ဂျစ်သော အစ်ကိုကြီးသို့ Open Letter

မြစပဲရိုးAugust 24, 20141min28334

ရွာထဲ ကနေ အတိုဂျီး တစ်ယောက် ရပြန်ပါပြီ။

ကိုယ့်ထက် ဝါကြီး သူများ ရှိတာသိတိုင်း ဝမ်းသာအားရ ဖြစ်လို့ မဆုံးပါ အတိုဂျီးရွှေ ရှင့်။

ကျွန်မ ကိုလဲ ခပ်ဆိုးဆိုး ညီမ တစ်ယောက် လို့ သဘောထားလိုက်ပါတော့။

ထော်လော်ကန့်လန့် မထိတတိ ရိ တတ် တဲ့ အကျင့် ကတော့ အသက်ကြီးလဲ မပျောက်ချင်သေးလို့ နဲနဲလေး ထပ်ဂျစ်တိုက် ခွင့်ပေးပါဦး။

 

အပြင် လောကထဲ မှာ အစ်ကို က ဘယ်သူ၊ ညီမ က ဘယ်သူ ဖယ်ထားကြပြီး

ရွာထဲ က မောင်နှမ ရဲ့ စကားနိုင်လုပွဲ လို့ ခေါ်ရအောင်။

တကယ်လို့များ ဆက်မပြောချင်ရင်လဲ မပြောလဲ ရပါတယ်။

သများ ကို တော့ ခွင့်ပြုပါ။

အစ်ကိုကြီးက တော့ ပရွက်အုံ ကို ဒုတ် နဲ့ ထိုးမိပြီ ထင်မလားမသိ။ ဟိ။

 

အကိုကြီး ပြောတာမှန်ပါတယ်။

အကိုကြီး Post မှာ ရိုးရိုးသာမာန် ကဗျာ ချည်းဆို ဝင်ဖတ်ကြောင်းလေး ကို သာမာန် မှတ်ချက် ပေးရုံ သာ ပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပါလာလို့ ကျွန်မ သာမာန်ထက် ပိုပြီး စကားပြောခဲ့တာပါ။

ကျွန်မ မြန်မာစာ ကို မမုန်းပါဘူး။
ကိုယ့် မိခင်စာ ဘဲ အစ်ကိုကြီးရယ်။
မြတ်နိုးတာပေါ့။

ကိုယ်မြတ်နိုးတဲ့ အရာ၊ အလေးထားတဲ့ အရာ ကို သူများ က အဆင့်မရှိတဲ့ အကြောင်းပြချက် နဲ့ မုန်း တယ် ပြောရင် ဘယ်လို ခံစားရတယ် သိနိုင်အောင်လို့ပါ။

 

အစ်ကိုကြီး ရှင့်

ဒီ ရွာထဲ မန်ဘာ ဝင်သူတိုင်း ကိုယ့်ရည်ရွည်ချက်နဲ့ ကိုယ် ရွာထဲ ဝင်ကြပါတယ်။

ကျွန်မ ဒီ ရွာထဲ ဝင်လာတာ ဒေါ်အောင်ဆန်းစုကြည် အတွက်ပါ။

ဒီ reason နဲ့ ကျွန်မ အချိန် တွေ ကို ဒီမှာ ပေးထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် အတွက် ဆိုတာပေမဲ့ တကယ်တန်း က ဒေါ်အောင်ဆန်းစုကြည် အတွက် မဟုတ်ပါဘူး။

 

မြန်မာပြည် မှာ စာမသင်နိုင်တဲ့ ကလေးပေါင်း ဘယ်လောက်ရှိလဲ။

မြန်မာပြည် မှာ ဆေးမကုနိုင်တဲ့ လူနာ တွေ ဘယ်လောက်ရှိလဲ။

မြန်မာပြည် မှာ နေဝင်ချိန် အဟာရ မပြည့် ဘဲ ငတ် နေတဲ့ လူအို တွေ၊ နေထွက်ချိန် စားစရာမရှိဘဲ ငတ် နေတဲ့ ကလေး တွေ ဘယ်လောက်ရှိလဲ။

မြန်မာပြည် မှာ အလုပ်အကိုင်မဲ့ အနာဂါတ် ပျောက် နေတဲ့ လူငယ် တွေ ဘယ်လောက်ရှိလဲ။

မြန်မာပြည် မှာ အူမ မတောင့် လို့ သီလ မစောင့်နိုင်သူ တွေ ဘယ်လောက်ရှိလဲ။

 

အစ်ကိုကြီး သိပါတယ်။

အစ်ကိုကြီး ပြည်ပ နိုင်ငံ တွေ ကို ရောက်သူ ဖြစ်မှာပါ။

တဖြေးဖြေး နဲ့ တိုးတက်မှု တွေ ကွာဟ လာတာ အရမ်း ကို များများ လာပါတယ်။

မြန်မာပြည် မှာ ရန်ကုန်လို နေရာ ကြည့်ရင်တောင် မြို့နယ်တိုင်း ဟာ မတောက်ပ ပါဘူး။

စုတ်ပြတ်နေပါတယ်။

လူ တွေအများစု ဟာလဲ ကျန်းမာရေး နဲ့ အဟာရချို့သလို ပုံစံ ရှိပါတယ်။

အဝတ်အစား က လဲ အတော်လေး နွမ်းပါးပါတယ်။

မြင်နေကျတွေ ကတော့ ပြောင်းလဲ မှု တွေ ကို မြင်မှာမဟုတ်ဘူး။

ဝေးနေပြီး ပြန်လာရင် မြင်ရသူ အနေနဲ့ ဆို တော်တော့ ကို စိတ်မကောင်းစရာ ပြောင်းလဲ မှု ကို မြင်ရပါတယ်။

ချမ်းသာသူတွေ က ပိုက်ဆံ ထားစရာ မရှိအောင် ချမ်းသာ လာကြတာလဲ အံ့ဩစရာမကောင်း တဲ့ ပြောင်းလဲမှုပါဘဲ။

 

အစ်ကိုကြီးရှင့်

ကျွန်မ ဟိုလို ဒီလို ဟိုလူ ဒီလူ လက်ညိုး မထိုး လိုပါဘူး။

သူများ ကို အကြောင်းမဲ့ အပြစ်မဖွဲ့ လိုပါဘူး။

အချက်အလက် နဲ့ ဘဲ ဝေဖန် ချင်ပါတယ်။

 

နိုင်ငံ တိုင်း မှာ လူတန်းစား တွေ ကွဲပါတယ်။

အုပ်ချုပ်သူ လူတန်းစား၊ အရင်းရှင်လူတန်းစား နဲ့ အလုပ်သမား လူတန်းစား ပြောပြော၊ ပညာတတ်လူတန်းစား နဲ့ ပညာမဲ့ လူတန်းစား ပြောပြော၊ မြို့နေ လူတန်းစား နဲ့ ကျေးလက်နေ လူတန်းစားဘဲ ပြောပြော ကြိုက်သလို ညွန်းနိုင်ပါတယ်။

ဒါပေမဲ့ တိုးတက်တဲ့ နိုင်ငံတိုင်း မှာ လူတန်းစားတွေ ကြား လူနေမှု ကွာဟမှု မကြီးပါဘူး။

လူတန်းစား အလွှာတိုင်း ကားစီးနိုင်တယ်။ နေစရာ အိုးအိမ် ရေမီး ရှိတယ်။

တစ်ခါ Face book ထဲ တွေ့လိုက်တယ်။

“ဖွင့်္ဖြိုးတိုးတက်တဲ့ နိုင်ငံ ဆိုတာ ဆင်းရဲတဲ့ သူတွေ ကိုယ်ပိုင်ကား စီးနိုင်တဲ့ နိုင်ငံ မဟုတ်ဘူး။

ချမ်းသာသူတွေပါ အသုံးပြုနိုင်တဲ့ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်ရှိတဲ့ နိုင်ငံ ဖြစ်သတဲ့။”

 

တိုးတက်တဲ့ နိုင်ငံတိုင်း မှာ ကိုယ်ကြိုးစားနိုင်ရင် ကြိုးစားသလောက် ကိုယ်ပိုင် အသီးအပွင့် ရကြပါတယ်။ အဲလို ဖြစ်အောင် ကို စနစ် ကကျနေပါပြီ။

လူတွေရဲ့ ပညာတတ်မှု ပေါ်မှာ၊ စွမ်းရည် စိုက်ထုတ်မှု ပေါ်မှာ မှ ချမ်းသာ ဆင်းရဲ ကွာပါတယ်။

ဒီတော့ ဆင်းရဲ သူတစ်ယောက်က လဲ ငါမကြိုးစားလို့ ဆိုပြီး စိတ်ထားနိုင်တယ်။

ကိုယ့်ထက်သာတဲ့ သူများတွေ ကို ဝန်တိုမှု ကင်းနိုင်တယ်။

 

နိုင်ငံ ရဲ့ ရုပ်ဝတ႓ု တိုးတက် မှု အပိုင်း ကိုတော့ နိုင်ငံထဲ မြို့ ရွာ ဒေသ မရွေး တပြေးညီ ဖြစ်အောင် လုပ်ထားရတာ အစိုးရ ရဲ့ တာဝန်ကိုး။

ဒီတော့ နိုင်ငံထဲ နေသူတိုင်း အယုတ်အလတ် အမြတ် မရွေး ဒီ အခြေခံ အသီးအပွင့် ကိုတော့ အားလုံး စားနိုင်ပါတယ်။

ဝင်ငွေများသူတွေက ပေးတဲ့ အခွန် တွေ၊ စီးပွါးရေးသမား တွေ ဆီက ရတဲ့ အခွန်တွေ ကို သုံးပြီး တိုင်းပြည်ကို ပိုပိုကောင်းအောင် တည်ဆောက်နေကြတာပါ။

ချမ်းသာသူက ဆင်းရဲသူ ကို မျှပေးတဲ့ သဘော၊ တိုင်းပြည် ကို အကျိုးပြုတဲ့ သဘော မို့ အခွန်ဆောင် သူထဲ ကျေနပ်ပြီး ပေးကြပါတယ်။

ယူတတ်ရင် ကုသိုလ်တောင် ရသေးမဟုတ်လား။

 

အစ်ကိုကြီးရှင့်

ကျွန်မတို့ မြန်မာပြည်ကြီး မှာကတော့ စီးပွါးရေးသမား များ နဲ့ အုပ်ချုပ်ရေးသမား များ ပူးပေါင်းပြီး တိုင်းပြည်ကို ထူထောင်ရမဲ့ ငွေ တွေ ကို ကိုယ်ကျိုး သုံး နေကြတာ မျက်မြင် ကိုယ်တွေ့ပါ။

အစ်ကိုကြီး လဲ သိမှာပါလေ။

ဇီဇီ တင်ခဲ့ တဲ့ Post မှာ မြန်မာပြည်ထဲမှာ Project တစ်ခု ရဖို့ ငွေထိုးဖို့ မလိုတော့တာ အမှန်ဘဲ။ ပူးလုပ်ကြတော့မှာကိုး။

Project တွေ ကလဲ တိုင်းပြည် အကျိုး ထက် သူတို့ အိတ်ထဲ ဝင်ဖို့ အဓိက ဆိုတာ လူတိုင်း သိနေပြီး သူ့အလှည့် ပြီး ငါ့ အလှည့် စောင့်နေသူ တွေ ရဲ့ လက်ထဲ မှာပါ။

ဒီတော့ ကြား က ပြည်သူ တွေ မိအေး ၂ခါ မက အကြိမ်ကြိမ် နာပေါ့။

ဒီ လူတွေ ဟာ တိုင်းပြည် ကို တစ်ချက်မှ မငဲ့ဘဲ ကိုယ်ချမ်းသာရေး ကိုဘဲ အပြိုင်အဆိုင် လုပ် နေကြတာ အစ်ကိုကြီး တစ်ယောက် တကယ်ဘဲ မသိလေရော့ သလား။

ဒါမှမဟုတ် အသိလွန်ပြီး သူတို့ စီးပွါးမပျက်ရလေအောင် ကာကွယ်ရေး လုပ်နေရော့ သလား။

 

အကိုကြီး ပြောတဲ့

{ ကွန်မြူနစ်ကြီးတစ်ယောက်ပြောသလို ၄၃၆ တွေ ၅၉(စ) တွေဆိုတာသူ့အတွက်ငါတို့တိုက်နေရတာ သူ့ကိုဖယ်ပစ်လိုက်ပြီးပြီ။ဘာမှမလိုတော့ဘူ။ကိုယ့်အတွက် ကိုယ်ဆက်တိုက်ကြယုံပဲ ဆိုတာကို }

အဲဒါက အတော်လေး အမြင်ကျဉ်း လွန်းသူ ပြောတာလို့ ကျွန်မ ဝေဖန်ပါရစေ။

“ကိုယ့်အတွက် ကိုယ်ဆက်တိုက်ကြယုံပဲ” ဆိုတဲ့ စကားမှာ ငါစွဲ တွေ များလွန်းပါတယ်။

ဒီလို တိုက်လဲ တကဲ့ ပြည်သူ တွေ အတွက် မပြောင်းတဲ့ အနာဂါတ်ဘဲ ရနေဦးမှာပါ။

 

အစ်ကိုကြီးပြောတာ နောက် တစ်ချက် ရှိသေးတယ်။

{ ဒီနေ့ခေတ်တက္ကသိုလ်အသိုင်းအဝိုင်းမှာရော ပြည်ပပညာတတ်အသိုင်းအဝိုုင်းမှာပါ (စု)ကို လက်ခံတဲ့သူ ၃၃% လောက်ပဲရှိတော့တာ }

% နဲ့ကို ပြောတော့ အတော်လေး တိကျလှချည်လား အစ်ကိုကြီးရဲ့၊

သေချာရဲ့လား။

ဒေါ်အောင်ဆန်းစုကြည် ကို မကြိုက်ဘဲ တူးတူးခါးခါး မုန်း သူတွေ ဆိုတာ

(၁) အစိုးရ အပြောင်း တနည်း လာဘ်စားလို့ မရ တဲ့ အစိုးရ ပြောင်း မှာ စီးပွါးပျက်မှာ ကြောက် တဲ့ ခေတ်ပျက်သူဌေး တွေ

