လက်ဖက်ရည်ဆိုင် စကားဝိုင်း…။

black chawAugust 25, 201413min47665

လိုရင်းကိုသာ တန်းပြောပါရစေတော့ ခင်ဗျာ။

ကိုသစ်မင်း နဲ့ ကျွန်တော် တို့ ရွာသားအချို့ တွေ  ့ဖြစ်ကြပါတယ်။

အဲဒီကနေပြီး စကားဝိုင်းလေးတစ်ခု ကို အခုလိုပဲ ဖန်တီးဖြစ်ကြပါတယ်။

ပြောကြဆိုကြတာတွေကို မှတ်တမ်းတင်သူက ကျွန်တော် ဘလက်ချောပါ။

လက်ဖက်ရည်ဆိုင်မှာ ပြောတဲ့ စကားဝိုင်းလေးမို့ တချို့ အမှားအယွင်း အကျအပေါက် လွဲချော်တာတွေရှိခဲ့ရင်

ကျွန်တော့် အားနည်းချက်လို့သာ မှတ်ယူပေးကြပါ။

ဒီစကားဝိုင်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့ အတူ ကြိုးပမ်းခဲ့ကြသော

ကိုသစ်မင်း၊ ကိုပါလေရာ၊ ကိုဆာမိ၊ ကိုဆွေ၊ ကိုဂီ၊ ကိုအမတ်ကြီး၊ မပဒုမ္မာ တို့အားလည်းကောင်း၊

အထူးသဖြင့် သတ်ပုံ ဝိုင်းပြင်ပေးခဲ့သော အစ်မပဒုမ္မာအားလည်းကောင်း၊

ဝင်ရောက်ဆွေးနွေးပြောဆိုပေးခဲ့ကြသော

ကိုသစ်မင်း၊ ကိုလင်းဝေ၊ ကိုဇော်သန့်၊ ကိုနို၊ ကိုပါ၊ ကိုဆာ၊ ကိုမတ်၊ မပဒုမ္မာ၊ မပုချ်၊ ခိုင်ဇာ၊ ဂီဂီ တို့အားလည်းကောင်း

ကျေးဇူးအထူး (အထူး) တင်ရှိပါကြောင်း…။

ကျွန်တော်တို့ ပြောဖြစ်ကြတာလေးတွေက….။

 

ကိုသစ်မင်း

ကျွန်တော်တို့ အခုပြောမယ့် ခေါင်းစဉ်က ဘယ်လိုပြောရမလဲ  Mindset တွေ ချိန်းတာတော့

ကျွန်တော်တို့ရသွားပြီလေ။ ဟုတ်တယ် မဟုတ်လား။

လူဟာ ဒီ…တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကိုယ့်အိမ်မှာပဲ ဒီ….ကိုယ့်မိသားစု ကိုယ့် စီးပွားရေး

ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ဒီ Mindset တွေချိန်းမှ ရမယ်။

ဆိုကြပါစို့ဗျာ။ စီးပွားဖြစ်မယ့် အလုပ်ကိုမလုပ်ပဲနဲ့တော့ စီးပွားမဖြစ်နိုင်ဘူး။ ဟုတ်တယ် မဟုတ်လား။

သေချာတယ်၊ အဲ့တော့ စီးပွားဖြစ်တဲ့ Mindset ကို ချိန်းရမှာပေါ့။

ဆိုတော့ အဲ့ဒိ Mindset ချိန်းတဲ့ ခေါင်းစဉ်အောက်မှာပါပဲ။ ပြောရရင်တော့ ခေါင်းစဉ်အကြီးက အဲ့ဒါပဲ။

ပြီးမှ ဒါက အောက်ကအခွဲလေးတွေပေါ့။

အဲ့လို Mindset ချိန်းတာကို အောင်မြင်အောင် ဘယ်လိုလုပ်သင့်သလဲပေါ့။

အဲ့ဒါကို သွားတဲ့ နေရာမှာ ဟိုအရင်တုန်းကတော့ IQ တို့ဘာတို့ပေါ့နော် IQ မြင့်တဲ့သူပေါ့။

နောက်ထပ်ထပ်ပြီးတော့ EQ မြင့်တဲ့သူပေါ့။ နှလုံးရည်ကောင်းတဲ့သူပေါ့။ အခုအဲဒါထက်ပိုပြီးတော့

ကျွန်တော် ဖတ်နေတဲ့ စာအုပ်ထဲမှာ တွေ့တာက ပိုမြင့်တာ SQ တို့ MQ တို့ ပေါ်လာတာပေါ့။

အမှန်တော့ ပြောရရင်တော့ နာမည်တတ်နေတာ။ သူက ရှိပြီးသား။ သူ့ဟာသူကို ရှိပြီးသား

ဆရာတော် ဦးဉာဏိဿရ      တို့ ဟုတ်လား ဆရာတော် ဦးဝိစိတ္တတို့လို ဆရာတော်ကြီးတွေမှာ ဒါတွေက

ရှိပြီးသား။ ဒါ…ကျွန်တော်တို့ကသာလျှင် ကိုယ့်မှာ ရှိလား မရှိလား စစ်ဆေးကြည့်ရမှာ။

အဲ့လို အပိုင်းလေးပေါ့။

ဘယ်လို ခေါ်မလဲဆိုတော့ ကျွန်တော်က ဟိုမှာလုပ်တဲ့ ပုံစံအတိုင်းပေါ့။ ကျွန်တော်တို့ တစ်ခုတစ်ခုကို

လုပ်တိုင်းမှာ Topic ကိုအရင်ရွေးတယ်။ ပြီးရင် Target ကိုစဉ်းစားတယ်။ သူက ဘယ် Target ကိုသွား

မှာလဲ။ ဦးတည်ချက် မရှိပဲ ဆွေးနွေးတာကတော့ ဘာမှ အဓိပ္ပါယ် မရှိဘူး။ အဲဒီ Target ရွေးပြီး အဲဒီ

Target ကိုမှ ကျွန်တော်တို့က ဘယ်လိုပုံစံနဲ့ သွားလဲဆိုတော့ တစ်ယောက်တည်း ကနေပြီးတော့

ပြောသွားတဲ့ ပုံစံထက် အားလုံးကနေပြီးတော့ Debate ပေါ့။ Argue ငြင်းလို့ရတယ်။

အဲဒါကို ငြင်းလို့ရတယ်။ အသစ်ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ ဒီ SQ တွေ MQ တွေ

ထက်ပိုပြီးတဲ့မြင့်တဲ့ Q တစ်ခုခုကိုလည်း ရောက်သွားနိုင်တယ်။

ဒါက ကျွန်တော့် ရည်ရွယ်ချက်။

အဓိကကတော့ ဆိုလိုချင်တာက ဒီ Mindset ချိန်းဖို့ဆိုတာက အကြီး။

ကျွန်တော်တို့ အသေးထဲမှာကျတော့ အဲဒါလေးတွေကို ဘာတွေလုပ်ရမလဲဆိုတဲ့

ရည်ရွယ်ချက်ကလေးတွေ။

ဆိုတော့ ကိုဘလက်က ကျွန်တော့်ကို တိုင်ပင်ထားတာက ဆွေးနွေးပြီးသားကို သူက

ချက်ခြင်းမတင်သေးပဲနဲ့ တခြားလူတွေဆီက ကွန်းမန့်တွေယူပြီးတော့ပေါ့နော် ကျွန်တော်တို့ ဒါတွေ

ဆွေးနွေးထားတယ်။ အဲ့ဒါ သိတ်ကောင်းတယ်။

အဲ့တော့ သူတို့ ကွက်ရှင်တွေလာလည်း ကျွန်တော်တို့ ပြန်ဖြေကြမယ်။ ပြန်ဖြေတဲ့နေရာမှာလည်း

ကျွန်တော်တို့အားလုံး ပေါင်းဖြေမယ်။ ကျွန်တော့် တစ်ယောက်တည်း ဖြေတာမဟုတ်ဘူးပေါ့။

ဆိုတော့ ပြောရလို့ရှိရင် Society ပေါ့နော် လူ့အဖွဲ့အစည်းချင်း မတူတော့ဘူး။

ကျွန်တော် ရန်ကုန်မှာနေခဲ့တဲ့ လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်ကြားထဲမှာ Gap ဖြစ်သွားတာက

၁၆ နှစ် ၁ရနှစ် ပြန်ရောက်လာတဲ့အချိန် လူ့အဖွဲ့အစည်းက မတူတော့ဘူး။

ဆိုတော့ ဒီကြားထဲမှာ ကိုပါ တို့ ကိုဘလက်တို့ရှိနေတဲ့ လူ့အဖွဲ့အစည်း ပုံသဏ္ဍာန်အရလည်း ကျွန်တော်

နားထောင်ကြည့်တယ်။ ဘာသွားတွေ့လဲဆိုတော့ အဲဒါကို ပြန်ပြောရရင် ဉာဏ်ရည်ကောင်းတယ်ပေါ့။

အရင်တုန်းက ဉာဏ်ရည်ကောင်းတဲ့ ကလေးတွေက တော်တယ်ပေါ့နော်။ စာတော်တယ်။

ဒါက ပြောရလို့ရှိရင် ကိုဘလက်တို့ ကျွန်တော်တို့ သိပါတယ် အကုန်လုုံး။

ကျွန်တော်တို့ ကျွန်တော်တို့ ငယ်ငယ်တုန်းက လေးတန်းမှာ ဆရာရိုက်လို့ သေးဖျန်းဖျန်းပါခဲ့တဲ့

ကလေးတစ်ယောက်က အခု ဈေးကြီးတစ်ခုမှာ ဆိုင်တွေ အများကြီးပိုင်နေပြီ ပြောရလို့ရှိရင် သူ့ရဲ့ EQ က

မြင့်တယ်။

စာက ညံ့တာမှ လေးတန်းတောင်မအောင်ဘူး။

ဘယ်လိုလဲဆိုတော့ ဒီကောင်က ငယ်ငယ်လေးကတည်းက မဲနှိုက်တာကအစ

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆီးထုတ်ထဲမှာ ပိုက်ဆံလေးတွေ ထည့်ထားတယ် ကျွန်တော်တို့ကတော့

နှိုက်ဟေ့ နှိုက်ဟေ့ ပေါ့။ မဟုတ်ဘူး ဒီကောင်က အရမ်းစဉ်းစားတယ်။

အရုပ်လေးတွေ ထောင်ပစ်တယ် အရမ်းစဉ်းစားတယ်။

ပြောရရင် နှလုံးရည်ပေါ့နော် တော်တော်မြင့်တယ်ဗျ။ ကျွန်တော်တို့က အဲဒီတုန်းက သတိမထားမိဘူး

ပေါ့နော်။ အခုမှ သူအောင်မြင်နေတော့မှ ဒါ EQ ရဲ့ အခန်းကဏ္ဍ။

ဆိုတော့ EQ က ဘာလဲဆိုတော့ တဲ့ အဓိကက EQ မှာ အချက် ၆ ချက် ရှိတယ်ဗျ။

ဟိုမှာ ခိုင်ဇာလည်း ရေးထားတာရှိပါတယ်။ စိတ်ပညာရှင်တစ်ယောက်က ပြောတာပေါ့။

ဒါပေမယ့် အဓိက အချက်က ကိုုယ့်ရဲ့ ခံစားချက်ကို ထိန်းနိုင်တာ။

ကျွန်တော်တို့ ဆရာဦးဂိုအင်ဂါ ရဲ့ ထောင်တွင်း ဝိပဿနာ ဆိုတဲ့ အခွေလေးရှိတယ်။

သူက အိန္ဒိယမှာ ရှိတဲ့ အဆိုးဆုံးဆိုတဲ့ ထောင်တွေမှာ ဆရာကြီးဦးဂိုအင်ဂါ လိုက်ပြီးတော့

တရားဟောတာ။ ဝိပဿနာ တရား။

လူ ၆ ယောက်ကို တပြိုင်တည်း ဓါးနဲ့ ခုတ်သတ်တဲ့လူသတ်သမား ကို သံကြိုးတွေနဲ့ချည်ပြီးတော့

တရားနာဖို့ခေါ်လာတာ။ ဆရာကြီးက လက်မခံဘူး။

မရဘူးတဲ့။ တရားထိုင်ဖို့ လွတ်လွတ်လပ်လပ်ဖြစ်နေရမယ်တဲ့။ သံကြိုးတွေ ဖြည်ခိုင်းတယ်။

မဟုတ်ဘူး။ ဒီကောင်သိတ်ဆိုးတယ်တဲ့။

အဲဒါ ကျုပ်တာဝန်ယူတယ်တဲ့။ လွှတ်လိုက်ပါတဲ့။

ဆရာကြီးက ဒီလို စိန်ခေါ်ပြီး တော့။

ပြီးတော့ ဆရာကြီးက အရမ်းကိုဆိုးတဲ့လူဆိုးတွေနဲ့ ထောင်ပိုင်နဲ့ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး

ခွဲခါနီးမှာ မျက်ရည်ကျတာ မြင်ဘူးသလား တဲ့။

ပြီးတော့ ဆရာကြီးပြောတဲ့ စကားတစ်ခွန်းက အရမ်းကောင်းတယ်။

အဲ့ဒီစကားက လူ့ဘဝအတွက် အရမ်းအရေးကြီးတယ်။ ထောင်ထဲမှာ ရှိနေတဲ့လူတွေနဲ့ ကျွန်တော်တို့နဲ့

