” ကျွန်ုပ်အတွက်တော့ ကဗျာတစ်ပုဒ် ရခဲ့သည် “

ခင္ခAugust 22, 20141min1296

” ကျွန်ုပ်အတွက်တော့ ကဗျာတစ်ပုဒ် ရခဲ့သည် “

 

တစ်ရံရောအခါ ပြည်ဗာရာဝယ်

သဌေကြွယ်သား သူဌေးသားသည်

အစချီလို့ ကျက်မှတ်ဖူးခဲ့

ကဗျာဇာတ်တွင်

မိဘငွေကြေး ထိုင်ခါသုံးလို့

စီးပွားမရှာ နေသည့်အခါဝယ်

ရွာမှထွက်ကာ တောမှာသေသည်

ကောင်သေလင်းဒ စားလေသည်။

 

ဟိုအရင်ငယ်စဉ် ကလေးဘဝရွယ်က

ကျောင်းစာမှာကျက် အာဂုံဖက်လို့

နုတ်တိုက်ရွက်ဆို မှတ်ခဲ့ထိုကြောင့်

ယခုအမတ်များ ချမ်းသာများတော့

သူတို့သားသမီး တောမှမသေဖို့

ရှေ့ကိုမျှော်တွေး ထောက်ပံပေးမည်

နိုင်ငံလုပ်ငန်း လုပ်ကွက်များကို

သူ့သားသမီးစံ အမည်ခံလို့

ကုမ္မဏီများစွာ ပိုင်ဆိုင်ကြရှာ

ငယ်ကကျက်စာ ကြေလှစွာနဲ့

လိုက်နာကျင့်သုံး ကြပေသည်။

 

ဒါကိုမြင်၏ ကြားလေမိသော်

အဖွားအိုတစ်ယောက် ဆိုလှရွတ်သည်

သူကုသိုလ်ကံနဲ့သူ ဖြစ်လေသည်။

 

ဒါကိုမြင်၏ ကြားလေမိသော်

ပြည်သူတစ်ယောက် ဆိုလှရွတ်သည်

မတရားစီးပွား ဖြစ်သူများ။

 

ဒါကိုမြင်၏ ကြားလေမိသော်

တရုတ်သူဌေး ဆိုလှရွတ်သည်

ဝ အတွက်တော့ ကောင်းလေသည်။

 

ဒါကိုမြင်၏ ကြားလေမိသော်

ကဗျာရေးသူ ကျွန်ုပ်မှာမူ

ကဗျာတစ်ပုဒ် ရလေသတည်း။

 

 

ခင်ခ။

6 comments

  • Kaung Kin Pyar

    August 22, 2014 at 11:02 am

    Bravo!!! ကိုခင်ခ…
    “ယခုအမတ်များ ချမ်းသာများတော့

    သူတို့သားသမီး တောမှမသေဖို့

    ရှေ့ကိုမျှော်တွေး ထောက်ပံပေးမည်

    နိုင်ငံလုပ်ငန်း လုပ်ကွက်များကို

    သူ့သားသမီးစံ အမည်ခံလို့

    ကုမ္မဏီများစွာ ပိုင်ဆိုင်ကြရှာ”

    အာ့လေး…ကိုယ်တွေ့….(ခု ပြည်လမ်းပေါ်မှာတောင် တစ်ခု တွေ့သေးးးး )

  • အလင်းဆက်(24/05/2011)

    August 22, 2014 at 11:37 am

    အဲဒီ ငယ်ငယ်ကပုံပြင်..သူဌေးသားလေးမှာ…
    အပြစ်မရှိဘူး….လို ့..ကျနော်တော့ယူဆတယ်.. ။

    :mrgreen:

  • ကျောက်စိမ်း တိန်ညင်

    August 22, 2014 at 11:41 am

    ဘယ်လိုပြောရမလဲပေါ့နော် …. ဘယ်လိုပြောရမလဲပေါ့

    :mrgreen:

  • kyeemite

    August 22, 2014 at 3:33 pm

    -ပညာ…ပညာ…မသင်ပေးသူအပြစ် ..ထင်ရှားပြီးသားပါ ဒညင်းဝက်ရေ

  • ဇီဇီ ခင်ဇော် (15102012)

    August 22, 2014 at 4:38 pm

    အာ့ ပြော တာ လေ။

    😥

  • မ " တတ် ပါ့ "

    August 23, 2014 at 11:38 am

    အဖွားအိုလေး မတတ်ပါ့ လည်း အဲ့လိုပဲ မြင်ပါတယ်….
    ကဗျာလေးက… ချို… ပေမယ့်….ဘဝတွေကတော့ ခါးလှပါကြောင်း။။။။။

Leave a Reply