(၂) ဒီ ခေတ်ပျက်သူဌေး တွေ က ပူဇော်တဲ့ ပြည်သူ့ ဘဏ္ဍာတွေ ကို ဖင်ခုထိုင်ပြီး စည်းစိမ်ယစ် နေတာမို့ လက်ရှိ အာဏာ မလွှတ်ချင် သူတွေ

(၃) သူတို့ အကျ အရိုးအရင်း ကိုက် နေရတဲ့ ဟိုမရောက် ဒီမရောက် အရောင်ရှိ လူတန်းစား တွေ

(၄) မင်းသားကြီး မလုပ်ရ ပတ်မကြီး ထိုးဖောက်ဖို့ လုပ် နေတဲ့ နိုင်ငံရေသမား အရေခြုံ တွေ

မုန်းသူတွေက ဒါပါဘဲ အစ်ကိုကြီးရှင့်။

ကျန်သူတွေ ထဲ ငတ် နေသူတိုင်း အပြောင်းအလဲ လိုချင်ပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ကို အားပေးကြပါတယ်။ ချစ်ကြပါတယ်။

တော်ရုံ ထမင်းဝ နေသူ က ဒီအတိုင်း ဘဲ မှေးပြီး နေနေကြတာပါ။

တနည်း စကားဝဲ နေကြတာပါ။

ပြောင်းချင်လဲ ပြောင်း မပြောင်းလဲ နေ ဆိုပြီး ပေလယျာကံ လုပ်ထားတာပါ။

နောက်မှာ ညည်းပြီး ရှေ့မှာ ပုတ်သင်ညို လုပ်ပြနေကြတာပါ။

ဒါက ပိုကြောက်ဖို့ကောင်းတာပါ။

မတရား သူ ကို ပိုပြီး အားဖြည့်တာပါ။

ပြည်ပပညာတတ်အသိုင်းအဝိုုင်း ထဲ ကျွန်မ လက်လှမ်းမှီ သလောက် ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဘုရားလို ကိုးကွယ်တာ မဟုတ်ပေမဲ့ တိုင်းပြည် အတွက် အားကိုး ကြပါတယ်။ ချစ်ခင် လေးစားကြပါတယ်။

တိုင်းပြည် ကို ရောင်းမစား တဲ့ သူမှန်း သိလို့ပါဘဲ။

တိုင်းပြည် ဘဏ္ဍာ ကို အိတ်ထဲ မထည့်သူမှန်း ယုံလို့ပါဘဲ။

 

အစ်ကိုကြီး မုန်းတယ် ဆိုတာလဲ အကြောင်း ရှိမှာပါ။

ကျွန်မ မသိ လိုပါဘူး။

ကျွန်မ ကတော့ ဒေါ်အောင်ဆန်းစုကြည် ရယ် မှ မဟုတ်။ တိုင်းပြည် အတွက် ကိုယ်ကျိုးမဖက် တကယ်ဘဲ စွန့် မဲ့၊ ဆင်းရဲ တဲ့ နင်းပြား တွေ အကျိုး အတွက် ကာကွယ်ပေးမဲ့ ခေါင်းဆောင်ကောင်း ၊ အစိုးရကောင်း ဆို ဘယ်သူ့ကို မဆို လက်ခံပါတယ်။

လောလောဆယ်တော့ မြင်ရတဲ့ ထိပ်ပိုင်း အများစု က သူတို့ သမိုင်းကြောင်းမှာ ပလ္လင်ပေါ်ထိုင်ပြီး အဆီတွေ ရစ် နေတယ် အစ်ကိုကြီးရဲ့။

ဒီတော့ အနှစ် ၃ဝ နီးပါး တကဲ့ကို ဆင်းရဲသား လူအများစု ပြည်သူ တွေ အတွက် သူ့ကို ခိုင်းပါ ပြောနေတဲ့၊ အဲဒီ လို အခိုင်းခံဖို့ သူ့ကိုယ်ကျိုး စီးပွါး နဲ့ ဘဝ ကို စွန့်ထားတဲ့ နိုင်ငံတကာက ဦးညွှတ်ထားတဲ့ ခေတ်ပညာတတ် မိန်းမ တစ်ယောက် ကို ဘဲ မြင်မိတာ ကျွန်မ မမှား ပါဘူး အစ်ကိုကြီး ရယ်။

 

သူ့ကို မခိုင်းဖြစ်ရင်လား။

ဟုတ်ကဲ့ရှင့်။

သိပ်မကြာတဲ့ ကာလ မှာ မြန်မာပြည် ဟာ ဒါထက် ပိုပိုပြီး လူနေမှု အဆင့် အတန်း တွေ ကွာ မသွား ဘူး ဆိုရင်

သိပ်မကြာတဲ့ ကာလ မှာ မြန်မာပြည် က လူ တွေ ရဲ့ စိတ်ဓာတ် နဲ့ စာရိတ္ထ တွေ ပိုပိုပြီး အောက်တန်းကျ မသွား ရင်

သိပ်မကြာတဲ့ ကာလ မှာ မြန်မာပြည် ရဲ့ ပညာရေး စနစ် ဟာ အောက် ကို ဇောက်ထိုး ကျပြီး ချမ်းသာသူတွေ အတွက် သာ ပံ့ပိုးပေးမဲ့ စနစ် ပိုပို ပြီးဖြစ်မလာရင်

ကျွန်မ ကို ဆဲ လှည့်။

လောလောဆယ်မှာတော့ ကျွန်မ အထင် ….

ဒီလို လူ ဒီလို စိတ်ဓာတ် ဒီလို အတ္တ တွေ နဲ့ မြန်မာပြည် ဟာ ကောင်းတဲ့ ဘက် ကို ရွှေ့ နိုင်ပါ့မလားဘဲ။

ဒါ့အပြင် ကျွန်မ အဆဲ မခံ ရဖို့ လဲ သေချာမှာပါ။

 

ကဲ အစ်ကိုကြီးရှင့်

ပြောချင်တာ တွေ ကတော့ အများကြီး ကျန်တုန်းဘဲ။

ဒါပေမဲ့ ရပ်ပါပြီ။

ရွာထဲ မှာ အစ်ကိုကြီး လို လူတစ်ယောက် ပျောက်မသွား စေချင်ပါဘူး။

သူ့ အမြင် ကိုယ့် အမြင် ဖလှယ် နိုင်မှ အမြင် ဆိုတာ ကျယ်လာမှာ မို့ပါ။

အားတဲ့အချိန်လေးတော့ ရီးစားဟောင်း လေးအကြောင်း မကြာမကြာ ဝင် ဆွေးနွေးပါလို့။

အမုန်းတရားလဲ ဟောနိုင်ပါတယ်။

ကျွန်မ လေကြောရှည်တာ ခံနိုင်ရင်ပေါ့။ 😀 :-))))

34 comments

  • မြစာကလေး (23122011)

    August 24, 2014 at 4:58 pm

    . အမှန်တော့ အစ်ကိုကြီး မှတ်ချက် ကို reply လုပ်တဲ့ မှတ်ချက်ပါ။
    . ရှည်သွားလို့ မှတ်တမ်းကျန်အောင် Post လုပ်လိုက်တာ။
    . အသိပေးရုံပါဘဲ။
    . ဝင်ပြီး ဆွေးနွေးဖို့ မလိုတဲ့ Post ပါ။

    . အားလုံး ကို ချစ်ခင်လေးစားစွာဖြင့်
    . ပေါက်ကရ လေးဆယ် အငြင်းသန်သူ
    . မြစာကလေး :-)))

    . Dot ချ နည်း ကို ကိုပါ ဆီမှ နည်းရပါသည်။ ကျေးဇူးပါ ကိုပါ။ :-))

    • ဦးဦးပါလေရာ

      August 24, 2014 at 11:17 pm

      .အရင်က ရှေ့စာလုံးတွေ ပျောက်ကုန်လို့ – Dash ချပြီးရေးပါတယ်.
      .Dot ချနည်းကို ကျုပ်ဦးလေး မိုက်ကယ်ဂျော်နီအောင်ပုဆီက ရတာပါ –
      (အဲဒါမှ စိတ်ဆိုးပြီး ထွက်လာအောင်…)

      .အင်မတန်ကောင်းတဲ့ ပိုစ့်မို့
      .မကြာခင် ထော်လော်ကန့်လန့်တွေ ဝင်ပြောပါတော့မယ်…
      .အဲဒါ မခင်လတ်နဲ့ အကိုကြီးရွှေညာသား ကို (ကျုပ်ကို ဒီတခါတော့သည်းခံဖို့) ကြိုတောင်းပန်ပါတယ်နော….

      • မြစာကလေး (23122011)

        August 24, 2014 at 11:31 pm

        ဝင်ပါ၊ ပြောပါ၊
        ဆွေးနွေးရင်း အဖြေတစ်ခု တော့ ရမပေါ့။
        မရလဲ မရ လို့ပေါ့။ 🙂
        ဒါဆို ဘပု – သိုင်းကျူးး

  • ခင် ခ

    August 24, 2014 at 5:40 pm

    ဒေါ်အောင်ဆန်းစုကြည် ဟာ လူထု အတွက် သာကူး မလုပ်ဘူးဆိုသော အချက်နဲ့တင် သူမကို ယုံကြည်ထောက်ခံနေစဲပါ။
    အသွင်းပြောင်း အစိုးရသူတွေကြားထဲ အသွင်မပြောင်းဘဲ ယနေ့ထိ သူမ ရပ်နေစဲပါ

  • alinsett

    August 24, 2014 at 6:04 pm

    ကဲ… အစ်ကိုကြီး…

    ဘယ်ပျောက်နေပြီလဲ…

    :mrgreen:

  • ဇီဇီ ခင်ဇော် (15102012)

    August 24, 2014 at 8:00 pm

    Bravo…!
    Since I m sooooooo busy now with my Mwayy May Lay.., I will be back for Su n A Yee later.
    😉
    :chit:

  • ဇီဇီ ခင်ဇော် (15102012)

    August 24, 2014 at 8:08 pm

    မြင်ဘူးးးသလောက် ……..
    ကြားးးနေ ဟု ပြောသောသူ များးးသည်
    မတရားးး သော အာဏာရှင် အင်အားးးကြီးး ဘက်မှာ ရပ်တည်ချင်သော် လည်းးးးးးး
    လူသိရှင်ကြားးး မရပ်တည်ရဲသော သူများးး ဖြစ်သည်။
    အဟွတ်!!!!!
    😉

  • ဝင့်ပြုံးမြင့်

    August 24, 2014 at 8:33 pm

    – အမေစု ဂုဏော အနနော္တ ပါ။
    အထက်ပါ စကားဟာ ရွဲ့ပြောခြင်းလည်း မဟုတ်၊ အကဲပိုလွန်းခြင်းလည်း မဟုတ်၊ မြန်မာလူမျိုး ပီသစွာ စိတ်ခံစားချက်ဦးစားပေးလွန်းတဲ့ တင်စားချက်တစ်ခုလည်း မဟုတ်။ ရင်ထဲက အရှိအတိုင်း ပြောတာဖြစ်ပါတယ်။
    ကျမတို့ တိုင်းပြည်မှာ အမေစု ဆိုတဲ့ identity တစ်ခု ရှိတဲ့အတွက် တိုင်းပြည်ဟာ ၈၈ အပြီးမှာ စစ်တကာ့စစ်ထဲ အဆိုးဆုံး ပြည်တွင်းစစ်မဖြစ်ခဲ့တာ။ ဒါကြောင့် အခု ကျမ အေးအေးဆေးဆေး ထမင်းထိုင်စားနေနိုင်တယ်။ ကောင်းကောင်းမွန်မွန်နေနိုင်တယ်။ ဒါ အမေစု ကျေးဇူးပါ။ မဟုတ်ရင် မြောက်ကိုရီးယားထက် ပိုဆိုးလို့ အာဖဂန်နစ္စတန်လို ဖွတ်ဖွတ်ကြေနေလောက်ပါပြီ။ အမေစုသာ မရှိခဲ့ရင် ခုလောက်ဆို ကျမတို့လည်း အမေမွေးတဲ့အသက် ရှိချင်မှ ရှိတော့မှာ။

    – အရီးလတ်က ဘယ်အစ်ကိုကြီးကို ရည်ညွှန်းပြီး ပြောသလဲတော့ မျှစ်မလည်း မသိ။ ဒါပေမယ့် လာပြီနော်။ ကျမ တကယ်ပြောချင်တဲ့ ကိစ္စက လာပြီ။ အရင်က ကျမ ၁၉၈၄ စာအုပ် ဘာသာပြန်ဖူးတယ်။ အဲဒီစာအုပ်ထွက်တော့ အလင်းဆက်က ဆွေးနွေးဝိုင်းလေး လုပ်ရင်ကောင်းမယ်ပေါ့။ ဒါပေမယ့် ကျမစိတ်ထဲ ဂဇက်ထဲဝင်တာ ကိုယ့်စာအုပ် ကြော်ငြာဖို့ ဝင်သလိုဖြစ်နေမှာစိုးလို့။ အဲဒါနဲ့ ဘာမှ မပြောမိတာ မှားပေါ့။ အဲဒီစာအုပ်ကို နည်းပညာစာအုပ်နဲ့ လွဲမှားစွာယူဆကြတယ်။ နောင်အနာဂတ်ကို စိတ်ကူးယဉ်ပုံဖော်တဲ့စာအုပ်လို့ ယူဆကြတယ်။ တကယ်က အဲဒီစာအုပ်ဟာ နိုင်ငံရေးသဘောတရားတစ်ခုကို ချပြတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်ရေးသားသူ ဂျော့အိုဝဲဟာ စာရေးဆရာ မဟုတ်ပါဘူး။ စာရေးဆရာထက် ပိုမြင့်တဲ့ နိုင်ငံရေးပညာရှင်ပါ။ ပညာရှင်ဟာ ဒီစာအုပ်ကို ဘယ်လိုရေးသလဲဆိုတော့ အုတ်နံရံကို ခေါင်းနဲ့ပစ်တိုက်ပြီး ရေးသလိုကို ရေးခဲ့တယ်။ ပညာသမာ္ဘ အာဘာနတ္ထိ ဆိုတာ အဲဒါမှ အစစ်။
    နိုင်ငံရေးပညာရှင်ဆိုတာ ကမာ္ဘ့ကျေးဇူးရှင်။