ကြားမှာ တစ်လွှာပဲ ခြားတယ်။ ဘာအလွှာလဲဆိုတော့ သူတို့က သူတို့စိတ်ကို သူတို့လွှတ်ပေး

လိုက်တာ…တဲ့။ ကျွန်တော်တို့က ကျွန်တော်တို့စိတ်ကို ထိန်းထားတာ…တဲ့။

ကျွန်တော်တို့လည်း ဒေါသထွက်တာပဲ။ ကျွန်တော်တို့လည်း စိတ်ထဲမှာ အကြိမ်ကြိမ် သတ်နေတာပဲ

မဟုတ်ဘူးလား။ ဒါပေမယ့် ကျွန်တော်တို့ တကယ်မလုပ်ပါဘူး။

အဲ့တော့ သူတို့က သူတို့စိတ်ကို လွှတ်ပေးလိုက်တော့ သူတို့ လူသတ်မှုဖြစ်တယ်။ ထောင်ကျတယ်။

ရုတ်တရက်ဖြစ်လာတဲ့ စိတ်ခံစားချက်ကို ထိန်းနိုင်တဲ့လူဟာ

ထားပါတော့ဗျာ စီးပွားရေးသမား တစ်ယောက်နဲ့တစ်ယောက် စကားပြောတယ် အဆင်မပြေဘူး။

ကတိပျက်တယ်။ ကတိပျက်ရင်း ပျက်ရင်း ကိုယ်က ဒါပေမယ့် သည်းညည်းခံပြီးလုပ်တယ်။

တစ်ချိန်ကျ သူကောင်းလာရင် ကိုယ် အကျိုးခံစားရမယ်။ သူ ထိန်းနိုင်တယ်။

ကျွန်တော်တို့လို လူမျိုးကျတော့ အဖြောင့်ကျတော့ မရဘူး။

နည်းနည်းလေး ကိုယ့်ကို ဟိုဟာဖြစ်တာနဲ့ မကောင်းချင်တော့ဘူး။

ပေါက်ကွဲလွဲတယ်။

အဲဒါက EQ ရဲ့ value ပဲ။ အဲဒီကောင် ရှိရင် သူက အောင်မြင်တယ်။

 

ကိုအမတ်မင်း

IQ ထက် EQ က ပိုအရေးကြီးတဲ့ သဘောပေါ့။

 

ကိုသစ်မင်း

EQ က အရေးကြီးတယ်။ EQ မှာ ဘာရှိလဲဆိုတော့ ကိုယ့်ဟာကိုယ် အကဲဖြတ်တတ်တယ်။

EQ က။ ဟာ ငါ ဘာဖြစ်နေလဲ။ ကိုယ့်ကိုယ်ကို မှန်လား မှားလား အကဲခတ်တာပေါ့။

နောက်တစ်ခုက ဘာလဲဆိုတော့ ကိုယ့်သိက္ခာကိုယ်ထိန်းတယ်။

ဒါမလုပ်သင့်ဘူး။ မလုပ်ထိုက်ဘူး။ သူတစ်ပါးကိုလည်း စာနာတတ်တယ် သူက။

များသောအားဖြင့် သူက Positive Thinking စဉ်းစားတယ်။

ယုံကြည်မှု တံတားထိုး နိုင်တယ်။

ဥပမာ ကျွန်တော်နဲ့ ကိုဘလက်ထိုင်နေတုန်းမှာ ကျွန်တော့်အပေါ် ကိုဘလက်ရဲ့ ရေနွေးခွက်ကြီး

မှောက်ကျတယ်။

ဟာ…ဒီလူ ငါ့ကို တမင်တကာ လုပ်တာ။ တွေးလို့ရတယ်။

ဟာ…မဟုတ်ပါဘူး။ ဒါ မတော်တဆဖြစ်တာပါ။ အဲ့လို နောက်တစ်မျိုးတွေးလို့ရတယ်။

Negative Thinking နဲ့ကျတော့ ရန်ထဖြစ်ရုံပဲ ရှိတယ်။

EQ သမားက အကောင်းဘက်ကိုပဲ တွေးတယ်။

EQ သမားက မိမိကိုယ်ကိုလည်း ကောင်းအောင်ထားတယ်။ အဓိက အချက်က ရုတ်တရက် ဖြစ်လာတဲ့

စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာပဲ။ ထောင်းကနဲ ဖြစ်လာတဲ့ ဒေါသကို ထိန်းနိုင်တာပဲ။

(မြတ်စွာဘုရားဟောကြားခဲ့တဲ့ အပ္ပမာဒေန သမ္မာဒေထ ဆိုတဲ့

မ မေ့ မ လျော့ မ ပေါ့ မဆ ဆင်ခြင် ကြ လော့.. ။

မြတ်စွာဘုရား ဟောတာ။ အဲဒါ သတိတရားကို ပြောတာ။

ကိုယ့်ရဲ့ စိတ်ဆင်ရိုင်း…၊ စိတ်မြင်းရိုင်း ကို ဇက်ကြိုးသတ်နိုင်တယ်ပေါ့။

ဆိုတော့ သူ့ထက် မြင့်သွားတာကို ကျွန်တော် သွားတွေ့တယ်။

သူက SQ ။ Spiritual quotient.

ဟိုကောင်က EQ အပိုင်းမှာ Self-Evaluation ပေါ့နော်။ ကိုယ့်ဟာကို အကဲဖြတ်တာပေါ့။

SQ ကျတော့ Self-awareness ပေါ့နော်။ အသိတရားရှိတာ။

ဟာ ဒါ…မလုပ်သင့်ဘူး။ ဒါ…လုပ်သင့်တယ်။ ဟာ ဒါကတော့ ငါ မလုပ်လို့မဖြစ်ဘူး

ဟို…ကိုဘလက်ကို ကျွန်တော် တစ်ခါပြောဖူးပါတယ် ကျွန်တော်တို့ စာရိတ္တသီလတို့

ဝါရိတ္တ သီလတို့ လေ။ အဲ…အဲဒါမျိုး။

ဝါရိတ္တသီလက စောင့်ထိန်းရတာ ငါးပါးသီလ။ စာရိတ္တသီလက ကိုယ်လုပ်ရတာ ပရဟိတ။

အဲ့လိုသဘော ဖြစ်နေတယ်။

ပြီးတော့ သူက Flexibility and Adaptability လူတွေနဲ့ လိုက်လျောညီထွေနေနိုင်တယ်

ပျော်ဝင်လွယ်တယ်။ ဟာငါက ပိုက်ဆံရှိတဲ့ကောင် ငါ အလုပ်သမားနဲ့ ပေါင်းစရာမလိုဘူး

ငါ အလုပ်ရှင်ပဲ ငါ အလုပ်သမားနဲ့ ရောစရာမလိုဘူး။ ငါ့အထာနဲ့ ငါနေမှာပေါ့။

အဲ့ဒါ SQ နိမ့်တာ။

ကိုကြီးမိုက် ဆိုရင် သူ့ သားသမီးတွေကို သူငယ်ချင်းပေါင်းပေါင်းတယ်လို့ ပြောပါတယ်။

အဲဒါ SQ မြင့်တာ။ Flexibility and Adaptability သူက ကလေးတွေကို Generation Gap ဆိုတာ

ရှိပေမယ့် သူရောနိုင်တယ်။ နောက်တစ်ခုကျတော့ အဲ့ဒီမှာ ဒုက္ခသုက္ခတွေကိုရင်ဆိုင်ဖြေရှင်းရဲတဲ့

သတ္တိရှိတယ်။

 

ကျွန်တော်တို့ လောကဓံ ရှစ်ပါးနဲ့ တွေ့တဲ့အခါမှာ အောင်မြင်အောင်ကြိုးစားနိုင်တယ်၊ သည်းခံနိုင်တယ်။

မြတ်စွာဘုရားရဲ့ မင်္ဂလသုတ်..ထဲမှာပါတဲ့..

(ဖုဌဿ လောက ဓ မ္မေဟိ စိတ္တံ ယဿ နကမ္မတိ အ သောကံ ဝိရဇံခေမံ)

ဆိုတဲ့အတိုင်းလောကဓံနှင့်ကြုံတွေ့လျှင်စိတ်မတုန်လှုပ်၊

စိုးရိမ်ကြောင့်ကြမရှိ၊ကြောက်လန့်မှုမရှိ… ဆိုတာ SQ ပါဘဲ၊

EQ ကတော့ မရဘူးနော်။ EQ က ထိန်းပဲထိန်းနိုင်တယ်။

သူက ပါဝါ သိတ်မများဘူး။ SQ က ပါဝါသိတ်များတယ်။

SQ က Vision ပေါ့ အမြင်ကျယ်တယ် တဲ့။ နောက်တစ်ခုက Values တန်ဘိုးထားတယ်။

မိတ်ဆွေသူငယ်ချင်းတွေကို တန်ဘိုးထားတယ်။ ကိုယ့်အလုပ်ကလေးကို တန်ဘိုးထားတယ်။ ကိုယ့်ရဲ့

ပတ်ဝန်းကျင် ကိုယ့်ရဲ့ Society ကိုယ့်လူမှုအသိုင်းအဝိုင်း ကိုယ့်ယဉ်ကျေးမှု အကုန်လုံးကိုတန်ဘိုးထားတဲ့

စိတ် ရှိတယ်။ နောက်တစ်ခုကျတော့

Wisdom not to harm or hurt others and self.               

Wisdom တဲ့… ဆင်ခြင်တုန်တရား ဉာဏ်ပညာပေါ့။ Not to harm ဆိုတာက မထိခိုက်စေ နဲ့

Others and self သူများကို မထိခိုက်စေနဲ့ ကိုယ့်ကိုယ်ကိုလည်း မထိခိုက်စေနဲ့။

သူများလည်း မနစ်နာအောင် ကိုယ့်ကိုယ်ကိုလည်း မနစ်နာအောင်

ဆင်ခြင်တုန်တရား နဲ့ ပြည့်စုံတယ် တဲ့။ တော်တော် မြင့်သွားပြီဗျ။

သူက ဘာလဲဆိုတော့ Win Win သီအိုရီ ခေါ်တာပေါ့ဗျာ။ ဆိုတော့ Win Lost သီအိုရီ ရှိတယ်ဗျာ Lost

Lost သီအိုရီ ရှိတယ်ဗျာ။ အဲ့လို Win Win သီအိုရီ မင်းလည်း အကျိုးရှိ ငါလည်းအကျိုးရှိ Win Win

သီအိုရီ။ နောက်တစ်ခုက ကျတော့ အဆင့်အတန်းမြင့်မြင့် တွေးခေါ်နိုင်တယ်။ သူ့အတွေးအခေါ်က

မနိမ့်ဘူး။ ခုနပြောသလိုပေါ့ အမြင်တစ်ခုကိုပဲ ဒီဥစ္စာက ဟို ရေမြောင်းတွေ ပိတ်နေတယ်၊ လူတွေက

စည်းကမ်းမရှိတာကွ၊ ဒါကတော့ လူတိုင်းပြောတတ်တာပေါ့။ ဒီဥစ္စာ မင်း ငါတို့ ရပ်ကွက်တစ်ရပ်ကွက်ချင်း

စုပေါင်းပြီးတော့ ပိုက်ဆံထည့်မယ်၊ ရပ်ကွက်လူကြီးတွေ စည်းရုံးမယ်၊ စည်ပင်သာယာ ကို သွားမယ်၊

ဒို့ တစ်ရပ်ကွက်တစ်ရပ်ကွက်ချင်း စဉ်းစားပြီးတော့ ရွှေတချောင်း မြောင်းကြီး တူးမယ်။ အဲ့လိုမျိူး

ရေလှောင်ကန် ဖြစ်ဖြစ် ပေါ့ဗျာ၊ တစ်နေရာပေါ့။ ဒီရပ်ကွက်အတွင်းမှာပဲ လုပ်လို့ရအောင် လုပ်မယ်ဆိုရင်

တော့ ငါတို့ အဆင်ပြေနိုင်မယ်။ ဒါက

Holistic approach and views  အဆင့်အတန်းမြင့်မြင့် စဉ်းစားပေးတာ။

ပြသနာကို အပြစ်တင်တာနဲ့ မပြီးသွားဘူး၊ မရပ်သွားဘူး။

အဲ…နောက်တစ်ခုကျတော့

Appetite for seeking answers to questions using by “why” and “what if”.

