ရွှေအကြောင်းသိကောင်းစရာ(139)

တစ်ကျပ်သားမှာဘယ်နှစ်ဂရမ်ရှိလဲ ဆိုတဲ့အကြောင်း
နေရာဒေသအလိုက် သတ်မှတ်ချက်မတူညီတဲ့အကြောင်း
ရေးပြီးသွားပါပြီတူညီတဲ့သတ်မှတ်ချက်တစ်ခုပေါ်လာဖို့
တော့ အချိန်တော်တော်ကြာအောင်စောင့်ရလိမ့်အုံးမယ်
ထင်ပါတယ်မင်းတုန်းမင်းလက်ထက်တုန်းကတပြည်လုံး
အလေးတင်းတောင်းတွေကိုတပြေးညီဖြစ်အောင်လုပ်ခဲ့
တယ်လို့ငယ်ငယ်တုန်းက သမိုင်းမှာသင်ဖူးတယ်အဲလိုမင်း
တစ်ပါးဒါမှမဟုတ်လုပ်ပိုင်ခွင့်ရှိတဲ့လူတစ်ယောက်လုပ်ချင်
တဲ့စိတ်ပေါ်လာတဲ့အထိစောင့်ရလိမ့်မယ်ထင်တယ်အခုရေး
မှာကသမာဓိချိန်ခွင်အကြောင်းပါအသားငါးရောင်းတဲ့ဈေး
တွေမှာ သမာဓိချိန်ခွင်ရှိသလိုရွှေဘုံသာလမ်းမှာလဲရွှေချိန်တဲ့သမာဓိချိန်ခွင်တွေရှိပါတယ် အမှတ်82ရွှေဘုံသာလမ်းမှာရှိတဲ့စံချိန်ခွင်ကတော့ လူသုံးအများဆုံးပါ ရွှေတုံးတွေကိုသူ့ဆီမှာသွားချိန်ပြီးမှ သူထုတ်ပေးတဲ့အလေးချိန်စာရွက်အ
တိုင်းအရောင်းအဝယ်လုပ်ကြရပါတယ်
(စဉ် 140 သို့)

ရွှေအကြောင်းသိကောင်းစရာ(140)
(စဉ် 139 မှအဆက်)

အကယ်ဒမီတံဆိပ်ရွှေတုံးကတော့ သူ့ဖိုကထွက်ကတည်းက ချိန်ပြီးအလေးချိန်စာရွက်ပါ ထုတ်ပေးလိုက်တော့ ပြန်ချိန်စရာမလိုတော့ဘူးပေါ့ ကျန်
တဲ့တံဆိပ်တွေကတော့ စံချိန်ခွင်မှာပြန်ချိန်ရတယ် ချိန်ခက
တစ်ခါချိန်နှစ်ရာကျပ်လောက်ရှိတယ် တစ်ချို့ရွှေဆိုင်မှာ
ဝယ်ခဲ့တဲ့ လက်ကောက်တို့ဆွဲကြိုးတို့ကိုလဲ ပြန်ချိန်ကြတယ် မှားနေရင်ဆိုင်မှာပြန်ပြောလို့ရတာပေါ့
နိုင်ငံခြားကဝင်တဲ့ 1 kilogram ရွှေတုံးတွေကိုတော့ သွား
မချိန်ကြဘူး ၆၀ ကျပ် ၃ ပဲ ၄ရွေးနဲ့ပဲ စာရင်းတွက်လိုက်ကြ
တယ် တစ်ခြား 10 gram ပြားတို့ 1 ounces ဒင်္ဂါးပြားတို့
ဆိုရင်တော့ သွားချိန်ပြီးမှ အရောင်းအဝယ်လုပ်ကြတယ်
တစ်ချို့ရွှေဆိုင်တော်တော်များများကတော့ digital ချိန်ခွင်
တွေပဲသုံးလာကြပါပြီ digital ချိန်ခွင်တွေကလဲ quality
အမျိုးမျိုး ကျပ် ပဲ ရွေး ဖွဲ့ ပုံအမျိုးမျိုးရှိနေတော့ သမာဓိချိန်
ခွင်ကိုပဲ အားကိုးနေကြရအုံးမှာပါ

ရွှေအကြောင်းသိကောင်းစရာ(141)