    – နိုင်ငံရေးပညာရှင် ချပြခဲ့တဲ့ သီဝရီကတော့ — တိုင်းပြည်တွင်းကလူတွေကို brain wash မလုပ်ဘဲ အဲဒီတိုင်းပြည်ကို တစ်ပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ မရပါဘူး — တဲ့။
    — အခု မြန်မာပြည်မှာ ဟိုဘိုးဘေး အလောင်းမင်းတရားတို့ လက်ထက်ကတည်းက တစ်ပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေနိုင်တာ ဘာကြောင့်လဲ။ ဒီသီဝရီအရဆိုရင် မြန်မာတွေဟာ ဘရိန်းအဝပ်ရှပ် ခံထားရတယ်။ ဒါကြောင့် မို့သာ တစ်ဗိုလ်တက်ဆင်း အုပ်ချုပ်နေနိုင်တာ။ ရင်းမြစ်က အဲဒီမှာ။ ဒါဆို ဘာက ဘရိန်းဝပ်ရှ် လုပ်ထားသလဲ။ သဂျီး ပြောသလို ဘာသာရေးလား၊ ဒါမှ မဟုတ် မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာတွေကလား။ အဲဒါကို ပညာရှင်တွေ ခေါင်းချင်းတိုက် စဉ်းစားရတော့မှာ။ အမေစု ပေါ် သွားပုံချရမှာ မဟုတ်ဘူး။

    – သာမန် လူပြိန်းတွေးနဲ့ဆိုရင် တိုင်းပြည် ဒီလောက်ထိဖြစ်တာ လူယုတ်မာများလို့။ ဒါကြောင့် ခရိုနီတွေကို တိုက်၊ ကိုယ့်လူတွေ ရအောင်လုပ်၊ အဲဒီလို တွေးကြတယ်။ ဒါပေမယ့် လူတွေ ဘရိန်းအဝပ်ရှ်ခံထားရသရွေ့ ဒီစနစ်က ဒီစနစ်ပဲ။ ဒီစနစ်ရှိနေသရွေ့ ခရိုနီတွေ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်နေဦးမှာပဲ။ ကျမခေါင်းကို အုတ်ထရံနဲ့ တိုက်ပြီးတော့ မပြောချင်။ ဒါပေမယ့် စိတ်ထဲမှာ ရှိနေတာက ခရိုနီတွေကြောက်စရာကောင်းသလို ဘာသာရေးစွက်ဖက်မှုကို ကြောက်စရာကောင်းတယ်လို့ ထင်တယ်။ ဒါက ရင်းမြစ်ကြီး။
    —-
    – အမေစု အကြောင်း ပြန်စရရင် အခုဆိုရင် ဂျာနယ်လေးတွေ တစ်စောင်မှ ၁၀ဝ ကျပ်ထဲ။ စက္ကူက ဘားဖြူဆိုတော့ ရေသုတ်လို့ကောင်းတယ်။ ကျမအပါအဝင် လူအတော်များများ ဂျာနယ်ဝယ်ဖတ်ကြတယ်။ ရေသုတ်ရတာလည်း အဆင်ပြေလို့လေ။ စားပွဲတွေဘာတွေ ညစ်ပတ်နေရင် အဲဒါလေးတွေနဲ့သုတ်ကြတော့ လက်သုတ်ပဝါလျှော်ရသက်သာတာပေါ့။ ကျမလေ အဲဒီဂျာနယ်တွေပေါ်မှာ အမေစု ပုံပါလာရင် မသုတ်ရက်ဘူး။ အသာဖယ်ထားလိုက်တယ်။ ဒါက ကျမ စိတ်ခံစားချက်သက်သက်ပါ။
    ၉ဝ ခုဝန်းကျင်တုန်းက အမေစု ဖျာပုံကိုလာပြီး မဲဆွယ်တယ်။ အဲဒီတုန်းက ကျမက ၁ဝတန်း။ စကတ်လေးနဲ့ ။ အမေစုက ဦးတင်လှိုင် ဒေါ်တင်လှတို့အိမ်မှာ တည်းတယ်။ ကျမတို့နဲ့ ခင်မင်တဲ့အိမ်ဆိုတော့ ဝင်ထွက်ဆော့ကစားနေကျအိမ်။ လူတွေတရုန်းရုန်းနဲ့ အမေစုကို လာကြည့်ကြတာပေ့ါလေ။ အမေစုက လာသမျှလူကို စကားပြော၊ အဲ.. ဧည့်သည်တွေ သူတို့ဖာသာ စကားကောင်းနေပြီဆိုရင် အမေစု ဘာလုပ်လဲ သိလား။ သူ့ရှေ့က လက်ဖက်ခွက်ပဲ နှိုက်တာ။ စားတာမှ စိတ်ပါလက်ပါကိုစားတာ။ သူ့ကို စကတ်လေးနဲ့ ချာတိတ်မလေးတစ်ယောက် ထိုင်စောင့်ကြည့်နေတယ်ဆိုတာ သူရိပ်မိပုံမရဘူး။
    ကျမ ပြောချင်တာက ဒီလို။ ဗိုလ်ချုပ်ဟာ ပဲပြုတ်နဲ့နံပြား စားချင်တယ် ပြောခဲ့သလို အမေစုလည်း လက်ဖက်သုပ်ချဉ်စပ်လေး စားချင်တယ် ပြောချင်ပြောမှာပါ။ လူထဲက လူတစ်ယောက်သာပဲ မဟုတ်လား။ အားနည်းချက်တွေ ဗရပွနဲ့ လူတစ်ယောက်ပါ။ အခု မြန်မာပြည်က မျက်စိပွင့်စ တိုင်းပြည်။ ဒီလိုတိုင်းပြည်မျိုးဟာ သူရဲကောင်းသိပ်အားကိုးတယ်။ အမေစုကို သိပ်မျှော်လင့်ထားပြီး မျှော်လင့်သလို မဖြစ်ရင် ဒေါသထွက်ကြမယ်။ လက်ညှုးိငေါက်ငေါက်ထိုးကြမယ်။ အဲဒီမှာ စိတ်ထွက်ပေါက်ယူလိုက်ရင် သိပ်ကြောက်စရာကောင်းတယ်။ nld ထဲကလူတွေအတော်များများဟာလည်း ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရလို့ ကမာ္ဘနဲ့ တော်တော်အဆက်ပြတ်နေတယ်။

    – ဟိုကာတွန်းထဲကလို ငှက်တစ်ကောင်ဟာ ဘယ်တောင်ပံနဲ့ ပျံသလား၊ ညာတောင်ပံနဲ့ ပျံသလား မေးလို့ ဘယ်ရမလဲ။ နှစ်ဖက်စလုံးနဲ့ ပျံရမှာ မဟုတ်လား။ အစိုးရနဲ့ ပြည်သူ နှစ်ဖက်စလုံးက တွဲမှ ပျံလို့ရမှာပေ့ါ။
    ဘရိန်းအဝပ်ခံရတဲ့ကိစ္စကို မျက်စိပိတ်နားပိတ် ဆိုတဲ့ အသုံးနဲ့ပဲ သုံးကြသေးတယ်။ ဒီအကြောင်း ဘယ်သူမှ မရေးကြသေးဘူး။ ဂျာနယ်တွေထဲမှာလည်း တရားပဲ ဟောနေကြတယ်။ တစ်ပါတီအာဏာရှင်စနစ်ရဲ့ ရောဂါလက်ခဏာတွေ အကြောင်းက စပြီး ကျမ ပြန်လာဆွေးနွေးပါ့မယ်။ အခုတော့ တကယ့်ကို မအားလို့ပါ။ လာမယ့်နှစ်မှာ ဘာတွေဖြစ်ဦးမလဲ မသိဘူး။ အမေစုဟာ လူတွေရဲ့ စိတ်ခံစားချက်ထွက်ပေါက်အဖြစ် ဓားစားခံ မဖြစ်ပါစေနဲ့။ အပြည့်အဝအောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ နီနီခင်ဇော်ရဲ့ သီချင်းလို ပေါက်ကရတွေ မပြောဘူး။ တဆိတ်ရှိ ဒို့မြန်မာတွေ လွမ်းရတာနဲ့ ဆွေးရတာနဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ရတာနဲ့၊ ယုံကြည်ချက်တွေခိုင်ကျည်ရတာ နဲ့ ခတ်ကွင်းပြင်နေတာနဲ့ လိုရင်း မရောက်ဘူး။

  • ရွှေညာသား

    August 24, 2014 at 9:38 pm

    ညီမလေးအရီရေ
    အကိုသဘောကျပါတယ်။အေးအေးဆေးဆေးဆွေးနွေးကြတာပေါ့။ကျေးဇူးလဲတင်ပါတယ်။ချက်ကျ လက်ကျပြန်ပြောနိုင်လို့။
    တစ်ခုပြောချင်တာက အကိုလဲ မှားချင်မှားနိုင်မှာပေါ့။ အကိုမှန်တယ်ကြည့်မပြောပါဘူး အရီရေ။
    တစ်ခုပဲ အရင်ပြောမယ်နော်။အကို အခြားအခြားသောနိုင်ငံတွေကို ရောက်တယ်။ဒီနေရာမှာ အရင်ဦးဆုံးတွေ့ရတဲ့အချက်တွေက
    တိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ (အကိုလဲဆင်းရဲသားပါ) စည်းကမ်းကောင်းတယ်။ပြီးတော့ နိုင်ငံသားတွေက ကိုယ့်အားကို ကိုးကြတယ်။
    နောက်အချက်က အရီရေ အကိုပြောမယ်နော်။
    ရထားတွဲ အသစ်တွေ ရောက်လာပြီဆိုကြပါစို့ အရီရာ။ဆိုလိုတာ မြစ်ငယ်ကနေ ဆေးသုတ် သံရိုက် ပြီးပြန်ပို့တာပဲ ပြောပြောပေါ့။ပန်ကာပါလာမယ်။မီးလုံးတွေပါလာမယ်။တံခါးတွေကောင်းမယ်။ခဏ(တစ်လခန့်) အကြာမှာ အဲဒါတွေ ပျောက်ပျက်ပြီး စုတ်ပြတ်နေတဲ့အခြေအနေကိုပြန်ရောက်သွားပါလေရော။ဆိုလိုတာက စည်းကမ်း။စည်းကမ်းမရှိရင် ဒီမိုကရေစီနဲ့စုဆယ်ခါပြန်လည်း
    မအောင်မြင်ဖူးနောက်အချက်က အရီက အကို့ကိုပြောပါလိမ့်မယ်။
    ဥပဒေအထက်မှာရှိတာတွေ – ဗိုလ်ချုပ်သား/သမီးတွေ အကြောင်း ဟုတ်ပါတယ်။မကောင်းပါဘူး။သူခိုးတွေပါ။သူတို့ကစပြီးမိုးမလုံမှတော့
    ကျန်တာတွေကောင်းမလာနိုင်ပေမယ့် အရီဒီကိုပြန်လာရင် ကွမ်းတပြစ်ပြစ်နဲ့ ကားလမ်းပေါ်ထွေးတာတွေ။လစ်ရင်လစ်သလို သေးပေါက်
    တွေ့တဲ့ပစ္စည်းဖြုတ်တဲ့ဓလေ့တွေ။ဥပမာ လမ်းဘေးက ရေချမ်းအိုးတောင် သံကြိုးခတ်ထားတဲ့ရေခွက်နဲ့။
    ဒါဟာ ဥပဒေမရှိလို့ပါ။ဆိုလိုတာက ဒီမိုကရေစီဆိုတာကလည်း ဥပဒေနဲ့လိုအပ်သလိုထိမ်းကျောင်းပဲ့ပြင်တဲ့စံနစ်ပါ။
    မိဘပြည်သူများခင်ေျားလို့အော်နေရုံနဲ့ပြောင်းမလာနိုင်ပါဘူး။တိတိကျကျ( တိတိကျကျ) ကျောသားရင်သားခွဲခြားမှု့မရှိမှ
    ဥပဒေကို ပြည်သူတွေက လိုက်နာမှာပါ။ဒါဟာဒီမိုကရေစီရဲ့ စံနှုန်းပဲလို့ အကိုကြီးမြင်ပါတယ်။
    နောက်အချက် ဘယ်သူတတ်တတ်ပြင်စရာတွေက အများကြီးပါ။ဥပမာပေးရရင် အရိုးစွဲနေတဲ့ ဓလေ့တွေ။ပြောရရင် စုမရသေးခင်
    သောင်းကျန်းနေတဲ့ အဖွဲ့တွေ ကို တွေ့ရတိုင်ကျောချမ်းမိပါတယ်။မယုံရင် နယ်တစ်နယ်ကိုလာတော့မယ်ဆိုရင် အလံကိုင် ခေါင်းစည်းနဲ့
    ဗျုးဗျုး ဗြဲဗြဲ တွေ။
    ဒါတွေကြောင့် နိုင်ငံချမ်းသာဖို့ကတော့ တိုးတက်ဖို့ကတော့ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်။ဆိုတဲ့ အတိုင်းတတ်နိုင်သလောက်
    ကွမ်းသွေးလေးလမ်းပေါ်မထွေးကြရင် ။ ကားရထားပေါ်က မီးသီး လမ်းဘေးဓါတ်တိုင်က မီးသီးမခွဲကြရင် အတောာ်အတန်ကောင်းလာမှာပါ။