ဘာဖြစ်တာလဲ ဘာ့ကြောင့်လဲဆိုတာ အကြောင်းရင်းရှာ စဉ်းစားတတ်တယ်။

နောက်ဆုံးတစ်ချက်က အရမ်းအရေးအကြီးဆုံးပဲ။ အဲဒါ ကျွန်တော် အရမ်းကြိုက်တယ်။

Courage to work againt conventions if necessary

လူများတွေလက်ခံထားတဲ့ ကိစ္စ ပြောရရင် ရှေးစွန်းစွဲတွေ၊ ရှေး စွန်း စွဲလို့ ရေးတယ်နော် သူကြီးက။

ရှေးရိုးစွန်း ရှေးရိုးစွဲမဟုတ်ဘူး။ ရှေးစွန်းစွဲ အစွန်းကိုစွဲထားတာ။ အဲ့ဒါတွေကို သူက ဆန့်ကျင်ရဲတဲ့

သတ္တိရှိတယ်တဲ့။ SQ သမားက။

အာ…ဒါက တနင်္လာနေ့မှာ လုပ်ရင် ၂ ခါလုပ်ရတယ်။ သူလုပ်တယ်။

ထားပါတော့ ဟို ကားတစ်စီးကို ရောက်တဲ့အချိန်မေးရင် စိတ်ဆိုးတယ်။

အဲ့ဒီ SQ သမားလုပ်ရင် ကားကို ရန်ကုန်ဘယ်အချိန်ရောက်မယ် မန္တလေး ဘယ်အချိန်ရောက်မယ်

ကြေညာတယ်။ သူက အရမ်းကို လက်တွေ့ကျတယ်။

သူက ဒီ လိုက်လျောညီထွေမှု မရှိတဲ့ ရိုးရာအယူအဆတွေ ကို ဆန့်ကျင်ရဲတယ်။ အရမ်းမြင့်သွားပြီ။

အဲ့တော့ လူတစ်ယောက်က ထားပါတော့။ ကျွန်တော် အခုပြောချင်တဲ့ သဘောက IQ က သုံးလို့မရဘူး။

လွှတ်ပစ်လိုက်ပါလို့ ပြောတာမဟုတ်ဘူး။ အကုန်လုံးလိုတယ်။

အကုန်လုံးလိုပြီးတော့ သူ့ထက် သူ့ထက် သူ့ထက် အရေးကြီးတဲ့ အပိုင်းကို ပြောသွားတာ။

ဆိုတော့ လူတစ်ယောက် က ဉာဏ်ရည်ကောင်းရမယ်၊ နှလုံးရည်လည်း ကောင်းရမယ်။

စိတ်ဓါတ်ခွန်အား လည်း ရှိရမယ်။ လုပ်လို့ရသွားပြီ။ ဟုတ်တယ် အဲ့ဒီလူကတော်တယ်။

ထားပါတော့ဗျာ ဥပမာ။

အမေစု ဗျာ။ ထင်ရှားပါတယ်။

သူက IQ လည်းအရမ်းမြင့်တယ်။ ဟုတ်လား။

Oxford ကလည်း ကျောင်းပြီးခဲ့တယ်။ နှလုံးရည်ကလည်း ပြောစရာမရှိဘူး။

SQ ကလည်း ပြောစရာမရှိဘူး ပြည့်စုံတယ်။

ဒါပေမယ့် သူက တစ်ယောက်ယောက်ကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံလိုက်ရင် သူ့ရဲ့ Role ကြီးက

ကျမသွားဘူးလား။

အဲ့ဒါ Moral quotient , MQ ဗျ။ MQ က သူက Good Behaviour

Manner လေးတွေကောင်းတာ။ ဟာ အစ်ကိုထိုင်ပါ။ အစ်ကိုကြွပါ။ လာပါ။ ခရီးဦးကြိုပြုတာ။

ပြီးတော့ သူ့ရဲ့ နောက်တစ်ချက်က အမှန်အမှားကို သူက ကောင်းကောင်းဝေဖန်နိုင်တာ။

အဲ့ဒါ သူ့ရဲ့ အဓိက အချက်။

သူ လူတွေကို ကောင်းမွန်စွာ အရိုအသေပေးဆက်ဆံတတ်တယ်။ လူမှုကျင့်ဝတ်သိက္ခာတွေကို

နားလည်တယ်။

ခုန ပြောခဲ့သလိုပဲ ကျွန်တော်တို့က ခေါင်းစဉ်လိုက်တတ်နေတာ။ ဒါပေမယ့် မရှိတာက ကျွန်တော်တို့။

ဆိုတော့ ဘယ်နေရာမှာ ဘာအားနည်းနေလဲဆိုတဲ့ ဥစ္စာက ပြောရလို့ရှိရင်ဗျာ

တချို့ရေးတယ် လူတွေဟာတဲ့ ကိုယ့်အကျိုးစီးပွားပဲ ကိုယ်လုပ်ပြီးတော့တဲ့ စီးပွားရှာတယ်တဲ့။

သူများကို မကြည့်ဘူးတဲ့။

အမှန်က အဲ့ဒါ လမ်း။ ဟုတ်တယ်လေ။ ဒီရန်ကုန်မြို့မှာ ရှိတဲ့ လူဦးရေ သုံးသန်းဟာ လူတိုင်းချမ်းသာရင်

ရန်ကုန်မြို့ကြီး ချမ်းသာပြီပေါ့ဗျာ။ ရှင်းရှင်းလေးပဲ။

လုပ်ပါ လုပ်လို့ရတာပဲ။

အဲ့ဒီလိုပေါ့ လူတိုင်းဟာ Q လေးလုံးနဲ့ ပြည့်စုံသွားပြီဆိုလို့ရှိရင် ဒီ Society ကြီးက အောင်မြင်တဲ့

Society ကြီး ဖြစ်မသွားဘူးလား။

ဆိုတော့ အဲ့ဒါလေးကို ကျွန်တော်က ဖြစ်စေချင်တာ။

ခုနပြောတဲ့ MQ ပေါ့။ အဲ့လိုမျိုးပြည့်စုံသွားတဲ့ လူတစ်ယောက်က

အကောင်းအဆိုးဝေဖန်တတ်သွားပြီဗျ။ သူက MQ အဆင့်ရောက်သွားတဲ့လူတစ်ယောက်က

အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်နိုင်တယ်။ ယုံကြည်စိတ်ချရတဲ့လူပေါ့ဗျာ။

ဆက်ဆံရေးကိုလည်း ပြေပြေပြစ်ပြစ်ဆက်ဆံနိုင်တယ်။ ပြောရရင် သံတမန်ပေါ့ဗျာ။

ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အာဖရိကနိုင်ငံတွေ မှာ ပြသနာတွေတက်နေတယ်။

တော်တော်ကို ဆိုးဆိုးရွားရွား။ အဖွဲ့တွေကွဲထွက်နေတာပေါ့။

ဆိုတော့ အဲဒီ အဖွဲ့တွေကြားထဲမှာ တစ်ယောက်က ကြားဝင် ရင်ကြားစေ့ရတယ်ဗျ။

အဲ့ဒီလူက သိတ်အရေးကြီးပါတယ်။ သူ့ကို ကျွန်တော်တို့က Modal Agent လို့ခေါ်ပါတယ်။

ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းထဲမှာလည်း ကျွန်တော်တို့ ဈေးသွားဝယ်တယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်း။ ကိုယ်ပေးနိုင်တဲ့ဈေး၊ ဒါမှ တန်တယ်လို့ ကိုယ်ကထင်တယ်လေ။

အဲ့ဒီနေရာမှာ အရောင်းစာရေးလေးတစ်ယောက်က ဦးရေ ဒီဥစ္စာကတော့ ဒီဈေးရှိပါတယ်။ ဒီကောင်က

ပိုကောင်းပါတယ်။ ကြာရှည်လည်းခံပါတယ်။ ဒီဥစ္စာကတော့ ဒီဈေးပဲ ရှိပါတယ်။ ပစ္စည်းနည်းနည်း ညံ့

ပါတယ်။ ကြာရှည်လည်း မခံပါဘူး။ စသည်ဖြင့် ဦးအနေနဲ့ သုံးမယ်ဆိုရင်တော့ ဒီပစ္စည်းလေးက

သင့်တော်ပါတယ် ရှင်းပြတယ်ပေါ့။ သူက Modal Agent ဗျ။ အလုပ်တစ်ခုဟာ ကိုယ်က

တန်ဘိုးထားပြီးတော့ လုပ်နိုင်ရင် သူ့ရဲ့ value က တက်သွားတယ်။ ပြီးတော့ သူက Modal Agent

တစ်ယောက်ဖြစ်သွားတယ်။ ပြောရလို့ရှိရင် Modal Agent ဆိုတဲ့ ပုဂ္ဂိုလ်က လူ့လောကကြီးကို

ပိုတိုးတက်ကောင်းမွန် အောင် လုပ်ပေးတာဗျ။ ဒီလူတွေ လုပ်နေတဲ့ ပရဟိတ လုပ်ငန်းက

မမြင်ရပေမယ့်လို့ သိတ် အရေးကြီးပါတယ်။

 

ကိုဆာမိ

ကျွန်တော် တစ်ခု သိချင်တာက MQ ကို ခဏဖယ်ထားပြီး  IQ EQ  SQ အဆင့်ထိ

ပြည့်စုံတဲ့လူတွေဟာ အောင်မြင်တဲ့လူတွေချည့်ပဲ ဖြစ်နေမလား။ ဒါမှမဟုတ် အခြေခံလူတန်းစားတွေ

ထဲမှာရော SQ လောက်အဆင့်ရှိတဲ့လူကို တွေ့နိုင်မလား။ အဲ့ဒါလေး…။

 

ကိုသစ်မင်း

SQ အထိ ရောက်သွားရင်တော့ အောင်မြင်ပြီဗျ။ အောင်မြင်ပြီ။ ဘာလို့ဆို သူ့မှာ ဉာဏ်လည်း

ပြည့်သွားပြီ။ နှလုံးရည် သူက ခံနိုင်အားလည်း ရှိသွားပြီ။

အမှန်တော့ အဲဒီ SQ တို့ MQ တို့က EQ အမြင့်စားပါပဲ။ ပြောရလို့ရှိရင် ကျွန်တော်က အီကွေးရှင်းတောင်

ချချင်တာဗျ။

SQ + MQ = EQ x Wisdom

ပေါ့။

ကိုဆာမိ မေးတဲ့ မေးခွန်းကို အတိအကျ ဖြေရရင် ဟုတ်တယ်။

ဒါပေမယ့် လူတောတိုးတာ မတိုးတာ၊ ထင်ထင်ရှားရှား နေတယ် မနေဘူးဆိုတာတော့ ရှိမှာပေါ့။

အောင်မြင်မှာတော့ သေချာတယ်။

 

ကိုနိုဇိုးမိ  

တခြားတော့ များများစားစား မေးစရာ မရှိပါဘူး။

တကယ်လို့များပေါ့ဗျာ။ mindset ကြီးတစ်ခုလုံး ချက်ခြင်းကြီးပြောင်းဖို့ရာ ခက်ခဲမှာ အမှန်ပါပဲ။

ဆိုတော့ တတ်နိုင်တဲ့ အပိုင်းလေးတွေက စပြောင်းလို့ရော ရနိုင်ပါသလားဗျ။

 

ကိုသစ်မင်း

အဲဒါက ဟိုတစ်နေ့က သူကြီးကို ကျွန်တော် ကွန်းမန့်မှာ ရေးခဲ့သလိုပေါ့။

Absolutely change လုံးဝဥသုံ မပြောင်းလဲနိုင်ရင် Partly Change လုပ်ပေါ့။

သူကြီးက ကျွန်တော်ပြောတာတန်းသိတယ်ဗျ။ အဲဒါ။

 

ကိုဇော်သန့်

ငယ်ငယ်တုန်းက ကြားဖူးတာက IQ .. နောက်တော့ EQ အရေးကြီးကြောင်းတွေ ကြားဖူး၊ဖတ်ဖူးလာတယ်..

MQ SQ တွေတော့ ကြားဖူးတာမကြာသေး.. .. ကိုယ်နားလည်သလို စဉ်စားမိတာက IQ မြင့်တယ်ဆိုတာ “လူတော်” ပေါ့..

EQ မြင့်ရင်တော့ ပါးနပ် တဲ့သဘောဖြစ်သွားတယ်.. “လူပါး” ပေါ့.. ချိန်ဆတတ်တယ်၊ အချိန်အခါသိတယ်၊

ကိုယ့်ကိုကိုယ်ကော သူတပါးကိုပါ နားလည်တတ်တယ်.. တချို့ တော်ပါတယ်ဆိုတဲ့လူတွေ သိပ်မပါးလို့

အောင်မြင်မူ ကြာကြာမခံတာတွေတွေရတယ်.. စီးပွားအရှာတော်လို့ ချမ်းသာပြီးမှာ လောင်းကစားနဲ့ မွဲရတာတွေ၊

အဖက်ဖက်က အောင်မြင် နာမည်ကျော်ကြားပြီးမှ စိတ်ကျရောဂါနဲ့ သတ်သေသွားတဲ့ နာမည်ကျော်တွေ

EQ နိမ့်လိုများ ဖြစ်သလားလို့ တွေးချင်မိတယ်.. တော်ပြီး သိပ်မပါးတဲ့ အခါ အောင်မြင်သင့်သလောက်မအောင်မြင်တာတွေ၊

သိပ်မတော်ပေမဲ့ ပါးတဲ့ အတွက် အောင်မြင်လာတာတွေကြောင့် အောင်မြင်မှုအတွက် ဆို

EQ က IQ ထက်အရေးပါတယ်လို့လဲဆိုကြတယ်.. .. တော်လည်းတော် ပါးလည်းပါးတဲ့လူတစ်ယောက်

သူ့တစ်ကိုယ်ရည်စာ အောင်မြင်ပေမယ့် သူ့ရဲ့ပါတ်ဝန်းကျင်၊ လူအဖွဲ့အစည်းကို ဘယ်လောက်အထိ

ကောင်းကျိုးပြုနိုင်မလဲဆိုတာက MQ နဲ့ သွားဆိုင်တယ်.. “လူကောင်း” လို့ဆိုရမယ့်သဘောပေါ့..

MQ ကို ဘာသာရေးနဲ့ တွဲပြောချင်လည်းရတယ်.. ဒါပေမယ့် ဘာသာရေးကြောင့် မဟုတ်ပဲ Moral ပိုင်းကို

အလေးထားသူတွေကို ပြောရတာ ပိုရှင်းမယ်ထင်တယ်.. Bill Gates လိုလူမျိုးကို ဥပမာပေးလို့ရမယ်ထင်တယ်…။

SQ မြင့်သူကိုတော့ “လူပြည့်ဝ” လို့ ပြောချင်တယ်.. IQ EQ မြင့်တာချင်းအတူတူမှာ

SQ အနိမ့်အမြင့်ပေါ်မူတည်ပြီး ပြည့်ဝပုံ ခြင်းကွာသွားတာတွေနိုင်တယ်.. ရှေးအခေါ်ဆို “ပညာရှိ” လို့ ဆိုရမလားမသိ..

