ဗောက်တွေထလို့ကြောက်နေကြပါသလား????

Shwe EiAugust 25, 20141min20814

ဗောက်ထမှိုစွဲခြင်းရောဂါတမျိုးအတွက် သဘာဝဆေးနည်း (၄)မျိုး

dry scalp or dandruff
dry scalp or dandruff

သဘာဝဆေးဘက်ဝင်ပစ္စည်း တော်တော်များများကို ဗောက်ထမှိုစွဲတဲ့ရောဂါ တနည်းအားဖြင့် ရိုးစင်းတဲ့အရေပြားပြဿဿဿ နာတစ်မျိုးကို ကုသတဲ့နေရာမှာ သုံးလို့ရပါတယ်။ တချို့ကိတ်စတွေမှာတော့ ဦးရေပြားတွေခြောက်ပြီးကွာကျတာဟာ ကိုယ့်ပတ်ဝန်းကျင်က အကျိုးသက်ရောက်မှုတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဥပမာ…အခန်းထဲမှာရှိနေတဲ့လေဘဲဖြစ်ဖြစ် အပြင်ဘက်လေထုဘဲဖြစ်ဖြစ် ခြောက်သွေ့နေတာမျိုးပေါ့။ ပုံမှန်အားဖြင့်တော့ dandruff (ဦးရေပြားဆဲလ်သေတွေဟာ အဖတ်တွေအဖြစ်နဲ့ကွာကျလာတာ), eczema သို့မဟုတ် atopic dermatitis (အရေပြားမူမမှန်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဦးရေပြားခြောက်သွေ့ယားယံခြင်း နီရဲယောင်ယမ်းခြင်းတို့ဖြစ်စေပါတယ် ) and psoriasis (အရေပြားရဲ့ နာတာရှည်ယားယံမှုတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာကို ပိုဆိုးမလာအောင် ထိန်းပေးရုံအပြင် တခြားနည်းလမ်းမရှိတဲ့ ရောဂါတစ်မျိုး) စတာတွေနဲ့ စပ်ဆက်ပြီးဖြစ်တာမျိုးပါ။ အောက်မှာ ဆက်ပြောမှာတွေကတော့ အလုပ်ဖြစ်တယ်လို့ပြောလို့ရတဲ့ သဘာဝဆေးနည်းတချို့ပါ။

၁) Hair Oils

ခေါင်းလိမ်းဆီတွေကတော့ ဦးရေပြားရဲ့ အစိုဓါတ်ကိုပြန်ထိန်းပေးခြင်းအားဖြင့် ဦးရေပြားခြောက်သွေ့ကွာကျမှုကို ကုသပေးပါတယ်။ သဘာဝဆေးနည်းအနေနဲ့ပြောရရင်တော့…

၁) Argan Oil
၂) Coconut Oil
၃) Jojoba Oil
၄) Neem Oil

ဦးရေပြားခြောက်သွေ့မှုကို ကုသပေးနိုင်တဲ့ ့ အခြားအဆီတွေထဲကမှ လူသိနည်းတဲ့တစ်ခုကတော့ Bhrami Oil ဖြစ်ပြီး အရေပြားကျန်းမာရေးအတွက်သုံးတဲ့ Ayurvedic Medicine (ဟိန္ဒူရိုးရာဆေး) ဖေါ်စပ်ရာမှာ အသုံးပြုနေတာကြာပါပြီ။ ဒီအဆီဟာ သဘာဝဆေးဖက်ဝင်အပင်တွေဖြစ်တဲ့ bacopa monnieri and gotu kola တို့ကို နှမ်းဆီ သို့မဟုတ် အုန်းဆီတို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာမျိုးပါ။