    ( စုကို ဘာကြောင့်မုန်းသလဲ )
    မိကေဇီပြောသလို အာဏာရှင်ကို နောက်က လူသိရှင်ကြားမရပ်တည်ရဲ့တာ မဟုတ်ရပါဘူးရပ်တည်ရဲပါတယ်။ဆိုလိုတာက ပညာရေးကောင်း
    လာမယ်ဆိုရင် အာဏာရှင်အောက်မှာလဲနေရဲပါတယ်။
    နေရဲ့ ငြင်းရဲခဲ့လိုလည်း အခုအချိန်အထိ နေရာမရသေးတဲ့ ပညာရှင်အမည်ခံ ဆင်းရဲနေတာပါ။
    ပြောမယ်နော်။
    တစ်ချိန်တုံးက ဒေါ်စုကို သူလို ကိုယ်လို ပဲ သဘောထားပါတယ်။ချစ်ခြင်းမုန်းခြင်းမရှိပါဘူး။
    စုဟာ ပိတ်ဆို့ရေးကို ကိုင်စွဲခဲ့တာမဟုတ်ပါဘူးလို့ အခုအချိန်မှာ ပြောနေပေမယ့် ကျွန်တော့်ဆီမှာ အထောက်အထားရှိပါတယ်။
    ပိတ်ဆို့ဖို့သူပြောခဲ့တာတွေသက်သေရှိပါတယ်။
    သို့သော် ကိုယ်တွေ့နော်။ ၁၉၉ရ ခုနှစ်မှာ အမုန်းကြီးမုန်းသွားးရပါတယ်။
    ဂျပန်နိုင်ငံက ရှမ်းပြည်အပါအဝင် ဆင်းရဲဒေသတွေအတွက် Project တစ်ခုချပေးပါတယ်။
    မူလတန်းကျောင်း အလုံး(၅၀) Full Multimedia နဲ့ပါ။
    ရွှေညာသား ကိုယ်တိုင် အဘတွေဆီမှာ လိုအပ်ချက် Proposal တင်ပေးရပါတယ်။UCC အနေနဲ့ပါ။
    ရေမီး အတွက် စက်မှု့က ဒေါက်တာမြင့်ချို Source အတွက် Eco က အဝေးပို့ခံရတဲ့ သူဆရာကြီးတစ်ယောက်တို့ပေါင်းသုံးယောက်
    ညှိနှိုင်းြ့ပီး ရေးရတာပါ။ဒါဆိုရင် ရွှေညာသား ဘာဆိုတာရိပ်မိလောက်ပါပြီ။ UCC ကအဲဒီ့ Case ကြောင့် ULB ဘဝရောက်သွားရတာပါ။
    ကျောင်းမရှိတဲ့ဒေသတွေမှာ ကျောင်း Full Multimedia နဲ့ အလုံး(၅ဝ ဆိုတာ သိပ်ကောင်းတဲ့ အရာပါ။
    အာဏာရှင်ကိုလုံးဝမကြိုက်ပါဘူး။အခုအချိန်မောင်ရွှေမန်းလိုကောင်လိုမျိုးလည်း လေးစားမယ်ထင်သလား အရီ။
    ဝေးပါသေးရဲ့ ။ဦးရွှေမန်းခိုးထားတာက ဦးသန်းရွှေထက်နှစ်ဆလောက်ရှိတယ်။
    သူ့သားတွေပိုင်တဲ့ Internet , Phone , Network နဲ့တင် သမီးတော်တွေရဲ့ငွေ ပျင်းလောက်တယ်။
    ဘယ်နိုင်ငံမှာ ဘာတွေဝယ်ထားတယ်ဆိုတာ အကုန်သိပါတယ်။
    ကဲ ဆက်ပြောမယ်နော်။စာရေးသူကိုယ်တိုင် ဂျပန်ကိုသွားပြီး ညှိနှိုင်းရပါတယ်။
    ပြန်လာပြီး ရက်ပိုင်းပဲရှိပါသေးတယ်။ရေဒီယို RFA ကရော BBC ကရော တစ်ပြိုင်နက် စုအသံနဲ့ ပိတ်ဆို့မှု့လုပ်ဖို့
    ကျောင်းတွေကူညီတာဟာ စစ်အစိုးရကို သက်ဆိုးရှည်အောင်လုပ်ဖို့ဆိုတာနဲ့တင်
    ပြောရင်ယုံမလား အရီ
    ကျွန်တော် အရူးလိုအော်ငိုမိတယ်။
    စာရွက်တွေဆွဲဖြဲတယ်။ခုံတွေကန်တယ်။
    အကုန်ဝိုင်းဆွဲရတယ်။Eco က ဆရာကြီးဆို မေ့လဲတောင်သွားတယ်။
    ဒေါက်တာမြင့်ချို ဆို ငိုလိုက်တာ သွေးတတ်ပြီးဆေးရုံရောက်သွားတယ်။
    ကဲ အရီပြောပါ။ ကျွန်တော့်ကို စစ်အစိုးရအောက်ဆွဲပဲခေါ်ခေါ် ပါ။သေချာတာက ကျွန်တော်တို့ စားရမယ့်ငွေမပါပါဘူး။
    ဒါပေမယ့် မူလတန်းကျောင်း (၅၀) မရတော့ရော စစ်အစိုးပြုတ်ကျသွားသလား။ပြုတ်မကျပါဘူးအရီ။
    သူတို့က သူတို့သား/သမီးတွေကို အခြားနိုင်ငံတွေပို့ကြမှာပါ။တစ်နည်းပြောရရင် စုသားတွေလည်း ပြည်ပမှာပါ။
    သူ့သားသာ မူလတန်းကျောင်းသားလေးဆိုရင် ဒီလိုပြောထွက်မလား အရီ။
    ကျွန်တော်ရှမ်းပြည်ဘက်ကို လိုက်သွားရတုန်းက ရွာတွေမှာ ကျောင်းချပေးမယ်ဆိုလို့ ဘုန်းကြီးတွေကိုယ်တိုင်ခေါ်တွေ့ပြီး
    ပြောခဲ့ ဆိုခဲ့တာတွေအတွက် ပိတ်ဆို့ပါတစ်ခွန်းထဲနဲ့ သဲထဲရေသွန်သွားရတာပါ။
    သူ့အာဏာအတွက် အကုန်ပျက်စီးခိုင်းရဲတဲ့စိတ်ဓါတ်ကို မကြိုက်တာပါ။
    နောက် အာဏာဟူသမျှဖီဆန်ကြ ဆိုတာဘယ်သူ့စကားလဲ အရီ။ကဲ အရီရေ။
    ကျန်တာတွေကောင်းရင်ကောင်းမယ် ။ ဒါပေမယ့် မူလတန်းကျောင်း(၅၀) Project တစ်ခုနဲ့တင် ဋ္ဌာနပျက်
    အလုပ်ပျက် ပြီး မျှော်လင့်ချက်မဲ့သွားတဲ့ ကလေးတွေ အတွက်နဲ့ အသေအလဲကိုမုန်းပါတယ်။
    ရဲရဲဝံ့ဝံ့ပြောမယ်အရီ တိုင်းပြည်မတိုးတတ်တာ –
    အာဏာရှင်တွေကြောင့် ဆိုတာ (၉၀) ရာခိုင်နှုန်း သေချာပါတယ်။ပြည်သူတွေကလည်း ကိုယ့်ကိုကိုယ်တည်ဆောက်ရမှာပါ။
    နောက် ဘာကြောင့်မုန်းသလဲဆိုတော့ ဂျာမဏီကို စုသွားတော့ စစ်အစိုးရနဲ့ ယခင်ပတ်သက်မှု့တွေကို အပြစ်တင်ကြောင်းပြောတာ
    နဲ့တင် မပတ်သတ်ဖို့ ပြောခဲ့တာနဲ့တင် ယခင်ပိတ်ဆို့မူ့ကို စွဲကိုင်ခဲ့တာမဟုတ်ပါဘူးလို့ ငြင်းလို့မရနိုင်တော့တာ သက်သေပါအရီ။
    ကဲပါ ဂျပန် Projec ပျက်သွားရတာ BBC RFA တွေမှာ ပြန်ရှာရင်တောင် မဝေးသေးတော့ ပြန်ရှာလို့ရနိုင်ပါတယ်။
    ဟုတ်ကဲ့ ရွှေညာသားမုန်းပါတယ်။ အဓိကကတော့ ကလေးတွေရဲ့ဘဝနဲ့ အာဏာနဲ့လဲခဲ့လို့ပါ။အဲဒါကိုယ်တွေ့ဘဝပါ။
    မလှူတော့လို့ စစ်အစိုးရပြုတ်ကျမယ်ဆိုရင် မလှူနဲ့ပါအရီ။သူ့သားတွေကတော့ အဝေးမှာ အေးအေးနေရချိန် ဒီက ကျောင်းရမယ်ဆိုတဲ့
    မျှော်လင့်ချက်နဲ့ ကလေးတွေ ( အခုဆို အသက် ၂ဝ ကျော် ) တွေဖြစ်နေရော့မယ် အရီ ။ကိုယ်တွေ့နော်။
    ဒီတစ်ချက်နဲ့တင် ရွှေညားသား စုကို နာနာကျည်းကျည်းမုန်းပါတယ်။၄၃၆ တွေ ၅၉(စ) တွေဟာလည်း သူ့အတွက်ပဲလို့မြင်ပါတယ်။
    မင်းကိုနိုင်ပြောသွားခဲ့တဲ့ လမ်းပေါ်လူတွေပြည့်သွားမယ်ဆိုတာနဲ့တင် အရီရေ အရီ့ သား /သမီးလေေးတွသား ကျောင်းသား/ကျောင်းသူ
    လေးတွေဆိုရင် ထစ်ကနဲရှိ လမ်းပေါ်တတ်ခိုင်းနေတဲ့ နိုင်ငံရေးအတိုက်အခံတွေနောက် ပါစေချင်သလား။
    အရီက ပါရမှာပေါ့ပြောရင်လည်း အကို ကတော့ အကို့သား/သမီးလေးတွေ ကို မပါခိုင်းရက်ဘူး အရီရေ။
    နောက် တက္ကသိုလ် RASU , MASU အသိုင်းအဝိုင်းဟောင်းက ဆရာကြီးတွေ ဆရာမကြီးတွေက ဒီအချက်မျိုးတွေကြောင့် စုကို မုန်းနေကြ
    တာလို့ပြောရင် အရီငြင်းချင်လည်းငြင်းပါ အရီ။အကို အရင် ပါချုပ်ဟောင်း ပညာရေးဝန်ကြီးဟောင်း(ပြည်ပရောက်) နဲ့တွေ့ပေးမယ် အရီ။
    အကုန်ရင်းနှီးပါတယ်။
    ကိုဘုန်းကျော် လက်ထက်ကလို ဝိုင်းဆဲကြမယ်ထင်နေတာ ။
    ဝင်မဆဲကြလို့လည်း တော်တော်ကြီးကို ရွာသူ/ရွာသားတွေကို လေးစားဂုဏ်ယူမိပါတယ်။ကျေးဇူးတင်လျှက်။
    ရွှေညာသား(အထက်အညာမြေ)

    • ဦးကြောင်ကြီး

      August 25, 2014 at 11:15 am

      နေပါအုံး. .ရွှေညာသားဂျီးရဲ.. အဲဒီ မာလ်တီမီဒီယာ ပလောဂျက် ဖြစ်မြောက်တော့ ရှမ်းပြည်က ခလေးတွေ ကွန်ပြူတာပညာရှင်တွေ ဖြစ်ရောတဲ့လား.. ရန်ကုန်က ကျောင်းတွေမှ ကွန်ပြူတာခန်းဆိုပီး ဗိုလ်ခင်ညွန့် ဖွင့်ပေးတော့ တခန်းတနား တီဗွီမှာလုပ်ပြကြ.. ပြန်သွားတော့ အခန်းတံခါးပိတ် ထားတာပဲ မဟုတ်လား။ မီးကပုံမှန်မလား ရံပုံငွေက ချို့တဲ့.. ဆရာက အလုံအလောက် မရှိ။ ရန်ကုန်တောင် အမည်ခံသက်သက်ဆို ရှမ်းပြည်မှာ ပိုဆိုးတော့ မပေါ့.. ဒီကြားထဲ နယ်ပို့လိုက်ရင် ကွန်ပြူ တာအလုံးလိုက် အလဲခံရဦးမယ်။ အဲဒီလိုဖြစ်နေတာ ဘွားဒေါ်မသိ ထင်သလား။ ခီများဟာ ဘာနဲ့တူလဲဆိုတော့ ပွဲကြည့်စင်ကနေ ငါမကန်ရလို့ပေါ့ကွာနဲ့ ကွင်းထဲက ဘောသမားတွေကို မအေနှမ ကိုင်တုပ်သလို ဖြစ်နေတယ်။ စုကို မုန်းနေတယ်ဆိုတဲ့ ရာဇူး မာဇူး အသိုင်းအဝိုင်းဟောင်းက ဆြာဂျီး ဆြာမဂျီးတွေကို မေးလိုက်ဦး.. သူများကို မေးငေါ့လျင် ကိုယ်ပေါင်ကိုယ် ပျံကြည့်ဦးလို့ တော်ကြာနေ ပေါင်သေးစီးချောင်းနဲ့ဆို သောက်ရှက်ကွဲနေမည်..။

  • ရွှေညာသား

    August 24, 2014 at 9:41 pm

    စာရေးနေရလို့ အင်တာနက်မကောင်းလို့ အချိန်ကြာသွားတာမှာ မပြုံးက ကြားထဲဝင်လာတော့
    ဖတ်ရတာပိုကောင်းတာပေါ့။
    ကဲ ညီလေး အလင်းဆက်ရေ အကိုလာပြီကွဲလေး။
    နောက်မှ အခုလို အေးအေးဆေးဆေးပြောရမယ်ဆို ဆက်ပြောသေးတာပေါ့ ညီ။
    နောက်ဆိုလိုချင်တာက အကို့အမြင်လည်း မှားနိုင်ပါတယ် ဆိုတာ ရိုးသားစွာ
    ဝန်ခံထားပါတယ်။
    လူဆိုတာ ငါစွဲတွေကြည့်ပဲမဟုတ်လား။

