ကြမ်းတမ်းတဲ့ ဘဝခရီးကြမ်းမှာ မင်းလေးမောဟိုက်နေရောပေါ့
ငါကမ်းလင့်ချင်ပါတယ် အားအင်တစ်ချို့ လောဘ လှေကားထစ်
ကိုတက်မလှမ်းချင်ပါနဲ့

နွေးထွေးတဲ့ အကြင်နာလက်ကလေး ကြိုဆိုနေကြတယ်
ပန်းကလေးရယ် မနွမ်းလိုက်ပါနဲ့နော် ငါလေဘေးမှာ
စမ်းချောင်းလေးအဖြစ် ရပ်တည်ပေးချင်သေးတယ်

အတ္တတွေ အရိပ်ဆိုးနဲ့ လမ်းမထက်မှာ ဖြန့်ကျဲနေကြတယ်
မေတ္တာအတိမ်အနက်ကို လက်ချိုးမရေချင်ပါနဲ့
စိတ်ထဲမှာ အမြတ်ဒေါသဆိုးတွေ အတိုးနဲ့ ကျန်ရစ်နေလိမ့်မယ်လေ

သူငယ်ချင်း သံသရာခရီးကြမ်းမှာ မင်းလမ်းတစ်ဝက်က
ဖြတ်မပြန်ချင်စမ်းပါနဲ့ လင်းလက်ကြယ်လေး အမြဲမသာပေမယ့်
ပန်းတိုင်းမရောက်မချင်း ဆက်လျှောက်စေချင်တယ်

ဒေါသကိုအရောင်မဆိုးပါနဲ့ကွာ လိုတိုင်းတမရပေမယ့်
ငိုတိုင်းပြီးမသွားတဲ့ ချိန်နာရီ စက္ကန့်တိုင်းမှာ
နာကျည်းချက်များ အနိုင်ကြဲနေကြလိမ့်လေ

သူငယ်ချင်းဆက်ရမယ့် ခရီးလမ်း မပြီးဆုံးသရွှေ့တော့
ဘဝအမောတွေကို လှောင်ပြုံးလေးနဲ့ရယ်လိုက်ပါ
တစ်နေ့ အနိုင်ရမယ့် ပန်းတိုင်က လက်တစ်ကမ်းမှာ ရှိပါတယ်

ကာရံ ၂၃့ ၈့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..