မိမိမှာရှိတဲ့ IQ EQ ကိုအပြည်အဝ အသုံးချနိုင်တယ်.. တွေးခေါ်ပုံ၊ စဉ်းစားပုံ၊ ခံယူချက် တွေမှာ ဆရာကျ တဲ့သဘောပေါ့.. ..

နောက်ထပ်လည်း တခြား Q တွေရှိသေးတယ်.. ဒါပေမယ့် အဲ့ဒါတွေထက် ပိုစိတ်ဝင်စားမိတာက ဒီ Q တွေကို

ဘယ်လိုမြှင့်တင်နိုင်မလဲဆိုတာပဲ.. ကိုယ်ကိုကိုယ် ဘယ်လိုမြှင်တင်နိုင်မလဲ၊

ကိုယ့်ပါတ်ဝန်းကျင်နဲ့ နောက်မျိုးဆက်တွေကို မြှင့်တင်နိုင်ဖို့ ဘယ်နည်းလမ်းတွေက အသုံးတည့်မလဲဆိုတဲ့ ဆွေးနွေးချက်တွေကို မြင်ချင်ပါတယ်လို့..

 

ကိုသစ်မင်း 

ကိုဇော်သန် ့ ရေ ..။ အခုကျွန်တော်တို့ ဆွေးနွေး နေကြတဲ့ IQ EQ MQ တွေမှာပါတဲ့ အချက်အလက်တွေဟာ…

လိုက်နာကျင့်သုံးသင့်တယ်လို ့.. ယူဆတယ်ဆိုရင်… ကိုယ့်မှာရှိနေ မ နေ စစ်ဆေးကြည့်ပြီး လိုနေ တာဖြည့်ဆည်းရမဲ့ အချက်တွေပါ..။

ဥပမာပေးရရင်တော့..ရောဂါအတွက် ချက်ခြင်း သောက်လိုက် ရမဲ့ဆေးပါဘဲ။ ဆေးညွှန်းအဆင့်ထက်ပိုပါတယ်။

ဆိုတော့…အဲဒီကျုတွေကို ရ အောင် အဲဒီ..ကျုတွေရဲ့ဖော် ပြချက်တွေ..အတိုင်း ကိုယ်တိုင် ကျင့် သုံးရုံပါ။

နောက်မျိုးဆက် အတွက်ဆိုရင်တော့ စာသင် ခန်း တွေကဘဲ သွားရမှာပါဘဲ။

သင်ကြားပေးကြမဲ့ ဆရာ ဆရာမ.များကိုတော့ သင်တန်းပေးဘို့လိုမယ် ပေါ့ဗျာ။

 

ကိုပါလေရာ

ကိုသစ်ရဲ့ဆွေးနွေးချက်လေးတွေကြားရတော့ ကိုယ့်ကိုယ်ကိုလဲ ဆန်းစစ်မိပါသည်။

ကိုယ့်မှာ ဉာဏ်ရည်ရော အထိုက်အလျှောက်ရှိရဲ့လား ဉာဏ်ရည်လေး အသင့်အတင့် ရှိတယ်ထားပါတော့…

နှလုံးရည်နဲ့ ပြည့်စုံရဲ့လား…… ???????????????? မြန်မာလိုပြောတော့ စကားလေး သုံးလုံး…. နှလုံးရည် …. တဲ့ …..

အဲဒါက လွယ်မလိုနဲ့ ပြောရခက်လှသည်…။

စိတ်ရဲ့ အရည်အသွေးဆိုတာ ထိုင်နေရင်းတော့ သိရတာမဟုတ် စိတ်ကို ဆန်းစစ် စစ်ဆေး ပေးမယ့်

အဖြစ်အပျက်ကလေးတွေအပေါ်မှာ တုန့်ပြန်ပုံကတဆင့်သာ သိရတတ်လေသည်…။

စိတ် စာမေးပွဲ ကလေးတွေပေါ့ … နော အဲသည်စာမေးပွဲလေးတွေမှာ ကျနော်တို့ ကျတတ်ပါသည်..

ကျခဲ့ပေါင်းလဲ များလှပါပြီ.. ကောင်းတာတစ်ခုကတော့ အောင်တဲ့အထိ အကြိမ်ကြိမ်ဖြေနိုင်ခြင်းပင်ဖြစ်ပါသည်။

အဲသည်စိတ်ကလေး စာမေးပွဲအဆင့်ဆင့်အောင်ခဲ့ရင်တော့ မိမိကိုယ်ကိုု ထိန်းချုပ်နိုင်သူ ပြီးတော့နောက်တဆင့်မှာ

စွမ်းဆောင်နိုင်သူ နောက်တဆင့်မတော့ အောင်မြင်တဲ့ အလုပ်ဖြစ်တဲ့ အကျိုးများတဲ့ သူ … ပေါ့။

ထိုင်နေလို့တော့ ဘာမှဖြစ်လာမည်မဟုတ်.. ကိုယ့်အခြေအနေကို အမှန်အတိုင်းရဲရဲကြည့်ရင်း…

ကိုယ့်နီးစပ်သူတွေ ကိုယ့်လက်လှမ်းမီသမျှတွေကိုတပါတည်း တိုက်တွန်းဆွဲခေါ်ရင်း…

ကိုယ့်ဘဝလှေခါးကို ကိုယ်တိုင် မဆုတ်မဆိုင်း တက်ကြဖို့ပါပဲ…။

 

ကိုသစ်မင်း   

ကိုပါ အဲဒီလို လုပ်နေ မိတယ်ဆိုရင် ဘဲ EQ ရဲ့

Self Evaluating ကိုယ့်ကို ကိုယ် အ ကဲဖြတ် ခြင်း နဲ့…SQ Self Awareness ကိုယ့်ကိုကိုယ် သိနားလည်ခြင်း အသိတရားရှိခြင်း

ဆိုတဲ့ အချက်တွေနဲ့ ကိုက်သွားပါပြီ။

မိမိကိုယ်ကို ထိန်းချုပ်နိုင် သူ ..နောက် စွမ်းဆောင်နိုင် သူ ဆိုတဲ့ အသုုံးအနှုံးကို ကွက်တိ သုံးသွားတာချီးကျုးတယ်ဗျာ။

Human Capacity လူသားစွမ်းဆောင် ရည်ဆိုတာ အဲဒီ Q တွေနဲ့ ….ဖြည့်ဆည်း ဖြည့်ကျင့် ရတယ်ဆိုတဲ့

အဓိက အချက်ကို အမိဖမ်း တွေးနိုင်ကြောင်း သိလိုက် ရတယ်ဗျာ…။

နောက်တခုက..လက်လှမ်းမီသမျှ ဆွဲခေါ် ခြင် စိတ် ၊

အဲဒီစိတ်နဲ ့ကိုယ့်နီးစပ်သူ တွေကို ဘယ်လို ဆွဲအား(pulled factor ) နဲ့ ဘယ်လိုတွန်းအား(pushed factor ) တွေ

အသုံးပြုရမလဲ ဆိုတာတွေကို ဆင့်ပွား တွေးမိစေ ပြန်ပါတယ်။

တစုံတခုကို..ဖျတ်ကနဲ..လျှပ်ရောင် လက်လိုက်သလို မြင် လိုက် ရတယ် ကိုပါရေ..။

စိတ်ကို စိတ်နဲ့ပြင် ရတယ်ဆိုတဲ့ အတိုင်း အပြန်အလှန် လေးစားမှု၊ ခင် မင် မှု သံယောဇဉ်၊

မေတ္တာတရားနဲ ့ ပေါင်းသင်းဆက်ဆံ နေကြတဲ့ ဒီမန်းဂေဇက်လို society (လူမှုဝန်းကျင် အဖွဲ  ့)လေးတခု ၏ရဲ့

အ ရေးပါမှု အကျိုးများမှု ကို ပြတ်ပြတ်ထင် ထင် တွေ  ့လိုက် ရတာပါဘဲ။

သည် နေရာမှာ သည်လို အ ကောင်းဆုံး ဆွဲအား တွန်းအားတွေ ဖြစ်လို ့ နေ ပါလား..

(အဖွဲ  ့ဝင် တစ်ဦးနဲ ့တစ်ဦးကြားက မေတ္တာစွမ်းအားတွေနဲ ့) နူးညံ့သိမ်မွေ  ့လှပေမဲ့ ကြီးမားတဲ့စွမ်အားတွေနဲ ့

ဖော်ဆောင် ဆွဲ တွန်း နိုင် ပါလား..လို ့ တွေးမိတယ်ဗျ။

ဒီလိုစွမ်းတဲ့..ဒီအဖွဲ  ့လးအတွက်ကြည်နူးမှုကိုလည်း  ခံစားလိုက်မိတယ်ပေါ့ဗျာ။

 

ကိုလင်းဝေ

ကိုသစ်မင်းရေ..။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးအတွက် ကျေးဇူးပါဗျ။

ဒီလို လူ့အဖွဲ့အစည်းအတွက် စေတနာထားပြီး ဆွေးနွေးပေးတဲ့ ကိုသစ်မင်းကိုလည်း ဂုဏ်ပြု ချီးကျူးအပ်ပါတယ်။

ကျနော်က စကားဝိုင်းကို နောက်ကျပြီးမှ ရောက်လာတဲ့သူများဖြစ်နေမလားမသိဘူး။

ကြားမိ ဖတ်မိရာကနေ ဖြတ်ဝင်ပြောတော့ မလျော်တာတွေ ဆွေးနွေးပြီးသားတွေ ကို ထပ်ကာဝင်ပြောနေမိတာမျိုးများ

ဖြစ်နေရင်လည်း စိတ်မရှိကြပါနဲ့။

ဖတ်ရတဲ့ စာမှာ Mindset ပြောင်းတယ်ဆိုတာ ဘာလဲဆိုတဲ့ ကိစ္စ ကို အရင်တခါက ဆွေးနွေးထားပြီးသား၊

အခုဆွေးနွေးတာက mindset ပြောင်းတာ ကို အောင်မြင်အောင် ဘယ်လို အချက်တွေ နဲ့

ဘယ်လို စိတ်အခံ နဲ့ အယူ ရှိသင့်တယ် လို့ ဆွေးနွေးနေတာ လို့ သဘောပေါက်တာပါပဲ။

အခုအချိန်အခါမှာ ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်း Mindset ပြောင်းတဲ့ အကြောင်း လူပြောများနေတဲ့ အရာပါ။

အစိုးရ အဖွဲ့အစည်း ဌာနတွေထဲမှာ လဲ မိုင်းဆတ်ပြောင်းတာပဲ ပြောကြတယ်။

တာချီလိတ်နားက မိုင်းဆတ်ကို သူတို့ ဆိုလိုပုံတော့ မဟုတ်လောက်ဘူး ထင်ရတာပဲ။

သို့သော် ဘယ်ပုံပြောင်းမယ် ဘယ်လိုပြောင်းမယ် ဆိုတာတော့ ရေလည်ပြတ်သား ရှင်းလင်းစွာ

ပြောပြသူ ကို မတွေ့မကြားမိတာ ကိုယ်ပဲ တပိုင်းတစ သမားဖြစ်နေလို့လားတော့ မသိပါဘူး။

ပြောင်းတယ်ဆိုတဲ့ ကိစ္စ ကို ပြောကြရရင် အပြောင်းအလဲကို စီမံဆောင်ရွက်တဲ့ ပုံစံ တစ်ခုကို သွား သတိရပါတယ်။

မိုင်းဆက် ပြောင်းတာပဲဖြစ်ဖြစ် ဦးတည်ချက် ရည်ရွယ်ချက် ပြောင်းတာပဲဖြစ်ဖြစ် ပြောင်းမယ်ဆိုရင်တော့

ဖြစ်စဉ်က မူလ တည်ချက်ကနေပြီး ပြောင်းလဲလိုတဲ့ တည်ချက် ကို သွားမယ် ရွေ  ့မယ်ပေါ့ဗျာ။

အဲသည်အခါမယ် တည်ချက်အရွေ့ ကို ပြောင်းရန် ညွှန်ပြချက်  က  အရေးကြီး တဲ့ ပင်မကျတဲ့ အပိုင်းဖြစ်မယ် လို့ မှတ်ပါတယ်။

ညွှန်ပြချက်မှာ အဓိက နှစ်ပိုင်းတွေ့မိပါတယ်။

 

၁။ ပြောင်းစေ ရွေ့စေလိုသော တည်ချက် ကို သတ်မှတ်ခြင်း၊ ရှင်းပြခြင်း။ ( ဘာကြောင့် ဆိုတာ အပါအဝင်ပေါ့ )

၂။ ထိုပြောင်းစေ ရွေ့စေလိုသော တည်ချက် သို့ မည်သို့ ပြောင်းရ ရွေ့ရမည်။ (ဘယ်လို ဘယ်နည်း အပါအဝင်)

 

ကျနော်တို့ အခုပြောချင်တာက မိုင်းဆက် ပြောင်းတာ ကို အောင်မြင်စေရန် အတွက် ချဉ်းကပ်မှုတွေ

သို့မဟုတ် ဘယ်လို အခြေ ကို ရောက်ရင် ဒီပြောင်းလဲမှုကြီးက အောင်မြင်မယ် ဆိုတာကို ဆွေးနွေးနေကြတာ မဟုတ်လား။

မိုင်းဆက် ဆိုတာကြီးမှာ တကယ်တော့ တန်ဖိုးထားမှု စံနှုန်းတွေ၊ ယဉ်ကျေးမှု အလေ့တွေ၊

ကိုယ်ကျိုးအများအကျိုး ချိန်ဆမှု တွေ စတာတွေ လည်း အများကြီးပါဝင်မယ် လို့

ကျနော် အကြမ်းဖျဉ်း နားလည်မိပါတယ်။ အဲဒါအပြင်မှာ ကျနော်တို့ ပြောင်းလဲစေချင်တာ က

လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ကို  ဘုံ စံနှုန်း တွေ ပြောင်းဖို့ (အခုခေတ်စားတဲ့ အသုံး )