  • မြစာကလေး (23122011)

    August 24, 2014 at 11:26 pm

    အစ်ကိုကြီး

    ရွှေညာသား says: {ကလေးတွေရဲ့ဘဝနဲ့ အာဏာနဲ့လဲခဲ့လို့ပါ }
    အဲဒါ ဒေါ်အောင်ဆန်းစုကြည် မဟုတ် ဘူး လေ အစ်ကိုကြီး။
    အဲဒီလို မဖြစ်ရဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကို အာဏာရစေချင် နေရတာလေ။
    အဲဒီ ကလေး တွေ ကို တကယ်ချစ်ရင် တို့ အစ်ကိုကြီး မျက်မှန်စိမ်း ချွတ်သင့်နေပြီ။

    တိုင်းပြည်မတိုးတတ်တာ –အာဏာရှင်တွေကြောင့် ဆိုတာ (၉၀) ရာခိုင်နှုန်း သေချာပါ လို့ အစ်ကိုကြီး လက်ခံထားပါရက် နဲ့ အဲဒီ 90% ကို မမုန်း ဘဲ ၁၀% ကို မုန်း သတဲ့လားရှင်။

    အလှူပေး ကွန်ပြူ့တာ ဝေစုခွဲ မလောက် ပြသနာ တွေ ကို သိ နိုင် တဲ့ အသိုင်းအဝိုင်း မှာ ကျွန်မ ရှိဘူးပါတယ်။
    အဲဒါ ဒေါ်အောင်ဆန်းစုကြည် က ပိတ် ခိုင်းလို့ တဲ့လား အစ်ကိုကြီး ရဲ့။
    အမှန် ဆို ဒါထက် မက ပိတ်ခိုင်း ရမှာလေ။
    ပေးတဲ့ အထောက်အပံ့ တွေ လိုတာ မရောက် မှတော့ အလှူရှင် က လှူချင်ပါဦးတော့ မလား။
    အဲဒီ နှစ် ဝန်းကျင် တွေမှာ ဂျပန် က ပေးတဲ့ စက် တွေ အထောက်အကူ ပစ္ဓည်းမျိုးစုံ တွေ လူကြီးမင်း များ ရဲ့ အိမ် မှာ ရောက် နေတာ (အမျိုး အရင်း ခေါက်ခေါက်က လူကြီး တစ်ယောက် ပါ) ကိုယ်တွေ့ပါ။
    အလကား ရတာအောင် သူ့ဟာ ကကောင်း ငါ့ဟာက မကောင်း ပြိုင်နေကြသေးတာ ရော သိလားရှင့်။

    ကြား က အရှက်မရှိ ဖြတ်ယူ နေကြတဲ့ သူ တွေ ကို အပြစ် မမြင်ဘဲ ဒီ မိန်းမ ပိတ်ခိုင်း လို့ ထပ်မရတော့တာ ဆိုပြီး အပြစ်ပုံ တာကို လဲ လူတိုင်း သိပြီး ပုံပြင်ပါ။
    နည်းမျိုးစုံ အပုတ်ချ ပွဲ ထဲ က တစ်ပွဲပေါ့။

    တကယ် လက်ညိုးထိုး အပြစ်ဖို့ ပြီး မုန်းသင့်တာက ဘယ်သူတွေ ပါလဲ အစ်ကိုကြီး။
    ပစ္စည်း ဆက် မလှူ တော့သူလား?
    ရသမျှ ငါ့အိမ် ဆီသွား ဆိုပြီး အရှက်မဲ့ ပစ္စည်းသိမ်းသူလား?
    မဟုတ်တာ လုပ်နေတာ တွေ အတွက် အမှန် ကို ခင်းပြ ပေး တဲ့ သူလား?
    ကျွန်မ သာ ဆိုလဲ အလွဲသုံးစားလုပ်ဖို့ စောင့်နေသူ တွေ လက် ထဲ ပစ္စည်း မရောက်စေချင်ပါ။
    အလှူပစ္စည်းတွေ လိုရာ မရောက်ခဲ့တာ တွေ ရှိခဲ့၊ ရှိဆဲ၊ ရှိနေ ဦးမှာပါ။
    အားလုံး သိနေပြီးသားပါ။

    အတိတ်တွေ ပြန်ဆွ တာ ကောင်းတော့ကောင်းပါရဲ့။
    ခုတ်ရာ တစ်ခြား ရှရာ တစ်လွဲ ဖြစ်သွားမှာ ကို အားနာပါတယ်။
    အကြောင်းပြချက် က ခိုင်လုံ ရင် စကားပြောလို့ ကောင်းမှာပါ။
    မဟုတ်ရင်တော့ ရပ်လိုက် တာ က ပိုပြီး ဘေးကင်း မလားပါဘဲရှင့်။

    ဝင်ပြီး မှတ်ချက်ပေးတဲ့ ကိုခ၊ဆက်ဆက်၊ ဇီဇီ ၊ မပြုံး နဲ့ အစ်ကိုကြီး ရွှေညာသား တို့ ကို ကျေးဇူးတင်ပါတယ်။

    ဒါထက် အစ်ကိုကြီး
    ရွှေညာသား says: { အဘတွေဆီမှာ လိုအပ်ချက် Proposal တင်ပေးရပါတယ်။UCC အနေနဲ့ပါ။}
    ၁၉၉ရ မှာ ယူစီစီ ဆိုတာ မရှိတော့ပါဘူးရှင့်။
    အဲဒီ မတိုင်ခင်ထဲက တက္ဏသိုလ်အဆင့် ဖြစ်နေခဲ့ပါပြီ။

  • ဝင့်ပြုံးမြင့်

    August 24, 2014 at 11:37 pm

    ဘုရား … ဘုရား စိတ်လျှော့ပါ ဂျစ်သောအစ်ကိုကြီး … ဟိုတုန်းက ဗရုတ်ဗရက်ကာလမှာ ဘယ်သူမှ အမှားမကင်းပါဘူး။ တိုင်းပြည်ပေါ်မှာ အမေစု ကျေးဇူးရှိပါတယ်။ အခုနေအခါမှာလည်း သူအကောင်းဆုံးပါ။ nld တွေ အရမ်းခံခဲ့ရပါတယ်။
    ဟိုနိုင်ငံရေးပညာရှင် ပြောသလို နဂိုကတည်းက ဘရိန်းဝပ်ပြီးသားမို့ တစ်ဗိုလ်တက်ဆင်း အုပ်ချုပ်နိုင်တာပါ။ ရောဂါလက်ခဏာသွင်ပြင် ကိစ္စအတွက် နောက်တစ်ကြော့ ပြန်လာပါ့မယ်။ မျှစ်မ အမြင်မှာ ဘာသာရေးစွက်ဖက်မှု ဘေးအန္တရာယ်ကြီးတယ်လို့ မြင်ပါတယ်။ အဲဒါက သဂျီးလေ လိုက်ပြီးပြောတာ မဟုတ်ဘူး။ ဘာသာရေးဘေးအန္တရာယ်ဆိုတာကလည်း အခုလူတွေပြောသလို လူတွေဟာ ဘာသာရေးထိရင် ဆတ်ဆတ်ထိ မခံနိုင်လို့ သတ်ကြဖြတ်ကြဖြစ်မယ် ဆိုတာမဟုတ်ပါဘူး။ ဒီ့ထက်ပိုပါတယ်။ ဘရိန်းဝပ်တဲ့ကိစ္စကို ပြောတာပါ။ soft power သဘောမျိုး ဆိုတော့ ပိုအားကောင်းတယ်။

  • မြစာကလေး (23122011)

    August 25, 2014 at 12:03 am

    အစ်ကိုကြီး ရှင့်

    အခုဘဲ ခိုင်လုံသော သတင်းရက်ကွက်မှ ရရှိတဲ့ အတည်ပြု သတင်း ပါ။
    ၁၉၈ရ မှာ UCC ကနေ ICST (Institute of Computer Science and Technology) ဖြစ်ပါပြီတဲ့။
    အဆင့်မြင့် သွားတာပါတဲ့။
    အစ်ကိုကြီးပြောတဲ့ ULB ဆိုတာကို ဦးလာဘ လို့ နောက်ခေါ်ကြပါသတဲ့။
    အခုတော့ URC (University of Research Centre) ဖြစ်နေလား မသိတော့ပါတဲ့။

    ရှမ်းပြည် မှာ ကွန်ပျူတာ များ မရောက်တော့တာ က
    “မီး မရှိ တဲ့ အရပ်မှာ” ကလေး တွေ ကွန်ပျူတာ ကို မသုံးနိုင်ဘဲ အလှကြည့်ပြီး ဖုန်သုတ်ပေးနေ ရတဲ့ တာဝန် က ကင်း အောင် မပို့တော့ တာပါတဲ့။

    :-))))

  • ရွှေညာသား

    August 25, 2014 at 12:28 am

    ဟုတ်ပါတယ် ကျွန်တော်ပြောချင်တာက UCC မှာတာဝန်ယူခဲ့ရတဲ့ ဆရာတစ်ယောက်အနေနဲ့
    လို့ပြောချင်တာပါ။ ၁၉၉ရ မှာ UCC ရှိတယ်လို့မပြောပါဘူး။စကားလောသွားတာပါ။
    ဒါပေမယ့် အဲဒီ့အချိန်မှာ အခိုင်းခံပဲလေ။အရင့်အရင်သော လက်ထပ်ထဲနေရှိနေခဲ့သူမို့
    ဆက်ခိုင်းခံရတာပါ။
    အထအနတော့မကောက်စေချင်ပါဘူး။

    ဒါပေမယ့် တက္ကသိုလ်များ ကွန်ပျုတာသိပံဋ္ဌာနဆိုတာကိုတော့ လက်ခံမယ်လို့ထင်ပါတယ်။
    ကဲ ထားပါ။အဲဒီ့ Comments ပေးရာမှာ ကျွန်တော်ကလည်း ကျွန်တော်မှန်တယ်ထင်သလို
    ညီမလေးအနေနဲ့ကလည်း မှန်မယ်ထင်နေတဲ့အတွက်ကြောင့် ဒီအတိုင်းပဲ ဆက်မငြင်းပဲထား
    လိုက်ကြရအောင်ပါ။
    အမုန်းတရားမရှိဘူးနော်။
    ယဉ်ယဉ်ကျေးကျေးဆွေးနွေးပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဟုတ်ပါပြီ။

