အတိတ်အိပ်မက်ကလေးထဲက အရိပ်ကလေးရေ
မင်းလေး ဘယ်ဆီသို့ အဝေးရပ်မှာ ရှိနေရပါလိမ့်

အလွမ်းပုံရိပ်ထက်က အနမ်းတစ်စုံလေး ငါအမှတ်တရ
တမ်းတနေဆဲပါ မင်းလေးကတော့ အရိပ်ကလေးတဲ့လား

တစ်သက်မဝေးဖို့ ငါအမြဲတွေးနေဖူးတယ် လက်တွေခိုင်မြဲဖို့
မယိုင်လဲတဲ့ မေတ္တာလေးက အားအင်အသစ်မွေးဖွားပေမယ့်
မင်းလေးက အရိပ်ကလေးပါပဲလား

လေပေါ်တည်ဆောက်တဲ့အိမ်ကလေး အချစ်တွေအပြည့်နဲ့
သံယောဇဉ်အကာအရံကြားမှာ မင်းနဲ့ငါ နှစ်ယောက်ထဲပါ

လွမ်းလက်စကဗျာတစ်ပုဒ် အမုန်းတွေရိုက်ချိုးရင်း
ကာရန်ပျိုးနေဆဲမို့ တို့တစ်တွေ မျက်ရည်စက်တွေက
မအေးမြစေတာတော့ အမှန်ပေါ့

တစ်ဘက်ကမ္ဘာအဝေးမှာ သောကသူဌေးသယ် ဘဝမို့
မောဟကင်းတဲ့လမ်းလေးကို မျှော်ငေးရင်း
တမ်းတမိပါတယ် အရိပ်ကလေးရယ်

ကာရံ ၂၂့ ၈့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..