အရိပ်ကလေး

ကာရံAugust 22, 20141min956

အတိတ်အိပ်မက်ကလေးထဲက အရိပ်ကလေးရေ
မင်းလေး ဘယ်ဆီသို့ အဝေးရပ်မှာ ရှိနေရပါလိမ့်

အလွမ်းပုံရိပ်ထက်က အနမ်းတစ်စုံလေး ငါအမှတ်တရ
တမ်းတနေဆဲပါ မင်းလေးကတော့ အရိပ်ကလေးတဲ့လား

တစ်သက်မဝေးဖို့ ငါအမြဲတွေးနေဖူးတယ် လက်တွေခိုင်မြဲဖို့
မယိုင်လဲတဲ့ မေတ္တာလေးက အားအင်အသစ်မွေးဖွားပေမယ့်
မင်းလေးက အရိပ်ကလေးပါပဲလား

လေပေါ်တည်ဆောက်တဲ့အိမ်ကလေး အချစ်တွေအပြည့်နဲ့
သံယောဇဉ်အကာအရံကြားမှာ မင်းနဲ့ငါ နှစ်ယောက်ထဲပါ

လွမ်းလက်စကဗျာတစ်ပုဒ် အမုန်းတွေရိုက်ချိုးရင်း
ကာရန်ပျိုးနေဆဲမို့ တို့တစ်တွေ မျက်ရည်စက်တွေက
မအေးမြစေတာတော့ အမှန်ပေါ့

တစ်ဘက်ကမ္ဘာအဝေးမှာ သောကသူဌေးသယ် ဘဝမို့
မောဟကင်းတဲ့လမ်းလေးကို မျှော်ငေးရင်း
တမ်းတမိပါတယ် အရိပ်ကလေးရယ်

ကာရံ ၂၂ ့၈ ့၂၀၁၄

6 comments

  • မြစာကလေး (23122011)

    August 22, 2014 at 10:29 pm

    အို အရိပ်ကလေး ရယ် ဆိုပြီး သီချင်းရှိတယ်။
    ဂျေညီညီ လားမသိ။
    ဂျေညီညီ ဆိုတာ ကိုရော အခု သိကြသေးလား မသိ။ :-))

  • ခင် ခ

    August 22, 2014 at 10:50 pm

    အရိပ်ဆိုတာ ပုံရိပ်ပါလို့ ဆိုကြပေမယ့် ကျွန်တော်ကတော့ အရိပ်ဆိုတာ ကိုယ်ပွားပါလို့ ဆိုလိုက်ချင်တယ် ကာရံရေ။

  • ကာရံ

    August 23, 2014 at 2:55 pm

    သတ်မှတ်ချက် ကိုယ်စီမို့ အားပေးတဲ့အတွက် ကျေးဇူးပါဗျာ

  • ကို ငြိမ်းမောင်

    August 23, 2014 at 4:30 pm

    သစ်ရိပ် ဝါးရိပ် ကတော့ အေးမြတယ်လို့ ဆိုသဗျ။

  • ကာရံ

    August 23, 2014 at 10:39 pm

    ဟုတ်မယ်

Leave a Reply