    ကဲနောက် Post တွေမှာ တွေ့ကြတာပေါ့ ကျေးဇုူးတင်ပါတယ်။

  • ဦးကြောင်ကြီး

    August 25, 2014 at 1:03 am

    ဘွားဒေါ်ဂျီး တိုက်နေရတာ စစ်ပွဲဗျ.. စစ်ပွဲဆိုတာ တိုက်ပွဲအများကြီး ပါတယ်။ နိုင်လိုက်ရှုံးလိုက်ပဲ.. ရှုံးတဲ့ပွဲ အမှားလုပ်မိတဲ့ပွဲကို အပြစ်တင်လို့ မဖြစ်နိုင်ဘူး။ တခါတလေလဲ လိုအပ်လို့ ထိုးကျွေးရတာရှိမည်။ ကာယကံရှင်များအဖို့ ဆုံးရှုံးနစ်နာမှု ဖြစ်ပေမဲ့ စစ်သေနာပတိ လုပ်သူအဖို့ အံကြိတ်လုပ်ရမှာပဲ။ ကိုယ်နာမည်ကောင်းရဖို့ စိတ်ခံစားမှုအတွက် ထိုးကျွေးတာမျိုးသာ အပြစ်တင်ထိုက်တယ်။ စစ်အစိုးရ ဖြေလျော့ပေးရတာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဆို ဘယ်သူငြင်းမလဲ..။ တဖက်မှာလဲ ဘွားဒေါ်ဂျီးအနေနဲ့ အဖိနှိပ်ခံနေရတဲ့ သူ့လူတွေအတွက် တခုခုတော့ လုပ်ပေးမှ ဖြစ်မယ်။ ဒူးထောက် လက်မြှောက်တဲ့နည်း သူမရွေးဘူး၊ ပြန်တွန်းလှန်တဲ့နည်း ရွေးတယ်။ အဲဒီမှာ ဆန်ရှင်လို ဒွိဟဖြစ်စရာ ထောက်ကွက်တွေ ဖြစ်လာတယ်။ ဒီနေရာမှာ သိရမှာ နိုင်ငံရေးသမား အမြင်နဲ့ ပညာရှင်အမြင် ဖြစ်တယ်။ နိုင်ငံရေးသမားက ဘက်အားလုံးကို ခြုံကြည့်သုံးသပ်ရတာ.. ပညာရှင်ကတော့ သူ့ကဏ္ဍကွက်ကွက်လေးပဲ ဆိုင်တယ်။ ဘွားဒေါ်ဂျီး သူတော်ဆင် မဟုတ်ဘူးဗျာ.. သူ့လူသူ့အတွက်တော့ ကြည့်ရဦးမှာပဲ..။ မကြည့်ဘဲ သိပ်သဘောကောင်းလွန်းတော့ အခု လွှတ်တော်ထဲ ယက်ကန်ယက်ကန် ဖြစ်နေပြီ မဟုတ်လား။ ပရောဂျက် မဖြစ်တော့ ပညာရှင်က ဆဲမယ်… အနှိပ်အကွပ် ခံနေရတဲ့ နိုင်ငံရေးသမားတွေဘဝ ခံစားမှိပါ့မလား။ နိုင်ငံရေးခေါင်းဆောင်ကြတော့ အဲလို တိမ်တိမ်လေး တွေးဖို့ မဖြစ်နိုင်.. သူ့မှာ ငှဲ့ကွက်ရမှာတွေ အများကြီး..။ အရီးလတ်ပေါသလို လှူတဲ့ပစ္စည်းတွေ ဘယ်ရောက်မှာလဲ.. ဘယ်လို စောင့်ကြည့်မှာလဲ..။ လက်တွေ့ကောကျရဲ့လား။ ကိုယ့်လူတွေအတွက် ဘယ်ပြန်လုပ်ပေးနိုင်မလဲ..။ ဘွားဒေါ်ကို လက်ညှိုးထိုးဂျေးဆို နာဂစ်လို လူသိန်းချီ သေတာတောင် နိုင်ငံတဂါ ထောက်ပံ့မှုတွေ ငြင်းရက်တဲ့ စစ်အစိုးရလုပ်ရပ် သက်သေရှိတယ်။ ဒါမျိုးအလွဲသုံးစားမှုတွေ အရင်ထဲက ဖြစ်နေတာ။ ဒီတော့ အဲဒီပရောဂျက် ဆန့်ကျင်လို့ နစ်နာမှု သိပ်မရှိနိုင် တွက်ကောင်းတွက်မယ်။ နို့မို့လျင် ကိုယ်ချမှတ်မည့် ပေါ်လစီနဲ့ ဖီလာဆန့်ကျင် ဖြစ်နေမှာကိုး။ အဖျားမြန်မြန်ပျောက်ဖို့ ထမင်းရှောင်ခိုင်တာမျိုး မြင်ကြည့်ပါ။
    ကိုယ်တွေ့အနေနဲ့ ၁၉၉၆ခုနှစ်လောက်က ရုံးတရုံးရောက်သွားတော့ အရာရှိရုံးခန်းမှာ ကွန်ပြူတာနဲ့ ပရင်တာ အစုံလိုက်တွေ့တယ်။ နိုင်ငံခြားက ပေးထားတာ.. အဲဒီရုံးစနစ် ထွန်းကားဖို့.. လေ့ကျင့်မှုပါပေးတယ်။ ဘာလုပ်လဲသိလား.. မလုပ်မရှုပ်မပြုတ် စာစီစာရိုက်အတွက်သုံးတယ်။ ရုံးတွေမှာ အဲဒီကွန်ပြူတာ အကြောင်းပြပြီး အဲယားကွန်းတပ်တယ်။ လက်နှိပ်စက်ကနေ ကွန်ပြူတာဖြစ်သွားတာပဲရှိ၏ (ဒါလဲ တရုံးလုံး မဖြစ်နော်)။ အဲဒီ ပေးလိုက်တဲ့ အထောက်အပံ့သည် ရည်ရွယ်ချက် မြောက်ပါသလား။ မရှိခဲ့လို့ စနစ်ကြီး ချို့ယွင်းရပါတယ် အပြစ်တင်မလား။ ဘယ်အချက်က စနစ်ပျက်ဆီးစေတာလဲ..။ ကြည့်လျင် မြင်ပါတယ်။
    ပြန်ချုပ်လျင် စစ်ပွဲဦးဆောင် တိုက်နေတဲ့ သေနာပတိကို ငါတကော မကောအောင်၊ အမှားဆက်တိုက် မလုပ်အောင်၊ မမှားသင့်တဲ့အမှား မဖြစ်အောင်သာ ကျန်စစ်ဗိုလ်များ ဝိုင်းဝန်းထောက်မ အကြံပေးရမှာ.. လိုအပ်လျင် ဝေဖန်သမှု ပြုရမှာ။ စစ်ပွဲတောက်လျောက်ရှုံးနေလျင် လူစားလဲသင့်လဲရမှာ..။ အချိန်မတိုင်ခင် တိုက်ပွဲအချို့မှာ ဆုံးရှုံးနစ်နာ များယွင်းခဲ့တာကို အကြောင်းပြ စွဲချက်တင်မည်ဆိုလျင် ဖင်မနိုင်ဘဲ ပဲဟင်းစားနှင့် တူလိမ့်မည်။ ငါကွ…

  • Mလုလင်

    August 25, 2014 at 2:04 am

    လူကြီးတွေကြားထဲ ပဲကြီးလှော်ဝင်နှိုက်ပါမယ်။အခု အချိန်က ပုဂ္ဂိုလ်ရေး မကျေနပ်မှု တွေကို ဘေးဖယ်ထားရမယ့် အချိန်ပါ။ ကမ္ဘာမီးလောင် သားတောင်ချနင်း ဆိုသလို နိုင်ငံရေး လောကမှာ (ရှင်ဘုရင် ခောတ်ထဲကစ အခုထိ) ဘယ်လိုမှ တွေးယူလို့ မရတဲ့ ရာဇဝတ်မှုတွေ ဖြစ်ခဲ့ပြီး၊ ဖြစ်နေ ဖြစ်လတ္တံ ဆိုတာ လက်ခံရမှာပါ။ 2015 မှာ ဒီချုပ် က နေရာ တော်တော် များများ မှာ နိုင်မှာပါ။ အဲ့ဒီ့ အတွက် ဒီချုပ် က အဆင်သင့် ပြင်ဆင် ထားရမှာ ဖြစ်သလို . . . ပြည်သူတွေဘက်ကလဲ . . ကိုယ့်ဘာသာကို ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ အခု အခြေအနေ အရ အုပ်ချုပ်ရေးနယ်ပယ် နဲ့ တရားဥပဒေ စိုးမိုးရေး နယ်ပယ် မှာ စိန်ခေါ်မှု တွေ ကြုံနေကြတာ လဲ တထောကြီးပါပဲ . . လတ်တလော Master sport စက်ရုံက လုပ်သားပြသနာ ကိုပဲ ကြည့် ထွက်ပြေးသွားတဲ့သူဋ္ဌေးလဲ ပျောက် ရာချီတဲ့အလုပ်သမား တွေလဲ ထမင်းအိုးကွဲ . . ဝန်ကြီးက အဆင်ပြေ အောင်လုပ်ပေးမယ် ဆိုသော်လည်း . . . . . . အဲဒါမျိုးက နိုင်တဲ့ လုပ်ငန်းရှင် ကို လည်ပင်းညစ်ရမယ့် အကွက် မျိုး . . . ။ ထားပါတော့ ဒါက တပိုင်း . . . .။ ပြောချင်တာက အောက်ခြေ ပိုင်း မှာ စိန်ခေါ်မှု တွေ တင်းကြမ်း ဖြစ်နေတယ်။ အပေါ် နဲ့ အလယ် ၊ အလယ်နဲ့ အောက်၊ အပေါ် နဲ့ အောက်၊ ပြည်တွင်း နဲ့ ပြည်ပ၊ စည်းတွင်း နဲ့ စည်းပ၊ အမှောင်ထဲ နဲ့ အလင်း နားလည်မှု တွေ လွဲ လို့ ကောင်းနေပါတယ်။ အခုချိန် ထိပါ။ ဒီချုပ် နိုင် သွားရင် အမတ်အများစုက လွှတ်တော် ထဲ ရောက်သွားမှာ . . . အဲ့အခါကျ အလယ် နဲ့ အောက် ကို ဘယ်လို များ ထိန်းကျောင်းမလဲ . . ဆိုတာကို တော့ တော်တော် စိတ်ဝင်စား မိတယ်။ အနာခံ မှ အသာစံ ၊ နေရိပ် အလာ နေပူကဆောင့် တို့ ဆိုတဲ့ စကားပုံတွေကို သာ ကြိတ်ကြိတ်ပြီး လေးစား မိနေပါတယ် . . . . ။

    • ဦးကြောင်ကြီး

      August 25, 2014 at 2:44 am

      သက်ပစ် သပ်ပစ်…

  • ဦးဦးပါလေရာ

    August 25, 2014 at 6:27 am

    .အပြင်ပန်း အနေနဲ့တော့ –
    .ဒီပိုစ့်လေးထဲမှာ ဒေါ်စုအပေါ် ကိုယ့်အမြင်အသီးသီး လွတ်လွတ်လပ်လပ် .ထုတ်ပြောလာတာတွေ့လို့ ကျုပ်လဲ ဝင် ဆွမ်းကြီးလောင်းတာပါ..။
    .အဲ…
    .အဲသလို မြင်တဲ့လူကလဲ အဲသလိုမြင်ပေါ့ ….
    .ဒါထက်ပိုမြင်တဲ့သူကလဲ …. မြင်ပေါ့ ….. နော ..
    .=.=.=.=.=.=.=.=.=.

    .ကျုပ်ကတော့ ဒေါ်စုကို ချစ်လို့မဟုတ်ပါဘူး…..
    .ကျုပ်ဒေါ်စုကို ထောက်ခံတာက ကိုယ့်ကိုယ်ကို ချစ်လို့
    .ကိုယ့် ဆွေမျိုးသားချင်း နောင်လာနောက်သားတွေကို ချစ်လို့
    .သူတို့အတွက် ဒေါ်စုရဲ့ (အား) ကို သုံးချချင်လို့ပါ…….။
    .=.=.=.=.=.=.=..=.=.=.=.=.=.=.
    .အစ က စ ပြောရရင် …..
    .၈၈၈၈ မှာ ဒေါ်စု ပါလာတော့
    .ဒီအမျိုးသမီး ဘာမှန်း လုံးလုံးမသိပဲနဲ့ကို အားတက်သရော သဘောကျ သွားတယ်..။
    .အဲဒီအချိန်မှာက အဲသည်အမျိုးသမီးဘာပဲဖြစ်ဖြစ် အဓိက က
    .ဗို်လ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ ….
    .လူများစုရဲ့ ထောက်ခံမှု့ကို လွယ်လွယ်ရနိုင်တဲ့ သူ မို့လို့ ….။
    .အဲဒီတုန်းက လူတိုင်းက နိုင်ငံရေးသမား….
    .အုပ်စု အုပ်စု လေးတွေဆိုတာ ပွစိ ကို ခတ်… လို့ ..
    .အဲဒါကို NLD ဆိုပြီး ဆွဲစေ့နိုင်လိုက်တော့ စိတ်ထဲက အောင်မှတ်ပေးမိတယ်…။
    .အဲဒါ လွယ်တယ် မမှတ်ပါနဲ့ …..
    .တယောက်နဲ့တယောက် သတ်မယ့်ဖြတ်မယ့် သူတွေ တစ်ယောက်အကဲ .တစ်ယောက်စောင့်ကြည့်နေသူတွေ ကို ရအောင် စုစည်းရတာပါ..။ စကားလေး တစ်ခွန်းမှားရင် .အကြည့်လေး တစ်ချက်မှားရင် မျက်နှာထားလေး တစ်ခါမှားရင် ကွဲထွက် ပဲ့ထွက်မယ့် သူတွေ .အုပ်စုတွေ ချည်းပါ။
    .(မန်းဂဇက်နဲ့ တော်တော်တူပါတယ်.. မြန်မာဆန်ဆန်ပေါ့ ):mrgreen:
    .အဲလို စု ထား နိုင်တော့ ဘာဖြစ်သလဲ…
    .သူများ ကောက်မစားနိုင်တော့ ကောက်စားစရာမရှိတော့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သတ်သတ် နိုင်ပါတယ်။
    .ကောင်းပါပြီ… ဂုဏ်ထူးမှတ် ပေးပါတယ်…။
    .အဲသည်မှာ စစ်အုပ်စုက ညစ်ပါတယ်…။ အဲဒါဘာဖြစ်သလဲ…။ သူတို့ ညစ်ကို ညစ်မယ်ဆိုတာ အစကတည်းက တွက်ထားရမှာ..။
    .ဒါပေမယ့်စစ်အုပ်စုကို ဒေါ်စု လျော့တွက်တယ်..။ ဆရာမောင်သော်ကရဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး ကွန်ဖရန်တေးရှင်း သွားလုပ်တယ်…။ ဟိုကောင်တွေက ထောင်ထဲ ကောက်ထည့်လိုက်တယ်…။
    .ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲမယ်ဆိုပြီး ညောင်နှစ်ပင်မှာ အယောင်ပြတော့ တဖြေးဖြေးနဲ့ ဥပဒေ ပုံပေါ်ခါနီးလာတယ်…
    .အဲဒါ ပျက်အောင် ဒေါ်စုကို ပြန်လွှတ်ပေးလိုက်တယ်……
    .ဒေါ်စုက သူ့ NLD ကို ညောင်နှစ်ပင်ကနေ ဆွဲထုတ်သွားတယ်…
    .ပြီးပါလေရော…….
    .သူမကိုု အမှတ် ပြန်လျှော့ မိတယ်…။
    .သူမ ဒီနိုင်ငံ ဒီစစ်တပ်နဲ့ ဒီလူထု ကို နားမလည်သေးဘူး…….။
    .နောက်ထပ် ဆယ်နှစ် ထပ်ကြာသွားတယ်…..။
    .ခြေဥ အတည်ပြုပြီးမှ သူမကို ပြန်လွှတ် တယ်…
    .အချိန်ကိုက် ထောင်ခြောက်ဆင်ထားတာတွေကို ဒီတစ်ခါမှာတော့ ရှောင်လိုက်နိုင်တယ်…။
    .လက်ပံတောင်းမှာ ဝင်ရှုပ်မိတာရယ် ၊ ရခိုင်အရေးမှာ စကားမှားမိတာရယ် ကလွဲရင်
    .သိပ်ဆိုးဆိုးဝါးဝါး မမှားသေးဘူး…။
    .အခုဒေါ်စုဟာ အရင်ဒေါ်စုမဟုတ်တော့ပါဘူး…..
    .ဒီတိုင်းပြည်ကို ဒီနိုင်ငံရေးကို ဂုဏ်ထူးထွက်လောက်အောင် နားလည်သွားပါပြီ….
    .အခု ၄၃၆ ပြင်ဖို့လုပ်တယ်..
    .အဲဒါ သူမအတွက်မဟုတ်ပါဘူး…
    .နိုင်ငံရဲ့အနာဂတ်အတွက် နိုင်ငံသားအားလုံးအတွက်ပါ။
    .အခုမှ ဒီမိုကရေစီအတွက် ပထမဆုံး တံခါးပါ…..
    .အဲဒါကို ခြေပစ်လက်ပစ် ထောက်ခံတယ်။
    .၅၉(စ) ပြင်ဖို့လုပ်တာတော့ သိပ်သဘောကျလှတယ်မဟုတ်ပါဘူး……
    .အချိန်မကျသေးဘူး လို့ပဲ ထင်တယ်…..
    .သူမကိုလဲ ဒီတစ်ခေါက်မှာ သမတ သို့မဟုတ် ဒုသမတ မဖြစ်စေချင်ပါဘူး….
    .စစ်သားတွေနဲ့ စစ်ထွက်တွေချည်း နေရာတကာ နေရာယူထားတဲ့အခြေအနေမှာ
    .ဥပဒေစိုးမိုးမှု့ အင်မတန်လျော့လျဲအောင် တမင်လုပ်ထားတဲ့အခြေအနေမှာ
    .သမတ / ဒု သမတ ဟာ ဘာမှ ထိထိရောက်ရောက် လုပ်နိုင်စရာမရှိပါဘူး…။
    .တိုင်းပြည်အတွက် ပိုထိထိရောက်ရောက်လုပ်နိုင်မယ့် အတိုက်အခံခေါင်းဆောင် ပဲ ဖြစ်စေချင်တယ်။
    .အစိုးရရဲ့ လိုအပ်ချက်တွေ ၊ အားနည်းချက်တွေ၊ အမှားအယွင်းတွေ ၊ အဂတိလိုက်စားမှု့တွေ၊ မတရားမမျှတမှု့တွေ၊ …….
    .အဲဒါတွေကို မျက်ခြေမပြတ် ထောက်ပြ၊ ပြုပြင်ပေးနေမယ့်၊ အတို်က်အခံအဖြစ်က .တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်…..။
    .=.=.=.=.=.=.=.=.=.=.=.=.=.=.=.
    .ဟို တစ်လောက သူငယ်ချင်းတစ်ချို့ဆုံမိတုန်း
    .ပြောဖြစ်တဲ့ စကားလေး ပြန်သတိရမိတယ်..
    .(ဟေ့.. ဟေ့.. ဒီမှာ….
    .၂၀၁၆ မှာ အစိုးရတစ်ဖွဲ့လုံး NLD ဖြစ်သွားတယ်ထားဦး…
    .ဘာမှ လုပ် မရသေးဘူး….။
    .လုပ်မရသေးတဲ့အတူတူ NLD က အစိုးရတဖွဲ့လုံးမလုပ်ပဲ
    .ခွဲဝေလုပ်ရင် – ပိုအလုပ်လုပ်လို့ကောင်းမယ်…)