လှိုင်း နဲ့ ပြောင်းစေချင်တာလား။ သို့တည်းမဟုတ် တစ်ဦးချင်းစီက သူ့ သီးသန့် ကြုံတွေ့နေရတဲ့

အခြေအနေတွေအပေါ်မှာ စံနှုန်းပြင်ပြီး စိမ့်ဝင် ပြောင်းလဲ စေချင်တာလား။

ဒါတွေ က ပိုပြီး ရှုပ်အောင် လုပ်တာမဟုတ်ပဲ ချဉ်းကပ်မှု အောင်မြင်ရေး တွက်ဆရအောင် စစ်ကြော ကြည့်တဲ့ သဘောပါပဲ။

နောက် ပြောရမယ် ဆိုရင် အခု မိုင်းဆတ်ပြောင်း တယ်ဆိုတာ အသိဉာဏ် အတွေးအမြင် ဆိုင်ရာ ကိစ္စဖြစ်တယ်။

ဒီလို အသိအတွေးအမြင် ကိစ္စတွေ နဲ့ ပါတ်သက်တိုင်း ကျနော် စဉ်းစားမိတာ တစ်ခုရှိပါတယ်။

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ် ( Herman Hesee ရဲ့ Siddhartha စာအုပ်ကို

ဆရာမြသန်းတင့် ဘာသာပြန်ပေးထားတာ လားမသိဘူး ) အဲဒီ အထဲမှာပါတာက

“ အသိဉာဏ် ကို သူ့ချည်းသက်သက် ဖြန့်ဖြူးခြင်းဟာ ထိရောက်မှုနည်းတယ် အောင်မြင်ဖို့နည်းတယ် ”

ဆိုတဲ့ သဘောတရားပါ။ ဒီအချက်ကို ဖတ်မိတုန်းက ဒါကို ထိုင်းစဉ်းစားမိလိုက်တာ

စာအုပ်ရှေ့ဆက်ဖတ်ဖို့ ရက်ပေါင်း တော်တော်ကြာသွားတယ်။ ကျနော်ကတော့ တော်တော်မှန်တယ်

လို့ စဉ်းစား လက်ခံမိပါတယ်။ ကျနော်တို့ အောင်မြင်ရေးတရားတွေ၊ ဘာသာရေးတရားတွေ၊

စည်းကမ်းလိုက်နာရေး အသိပေးတာတွေ တကမာ္ဘလုံးမှာ လုပ်နေကြတာပဲလေ။

ထိရောက်မှုကို ဆန်းစစ်ကြည့်ရင် ပြောယုံ ဟောယုံ နဲ့တော့ မလွယ်ဘူး ဆိုတာ ကျနော်ကတော့ လက်ခံမိပါတယ်။

နောက်တစ်ချက်က လူသည် ဆင်ခြင်တတ်သော သတ္တဝါ ဆိုတဲ့ အမြင် တစ်ခု။

Human Beings are Rational ဆိုတဲ့ ဆိုရိုးကြီးအတိုင်းပေါ့လေ။

ကျနော်တို့ လူအများစုကြီးဟာ မတွေးခေါ်တတ်ရင်တောင်မှ ဆင်ခြင်တတ်ကြပါတယ်။

ကျနော်တို့ဟာ အကျိုးအမြတ် နဲ့ အပျက်အစီး လောက်တော့ ဆင်ခြင်နေထိုင်ကြသူတွေဖြစ်ပါတယ်။

အဲဒီမှာမှ မက်လုံးက ထပ်ဆင့်လာရင်လည်း မက်လုံးကို မြင်တတ် တွေ့တတ်ပြီး မက်လုံးကနေ

အကျိုးဖြစ်အောင် ဆင်ခြင် လုပ်ကိုင် နေထိုင်တတ်ကြပါတယ်။

ဒီမှာ ကျနော် ကောက်ချက်ဆွဲမိတာက လူထုကို အသိပေးမယ် အသိပညာပေးမယ် အတွေးအမြင် ဖြန့်ဝေမယ့်

စိတ်နေစိတ်ထားဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ရမယ် ဆိုရင် မဖြစ်မနေ သတိထားရမယ့် အချက် အဖြစ်

(က) အသိဉာဏ်ကို သူ့ချည်းသက်သက် ဖြန့်ဝေခြင်းသည် မလွယ်ကူ

( ခ ) လူသည် လက်တွေ့အကျိုးကို ဆင်ခြင်စဉ်းစား တတ်သော သတ္တဝါ

ဒါတွေ အပေါ် အခြေခံပြီး ပြောရမယ် ဆိုရင်တော့ ကျနော်တို့ အခုပြောနေတဲ့ မိုင်းဆက်ချိန်း တဲ့ ကိစ္စကို အောင်မြင်ဖို့အတွက် ဆိုရင်

ဘာကြောင့် ပြောင်းရမှာလဲ ဆိုတာ ရှင်းလင်းစွာ နားလည်ကြဖို့လိုပါတယ်။

ဥပမာ အားဖြင့် ချွေးစော်နံနေသူကို မနံစေချင်ရင် ရေသွားချိုးလိုက်လို့ ပြောယုံနဲ့ ရေချိုးချင်မှ ချိုးပါလိမ့်မယ်။

ချွေးစော်နံနေကြောင်း နဲ့ ချွေးစော်နံနေတာဟာ အခြားသူများကို အနှောင့်အယှက် ဘယ်လိုဖြစ်စေကြောင်း

ချွေးစော်မနံပဲ သန့်ရှင်းအောင် နေရင် ဘယ်လိုကောင်းကြောင်း ဘယ်လို သန့်ရှင်းစွာနေနိုင်ကြောင်း စသည်ဖြင့်

ပြောမှ သာ မနံအောင် ကြိုးစားမယ် လို့ ထင်ရပါတယ်။ ဒီလိုပါပဲ ။ အခုကိစ္စမှာလဲ ။

တိုင်းပြည်စီးပွားတိုးတက်ဖို့ အားလုံးချမ်းသာ ဖို့ ပြောရတာထက်။ မြေဈေးကစားတာ တိုင်းပြည်အတွက် မကောင်းဘူး။

တိုင်းပြည်ရဲ့ အဓိက စီးပွားရေးအတွက် ထုတ်လုပ်မှု စီးပွားရေးကို အားဖြည့်ပေးမယ့် လုပ်ငန်းတစ်ခုခု ကို

ရေရှည်မျှော်မှန်းပြီး လုပ်သင့်ကြောင်း တရားဟောရင် ဟောရင်းသာ ပျံလွန်တော်မူသွားပါလိမ့်မယ်။

ဒါထက် ရေရှည်အကျိုးကို မြင်သာအောင် ပြသတာ၊ လုပ်ကိုင်ချင်စဖွယ် ပါတ်ဝန်းကျင် နှင့် အနေအထားကို

ဖန်တီးပေးတာတွေကနေမှသာ လူတွေ ရဲ့ ခံယူချက်အမြင် ပြောင်းမယ် လို့ ထင်ပါတယ်။  မက်လုံး ကို ပြဖို့ သဘောပါ။

ဘာတွေ ကို ပြောင်းစေချင်တာလဲ ဆိုတာကလည်း ထိုနည်းလည်းကောင်းပါပဲ။

စီးပွားရေး အကြောင်းပဲ ပြောရရင် ဆူလွယ်နပ်လွယ် တာဝန်ယူမှု ကင်းမဲ့စွာ

စီးပွားရေး လုပ်တာ ကို ပြင်ကြဖို့ ဆိုရင်လည်း အဲသလို လုပ်ခဲ့တဲ့ သူတွေကို ဒဏ်ခတ်တာမျိုး

အပြစ်ရစေတာမျိုး လက်တွေ့မြင်သာအောင် လုပ်ပေးသင့်ပါတယ်။

ဥပမာ တစ်ခု အနေနဲ့  တေဇ ဆိုတဲ့သူ ( မြန်မာမှာတော့ အပြစ်သားကို င တပ်ခေါ်ကြတယ်။ )

ဘယ်လိုချမ်းသာတယ် ဘယ်လို ဖြစ်လာတာကို ဖော်ထုတ်ပြီး အပြစ်ပေးတာနဲ့ တေဇ ကို ဦးတေဇ ဆိုပြီး

စန်းတင်ပေးနေတာ လူအများစု အတွက် ဘယ်ဘက် ကို ဦးတည်သွားမယ် ထင်ပါသလဲ။

ပြောရမယ်ဆိုရင်ဖြင့် အခြေခံ အသိဉာဏ် နှင့် တွေးမြင်နိုင်စွမ်း ကို တွက်ဆဖို့ လူတွေ ရဲ ့ စိတ်အခံကို

ပြောင်းဖို့ အတွက် လုပ်ရတာ မလွယ်လှပါဘူး။ မလွယ်ပေမယ့် လည်း လုပ်ကို လုပ်ရမယ့် ကိစ္စပါပဲ။

အခုကို ကိုသစ်က စေတနာနဲ့ ဦးဆောင် ဆွေးနွေးတာ ကောင်းတဲ့ အလုပ်ပါပဲ။

ကျနော့်အမြင်တော့ မြန်မာ့လူ့အဖွဲ့ွှအစည်း အတွက် လက်တွေ့နှင့် ယှဉ်တွဲပါသော

လူ့အဖွဲ့အစည်း အပြုအမူ ဆိုင်ရာ ပြောင်းလဲရန် စေ့ဆော်ချက်များ စသည်ဖြင့် လေ့လာဆန်းစစ်စရာတွေ

ပြုစု ငြင်းခုံ ဆွေးနွေးစရာတွေ အတော်များလှတယ် ထင်မိပါတယ်။

ထိန်းချုပ်နိုင်မှု ၊ ခြုပ်တည်းနိုင်စွမ်း နှင့် ပါတ်ဝန်းကျင် စေ့ဆော်မှုများ စတာတွေ နဲ့ အသိအမှတ်ပြုခံလိုစိတ်

ဆိုတာတွေ ကနေပြီး လူအများ ရဲ့ အသိအမြင်အတွေး အရည်အချင်းတွေ ကို တိုးတက်အောင်

လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ တပိုင်းမှာလည်း စီးပွားရေး နှင့် အလုပ်အကိုင် တွေ ကောင်းမွန်လာရင်ဖြင့်

လူတွေဟာ မားစလိုး ရဲ့ အခြေခံလိုအပ်ချက်များ သီအိုရီ အရ ထပ်ဆင့်မြင့်လာတဲ့ အဆင့်တွေကို တက်လာကြမယ်၊

တပြိုင်တည်းမှာ လူ့အဖွဲ့အစည်းကို ဦးဆောင်သော ပုံဖော်သော နေရာ မှာ ရောက်နေသူတွေ ရဲ့

အတွေးအမြင် အဆင့်နဲ့  ပုံဖော်သော ပုံရိပ်တွေကလည်း လွှမ်းမိုး မယ်လို့ ယုံကြည်ပါတယ်။

Q တွေ အကြောင်းတွေ သိပ်ပြီး အများကြီး ဆွေးနွေးစရာမလိုတော့ဘူး ထင်ပါတယ်။

ကိုသစ်မင်းက အတော်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားပြီဆိုတော့။

ကိုသစ်လည်း ထည့်ပြောသွားသလိုပါပဲ။ အမှန်တော့ နာမည်တပ်နေကြတာ ဆိုသလိုပေါ့။

အရင်တုန်းကတော့ IQ ကိုပဲ အားလုံးပုံပြီး သုံးသပ်နေကြရာကနေ EQ ဆိုတဲ့ အမြင်အသစ် ဖြစ်လာကြတယ်။

အဲဒီနောက်ပိုင်းတော့ ဆက်တိုက်ဆိုသလို Q အသစ်တွေ တင်ပြလာကြတာများပါတယ်။

နောက်ပိုင်း Physical Quotient(PQ) ဆိုပြီးလည်းပြောလာကြတယ်။

အားကစားသမားတွေ မှာ အဓိက တွေ့ရလေ့ရှိတဲ့ အရည်အချင်းကိုလည်း PQ လို့ တင်ပြလာကြတာလည်း တွှေ့ရတယ်။

ဥပမာ ဂေါက်သီးကစားနည်းတို့ ဘောလုံးကစားနည်းတို့ မှာ ဂေါက်သီးရိုက်တဲ့ လွှဲချက်လို၊

ဘော်လုံး ကိုထိန်းတာသယ်တာ ကျွမ်းကျင်တာ တွေ ဟာ မျက်စိနဲ့ မြင်တာကို အမှတ်သညာအဖြစ်

ပြောင်းသွားအောင် လုပ်ပေးပြီး ခန္ဒာကိုယ်က အဲဒီသညာနဲ့ အခြေအနေကို တွက်ဆပြီး

လိုက်လုပ်တဲ့ အရည်အသွေးတစ်မျိုးပေါ့၊ အန္တရာယ်နဲ့ကြုံရင်ဖြစ်ဖြစ် အခြားသောအကြောင်းကိစ္စတွေမှာ

ဖြစ်ဖြစ် လူရဲ့ တုန့်ပြန်မှုကို ပြဌာန်းတာ PQ ပါလို့လည်း ဆိုကြသေးတာပဲ။

PQ မြင့်တဲ့သူတွေအတွက်တော့ မွေးရာပါလို အလွယ်တကူ မြင်တာနဲ့ လိုက်ပြီး ကိုယ်ခန္ဒာကို လိုက်လှုပ်ရှားပေးနိုင်တဲ့

