ယနေ့ ညနေ 2014/08/21

ムラカミAugust 21, 20141min1207

 

ဒါ ဓါတ်ဆြာ တိုင်းမှာ ရှိတဲ့ပုံ ပါတဲ့..

ဒါ ဒီမြို့ ရဲ့ အကောင်းဆုံးသော နေဝင်ချိန် ရှုခင်း ပုံပါတဲ့ ..
ဒါ ကျနော် မှတ်မှတ်ရရ အဖြစ်ဆုံး (လွန်ခဲ့သော၃နှစ်က) ရိုက်ဖူးတဲ့ နေရာပါတဲ့….

ဒါ အဲ့တုန်းကလောက် မလှပေမယ့် … ဝယ်သာရယ် အချိန်အခါရယ် မုဒ် ရယ် ကွာရင်ကွာသလို ခြားနားတာတွေ လုပ်ပြလို့ရတဲ့နေရာပါတဲ့..

ဒါ မပြောင်းလဲသေးတဲ့ သက်ရှိ ပန်းချီကားပါပဲတဲ့…

ဒါ ကို ဒီမိုးကုန်ခါနီးလောက်တော့ တခေါက် သွားရိုက်ဖြစ်ပါအုံးမယ် ထင်ပါတယ်…။

 

s3

 

set1

 

set2

 

 

 

ချစ်လှစွာသော ဘော်ဒါယီး ဖွတ်တီးကတ် အိမ်လာခေါ်တော့ … အဲ့မောင်းဗျာ ဆိုပြီး ..

စကားပြောအချိန်စောင့်ရင်း ရိုက်ဖြစ်တဲ့ ပုံလေးတွေပါ…

တခါကလို တိမ်မတောက်တော့ ပုံထဲ အနီမပါသလောက်ဖြစ်ပြီး

cold tone ဘက် ရောက် သွားသပေါ့…

ကျနော်လည်း ညနေတိုင်း ချောင်းနေတာရယ်ပါ…

တနေ့က တိမ်တောက်ပြီး sunset သိပ်လှတယ်…မသွားနိုင်ခဲ့ဘူး …

လွန်ခဲ့တဲ့ ၃နှစ်က လို ပုံမျိုး ၃နှစ်လောက် ပို အိုလာတဲ့ ကျနော် ဖမ်းမလို့ပါပဲ ….

မဖြစ်ခဲ့ဘူး

 

မနေ့ကတော့ ညနေစောင်းမှ မိုးချလာပြီး မှောင်မည်းနေတော့ သွားဖို့ စီစဉ်ပြီးကာမှ

မသွားဖြစ်တော့ဘူးရယ်…

 

သိတော်မူတဲ့အတိုင် းyangon’s traffic jam က ကြာလေဆိုးလေမို့ …

ခါတိုင်း ၁ဝမိနစ် မောင်းရတဲ့နေရာတောင် ၄၅မိနစ် ကြာတတ်တာကိုး …

ဒီလိုမျိုး golden hour ဆိုတာ ၁၅မိနစ်တောင်မခံ တဲ့အခိုက်အတန့်ရယ်…

 

ကနေ့တော့ … ဆြာသမားများ ကောင်းမှုနဲ့ ရောက်သွားတယ် ဆိုပါတော့ဗျာ..

စကားပြောရင်း အချိန်စောင့်ရင်း ရိုက်လိုက်ဖြစ်တယ် ဆိုပါတော့…..

 

long exposure photography အတွက်တော့ အတော်လေး အထာကျတဲ့ မြင်ကွင်းပါ….

(ကျနော် ဆို selfie ပါ ရိုက်ဖူးတဲ့ နေရာဆိုပါတော့)

မော်ဒယ်ရှုဖို့တော့ အဆင်မပြေလောက်ဖူးရယ်…

 

အော်.. ပြန်တွေး တိုင်း မနေ့တနေ့ကလိုပါလားဗျာ..။

 

198722_2015421223942_2305691_n

 

အဲ့သည့်ပုံလောက်တော့ အခြေအနေမပေးခဲ့တာ အမှန်ပါ လို့ ဝန်ခံပါရဇီ။

ရိုက်ချင်ပါသေးတယ်… တရက်ပေါ့ ..

အဲ့လို အခြေအနေပေးတဲ့ တနေ့

7 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 22, 2014 at 6:12 am

    Ghi,
    I heard the other day from Phillipno photographer friend that every 7:30pm is blue hour.
    Is it right?
    Can u explain, please?
    :s:

    • ကန္နားစီး မိဂီ

      August 22, 2014 at 4:06 pm

      ဘလူး အာဝါ ဂိုးဒင်း အာဝါ ခေါ်ကြတဲ့ အချိန်က
      ရာသီနဲ့ဒေသကို လိုက်ပြီး အပြောင်းအလဲ ရှိပါတယ်ဗျ…

      အီကွေတာ ဒေသတွေမှာ နဲ့ တောင်ဘက် မြောက်ဘက် ပိုင်းတွေ မတူညီကြပါ…

      နောကြ်ပီး (အီကွေတာတောင်) ဆောင်းတွင်း ဆိုရင် နေ့တာတိုတတ်လို့…
      ဘလူးအာဝါ စောပါတယ်..
      နွေဆိုရင်တော့ အဲ့အချိန်လောက်ပေါ့…

  • kyeemite

    August 22, 2014 at 9:25 am

    ဘာပြောပြောဗျာ..ပုံလေးတွေခံစားကြည့်သွားပါဂျောင်းးးးး

  • ခင် ခ

    August 22, 2014 at 10:36 am

    လှချက်ကတော့ဗျာ အားကျလောက်ပါရဲ့ (ကိုယ်မှအဲလိုမရိုက်တတ် မရိုက်ဖူးတာကိုး)

  • မြစာကလေး (23122011)

    August 22, 2014 at 10:27 pm

    အလိုလေး …
    ရှင့် အသက် နဲ့ အို စကား ပြောတော့ ကျုပ် တို့ တွေ က သင်းချိုင်းသွားရတော့ မဲ့ သဘောလားဟဲ့ မှင်စာ လေးရဲ့။
    မပြောတော့ဘူး။ 🙄

    ပုံက အပြာရင့် က ခဲ ရောင်များလွန်း နေတယ်။
    သဘာဝ ထက်လွန်နေတယ်လို့ ထင်တယ်။
    ရမ်းတီးကြည့်တာ။ lol:-)
    တစ်ပုံ ရွေး ဆိုရင်တော့ အောက်ဆုံးပုံ ကို အကြိုက်ဆုံးပါ။

    ဒီ ည Blue Hour စောင့်ကြည့်လိုက် ဦးမယ်။
    ၈နာရီ ၂၂မိနစ် က စပြီး ၈နာရီ ၅၈ ထိတဲ့။
    “Twilight” ရုပ်ရှင် နာမည် ရဲ့ အဓိပ္ပါယ် ကို အခုမှ သိတော့ တယ်။
    ကျေးဇူးပါ။ :-))

  • alinsett

    August 23, 2014 at 6:33 pm

    အဲ့ဒီမြင်ကွင်းဆီ…

    ကိုယ်တိုင်ကိုယ်ကျသွားပြီး..
    ဖွေးဖွေးကို ပုခုံးလေးဖက်လို ့…ထိုင်ငေးနေလိုက်ရရင်….ဘယ်လောက်ကောင်းမလဲ….

Leave a Reply