ဆိတ်ညစ်တယ်ဗျာ.. လူတွေက ဘာတွေ ပြောနေဂျမှန်းလဲ အတိဝူး..။ ထူးအိမ်သင် ဆယ်နှစ်ပြည့်ပွဲမှာလည်း လျောက်ဝေဖန်လို့ အဆဲခံရပြီးပြီ။ ခုလည်း ဘာပြောလဲဆိုဒေါ့ ဓမ္မစေတီခေါင်းလောင်းကြီးကိစ္စ… တကယ်ရှိမရှိ အနော်လဲမသိ။ နဂါးရှိမရှိ.. ဂမ္ဘီရပညာနဲ့ ရှာတာတကဏ္ဍ ထားလိုက်ဦး..။ ခေါင်းလောင်းကို ပိုက်ဆံသိန်း ထောင်ချီ အကုန်ခံလျှာလို့ ဘာထူးမှာလဲ ကွိကွိကွကွ ဝေဖန်ကြဗျံတော့ ဒီလောက်တောင် ညဏ်တိမ်ရသလား စဉ်းစားမိတယ်။ ရှိတယ်ဆိုပါစို့ဗျာ.. အရင်ကလဲလျှာ တွေ့မလို မတွေ့သလိုဖြစ်။ ခုတခေါက်တော့ သူ့နည်း သူ့ဟန်နဲ့ရှာတယ်။ မတွေ့လျင် ငွေကုန်တာ ဆုံးရှုံးတာ ငြင်းမရ။ ရှိလို့ တွေ့လျင်ဂေါ…။ ဇောင်းပေးချဉ်ထှာ တွေ့လို့ ဘာထူးမှာလဲ.. အလှပြယုန်သက်သက် ငွေကုန်ခံရသလား။ မရှိဆင်းရဲသားတွေ ပေးရမည့်ဥစ္စာကို ဘာညာသာတကာ ဆိုတော့.. သောက်ခွီး…။

ချီးဆားကြည့်ဂျလဗျာ… တွေ့ခဲ့လျင် မတွေ့ထားဦး ခိုင်မာတဲ့ အထောက်အထား ပြနိုင်လျင် ဒေါ်လာဘီလျံ တန်တဲ့ tourism attraction ဖြစ်မလာနိုင်ဘူးလား။ ခေါင်းလောင်း ရေပေါ် ပေါ်မလာနဲ့ဦး.. အဲဒီမြစ်တဝိုက် လှေနဲ့ခေါ်ပြလျင်ကို ဒေသစီးပွားရေး တိုးတက်လာမြီ။ ခုတော့ဗျာ ပြောလိုက်ကြတာ..။

ဓမ္မစေတီ တဝရွှေပြည် ဗလနေခြည် ဓနဖြည်ဆည်

ဓမ္မစေတီ တဝရွှေပြည် ဗလနေခြည် ဓနဖြည်ဆည်

ဒါနဲ့ဆက်စပ်လို့ တကဲ့ဖြစ်ရပ်တွေ ပေါပြမဲ။ အခြား ဝေးဝေးမကြည့်နဲ့ ဂဇက်သဂျီး အယာတိုလာခိုမ်မေနီ နဲ့ အခြားရုတ်ဝါဒီတွေ ဘာပေါလေ့ရှိသလဲဆိုလျင် ပုဂံမှာ စေတီပုထိုးတည်လို့ ပတ်ဝန်းကျင် ပျက်ဆီးသတဲ့.. အဲဒီအထိ မှန်နိုင်တယ်။ သို့သော် အလဂါး အကျိုးမဲ့ ဖြစ်သယ် ဆိုဗျံတော့ လွန်သွားဗီ။ ခြီးဆားကြည့်စမ်း.. ပုဂံကြောင့် နှစ်စဉ် ဒေါ်လှသန်းရာချီ ရနေတာ အဟုတ်ဖူးလား။ တိုင်းပြည် ဂုဏ်သိက္ခာပါ ထည့်တွက်ကြည့်ရင် အောင်မငှီး ပုဂံပြည်သူပြည်သားများ နှစ်စဉ် အပူဇော် ခံထိုက်တယ်။ နို့မို့လျင် တိုင်းပြည်ယဉ်ကျေးမှုလက္ခဏာ လေထဲမှာ ပျောက်သွားမှာဂလား..။ ရွှေတိဂုံဘုရားကြီးဆိုလဲ ပေါလိုက်ကြတာ.. တရုတ်သဗုံ ကြေးမုံဂျီးအမျိုး ကူမြူနစ်တွေကဆို သူတို့အာဏာရလျင် ရွှေတိဂုံ အပါအဝင် ဘုရားတွေရဲ့ ရွှေချွတ်ယူပြီး တိုင်းဗျီဘဏ္ဍာ လုပ်ပြစ်မတဲ့..။ အလွန်အကြူး ဖြစ်နေတာလဲ မှန်သာဗဲ.. သို့သော် အဲဒီ ဘုရားကြီးကပဲ နှစ်စဉ် သန်းထောင် ချီရှာပေးနေပြီ မဟုတ်လား။

သိရမှာ.. လောက ပညတ် အသုံးအနှုန်း အယူအဆ တွေသည် အမြဲမမှန်.. ခေတ်ကာလလိုက်လို့ ပြောင်းလဲ သွား၏။ မနေ့က ဆင်းရဲသည် ယနေ့ ချမ်းသာ ဖြစ်နိုင်သလို ယနေ့သုခသည်လဲ နက်ဖြန် ဒုက္ခအစ ဖြစ်နိုင်သီ။ တကယ် မရှိ မဟုတ်တဲ့ ပညတ်ချက်တွေကို ဟုတ်လှ မှန်လှပီ စွဲယူထင်မနေဗို့… သုံးယုန်သုံးပီး စွန့်တတ်ဖို့ လိုယင်းပါ။ ငါကွ….

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF