ခါးမှန်းသိလျှက် မစားစေချင်

ခင္ခAugust 25, 20141min1167

” ခါးမှန်းသိလျှက် မစားစေချင်”

 

ကြာကြာဝါးတော့ ခါးမှန်းသိ
ခါးနေလျှက်မို့ ထွေးထုတ်ပစ်လဲ
မစားမနေ ခိုင်းစေလေတော့
ခါးလျှက်သာဘဲ ဝါးခဲ့ရတယ်
နှစ်ထောင့်ဆယ့်ငါး အဲဒီအခါး
ဆက်မစားရအောင် ဒို့ကြံဆောင်ဖို့
လူတိုင်းအသိ သတိရှိလို့
အစိမ်းကိုရှောင် ပင်နီကိုဆောင်
ရောင်းရင်တို့ရယ် မမေ့နဲ့ကွယ်။

ခင်ခ။

7 comments

  • ခင် ခ

    August 25, 2014 at 12:11 am

    သင့်တိုင်းပြည်ကို သင်ကယ်တင်ရန် သင့်မှာတာဝန်ရှိပါသည်။

  • kyeemite

    August 26, 2014 at 3:05 pm

    .ခုလူတွေမအတော့ပါဘူးကိုခရာ

  • kai

    August 26, 2014 at 3:28 pm

    ၂၀၁၅ နိုင်မှာပါ…။
    နိုင်ရင်သာ.. ဘာလဲဘယ်လဲရွေးသင့်လှတယ်..။

    ဖိလစ်ပင်းက.. ၈၈မတိုင်ခင် ဖြစ်တာမို့.. မြန်မာထက်နည်းနည်းပိုစောတယ်..
    ကိုရာဇမ်အာကွီနိုကို.. သတိထားလေ့လာသင့်တယ်ထင်တာပဲ……

  • alinsett

    August 26, 2014 at 3:45 pm

    အခါးက လူနဲ့ တည့်တယ်ဆို…

    :mrgreen:

    • ခင် ခ

      August 26, 2014 at 4:06 pm

      အလင်းဆက်ရယ် ဒီလိုအခါးက ဆေးဘက်ဝင်မဟုတ်လေတော့ သတိထားစေချင်လို့ပါ။

      • alinsett

        August 26, 2014 at 4:22 pm

        ဒါဆို…ပြောင်းရမယ် ။

        တချို့ အခါးက လူနဲ့ တည့်တယ် ။
        တချို့အခါးက ဆေးဘက်မဝင်လို ့ လူနဲ့မတည့်ဘူး ။

        :mrgreen:

        • ခင် ခ

          August 26, 2014 at 4:34 pm

          ဥပမာ ပေးမယ်
          ငါးပူတင်း သည်းခြေသည် အလွန်ခါးလေ၏
          ငါးပူတင်း အသားနှင့်အရေခွံသည် ချိုစိမ့်သောအရသာရှိ၏
          ခါးသော ငါးပူတင်း၏ သည်းခြေကို မစားထိုက် ဆေးဘက်မဝင်ဘဲ သေစေ၏ ငါးပူတင်း သည်းခြေကို ဖယ်လို့ အသားနှင့်အရေခွံကို စားသင့်ပေ၏။
          ထိုကြောင့် အခါးတိုင်း လူနှင့်တည့်သည်ဟု မမှတ်လေနှင့်တဲ့။
          အဲလို အဲလို ပေါ့ဗျာ။

Leave a Reply