အရည်အသွေးပေါ့၊ ကခုန်တာ သီချင်းဆိုတာ တွေလည်း ပါတယ်လို့ ဆိုရမှာပေါ့။

PQ ကိုပဲ EQ နဲ့ ဆက်စပ်ပြပြီး EQ ကို မောင်းနှင်တာက သူပါပဲ လို့ ညွှန်းချင်သူတွေလည်း ရှိပါတယ်။

Q တွေ အားလုံးကို ခြုံပြောရရင်တော့ အသိဉာဏ် နဲ့ ဆင်ခြင်တုံတရား ပါပဲ လို့ ကျနော်က ရှေးရိုးစွဲ ဆန်ဆန် မြင်မိပါတယ်။

PQ လိုကိစ္စမျိုးမှာတောင် ကိုယ့် ကိုယ်လုံး ခန္ဒာကြီးကို ဘယ်လို လုပ်ရင် ဘယ်လိုဖြစ်တာ ကို

သိနိုင်တဲ့ ဉာဏ်ရည်က ပေးတဲ့ အသိနဲ့ ဆင်ခြင်ပြီး လိုက်လုပ်တဲ့သဘောပေါ့။

ဒါကတော့ လူရဲ့ စိတ်နဲ့ ပြုမူပုံကို သရုပ်ခွဲပုံ ချဉ်းကပ်ပုံ၊ နာမည်တပ်ပုံ ကွဲပြားတာတော့ ရှိကြမှာပါ။

အချုပ်အားဖြင့်တော့ လူတွေရဲ့ အခြေခံ အသိဉာဏ်မြင့်လာဖို့ နဲ့ တပြိုင်တည်းမှာ ဆင်ခြင်သုံးသပ်ဖွယ်ရာ အကြောင်းအရင်း၊

မက်လုံး စတဲ့ အခြေအနေတွေကို ဖန်တီးပေးရင် အဆိုပါ Q တွေမြင့်လာနိုင်ပြီး စိတ်ဓါတ် ခံယူပုံတွေ ပြောင်းမယ်လို့ ယူဆပါတယ်။

 

ကိုသစ်မင်း 

ကိုလင်းဝေရဲ့ဆွေးနွေးချက်တွေက.တော်တော် ပြည့်စုံလှပါတယ်။

ကျွန်တော့် ဦးတည်ချက်က တဦးချင်းပြုပြင် ပြောင်းလဲရေးပါ။ အဲဒီလိုပြောင်းလဲတဲ့အခါမှာလဲ

ဘာဖိအားမှ မ ပေး ဘဲ မူရင်းရှိပြီးသား ဗီဇစိတ် အ ကောင်းအဆိုး ခွဲခြား နိုင်/လို စိတ် ကို လှုံ  ့ဆာ်ပေး လိုက်တဲ့

နည်းကို ကျွန်တော် အကြိုက် ဆုံးပါဘဲ။

အီးကယူရ အောင် ဒီလိုလုပ်ပါလို့ ပြောမဲ့အစား..အီးကယူ…မှာတော့ ဒီလိုအချက်တွေပါတယ်…

ကိုယ်နဲ့အဆင်ပြေမဲ့အချက် လေးတွေလုပ်ကြည့်ဖို့ အကြံပေးမယ်ပေါ့ဗျာ။

အီးကယူမှာက.ကိုယ့်ကိုကိုယ် အကဲဖြတ်ခြင်း ရှိတယ်..ကိုယ်စိတ်ကို.ကိုယ့် ရဲ့.ခံစားချက်(ဒေါသ).ဆိုပါတော့

ထိန်းချုပ်တာပါတယ်ဗျ..စမ်းကြည့်ပါလား လို့ ပြောမယ်ဗျာ။ ဆိုတော့ ဘယ်သူမဆို အနည်းနဲ့အများ

စမ်းကြည့်မယ်ဆိုပါစို့။ တကယ်တမ်း တော်တော်လေး သူလုပ်မိသွား ပြီ..လုပ်လဲလုပ်နိုင် သွားပြီဆိုရင်တော့..

သူ့ self-esteem (ကိုယ့်ကိုကိုယ်စိတ်ထိန်းချုပ်အား..မှားမှန်ဆုံးဖြတ်အား)ရပြီး အဲဒီကတဆင့် self-respect (ကိုယ့်ကိုကိုယ်လေးစာမှု)

ရသွားမှာဘဲဗျ။ self-esteem နဲ့ self-respect ရသွားပြီဆိုတဲ့ လူတ ယောက်အ နေနဲ ့လူရည်လူသွေးပြည့်ဝလာဖို ့

ဆိုကြပါစို့…လူ့စံနှုန်း ဒီလိုမျိုးကျူ တွေနဲ ့ကိုက်ညီလာဖို့ နီးစပ်သွားပါပြီ။

အဲဒီလိုနဲ့ တဦးချင်းက နေ ဆင့်ပွားသွားတဲ့နည်းကို သုံးချင် တာပါ။

လူဆိုတာ ကိုယ့်ကိုကိုယ် ဗဟိုပြု စဉ်းစား တတ်တဲ့ အတ္တစိတ် ရှိတယ်မဟုတ်လား..

အဲဒါကို တိုက် ရိုက်အသုံးချပြီး ကိုယ့်စိတ် အဆင့်အတန်း ကိုယ့်ဟာကိုယ် သိစေ ပြောင်းစေတဲ့

ရိုးရိုးရှင်းရှင်းနည်းလမ်းလေးလို ့ဆိုပါရ စေ။

 

မပုချ်

ဒါဆိုရင် လူတောထဲတိုးတယ် မတိုးဘူးဆိုတာကျတော့ရော ဘယ်နေရာမှာ ကွာသွားတာလဲ

တချို့တွေ လူပေါင်းဆန့်ပြီး လူအများနဲ့ လိုက်လျောညီထွေ ရှိတယ် ဘဝမှာလည်း
အောင်မြင်သင့်သလောက်အောင်မြင်တယ်  ရေရှည်မှာလည်း လက်တွဲလုပ်ကိုင်လို့ရတယ်။

တချို့တွေ သူဟာနဲ့သူ တော့ အောင်မြင်သင့်သလောက်အောင်မြင်နေပေမဲ့

ခဏပန်းတော့ လူတွေနဲ့ အဆင်ပြေသယောင်ရှိပေမဲ့ ရေရှည်ဆက်ဆံရေးအတွက်ဆို
ရှောင်ကြတယ် ။ ပြောရရင် အပေါ်ယံဆက်ဆံရေးပေါ့။
တကယ်Good Behaviour
Manner လေးတွေတော့ ကောင်းသယောင်ရှိပေမဲ့  SQ မှာပဲ ပြသာနာရှိသလား။
အဲ့လို လူတွေက လူတောထဲတိုးသယောင်ရှိပေမဲ့ ကွယ်ရာမှာတော့ လူတွေ ပြောဖြစ်တဲ့သူ့အကြောင်းက
မကောင်းကြောင်းတွေ ဖြစ်နေတတ်တယ်။
ဒီလိုလူတွေ ရဲ့ အဓိက ကွာခြားချက်က ဘာဖြစ်မလဲ
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ကောက်ချက်ကို ဆွဲရရင် စိတ်ထားကောင်းဖို့ အဓိကဆိုတာကများ ဖြစ်နေမလား။

ကိုသစ်မင်း 

မပုချ်ရေ..။
အမှန်တော့ Spiritual quotient ပြည့်ဝ ဖို ့ဆိုတာ တော်တော် ခက်ခဲပါတယ်။
အဲဒီမေး ခွန်းကို မ ဖြေခင် လူတောမတိုးဘူးဆိုတာ  ထင် ရှား အောင် မ နေ လို ကြဘူးလို့ ပြောချင် တာပါ။
စံပြု Q လေးလုံး ပြည့် စုံနေပါ ရက်နဲ ့တောရ ဆောက်တည်ပြီး လူတွေနဲ့ ဝေး အောင် နေ တဲ့ ရဟန်း တော်များ ကို
ဥပမာ ပေး ရမှာပါ။
စိတ်ထား ကောင်းဘို ့အဓိက ဆိုတာ အမှန်ပါဘဲ။ အဲဒီလိုအပ် ချက်အတွက်
ဒီ..Q တွေကို ဆွေးနွေး ကြတယ်လို့ ပြောလိုပါတယ်။

မခိုင်ဇာ  

ကျနော် ကြားဖူးသလောက် ကိုပဲ ပြောနိုင်မယ်ဗျ။
အကြောင်းအရာက ကျနော် အရမ်းမပြောနိုင်တဲ့ထဲမှာ ပါတယ်။
IQ=Intelligence Quotient နဲ့ EQ=Emotional Quotient ကတော့ ထားပါတော့လေ။
ခု ခေတ် လူတိုင်း ကြားဖြစ်နေတဲ့ အပိုင်းမို့…. SQ= Spiritual Intelligence Quotient ကတော့
ကြားဖူးခါစမှာ ကိုသစ်ပြောတော့ ပိုကျယ်ကျယ်ပြန့်ပြန့်သိရတာပေါ့လေ။
နောက် SQ တစ်ခုက SQ= Social Quotient လို့လည်း ကြားဖူးထားလို့။
ဘာကွာမလဲတော့ မသိဘူးး။ ကိုသစ် ကော်မန့်မှာ ဆွေးနွေးနိုင်ရင်တော့ ကောင်းမယ်။
ပြီးတော့ HQ ၂ ခုရှိသေးတယ်။ HQ= Humor Quotient နဲ့
HQ = Health Intelligence Quotient ဆိုတာ… ဟားဟားးး… HQ= Humor Quotient မှာ မြင်ဖူးသလောက်
ဟာသကို နားလည် မှု ခံစားတတ်မှုမှာလည်း ကွဲပြားတယ်ဗျ။
ဟာသမှာတောင် အဆင့်က အမျိုးမျိုးရယ်။
အင်းးး နောက်………. PQ မှာလည်း ၂ မျိုးပဲ။ PQ=Personality Quotient ရယ် PQ = Practical Intelligence Quotient ရယ်.။
ဘာရယ်မဟုတ်။ ကောင်းကောင်းမဆွေးနွေးနိုင်တာမို့ ကြားဖူးနားဝ နဲ့ အစထောင်သွားတယ်ပဲ မှတ်လိုက်ပါ။
MQ = Moral Intelligence Quotient ရယ် MQ = Mental Intelligence Quotient ရယ်ကော ဆွေးနွေးပေးကြပါဦးး။

ကိုသစ်မင်း 

Social Quotient ဆိုတာ social skills social age social chronology တွေ ကို
တိုင်းတာတဲ့ ညွှန်း ကိန်းတွေလို ့ ဖတ်ဖူးပါတယ်။
လူနှင့်ပတ်ဝန်းကျင်အဆင်ချောမှုကို တိုင်းတာ တာမျိုးဆိုတော့..IQ+EQ လို ့ ယူဆ ပြောဆိုနေ တာမျိုး တွေ  ့ဖူးပါတယ်..။
ကျွန်တော့် ကိုယ်ပိုင် အယူအဆ က တော့ ပရဟိတစိတ်ဓာတ် အနဲအများလို့ ယူဆပါတယ်..။
ကျန်တဲ့…HQ PQ MQ တွေက တော့ ပိုမို အ သေးစိတ် ခွဲခြမ်း စိတ်ဖြာ ထားတာတွေပါဘဲ။
နေရာဒေသ ပညာရေး အ ခြေ အ နေ အစိုးရ ရဲ့ ထောက်ပံ့မှု ဆိုတဲ့ External factor တွေနဲ့ ထည့်သွင်း စဉ်းစား ရပါမယ်။
တော်တော် ကျယ်ကျယ် ပြန် ့ပြန် ့ဆွေးနွေးနိုင် မှဖြစ်မှာပါ။
ဆွေးနွေးဖြစ်မယ် ဆိုရင်တော့ ကျမ်းတ.စောင် ဖြစ်သွားပါ လိမ့်မယ်။
စွမ်းသူများ.ဆွေးနွေး ကြပါလို ့။