    .တိုင်းပြည်တခု ဒီလောက် ဆိုးဆိုးဝါးဝါး နိမ့်ကျ နေချိန်မှာ
    .ပြန်ပြုပြင်ချင်ရင်
    .အစ က စ ရမှာဖြစ်ပါတယ်…..။
    .အချိန်ယူရမှာ ဖြစ်ပါတယ်….။
    .အစ ကို သိဖို့ လိုပါတယ်……။
    .=.=.=.=.=.=.=.=.
    .၁၉၄၈ လွတ်လပ်ရေးရကတည်းက
    .ဒီနိုင်ငံလေးခမျာ ဖြစ်လိုက်တဲ့ ရောဂါတွေ အသည်းအသန်ချည်းပဲ…..
    .အခုတော့ မီးစာကုန်လု ဆီခမ်း လု ဖြစ်နေပြီ…
    .ယဲ့ ယဲ့ ပဲ ကျန်တော့တယ်….

    .ရောဂါလက္ခဏာတွေကိုရော ရောဂါဇစ်မြစ်ကိုရော
    .တပြိုင်နက် ကုမှ ရမယ်…..။
    .ရောဂါလက္ခဏာတွေကို သိလွယ်မြင်လွယ်ပါတယ်….
    .ဒီလောက် ဆိုးဝါး စုတ်ပြတ် ဒုက္ခများ နေတာပဲ .. ကို…..

    .ရောဂါဇစ်မြစ်ကိုတော့ တော်ရုံသမားတော်က မြင်နိုင်ခဲတယ်……..
    .သူမကတော့ မြင်လိုက်ပုံရပါတယ်……
    .ဘာတဲ့ …..
    .ဒုတိယ …. ဘာ ဆိုလား………………………။

    .(ဒီတချက်ထဲနဲ့တင် တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်သင့်ပါတယ်…)

    • ဇီဇီ ခင်ဇော် (15102012)

      August 25, 2014 at 6:35 am

      Bravo…!!!!!! U U Par…!!!
      :s:

    • ဦးကြောင်ကြီး

      August 25, 2014 at 7:55 am

      ဘွားဒေါ်ဂျီးတက်လဲ သူ့ပထမ သက်တမ်းမှာ ထိထိရောက်ရောက် လုပ်နိုင်မြီမထင် ဆိုတဲ့အမြင် သဘောတူပါတယ်။ အာဏာရှင်စနစ်ကနေ ပြုပြင်ပြောင်းလဲရေး လုပ်သွားတဲ့ နိုင်ငံတိုင်း၊ သိပ်ပေါ်ပြူလာ ဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင် အာဏာရသွားတဲ့ အခါတိုင်း အဲဒီပုံစံရှိတယ်။ လူထုက သိပ်မျှော်လင့်ချက်ထားတယ်ဗျာ၊ တဖက်မှာ တိုင်းပြည်အခြေအနေက သိပ်ဆိုးတယ်.. အဲဒမှာ ကွာဟချက် သိပ်ကြီးသွားပြီး လိုက်မဖြည့်နိုင်ဇြစ်တယ်။ ဘွားဒေါ်တက်လဲ ဂလိုဖြစ်မှာပဲ.. ပထမသက်တမ်းမှာ ဂရုတ်ဂယက်တွေဖြစ် ဒုတိယ ရွေးကောက်ပွဲကြတော့ ကွဲကြပြဲဂျ၊ လူသစ်တွေပေါ်လာ၊ လူဟောင်းထဲက လူတော်တွေထွက်လာ.. လူထုအတွက် ရွေးချယ်စရာ အသစ်တွေနဲ့ အာဏှာရပါတီ အန်အယ်ဒီကို ဝိုင်းသမရမှာ။ အဲဒါမှာ သီအိုရီဂုရုတွေပြောတဲ့ brain storming ဥနှောက်မုန်တိုင်း တိုက်မှာပေါ့။ ဘွားဒေါ်အသက်အရွယ်အရ နောက်ထပ်ငါးနှစ် မစောင့်သင့်တော့ဗူး။ လမ်းအသစ်မှာ ကျင့်သားရဖို့ လူထုလက်ခံတဲ့ ခေါင်းဇောင် ကနဦးမှာ လိုကိုလိုတယ်။ ဒါမှ လူထုကလဲ ဘွားဒေါ်နဲ့ နိုင်ငံရေးသမားတွေကို အကဲဖြတ်ခွင့်ရမည်။ ခုတော့ ဖြစ်စဉ် အချိန်ကိုက် လွဲနေပြီ။ လာမည့် သက်တမ်းမှာ လူထုခေါင်းဆောင်တွေ အာဏာမရလျင်၊ စစ်ကောင်တွေကို မထိန်းချုပ်နိုင်လျင် ဒီမိုဆိုတာ မမျှော်နဲ့တော့ဗျု့ိ.. အခွင့်အရေးဆိုတာ အခါခါမလာဗူး..။

    • ဝင့်ပြုံးမြင့်

      August 25, 2014 at 10:03 am

      ဦးပါ ကျမပြောတဲ့ ရောဂါ လက်ခဏာဆိုတာ မြင်သာထင်သာတဲ့ ဟာတွေကို ပြောတာ မဟုတ်ဘူး။ ဆင်းရဲတာတွေ၊ ပညာရေးညံ့တာတွေ။ ဥပဒေမဲ့ကိစ္စတွေ အဲဒါတွေကို ပြောတာမဟုတ်ဘူး။ ideology ပိုင်းကို ပြောတာပါ။ ဥပမာ အခုလောလောဆယ် ကမာ္ဘမှာ တစ်ပါတီအာဏာရှင်စနစ် အပီပြင်ဆုံးဟာ မြောက်ကိုရီးယားပါ။ မြောက်ကိုရီးယားမှာ mandatory marriage ကိစ္စရှိတယ်။ မြန်မာမှာလည်း ဒီသဘောသွားမျိုးပဲ။ မြောက်ကိုရီးယားမှာ no canine ကိစ္စရှိတယ်။ မြန်မာမှာလည်း no beef အဲဒါမျိုးတွေ ရှိတယ်။
      မြောက်ကိုရိးယားမှာ ဝမ်းဆန်း ကိစ္စရှိတယ်။ ဒါ မြန်မာနဲ့ သဘောသွားတူတယ်။ အဲဒါမျိုးကို ပြောတာပါ။

  • Mr. MarGa (12512)

    August 25, 2014 at 9:41 am

    နေရာတကာ လူကြီးဟန်ဆောင်လာသမျှ ဒီနေရာမှာ အသာခွာချလို့ ကလေးပြန်လုပ်လိုက်ပါဦးမယ် (မသိတာတွေပဲဖြစ်နေလို့)
    ဟိုဘက်အမြင် ဒီဘက်အမြင်တွေ တစ်ထိုင်တည်းမှာ တွေ့ရလို့ ကျနော် တွေးစရာလေးတွေ ရသွားတယ်ဗျ
    အဲဒါကြောင့် နောက်ထပ် လာမယ့် ကွန်မန့်တွေ ဖတ်ဖို့ နိုတီလာယူတာပါ….

  • thit min

    August 25, 2014 at 3:19 pm

    တခြားရှုထောင့်တွေကနေ တွေးလိုက်မိလို့ နဲနဲဝင်ပြီး တို့ထိပါရစေ။
    စိတ်ဝင်စားစရာလို့ ထင်သွားမိတာက…
    ဒေါ်စုက “မ ပေးနဲ့ ..ပိတ်ဆို့လိုက်ပါ”
    ဆိုတိုင်း လိုက်လုပ် တာဘဲ လား?
    လိုက်လုပ်တယ်ဆိုရင် လဲ
    လိုက်လုပ် တဲ့ အဲဒီနိုင် ငံက တာဝန်
    ရှိ သူ တွေ ရဲ့ ဆင်ခြင် တုံတရား။
    တွေးခေါ်နိုင်မှု စွမ်းရည်။

    အကျိုးအကြောင်း..လေးတောင် မစဉ်းစားဘဲ..ဒေါ်စု ပိတ်ဆိုပိတ် မပေးနဲ့ဆို မပေးဘဲ နေသတဲ့လား..။
    နောက်တခုက ဂျပန်ဆိုလို့ ဂျပန်က မြန်မာပြည် မှာ လူ့အခွင့်အ ရေးတွေ ချိုးဖောက်တယ် ဘာညာနဲ့ နိုင်ငံတော်တော်များများက အကူအညီတွေ နောက်ဆုတ် သွားချိန်မှာတောင် လူသားချင်းစာနာတဲ့ကူညီမှု ဆိုပြီး တောက်လျောက် အကူအညီပေးခဲ့တဲ့နိုင် ငံတခုပါ။
    မဆလ ဂျပန်လို့တောင် နာမည်ပြောင်ခေါ်ခဲ့ဘူးပါရဲ့။
    အဲဒီလို ရပ်တည်ခဲ့တဲ့ နိုင် ငံ။
    အဲဒီလိုနိုင်ငံက ငြင်းတယ်ဆိုတော့.လေ…။
    ပြီးတော့ ထိတွေ့ဆက်ဆံခဲ့ရသလောက်
    ဂျပန်လူမျိုးဟာအရေးကြီးတဲ့ ကိစ္စတိုင်း
    အရေးကြီးတဲ့ ဆုံးဖြတ်ချက်တိုင်းကို တခြားလူ ပြောတိုင်း လက်မခံပါဘူး။
    အသေအခြာစစ်ဆေးပြီး မှ ဆုံးဖြတ်လေ့ရှိပါတယ်။
    ဘာရယ်မဟုတ်ပါ ဘူး နာဂစ်မှာဝေတဲ့…နိုင်ငံခြားက အထောက်အပံ့ပေးတဲ့ “အဆာခံ ဘီစကစ်တွေ”.ဘယ်ရောက် ကုန်လဲ မင်းသိလား လို့ မေးဘူးတဲ့ ..သူငယ်ချင်းတ ယောက် ကို သတိရ နေတုန်း မန်းဂေဇက်.ဝင် အကြည့် တွေ့လိုက်ရတာ တန်းဖတ် တွေးမိတာ ကောက်ရေး
    ကွန်မန့် ပေးပါသည်……..ပေါ့ဗျာ။
    (ကို ဌက်ကတော့ “အမှန်ကို မြင်နိုင်လိမ့်မယ်အဖြူရောင် အကျင်္ီအောက်မှာ နာကျင် ညစ်ထေး စွန်းပေသော ဘဝ တခု ရှိနေတယ်…)
    ဪ..အဖြူရောင်အကျင်္ီ…တွေ တွေ့တိုင်း…???
    အားလုံးကို လေးစားစွာဖြင့်..။

  • အိမ်လွမ်းသူ

    August 25, 2014 at 4:18 pm

    ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတဲ့ လူတစ်ယောက်ရဲ့ နိုင်ငံရေးအမြင်ဟာ သူ့ရဲ့ ကိုယ်ပိုင်လူမှူ့ဘဝ အကျိုးစီးပွါး နဲ့တိုက်ရိုက် ပတ်သက်နေတယ်ဆိုတဲ့ အယူအစကို လုံးဝလက်ခံသွားပြီးဗျာ။ အစိုးရအရာရှိကြီး ရဲ့ ကတော် အဒေါ်တစ်ယောက်လဲ့ ဒေါ်စုကို သိပ်မုန်းတာပဲတဲ့ ဘာဖြစ်လို့လဲဆိုတော့ သူ့ ယောက်ကျား လုပ်ငန်းအတွက် ဘတ်ဂျတ်တောင်းကတာ အရင်ခတ်ကလောက် မလွဲတော့လို့တဲ့။ မှတ်သားလောက်တယ်။

