” ကုန် ဈေး နှုန်း မ ဟာ “

ခင္ခAugust 22, 20141min2129

” ကုန် ဈေး နှုန်း မ ဟာ “

 

ဖိုးလမင်းကြီး

ထမင်းဆီစမ်း ရွှေလင်ပန်းနဲ့

ပေးပါဟုဆို တောင်းခဲ့ထိုသည်

ငယ်ငယ်ကကစား ဟစ်ကြွေးသံများ။

 

အခုများတော့

တကယ်သာဘဲ ဖိုးလမင်းကြီး

ထမင်းဆီစမ်း ရွှေလင်ပန်းကို

ပေးပါပြီထား ထိုလင်ပန်းအား

ပြန်ရောင်းရွှေချိန် ရမည့်ငွေသည်

တိုက်တာ အိမ်ကား ဝယ်ဖို့မဆိုထား

တဲအိမ်နဲ့သာ ညားမည်သာသည့်

တစ်နှစ်ပြီးမြောက် တစ်နှစ်ရောက်သော်

အဲဒီလောက်တောင် ဈေးကြီးလာပြီ

ဒို့ပြည်ကြီးမှာ တိုးတက်ဖြစ်တာ

ကုန် ဈေး နှုန်း မ ဟာ ။

 

 

ခင်ခ။

9 comments

  • ဇီဇီ ခင်ဇော် (15102012)

    August 22, 2014 at 4:16 pm

    တိုးတက်တာလေးရှိလို့ ဝမ်းသာရမလားမှတ်တယ်။

    😥

    • ခင် ခ

      August 22, 2014 at 4:31 pm

      နိုင်ငံတိုင်း တစ်နှစ်ထက်တစ်နှစ် ကုန်ဈေးနှုန်းကွာဟမှု မြင့်တက် တိုးတက်လေ့ရှိတတ်ပါတယ်။
      ဒါပေမယ့် အခြားနိုင်ငံတွေမှာ လူနေမှုအဆင့်အတန်းပါ လိုက်တိုးတက်တာမို့ ခံသာပေမယ့် ဒီနိုင်ငံကတော့ ကုန်ဈေးနှုန်းက တိုးတက်ပေမယ့် လူနေမှုအဆင့်အတန်းနဲ့ကျ ကွာဟမှုများသွားလေတော့ ဆိုးတာပေါ့ဗျာ။

  • အလင်းဆက်(24/05/2011)

    August 22, 2014 at 5:47 pm

    ဆန်းတော့ ဆန်းတယ်ဗျ ။

    ဝန်ထမ်းတွေ ရတဲ့လစာနဲ ့…
    ထွက်ငွေ(ကုန်ဈေးနှုန်း..) ပြီးတော့… တခြားနိုင်ငံရဲ ့အခြေအနေနဲ ့… ယှဉ်ကြည့်တော့…
    နေပါဦး..။
    ရေးစရာ တစ်ခု တွေးမိပြီ ။

    :mrgreen:

  • မြစာကလေး (23122011)

    August 22, 2014 at 10:16 pm

    အဖွား ပြောတာ။
    သူရို့ခေတ် က ဆီတစ်ပုံး မှ တစ်ပဲ ဆိုလား။ :-))

    • ခင် ခ

      August 22, 2014 at 10:56 pm

      ကျွန်တော်တို့ငယ်က နံပြားတစ်ချပ် ဆယ်ပြားနဲ့စားခဲ့ဖူးတယ်လေ
      အခုတော့ အစတစ်ထောင် ငွေတစ်ရာကျပ် လေ။

  • ဦးဦးပါလေရာ

    August 23, 2014 at 6:45 am

    ပြောင်း တောင်းကြတာပေါ့ဗျာ…
    ..ဖိုးလမင်းကြီးရေ…
    .စက်မှု့ဇုံကပ်လျှက် မြေတကွက်လောက်ပေးပါ…………………..
    .ဝါ ဝါ ဝါ ဝါ ဝါ…….

    • ခင် ခ

      August 23, 2014 at 8:46 am

      ဦးပါ ပြောသလို ပြောင်းတောင်းရပေအုံးမယ်လေ။

  • မ " တတ် ပါ့ "

    August 23, 2014 at 12:30 pm

    မနက်စာကို နို့ တစ်ခွက်သောက်
    ထမင်းတစ်နပ်ကို လျော့စားပြီး
    တစ်နေ့ ၂၀၀ဝ လောက်အောင်သုံးလေ..ဟေး ဟေးးး

    တူကြောဒါနော်….သာမီး ကြောဒါဟုတ်ဘု…။

    • ခင် ခ

      August 23, 2014 at 2:10 pm

      အဲဒီပြောတဲ့ သူတို့
      မနက်စာကို နို့တစ်ခွက်နဲ့မပြီးဘူး
      ထမင်းတစ်နပ်တောင် လျော့မစားတဲ့အပြင် ဟိုဟော်တယ် ဒီစားသောက်ဆိုင်ကြီးများကတောင် မှာပေးရတယ်၊
      တစ်နေ့ ၂၀၀ဝ နှုန်းက သူတို့မနက်စာတောင် လောက်ရဲ့လား မေးကြည့်ချင်တယ်ကွယ်။

Leave a Reply