Obama နဲ့ debt ceiling ကိစ္စညှိမရလို့ Congress က
သဘောတူညီချက်မပေးတော့ US government shut
down ဖြစ်ပြီး ရွှေဈေးတွေ မတည်မငြိမ်ဖြစ်တယ်လို့
သတင်းတွေမှာ ဖတ်ရတော့ debt ceiling ဆိုတာဘာလဲ
government shut down ဆိုတာဘာလဲ ဆိုတဲ့မေးခွန်း
လေးတွေတက်လာပါတယ် ကျွန်တော်လဲမသိပါဘူး
ဒါနဲ့ google search ကိုဖွင့် debt ceiling လို့ရိုက်ထည့်ပြီး
ရှာကြည့်လိုက်တယ် ခုခေတ်က internet နဲနဲပါးပါးသုံး
တတ်ပြီး အင်္ဂလိပ်စာ မတောက်တစ်ခေါက် ဖတ်တတ်ရင်
တော်တော်အလုပ်ဖြစ်တယ်လေ debt ceiling ကို debt
limit လို့လဲခေါ်တယ် အမေရိကန်အစိုးရရဲ့ အမြင့်ဆုံး
ချေးယူနိုင်တဲ့ငွေကို congress ကသတ်မှတ်ပေးထားတာ
အစိုးရမှာဝင်ငွေနဲ့အသုံးစရိတ်ဆိုတာရှိတယ် အခွန်ကောက်လို့ရတာ အစိုးရစီးပွားရေးလုပ်ငန်းတွေက
ဝင်တာ ဝင်ငွေပေါ့
(စဉ် 142 သို့)

ရွှေအကြောင်းသိကောင်းစရာ(142)
(စဉ် 141မှအဆက်)

ဝန်ထမ်းတွေကိုလခပေးတာ ကျန်းမာရေး ပညာရေး စရိတ်တွေမှာသုံးတာက အစိုးရအသုံးစရိတ်ပေါ့ ဝင်ငွေက
ပိုနေရင် ဝင်ငွေနဲ့အသုံးစရိတ်မျှနေရင် ပြဿနာမရှိဘူး
အသုံးစရိတ်ပိုလာရင် အစိုးရက international fund တွေ
ဆီက ငွေချေးရပါတယ် အများဆုံးဘယ်လောက်ထိ
ချေးရမလဲဆိုတာ သမ္မတနဲ့ congress နဲ့ညှိရပါတယ်
အရင်သတ်မှတ်ထားတဲ့ အများဆုံးအထိချေးပြီးပါပြီ
အခုငွေထပ်လိုတော့ ထပ်ချေးလို့ရအောင် debt ceiling
ကိုမြှင့်တင်ရပါမယ် congress ကလဲ Obama care လို့ခေါ်
တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ဟာ ကုန်ကျစရိတ်များပြီး အကျိုးသိပ်မရှိလို့ ဖြုတ်ခိုင်းပါတယ်
Obama ကမဖြုတ်တော့ debt ceiling ထပ်မြှင့်တင်ဖို့ကိစ္စ
သဘောတူညီချက်မရဖြစ်နေပါတယ် ငွေထပ်ချေးလို့မရသေးတော့ သုံးစရာငွေမရှိ ပေးစရာလခမရှိဖြစ်ပြီး Government shutdown ဖြစ်နေပါတယ်
(စဉ် 143 သို့)်

ရွှေအကြောင်းသိကောင်းစရာ(143)
(စဉ် 142 မှအဆက်)

Government shutdown ကလွန်ခဲ့တဲ့ 17 နှစ်သမ္မတ
ကလင်တန်လက်ထက်က နောက်ဆုံးဖြစ်ခဲ့တာပါ အဲလိုဖြစ်
ရင်ဘာလုပ်မယ်ဆိုတဲ့ plan တွေကတော့ စနစ်တကျရှိပြီး
သားပါ ပိတ်လို့ရတဲ့အစိုးရအလုပ်တွေ နားလို့ရတဲ့အစိုးရ
ဝန်ထမ်းတွေခတ္တနားထားပါတယ် ဥပမာ ပြတိုက်တို့ ပန်းခြံ
တို့ပေါ့ ဒီတစ်ခေါက်ဖြစ်တာ ဝန်ထမ်းတွေရှစ်သိန်းလောက်
နားနေရတယ်လို့ဆိုပါတယ် အရေးကြီးတဲ့လုပ်ငန်းတွေက
တော့ဆက်လက်လည်ပတ်နေကြပါတယ် အမြန်ဆုံးရအောင်ညှိပြီး လုပ်ငန်းတွေပြန်စကြမှာပါ အရင်
ဖြစ်တုန်းကတော့ နှစ်ရက်ကြာတာရှိသလို နှစ်ဆယ့်တစ်ရက်ကြာတာလဲ ရှိခဲ့ဖူးပါတယ် shutdown
ဖြစ်နေတဲ့ရက်တွေမှာ အစိုးရကုန်ကျစရိတ် တစ်ရက်ကို
300 million dollar ရှိပါတယ် အခုတစ်ခေါက်ဖြစ်တာ
စီးပွားရေးကို သိပ်ကြီးကြီးမားမားမထိခိုက်ဘူးလို့ သုံးသပ်
ကြပါတယ် အရင်ဖြစ်တုန်းက stock ဈေး ကျပြီး ရွှေဈေးတက်ပါတယ်

About Zaw Aung

Zaw Aung has written 48 post in this Website..

   Send article as PDF