  • ကျောက်စိမ်း တိန်ညင်

    August 25, 2014 at 4:45 pm

    ပို့စ်လည်း ဂွတ်
    ကွန်းမင့်တွေလည်း ဂွတ်
    ဝင်ပြောလို့တော့ မရဲသေးဘူး

    ကျော်ကတော့ နောင်တက်လာမဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာများ ကောင်းပါစေလို့ စိတ်ကူးယဉ်ပါတယ်

  • Iris

    August 25, 2014 at 8:44 pm

     ​ဒေါ်​အောင်​ဆန်​းစုကြည်​ကို ​လေးစားအားကျ တာက ´Professional´ ဆန်​လွန်​းလို့ရင်​. စကား​ပြောတာ သတိရှိလွန်​းလို့ရယ်​။ သူ့​အောက်​ကသူတစ်​ချို့ ​အမှား​တွေ အကုန်​ တာဝန်​​ယူရမယ်​ဆိုတဲ့အ​တွေးမျိူးဟာမှားတယ်​လို့သတ်​မှတ်​ချင်​တယ်​။များ​​​သောအားဖြင်​့ အဖွဲ့အစည်​းနဲ့အလုပ်​လုပ်​တဲ့အခါ ​ခေါင်​း​ဆောင်​ကိုသိပ်​အားကိုးလွန်​းတယ်​။ ကိုယ်​လုပ်​ရမဲ့အပိုင်​းကို အပြည်​့အဝတာဝန်​ယူမယ်ဆိုတဲ့သူရှါးတယ်။ ​​​ပြသနာတစ်​ခုခုတက်​တဲ့အခါ ​ခေါင်​း​ဆောင်​​ဖြေရှင်​းလိမ်​့မယ်​ဆိုပြီး လွယ်​လွယ်​​တွေးပြီးလုပ်​ကြတယ်​။ ကိုယ်​့ရဲ့လုပ်​ရည်​ကိုင်​ရည်​နဲ့ တာဝန်​သိမှုဆိုတာကို​မေ့​လျှော့​နေကြတယ်​။ Team work မှာ​ခေါင်​း​ဆောင်​​ကောင်​းဖို့ချည်​းမဖြစ်​သင့်​ဘူး။ ​ဒေါ်​စု​ကြောင်​့. ​ဒေါ်စုသာ တာဝန်​ယူရမယ်​ဆိုတာကြီးက​တော့….

  • kai

    August 26, 2014 at 2:34 pm

    ကောင်းတယ်ဗျို့…
    တခုပဲ..။
    “အများပြည်သူ သဘောမတူတဲ့ အမိန့် အာဏာဟူသမျှ တာဝန် အရ ဖီဆန်ကြ”
    က.. ဦးဝင်တင်ရဲ့အာဘော်လို့.. သိထားတာပါ…
    “အမိန့် အာဏာဟူသမျှ တာဝန် အရ ဖီဆန်ကြ” လုံးဝမဟုတ်ပါကြောင်း… ရှေ့မှာ… “အများပြည်သူသဘောမတူတဲ့” ဆိုတာကြီးတွဲပါနေပါတယ်…ရယ်လို့..။

    အဟမ်း..
    ကျုပ်ကတော့.. ခုတလော.. ဗိုလ်ချုပ်အောင်ဆန်းလေသံဖမ်းပြောရရင်..
    မြန်မာတွေ.. ကွန်ဆာဗေးတစ်အတွေးအခေါ်တွေမပြောင်းနိုင်သမျှ… လက်ဆယ်ချောင်းနဲ့.. ၃ခါ..၄ခါ..

    အတွေးအခေါ်တို့၏.. အထွဋ်သည်… ဘာသာရေး..
    ဟေး..ဟေး..။

    ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲဆိုတာ ကျွန်တော်ပြောချင်တယ်။
    (ဗိုလ်ချုပ်အောင်ဆန်း။ ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန် မြို့တော်ခမ်းမ)

  • ရွှေညာသား

    August 26, 2014 at 11:31 pm

    အဟဲ အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်…
    ခက်တာက ကျွန်တော်ပြောတဲ့အထဲမှာ .. ကျွန်တော့်အမြင်အမှန်လို့
    မပြောခဲ့ဘူးနော်…
    ကျွန်တော့်ခံစားချက်ကို ပဲ ပြောခဲ့တာ…
    လေးလေးစားစား နဲ့ ကျွန်တော်မှားချင်လည်း မှားမယ်လို့ပြောခဲ့တယ်နော်…..
    တစ်ခုပဲကျွန်တော်ပြောမယ်…
    မှားကောင်းမှားနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် …
    အတင်းကြီး ဒါမှမှန်တယ်ဆိုပြီးရန်လုပ်သံတွေပါလာသလိုပဲ…
    ကျွန်တော်သက်သေပြတာပါ..
    အားလုံးရင့်ကျက်ဖို့လိုပါတယ်..
    ကျွန်တော်အပါအဝင်ပေါ့…
    နောက်ဆုံး… အလင်းဆက်လေးကိုပြောရေးရေးနေတဲ့ Post မှာတောင် ညှီတယ်တွေ
    ခါးအောက်ပိုင်းစာတွေစသဖြင့်ရော…
    နေရာမရတာတွေရော..စုံလာတယ်..
    (၁) ကနေ (၃) အထိ ဒီလိုစာတွေကြည့်ပဲလားလို့ ဖတ်ပြီးကြပြီလား….
    အဲ့ဒါမရင့်ကျက်သေးတာပါ..
    မှန်ပါတယ်.. ကျွန်တော်လည်း မရင့်ကျက်ပါဘူး…
    သို့သော် .. မရိုင်းစိုင်းပါဘူး…
    ဒီတော့ နှုတ်ဆက်ရင်းနဲ့ ရွာပြင်ပြန်ထွက်ပါတယ်….
    အလင်းဆက်သို့ ဒီ Comments လေးကို ပေးပေးပါ..

    ညီလေး အလင်းဆက်သို့

    အကို့အနေနဲ့ အတတ်နိုင်ဆုံး Post တွေမှာ ရေးသားခဲ့ပြီးပေမယ့်
    အမြင်မတူတာ ပြောမိတော့ ငါနဲ့မတူ ငါ့ရန်သူ ဘဝရောက်သွားတယ်..
    ဒီတော့ ညီရေ … ရွာထဲမှာ ဒီမိုကရေစီတောင် မတည်ဆောက်နိုင်မှတော့
    တစ်နိုင်ငံလုံးဆိုတော့လည်း ဝေးပါသေးရဲ့ကွာ…
    ပြောချင်တာက …
    အကိုဖန်တီးတဲ့ စာတွေက ရယ်စရာတွေ .. ပျော်စရာ.. ကလေးကဗျာ…ဆိုပေမယ့်
    အချို့သော သူတွေကတော့ အမြင်မတူတာနဲ့တင်
    ပုတ်ခတ်မယ် ….ဆဲမယ်… ကိုယ့်အဆင့်အတန်းနဲ့ မညီတဲ့ …
    Comments တွေပေးလေ့ပေးထရှိကြတာကြောင့် စိတ်မကောင်းစွာပဲ ရွာအပြင်ခဏထွက်ပါမယ်…

    ညီလေးရေ … Post တွေကို ခေတ္တရပ်နားထားမယ်ကွာ…
    စိတ်တော့မကောင်းပါဘူး…..
    လွတ်လပ်မှု့ဆိုတဲ့ အရာမှာ ကိုယ်မြင်ချင်တာကို မြင်ခွင့်ရှိပါတယ်…
    အဲဒီ့အမြင်မှားချင်လည်းမှားမှာပေါ့…
    အကိုရေးခဲ့သမျှတွေမှာ အကိုကြည့်မှန်ပါတယ်ပြောရင် အပြစ်တင်ပါ..
    သို့သော် အမြင်မတူတာနဲ့တင် အကိုမှားတယ်မပြောနဲ့နော်….
    သို့သော် .. မရဘူး ဒီအတိုင်းပဲ မြင်ဆိုရင် … အဲသူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်သွားပြီပေါ့….
    အကို ဒီစာရေးတာ …. ခါးအောက်ပိုင်းကမတတ်ဘူးဆိုတဲ့ .. အဆင့်မရှိတဲ့ Comments
    တစ်ခုကြောင့် …. စိတ်မကောင်းစွာပဲ ရပ်နားထားလိုက်ပါတယ်…..
    နောက်များမှ စိတ်ပါလာရင် .. ဝင်ဆက်ရေးတာပေါ့…
    အဲပြောချင်တာက .. ညီ့ Email လေးနဲ့ Phone နံပတ်လေး Comments မှာရေးထားခဲ့ပါလို့
    အကိုပို့ပေးရမယ့် စာလေးရှိနေလို့ပါ…
    ွှ့Thanks ပါညီလေးရေ…………

    • ဦးကြောင်ကြီး

      August 27, 2014 at 8:51 am

      မလွမ်းဗူးဗျာ… ဗျားဖာသာ ဗျားလာ..ရေးချဉ်ယာရေးပီး ပျံတော့မှ ငိုဂျင်းချလို့ ဘယ်သူမှ မသနားဗာ..။ ဒေါ်စု ပထမအကြိမ် နေအိမ်အကျယ်ချုပ်ဘွ ပျံလွတ်ချိန် နိုင်ငံခြားသတင်းဌာန အာင်တာဗျူ းမှာ သူ့ကိုမေးတယ်။ ဗိုလ်စုတ်ကြီးတွေက ပြောသတဲ့.. ကောင်မလေး ရင့်ကျက်လာမည်လို့ မျှော်လင့်ဂျောင်း… အဲဒေါ့ ဘွားဒေါ်က ပြန်ဖြေတယ်.. ဗိုစုတ်တွေလဲ သူ့လိုပဲ ရင့်ကြက်လာမည်လို ဆုတောင်းပါသတဲ့..။ အလားတူပဲ ပရောဂျက်မရလို့ ဒေါကီးနေတဲ့ ယွှေညာသားဂျီးလဲ ခီဗျားဝေဖန်သလို ကိုယ်တိုင်ရင့်ကြက်မှု ပြည့်ဝပါစေလို့…။ တခုတော့ရှိတယ်… သူများ အသုံးမကျ ကွိကွိ ကွကွ ဝေဖန်ချဉ်ရင် ကိုယ့်အိုင်စီစီ ကွန်ပြူတာကျောင်းထွက် ဗွဲ့ရတွေက ကွန်ပြူ တာပညာရှင်ဖြစ်အောင် လုပ်ပြပါဦးလို့.. နို့မို့ရင် ကွန်ပြူတာဗွက်သာရတယ် ရွာထဲက အီးဒုံးဂျီးလို လက်နှိပ်စက်နဲ့ ကီးဘုတ်မခွဲတတ်… တီဗွီနဲ့မော်နီတာ မှားလိုမှား.. မားသာဘုတ်ကို အမေ့လှေလို့ ပြောလိုပြောနဲ့ မြန်တျန့်သိပ်ခါကျဒယ်..။

  • Myo Thant

    August 27, 2014 at 9:25 am

    ကျနော်က NLD ရုံးချုပ် စဖွင့်ကတည်းက အဖွဲ့ဝင်လက်ခံဌာနမှာ လုပ်ခဲ့ပြီး ရုံးချုပ် ရွှေဂုံတိုင် ရွှေ့ရချိန်မှာ ဌာနတာဝန်ခံ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ရသူပါ ၊ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတဲ့ ရုံးချုပ်ရွှေ့ရေးကိုကြည့်ပြီး အတော်ခံစားရတယ် ၊ ခေတ်နည်းနည်းပြန်ကောင်းလာပြီးနောက် ၁၉၉ဝ မေ ၂ရ ရွေးကောက်ပွဲနေ့ ကျနော် ရုံးထဲတောင် ဝင်ခွင့်မရ ၊ ခေတ်ပျက်တုန်းက ဘယ်သွားအိပ်နေမှန်း မသိတဲ့ကောင်က တာဝန်လက်ပတ်နဲ့ပါလား ၊ ခင်ဗျား ဘယ်ကလဲ မဝင်ရဘူးတဲ့ ၊ ဦးလွင်ကို ခေါ်ခိုင်းမှ ပြီးသွားတယ် ၊ နောက်တစ်ခါ ဂန္ဒီခန်းမက ကိစ္စတွေနောက်ပိုင်း အဖမ်းအဆီးကြမ်းလာပြန်တော့ အဲဒီလို မသာကောင်တွေက ဘယ်ပျောက်သွားပြန်တာလဲ ?
    NLD ထဲမှာ အဲသလိုကောင်တွေ ရိုက်သတ်လို့ ကုန်မယ်မထင် ၊
    တစ်ခြား ရေးချင်စရာတွေ အများကြီးရှိပေမယ့်
    ဘာသာရေး နဲ့ နိူင်ငံရေး ဆွေးနွေးရတာဟာ
    အခင်အမင်ပါ ပျက်ရတာ ကိုယ်တွေ့မို့ ဒီလောက်နဲ့ပဲ . . . . .

    • ဦးကြောင်ကြီး

      August 27, 2014 at 9:30 am

      ဦးမျိုးက လုဗောင်မှ မသစ်ခဲ့ဘဲကိုဗျ… ဦးကျောက်စ်ဆို လုဗောင်သစ်တော့ သာမီးလေးနဲ့ အခု ဘယ်လောက် ဟမ်ကျနေသလဲ…။ ခံပေါ့.. အနယ်ဒီတာကိုး.. ရေးပေဦးတော့ လွမ်းဂဗျာ မတေမခြင်း..။

      • Myo Thant

        August 27, 2014 at 9:35 am

        အကောင်းရေးနေတဲ့အချိန်မှာ မနောက်ပါနဲ့ ၊

        • ဦးကြောင်ကြီး

          August 27, 2014 at 11:45 am

          လူသက်ပွဲ ဖြစ်သွားမယ် ဘာမှတ်သလဲ ဟင်း….

Leave a Reply