟုတ်လားလို့ …သဘောပါတယ်နော်…၁၀ဝ ပေးတော့ ၁၀ဝ ရ … သာဓု ခေါ်ပေးပါလား အဇီ အဟိ အဟိ :mrgreen:

      ပုံ
      မ တတ်ပါ့

  • ဗုံဗုံ

    August 21, 2014 at 3:43 pm

    ပြန်​ပြီး ​ကော်​ပက်​ပစ်​လိုက်​ပါလားလို့
    အာ့​ဂျောင်​့ မ​နေ့က ရွှံ့​တွေ​ပေလာတယ်​လို့
    ​အောက်​​မေ့​နေတာ…. ခုခိ .. 😛

    • မ " တတ် ပါ့ "

      August 21, 2014 at 4:35 pm

      ဟင်… အရင်လို စိတ်မျိုးနဲ့ဆိုလား … ပြဿနာရှာမိမယ်ထင်တယ်…
      ဇက်ဇက်ကြဲခဲ့တဲ့ စိတ်ဆိုးတွေကို မေတ္တာရေစင်နဲ့ ဖြန်းပက်နိုင်ဖို့ပဲ I Try , I Try ပါ ချစ်သောဗုံ ရယ် …

  • ရွာသူ အသစ်ကလေး လို့ ထင်ရ ပေမယ့် အရေး အသား က တော့ လက်သစ်မဟုတ်လောက်ဘူး။

    ဖတ်ကောင်းလို့ လေ။

    • မ " တတ် ပါ့ "

      August 21, 2014 at 4:39 pm

      အရေး အသားက baby , kagyi ပါ ၄ပေါက်ရာ…။
      ဖတ်ကောင်းတယ်ဆိုလို့ ကျေးဂျူးကဘာပါ။
      ဒိနေ့အတွက်ကတော့ ရွာထဲမှာပဲ အချိန်တုန်တွားတယ်…။
      Anyway,
      ကျေ နပ် တယ်။

      ပုံ /
      မ တတ်ပါ့

  • ခင် ခ

    August 21, 2014 at 4:36 pm

    ထိပ်တင်ဦးမယ့် အဲ ထပ်တင်ဦးမယ့် စာများကို မျှော်နေပါ့မယ်။
    အရေးကောင်းတစ်ယောက်တော့ ဒီရွာတိုးပါပေါ့။

    • မ " တတ် ပါ့ "

      August 21, 2014 at 4:49 pm

      အရေးကောင်းလို့တော့ မထင်ပါ…။
      ဘဝထဲက ရသ လေး တစ်ခု ရင်ဖွင့် ချပြရုံပဲမို့…။
      မျှော် နေ သူ ခင် ခ မော မှာ တော့ စိုး ပါ ကြောင်း…။

      မတတ်ပါ့ အကြောင်း မတတ်ပါ့ ပဲ သိတယ်လေ…။

      ပုံ/
      ရေပွက်ပမာ မတတ်ပါ့

  • အလင်းဆက်(24/05/2011)

    August 21, 2014 at 6:25 pm

    အဟမ်းးး

    အရှုပ်ထဲမှာ ရှင်းအောင်သာ နေပါကွယ်

    ပုံ/ ဖွေးဖွေးနဲ့ ဟိုဒင်းဖြစ်ချင်သူ
    (စာရှင်း။ ။ ဟိုဒင်းဆိုသည်မှာ ချစ်သူရည်းစားဟု ဆိုလိုသည်။ )

    :mrgreen:

  • ဦးကြောင်ကြီး

    August 22, 2014 at 9:20 am

    မေတ္တာတတ်ပ
    သစ္စာကြက်ဖ
    လစ်ဟာဗျတ္တ
    ခြစ်မှာသက်မက
    ဝဋ်ပါစပ်လှ
    တစ်လျှာဗွက်ပွ
    စစ်ညှာဖွက်ဟ
    ခေတ်ရွာလာဘ်ထ

    • မ " တတ် ပါ့ "

      August 22, 2014 at 10:07 am

      ဥကြောင် ဆက်ဒဲ့ ကဗျာက ကြောင်ကဗျာ ပေါ့ညော်…။

      ဘယ်ကကြက်ဖ က ပါလာတာ၃…။

      ဗျတ္တဆိုဒါ ဟိုဇော်ဂျီ4ဝင်တဲ့အသားစားပီး ထကြွသောင်းကျန်းဒဲ့ ကုလားညီနောင်ထဲကလား…။

      ကြောင်ခြစ်ခံရရင် ကြောင်ရူးကာကွယ်ဆေးထိုးခံရမှာ…ကြောက်ချာရီး…။

      လာဘ်ထတာဒွေ …ဗွက်ပွတာဒွေဒေါ့ တိပါဘု…ဥကြောင်ရယ် …

      ၁၀ဝ သမားကြောင်က ဒိလိုလည်း ရတယ်ဆိုဒေါ့ တော်တီးယားတော်တယ်ညော်…။

      ကြောင်ကမျဉ်းကြောမထချင်ပါနဲ့တော်ဟယ်…အသက်လည်း မီငယ်တော့ပါဘုရို့ … ရို့ ရို့ ကြောင် ခင်မောင်…။

  • Mr. MarGa (12512)

    August 22, 2014 at 9:46 am

    မဆဲတာပဲ ကောင်းပါတယ်…
    မကြားဖို့က များတာကိုး :mrgreenn:

    • မ " တတ် ပါ့ "

      August 22, 2014 at 10:12 am

      သိဂျား… ဘူ့ ကို ရဲ ….To whom?

Leave a Reply