၂) Tea Tree Oil

ဦးရေပြားခြောက်သွေ့ကွာကျမှုနဲ့ပတ်သတ်လို့ သဘာဝဆေးနည်းတွေကို စစ်တမ်းကောက် ရှာဖွေထားတာမျိုး မရှိပေမဲ့ Tea Tree Oil ကတော့ မှိုစွဲဗောက်ထခြင်းရောဂါကို ကုသနိုင်လိမ့်မယ်လို့ ယူဆလောက်တဲ့ သက်သေတချို့တွေ့ရပါတယ်။ Aromatherapy အတွက် မရှိမဖြစ်အသုံးပြုတဲ့အဆီတခုအနေနဲ့သာမက ခေါင်းလျှော်ရည် ပျော့ဆေးနဲ့ ဦးရေပြားအစိုဓါတ်ထိန်း ထုတ်ကုန်ပစ္စည်းတွေမှာ အဓိကအနေနဲ့ ပါဝင်လာတာမျိုးလဲရှိပါတယ်။
လေ့လာမှုအချို့အရ Tea Tree Oil ဟာ မှိုစွဲခြင်းကို ဆန့်ကျင်တဲ့ အာနိသင်ရှိတာကိုတွေ့ရပါတယ်။ ၂၀၀၂ခုနှစ်ကထုတ်ဝေတဲ့ Journal of the American Academy of Dermatology ရဲ့အစီရင်ခံစာတစ်ခုမှာ Tea Tree Oil ပြည့်ဝစွာပါဝင်တဲ့ ခေါင်းလျှော်ရည်ဟာ ဦးရေပြားဆဲလ်သေတွေ ခြောက်သွေ့ကွာကျမှုကို မဆိုစလောက်ပမာဏကနေ အလယ်အလတ်အဆင့်လောက်ထိ လျော့ပါးသက်သာစေတယ်လို့ ဖေါ်ပြထားပါတယ်။

ကွင်းဆင်းလေ့လာမှုတစ်ခုမှာ အသက်၁၄နှစ်အထက် လူပေါင်း ၁၂၆ယောက်ကို Tea Tree Oil ၅% ပါတဲ့ခေါင်းလျှော်ရည် (သို့မဟုတ်) ရောဂါပျောက်နိုင်တယ်လို့ယူဆရတဲ့ အခြား ခေါင်းလျှော်ရည်တမျိုးကို လေးပတ်တိတိ နေ့တိုင်းသုံးစွဲစေပါတယ်။ လေ့လာမှုအပြီးမှာ ထွက်လာတဲ့ အဖြေကတော့ Tea Tree Oil ပါဝင်တဲ့ ခေါင်းလျှော်ရည်သုံးစွဲသူတွေမှာ ဦးရေပြားခြောက်သွေ့ကွာကျမှု ယားယံမှုနဲ့ စေးကပ်ကပ်ဖြစ်မှုတွေကနေ ၄၁%လောက်သက်သာသွားတာ တွေ့ရပါတယ်။ အခြားခေါင်းလျှော်ရည်သုံးစွဲကျသူတွေမှာတေ့ာ ၁၁%လောက်သာ သက်သာတာကိုတွေ့ရပါတယ်။

၃) Omega-3 Fatty Acids

မတူကွဲပြားတဲ့ ဆေးဝါးတွေနဲ့ ပတ်သတ်လို့ လေ့လာခွင့်ရသူတချို့ရဲ့အကြံပြုချက်ကတော့ သင့်ရဲ့ ခန္ဒာကိုယ်တခုလုံးက အရေပြားကျန်းမာရေး ကောင်းမွန်လာစေခြင်းအားဖြင့် ဦးရေပြားခြောက်သွေ့မှုကိုပါ ကုသရာရောက်စေဖို့ Omega-3 Fatty Acids သောက်နေတဲ့ အကြိမ်ရေတိုးလိုက်ဖို့ အကြံပြုပါတယ်။
Dietry Supplement (ခန္ဒာကိုယ် အဆီကျစေတဲ့ ဖြည့်စွက်အဟာရ-cod liver oil and krill oil supplements) နဲ့ Omega-3 Fatty Acids တွေသဘာဝအတိုင်းပါဝင်နေတဲ့ အစားအစာတွေကတော့ Flaxseeds (အေးမြတဲ့ဒေသတွေမှာပေါက်ရောက်လေ့ရှိတဲ့ အပင်တစ်မျိုး) နဲ့ အဆီထူတဲ့ငါးတွေဖြစ်တဲ့ Salmon, Sardine, Tuna, Mackerel and Herring တို့ဖြစ်ပါတယ်။

၄) Apple Cider Vinegar

Apple Cider Vinegar ဟာ ဦးရေပြားခြောက်သွေ့ကွာကျမှုနဲ့ ဆက်စပ်နေတဲ့ မှိုစွဲတဲ့ရောဂါမျိုးကို ကုသပေးနိုင်တဲ့ သဘာဝဆေးနည်းတခုဖြစ်ပါတယ်။ Apple Cider Vinegar ဟာ ဦးရေပြားမှာရှိတဲ့ ရေဓါတ်ကို ထိန်းညှိပေးပြီး အပြန်အလှန်အားဖြင့် malassezia furfur-အရေပြားပေါ်မှာတွေ့ရတဲ့ မှိုတမျိုး ( yeast-like fungus thought to contribute to dandruff development) ဖြစ်ပွားမှုကိုတားမြစ်ပေးပါတယ်။