အင်ဇာဂီ 

ခုတလော ကျနော် အင်မတန် ဓါတ်ကျနေတာက traffic jam ကိစ္စ ပေါ့။
သိတဲ့အတိုင်း … သာထိန်း … လန်ခရူဇာစီးမယ်ဗျာ … အဲ့ထက်နည်းနည်းနိမ့်တဲ့လူတွေ
ဆာ့ဗ် တို့ ခလူဂျာတို့ စီးမယ်ဗျာ ..အိမ်စီးကားတွေ ရှိမယ် လိုင်းကားတွေရော ရှိမယ်ပေါ့
(ဆိုလိုချင်သည်မှာ လူတန်းစား ဆုံတယ် ပြောချင်တာပါ) …. ဒါ ကားမောင်း/ကားသုံး
သက်သက် နော.. အငှားကားစီး / လိုင်းကားစီး / ကန်ပနီ ကြိုပို့ စီး တွေလည်း ပါဝင်ပါတ်သတ်ပါရဲ့ပြောချင်တာက ဂလိုပါ … အစိုးရရဲ့ ဖြေလျော့လိုက်တဲ့ ကားသွင်းခွင့် အရ ကားတွေ စွတ်သွင်းကြ
များလာ ကြ ဆိုပေမယ့် အဓိက က ကားများလာတာကို အတော်အတန် တောင့်ခံပေးထားနိုင်မယ့်
လမ်းစနစ်ရှိနေသေးတယ် … တကိုယ်တော် စည်းကမ်းချိုးဖောက်မှုတွေက ပဲ ပိုမိုဆိုးရွားတဲ့ လမ်းပိတ်စေမှုကို
ဖြစ်စေတယ် လို့ပြောကြပါတယ်…။ အမြင် ပြောရရင်လည်း ဟုတ်သဗျ…။ကားသမားအများစု IQ နိမ့်သဗျ… ဒါ နှိမ်ပြောတာမဟုတ်ပါဘူး …။ တကယ်ပါ…။
သူတို့ ဒါလေးပဲတတ်တယ် ဒါနဲ့ပဲလုပ်စားမယ် ကျန်တာ ဆက် မလေ့လာတော့ဘူး ဆိုတဲ့
mind set မျိုး ရှိနေတယ်… (ဥပမာဗျာ global warming တို့ ဘာတို့ သွားပြောရင် နားမလည်ဘူး စိတ်မဝင်စားဘူး
ဆိုတာမျိုးနဲ့ ငြင်းထုတ်မယ့်လူစားမျိုးတွေဆိုပါတော့)
IQ တောင် နိမ့်နေ တာ ကျန်တဲ့ EQ ကိစ္စမျိုး မတွေးဝံ့စရာဖြစ်လာပါတယ်..
ထားပါတော့
မင်းတို့ စည်းနဲ့ကမ်းနဲ့မောင်းရင် အားလုံးပို အန္ဒရာယ်ကင်းမယ် ဆိုတဲ့ တော့ပစ်ကိုရောက်ပါတယ်။
ခေါက်ရေနဲ့ လုပ်ခလစာကို အချိုးချ ထားတဲ့စနစ်ကြောင့် လုမောင်း-ပြိုင်မောင်း-ခိုးမောင်း
ဖြစ်လာရတယ်မြင်မိတယ်..သည်လိုအခြေအနေမှာ မင်းသားဖြစ်သွားတာ ယာဉ်လိုင်းထဲက ကားပိုင်ဆိုင်သူတွေပဲ..သည်မှာ အဆင့်တခု တက်လာတယ်… ဆြာ့ စာအရဆိုရင် IQ ပြီးတော့ EQ ပေါ့ …
(အနည်းဆုံးတော့ ကားဒရိုက်ဘာ စပယ်ယာ အဆင့်ထက်တော့ ပိုပြီး ပညာရည်ပြည့်မယ်
မှတ်ပါတယ်… သည်အဆင့် တွေကို)
ပညာရည်လို့ပြောတာ အစိုးရပညာရေးကိုဆိုလိုတာမဟုတ်….. အကြမ်းဖျဉ်းပြောရရင်
စာပိုတတ်မယ်မှတ်တာပါ..(မဟုတ်ရင်အောက်ခြေကိုသူဘယ်လိုထိမ်းမလဲပေါ့)
အဲ့လိုနဲ့ …လုမောင်း ပြိုင်မောင်း ..အတင်းခေါင်းထိုးထည့် …တိုက်ကြ ခိုက်ကြ သေကြ ကြေကြ…
အဲ… အဲ့လို နဲ့ ကားအကြောင်းတွေးရင်း ကားလိုင်စင်ဝင်တဲ့ ဆီ ရောက်လာပါရောလား..
ထုံးစံအတိုင်းပေါ့ စာအုပ်ထပ် တာ လုကြ ယက်ကြ …
ဟိုက တအုပ်ပြီးတအုပ် တယောက်ပြီးမှ တယောက် အလှည့်နဲ့ ခေါ်မှာကို..
အဝမှာ ပြိုင်တိုးနေကြ တာများ လူသစ် စာအုပ်သစ် လာထပ်ဖို့တောင် နေရာလွတ်မချန်…
နေပူပူ ချွေးစိုစို နဲ့ .. စာရေးမအသံတိုးတိုး အောက်မှာ… အလှည့်ကျသူ ခေါ်သံမကြား ..
(ဒီလိုဖြစ်လို့ ကျော်သွားရင်ပဲ ငါ့အလှည့်မြန်မြန်ရောက်မယ် တွက်ကြသလား မသိ)
ငယ်တုန်းက ကျောင်းမှာ စာအုပ်ထပ်ရင် စာအုပ်လေးတွေ ဆရာမ အမှတ်ခြစ်ရမယ့်နေရာထိလှန်ထား
ပြီးတော့ ပြောင်းပြန် မှောက်ထပ် … သည်အတိုင်း တယောက်စီ ထပ်သွား။
ဆရာမ အမှတ်ခြစ်မယ့် အချိန်ရောက်လို့ စာအုပ်ပုံကို အတည့်ဆွဲလည့်လိုက်တဲ့အခါ
အရင်ဆုံးထပ်တဲ့ စာအုပ်က အပေါ်ဆုံး ရောက်တာမို့ …ပါ…။
ရုံးတွေ ဌာနတွေ နဲ့ (တချို့)ဆေးရုံဆေးခန်းတွေလည်း ဒါမျိုးလေးတွေ မြင်ချင်စမ်းပါဘိ
(လူနည်းသေးတာပဲ ဆိုပြီး ဖြစ်သလို လုပ်နေတော့) လူလည်းများလာရော နောက်မှမွေးပြီး
မောင်ဦး ဖြစ်ချင်သူတွေရယ်။ ငါစီနီယာကွ .. လုပ်ဖူးနေကြ ကွ ..အဆက်သွယ် ရှိသကွဆိုပြီး
ကြားဖြတ်ချင်သူတွေ ရယ် ကြောင့်ပြောပါတယ်။
တိုင်းပြည် မချမ်းသာလို့ ..အဲ့သည့်ကောင်တာမှာ လော်စပီကာ တပ်မပေးနိုင်တာ
တိုကင်ဘုတ် LED မချိတ်ပေးနိုင်တာ အပြစ်မပြော ခင်.. ။ ကိုယ်တိုင် အလှည့်ကျ ဆိုတဲ့စနစ်ကို
လက်သင့်ခံဖို့ ရာ.. အတော်လိုသေးတာ တွေ့ရတယ်..။ ဒါတောင် after you ဆိုတာမပါသေး..။
အလှည့်ကျတော့လည်း လုပ်စရာရှိတာလုပ်လို့ ပြီးစရာ ရှိတာ ပြီးသွားတာပါပဲဗျာ..
(ဒါတောင် ခွင်ဆိုပြီး ယနေ့တိုင် လုပ်စားနေတဲ့ ပွဲစား ဆိုတာတွေ ဘာကြောင့်မပျောက်သေးသလဲ မပြောတတ်)
အဲလိုနဲ့ အပြီးမှာ အဖော်လိုက်ပေးတဲ့ အဒေါ် သားတော်မောင်တွေ ကျောင်းဆင်းချိန် ကြုံလို့
ကျောင်းလိုက်ကြိုပေးရင်း သူတို့သားအမိတွေ အိမ်ပြန်ပို့ပေးလိုက်ပါတယ်…။
ကျောင်းရောက်တော့မှ ..လားလား….။ များလှစွာသော ကားတွေပါ တကား…။
များလှစွာသော ကလေးအမေ တွေ ပါတကား..။ ကျောင်းကားတွေလည်း မနည်းမနော…။
သို့သော် အိမ်ကားတွေ တစီးနဲ့ တစီး ကွာသလို ..ကျောင်းကားတိုင်းက လည်း တစီးနဲ့ တစီးကွာပြန်တယ်..။
(ဒိုင်နာ ကအစ ဟိုင်းလပ်စ် အလယ် စူပါကတ်စတမ် အဆုံးပေါ့လေ..)
တွေးမိတာ က .. ကလေးအမေတွေ + အိမ်စီးကား VS ဖယ်ရီဝန်ဆောင်(ဒရိုင်ဘာ စပယ်ယာ) + ကျောင်းကား
ဆိုတဲ့ အချိုးအဆ ပါပဲ။ ကျောင်းသား ၃-၄ထောင်လောက် ရှိတဲ့ ကျောင်းတကျောင်း မှာ အိမ်က လိုက်ပို့တာ
အိမ်ကား ၃-၄ရာ ဆိုရင် ရန်ကုန်မြို့ နာမည်ကျော် ကျောင်း ၁ဝကျောင်း ရှိတယ်ဆိုပါစို့။
အစီးရေ နဲ့ (အမေ or အဒေါ်) ၃-၄ထောင်ဗျာ..။ ဘိုကျောင်း တွေနဲ့ ပုဂ္ဂလိက ကျောင်းတွေ ထည့် ပြီး assume လုပ်
အိမ်သုံးကား + (အမေ or အဒေါ်) တသောင်းထက်မနည်းက နေ့စဉ် ကျောင်းပို့/ကြို နဲ့ တင် လမ်းပေါ်တက်နေကြရတာ။
ဒါနဲ့ ဖယ်ရီကို ပြန်ငဲ့ကြည့်လိုက်တော့ ..ဘယ်ကား ဆို ဘယ် ယာဉ်မောင်းမျိုးဆိုရင်တော့ ငါတောင် စိတ်မချတာ…
ကလေးအမေတွေ အပြစ်မဆိုသာဘူး ဆိုတဲ့ အတွေးဝင်တယ်။
သည်တော့ ပြသနာအတွက် solution က အိမ်က စိတ်ချရမယ့် အဆင့်တခုရှိတဲ့ ဖယ်ရီ စနစ် တည်ထောင်နိုင်ရင်ဆိုတာ..
ကျောင်းဆရာ/ဆရာမ + မိဘ ပူးပေါင်းပြီး ကျောင်းကားတွေ ကို စစ်ဆေးစောင့်ကြည့်မယ်။ သင့်တင့်မျှတတဲ့ဈေးနဲ့
ဝန်ဆောင်မှုပေးမယ်။ ဆိုရင် ယခု ကိုယ်တိုင် ကြိုပို့နေတဲ့ မိဘတွေကားတွေ အတော် လျော့နည်းလာမှာ ဖြစ်သလို
အလုပ်အကိုင်အခွင့်အလမ်း နဲ့ စီးပွားတွေလည်း ဖြစ်လာမယ်မြင်မိပါတယ် (အဲ့လုပ်ငန်းကိုယ်တိုင်တောင်လုပ်ချင်သေး)
10 seater နဲ့ ဆွဲပါအုံး ကျောင်းသားတသောင်း အိမ်ကား တသောင်းနေရာမှာ အစီး ၁၀၀ဝ လောက်သာ ဖြစ်သွားမှာမို့
မြို့အတွက်က ကားအတော် ချောင်မယ် ။ မိဘတွေ တခြား မိသားစုအတွက် ဝင်ငွေ / အကျိုးကျေးဇူး ရှိမယ့် အလုပ်လုပ်နိုင်မှာမို့ ပိုပြီး သာယာချောမွေ့လာမယ် ပေါ့။ ကျမသားက သူငယ်တန်းကတည်းက လန်ခရူဇာနဲ့ တက်တာ
ဆိုတာမျိုး ကြွားချင်သူ လူတစု ကိုတော့ မတတ်နိုင် pride တွေ ego တွေ။ ရှိတယ်နော..။ အဟတ် ..အဲ့သည့်နေ့ကတောင်
တွေ့ပါသေးသဗျား။ အဲ … ကျောင်းဆင်းပါပြီဗျား …။ အပေါက်ဝမှာ ကလေးအမေတွေ စုပြုံတိုးနေတာ မြင်မကောင်း..။
ဘယ့်နှယ့် ကိုယ်က ထိပ်ကကြိုလို့ ကိုယ့်သားသမီးက ထိပ်ဆုံးက ထွက်လာမှာလည်းမဟုတ်
အိုလံပစ် ပြိုင်ပွဲ စံချိန်ယူနေတာလည်းမဟုတ်။ သူ့အတန်းနဲ့သူ အချိန်တန် ထွက်လာမပေါ့…။
ခုတော့ စုပြုံတိုး.. ကလေးတွေက လျောက်စရာ ပလက်ဖောင်း မကျန်တော့…။ကားဖြတ်နေတဲ့ လမ်းမပေါ်ကိုဆင်းပြီး
လမ်းဘေးကပ်လျောက်ရပါသဗျား… ဖြစ်ရလေ…။ တကယ်က တယောက်စာ ချန် တန်းစီစောင့်ပြီး တန်းစီထွက်ခိုင်းရင်
ဘာမှ ပြသနာမရှိတာလေးကိုများ ..။ ခုတော့ဗျာ ……။
ကဲပါလေ ..ပြောချင်တာတွေလည်း ပြောပြီးပြီး ကိုသစ်ပြောသွားတဲ့ Q တွေနဲ့ ယှဉ်ထိုးကြည့်ရင် ဘယ်ကိစ္စဟာ
ဘယ်အဆင့်တွေ ဆိုတာ မြင်ရမှာပါ…။ နည်းနည်း ညည်းညူသံပါသွားတာ အတွက်တော့ ဆောရီးပါဗျို့…။
ဖြစ်နိုင်ချေ ရှိတဲ့ solution တချို့ပါ တွဲပြီး ရေးထားပါတယ်ဗျ။
ပင်ကိုယ်သိ နဲ့ ဆိုင်ပြီး တယောက်ချင်း လုပ်ရမယ့် အပိုင်းတွေပါလားလို့ မြင်မိတဲ့ ကိစ္စလေးတွေပါ…။

ကိုသစ်မင်း

ညီလေးဂီရဲ့ ကြောင်းကျိုးဆက်စပ်..(ဒီအကြောင်းရင်းက ဒီအကျိုးဆက် ဖြစ် စေတယ်) ဆိုတဲ့
ဆွေးနွေးချက ်ရယ်.. ပြဿနာကို ပြောရင်း အ ဖြေကိုပါ ရှင်းပေးသွားတဲ့
professional management သမားတ ယောက် ရဲ့.ဂရုဏာဒေါမ နော လေး တွေနဲ ့ အားရပါးရ ဆွေးနွေးလိုက်တာပါဘဲ။
သူများကိုဦးစားပေးတဲ့ after you ဆိုတဲ့ အ လေ့အထဟာ ဆိုရှယ်လစ် ခေတ် ရဲ့ ဦးရာလူ ရမည် က နေ
after me (ငါ ပြီးမှ မင်း) ဖြစ်သွား ခဲ့ တယ်လို့ ယူဆ ရင် ရမယ် ထင်ရဲ  ့။
အဲဒီ ငါပြီးမှ မင်း ဆိုတဲ့ ဝါဒကြီး က တိုင်းပြည်ကို.လုံးဝ ဥဿုံ ချွတ် ချုံကျ သွားစေ သော အဓိက အကြောင်းရင်းကြီးပါဘဲ..။
ဒါကို ဖော် ထုတ် ဆွေးနွေးသွားတဲ့ ကိုယ့်ညီကို ချီးကျူးပါတယ်။
ဆက်ပြောရရင် ပိုမို.ကျယ် ပြန့် တဲ့ ဆွေး နွေး ချက်တွေ ဖြစ်  သွား မှာ ဆိုတော့
အားလုံး ရဲ့ ပါဝင် ဆွေး နွေး ချက် တွေ ရပြီး မှ ဆက် ဆွေးနွေး ရအောင် ညီ ရေ  ့။

မပဒုမ္မာ

ကျမကတော့ ကိုသစ်မင်းဟာ တကယ်တော်တဲ့ ကျောင်းဆရာတယောက်ပဲလို့ အရင် မှတ်ချက်ပေးချင်ပါတယ်။

ကိုသစ်ပြောသွားတာတွေ နားထောင်ရင်း စိတ်ထဲဖြစ်မိတာတော့

ရန်ကုန်မှာသာ ကိုသစ်ရယ် တီချာကြီးရယ် စာသင်ကြရင် ကျမတော့ အလုပ်တွေ ပစ်ထားပြီး

သူတို့ သင်တာတွေ ပြေးတက်မိမှာပဲလို့ပါ။

ကိုသစ်ကလည်း စာသင်ကောင်း မဒမ်သစ်ကလည်း ချစ်စရာကောင်းတာမို့ လက်ဖက်ရည်ဆိုင်က ၂နာရီကျော်ဟာ
ဘယ်လို အချိန်ကုန်သွားမှန်းတောင် မသိလိုက်ရပါဘူး။
မှန်တာပြောရရင် ကျမတို့ ငယ်ငယ်က IQ ပဲကြားဖူးတာ၊ IQကောင်းမှ စာတော်မယ်၊ကြီးပွားမယ်၊
IQကောင်းအောင် ဘယ်လိုကျင့်ရမယ်ဆိုတာမျိုးတွေပေါ့။ကိုယ်လည်း IQ 100 ကျော်လောက်ရဖို့ မှန်းမိတာ။
လွန်ခဲ့တဲ့ ၄-၅နှစ်ကမှ EQ ဆိုတာ စကြားဖူးတယ်။IQ က ဉာဏ်ကောင်းတာ  EQ က ကိုယ်ရည်ကိုယ်သွေးကောင်းတာ၊
ဆင်ခြင်တုံတရားရှိတာ အဲသလို သဘောပေါက်ပြီး EQ ကောင်းတဲ့သူလည်း ဖြစ်ချင်ပြန်ရော။
လူတွေကို အကဲဖြတ်ရင်လည်း ဒီလူက IQ ကောင်းပေမယ့်  EQ  မကောင်းရင် ယုံကြည်ရတဲ့ထဲမပါဘူး။
EQ ပဲကောင်းပြီး  IQ နိမ့်ပြန်တော့ အစောင့်လောက်ပဲ ရမယ်လို့ သတ်မှတ်မိပြန်တယ်။
ဟော …ဒီ ၁နှစ်လောက်မှ SQ(Spiritual Quotient) ဆိုတာကို စကြားဖူးပါတယ်။
ဘာမှန်းတော့ ရေရေရာရာ နားမလည်သေးပါဘူး။
အခု ကိုသစ်ရှင်းပြမှပဲ နားလည်တော့တယ်။
Moral Quotient (MQ) ဆိုတာ ကိုသစ်ပြောပြမှ စကြားဖူးတာပဲ။
ခုလို သိရတဲ့ အတွက် ကျေးဇူးတင်လိုက်တာ။
ကျမ နားလည်လိုက်မိသလောက်တော့….
IQ ဆိုတာ တွက်တတ်ချက်တတ်တယ်၊စာတော်တယ် ဆိုတာမျိုးပေါ့။
EQ ဆိုတာကတော့ သူက ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းရှိမယ်။မလုပ်သင့်တာ တခုကို မလုပ်ပဲ စောင့်ထိန်းနိုင်မယ်။
အချိန်စောင့်ရမယ့် ကိစ္စမှာ စောင့်နိုင်တဲ့ အရည်အချင်း။
(ဒါနဲ့ပတ်သက်လို့ ပုံလေးတခု ဖတ်ဖူးတယ်။ ဆရာမက ကျောင်းသားတွေကို  ဆရာမ ပြန်လာမှ ယူတဲ့သူ
သကြားလုံး ၂လုံးရမယ်။ ဆရာမ ပြန်မလာခင် ယူရင် ၁လုံးပဲရမယ်လို့ ပြောပြီး သကြားလုံးအိပ်ချပေးထားခဲ့တယ်။
အတန်းထဲက ဆရာမထွက်သွားတာနဲ့ ကျောင်းသားအတော်များများ သကြားလုံး ၁လုံးစီ ယူပစ်လိုက်ကြတယ်။
မစောင့်နိုင်ဘူး၊ ၊မအောင့်နိုင်ဘူး။ ဆရာမလာတဲ့ထိစောင့်တဲ့ ကျောင်းသား ၄-၅ ယောက်ပဲ ရှိတယ်။
နောင်အခါ အဲဒီ စောင့်နို်င်တဲ့ ကျောင်းသားတွေဟာ အောင်မြင်တဲ့ သူတွေ ဖြစ်လာတယ်တဲ့)
 ကျမကတော့ မဟာစည်ဆရာတော်ကြီးရဲ့ တရားတော်ထဲပါတဲ့
အကျိုးရှိလားမရှိလား စဉ်းစားတာက သတ္ထာက၊
သင့်တော်သလား မတော်လား စဉ်းစားတာက သပ္ပါယ ၊
သတ္ထာက သမ္ပဇဉ်၊သပ္ပါယသမ္ပဇဉ်
ဤနှစ်အင် ၊ပြည့်လျှင်ကြွယ်ဝ ချမ်းသာသည်။
 ဆိုတာကို EQ SQ လို့ သတ်မှတ်ချင်ပါတယ်။
 SQ ကတာ့ ကိုသစ်အများကြီး ရှင်းပြသွားသလိုပါပဲ။
ဒါ့အပြင်
လူတယောက်ဟာ လုပ်သင့်တယ်လို့ မြင်တဲ့ အလုပ်တွေကို သူများတိုက်တွန်းလို့ မဟုတ်ပဲ လုပ်တယ်။
မလုပ်သင့်တာဆိုရင် ဆိတ်ကွယ်ရာမှာတောင် မကောင်းမှုကို မလုပ်တော့တာ၊
(ကျမက Integrity လို့ပြောတော့ ကိုသစ်က အရဟံ ဂုဏ်တော်လေ လို့ ထောက်ပြသွားပါတယ်။)
ဒီနေရာမှာ ကိုသစ် တချက်စီ ရှင်းပြတာကို နားထောင်ရင်း ကျမ မျက်စိထဲ မြင်ယောင်လာတာကတော့
ဒေါ်စုရဲ့ အရည်အချင်းတွေနဲ့ ကွက်တိပါပဲ။
အထူးသဖြင့် မှန်တယ်လို့ ယုံကြည်ရင် ရှေးစွန်းစွဲတွေကိုလည်း ဆန့်ကျင်ရဲတယ် ဆိုတဲ့ အချက်ပါပဲ။
MQ အတွက်တော့ ကိုသစ်ပြောသွားတဲ့ စကားလုံးက
Humble ပါပဲ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုပါ။ ကျမက နိဝါတောစ လို့ ဖြည်စွက်လိုက်ပါတယ်။
အဆံပြည့်သော စပါးနှံများ ထောင်ထောင်ထောင်ထောင် မနေသလိုပဲ MQ ပြည့်လာလေ သူ့ကိုယ်သူ နှိမ့်ချပြီးနေလေပါပဲ။
ဘယ်လိုပင် နှိမ့်ချနေပေမယ့် ပတ္တမြားဂူကို တောဝက်တွေ ရွှံ့နဲ့ လူးလို့မရသလို သူ့ အရည်အချင်းဟာလည်း ပေါ်လွင်လာတာပါပဲ။
အဲဒီ နေရာမှာ ကျမ မျက်စိထဲတော့ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ကို မြင်မိပါတယ်။
ဆရာကြီးဟာ ဟောပြောပွဲတွေလာရင် တိုက်ပုံလေး ရိုးရိုးပဲဝတ်ပြီး လွယ်အိတ်လေးတလုံးနဲ့ စကားပြောလည်း ရိုးရိုး၊
ဘယ်သူ့ကို မဆို ရင်းရင်းနှီးနှီး ပြောဆိုလို့ တကယ့် ပညာရှိ တကယ့် MQ တကယ့် အနှစ်ပြည့်တဲ့ စပါးနှံ ပါပဲ။

 

ကျမတို့ပြောနေကျ ဥပမာဆိုရင်တော့ EQ ကောင်းရင် အလွယ်တကူ အမှိုက် မပစ်တော့ဘူး၊
SQ ကောင်းရင် အမှိုက်ပုံးထဲရောက်အောင် ထည့်ဖို့ ဆော်ဩမယ်။
MQ ကောင်းရင် သူများချသွားတဲ့ အမှိုက်ကိုပါ ကောက်ဖို့ ဝန်မလေးတော့ဘူး။
နောက်တခုဆွေးနွေးဖြစ်တာက အခု၁- ၂နှစ်လောက်မှာ အသက် ၂ဝလောက်
လူငယ်တွေ တချို့ တော်တော်ကို လူမှုရေး ပရဟိတဖက် စိတ်ပါလာတာ၊ ဟိုးအရင်ကထက်စာရင်
လူမှုကျင့်ဝတ်၊ပြည်သူ့နီတိတွေကို စောင့်ထိန်းလာတာ တွေ့လာရပါပြီ။
(ဆိုးတဲ့သူတွေကလည်း တပိုင်းပေါ့)
ဒါဟာ အင်တာနက်ကြောင့် မျက်စိပွင့်လာပြီး ဒို့လည်း ကောင်းတာလေးတွေ လုပ်မှ သူများတိုင်းပြည်လိုမျိုး
အဆင့်မြင့်လာမယ်လို့ မြင်လာကြတာလည်း ဖြစ်မယ်ဆိုပြီး ဦးပါက ကောက်ချက်ဆွဲပေးပါတယ်။
ဘာကြောင့်ပဲ ဖြစ်ဖြစ် ကျမတို့ ဂဇက် အဖွဲ့သားတွေ ပြောနေကျ စကားအတိုင်း ကြယ်ငါးလေးတွေ နိုင်သလောက်
ရေထဲ ချဖို့ မလျှော့သော ဇွဲလုံ့လနဲ့ ဆက်လက် ကြိုးစားသွားကြရအောင်လို့ ကိုသစ်က နိဂုံးချုပ်ပေးသွားပါတယ်။

 

65 comments

  • ဝင့်ပြုံးမြင့်

    September 15, 2014 at 2:12 am

    တကယ်ပြောရရင် ဒီပို့စ်က ကျမအတွက် တော်တော်မြင့်နေတယ်။ ကျမမှာ လူပြိန်းအသိ တစ်ခုတော့ရှိတယ်။ အဲဒါက မှန်တာတစ်ခုလုပ်ဖို့ တော်တော်ခက်တယ် ဆိုတာပါပဲ။ ဘဝနဲ့ချီတဲ့ကိစ္စမှာလည်း မှန်တာတစ်ခုလုပ်ဖို့ တော်တော်ခက်တယ်။ မဟုတ်တာလုပ်ဖို့ဆိုရင် လာထား၊ လွယ်မှလွယ်။ ၁လုံးထိုးမလား၊ ၂လုံးထိုးမလား၊ အိမ်တကာလှည့် အတင်းတုပ်မလား၊ အကုန်လွယ်တယ်။ ဘဝမှာ အမှန်ကန်ဆုံးအလုပ်ကို တစ်ကြိမ်ပဲ လုပ်ကြည့်လိုက်။ ဘဝကိုအောင်နိုင်တဲ့သူဖြစ်ပြီ။ အဲဒီအမှန်ကန်ဆုံးအလုပ်ကလည်း အခက်ဆုံးအလုပ် ဖြစ်နေတတ်တယ်။

    • thit min

      September 16, 2014 at 9:15 am

      မပြုံးရေ…ကော်မန့်လေးကို ဥပမာ ဥပမေယျလေးနဲ့ဖတ်ရရင် သိပ်ကောင်းမှာဘဲလို့တွေးမိပါတယ်။
      မပြုံးလို ထောင့်စုံဘက်စုံကနေ တွေး ရေး ပြော တတ်သူ
      တယောက်ရဲ့ ဝေဖန်ချက် ကို အထူးကြိုဆိုပါတယ်..ကျေးဇူးလဲတင်ရပါတယ်ဆိုတာလေးကိုလဲ ပြောလိုပါတယ်။

Leave a Reply