ရိုးရာနည်းအတိုင်း ဦးရေပြားခြောက်သွေ့ကွာကျမှုတွေကို ကုသမယ်ဆိုရင်တော့ Apple Cider Vinegar နဲ့ ရေကို ဆတူရောရပါမယ်။ ပြီးရင်တော့ စပရေးဘူးထဲထဲ့ပြီး ဦးရေပြားအနှံ့ဖျန်းပေးရုံပါဘဲ။ ၁၅မိနစ်လောက်ထားပြီးရင်တော့ ရေနဲ့ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် အကြံပြုချင်တာကတော့ တပတ်ကို တကြိမ် သို့မဟုတ် ၂ကြိမ်လောက်သုံးရပါမယ်။
ဦးရေပြားခြောက်သွေ့ကွာကျမှုအတွက် သဘာဝဆေးနည်းတွေကို သုံးမှာပါလား ???
အပေါ်မှာပြောခဲ့တဲ့ သဘာဝဆေးနည်းတွေဟာ သင့်အရေပြားကို အလုံးစုံ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးဆိုရင်တောင် ဦးရေပြားခြောက်သွေ့ကွာကျမှုအတွက် ကုသဖို့ဆိုရင်တော့ သဘာဝထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုတာကသာ စိတ်ချရလိမ့်မယ်လို့ ပြောချင်ပါတယ်။ ပြောခဲ့တဲ့ နည်းလမ်းတွေထဲက တခုမဟုတ်တခုစမ်းကြည့်အားဖြင့် ဘယ်နည်းလမ်းက သင့်အတွက် အကောင်းဆုံးဖြစ်နိုင်လဲဆိုတာ ရှာဖွေကြည့်ပါ။

ဦးရေပြားခြောက်သွေ့ကွာကျမှုအများစုဟာ အလှကုန်ပစ္စည်းအသုံးပြုမှုတွေက တဆင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလို့လဲပြောလို့ရပါတယ်။ တခါတလေကျတော့ psoriasis လိုမျိုး နာတာရှည်ကျန်းမာရေးချို့တဲ့မှုကနေ များပြားလှတဲ့ ယားယံမှုပြဿ နာတွေကိုဖြစ်ပေါ်စေနိုင်ပြီး အပြန်အလှန်အားဖြင့် အယားကုတ်တဲ့ လက်တွေကနေဆင့် ဘက်တီးရီးယားပေါက်ပွားစေနိုင်တဲ့ ရာခိုင်နှုန်းများလာတာမျိုးလဲဖြစ်တတ်ပါတယ်။ တကယ်လို့သာ သင့်ရဲ့ ဦးရေပြားခြောက်သွေ့ကွာကျမှုဟာ ရေရှည်ဖြစ်လာမယ် ဒါမှမဟုတ် အဆစ်အမြစ်ယောင်ယမ်းတာတွေ လက်သည်းခွံမှာလှိုင်းထတဲ့လက္ခဏာတွေ ငွေမှင်ရောင်သန်းတဲ့ အရေပြားအချပ်တွေကို သင့်ကိုယ်ပေါ်မှာတွေ့လာရပြီဆိုရင်တော့ သဘာဝနည်းတွေနဲ့ကုတာထက် ဆရာဝန်ပြတာပိုကောင်းလိမ့်မယ်လို့ အကြံပြုပါရစေ။

Translated by Shwe Ei
25th Aug 2014

14 comments

  • ခင် ခ

    August 25, 2014 at 12:37 pm

    ဗဟုသုတအဖြစ်တင်ပေးတာ ကျေးဇူးပါဗျာ။

  • alinsett

    August 25, 2014 at 12:59 pm

    ဆရာဝန်ပြဖို ့….
    ပိုက်ချံ သိပ်မတတ်နိုင်တဲ့ ရပ်ကွက်ထဲက…အဒေါ်ဂျီးတွေ.. အုူးလေးဂျီးတွေကတော့.. ဟိုလူပြော ဒီလူပြောတဲ့နည်းလေးတွေနဲ့ပဲ..ကြိတ်ကုကြတာရယ်.. ။
    ဆေးမြီးပြတ်ဆိုလား..ဆေးမြီးတိုဆိုလား… ။
    အဲဒါ..တွေနဲ ့ တပေပေတတေတေ နေခဲ့ကြရရှာတဲ့သူတွေ အညားကြီးနော်… ။

    ——

    ဘာပဲဖြစ်ဖြစ်… ဒီပိုစ့်လေးက မှတ်သားစရာ ဗဟုသုတပိုစ့်လေးမို ့…
    တင်ပေးတာလည်း ကျေးဇူးတင်
    သိမ်းလည်း.သိမ်းသွားပါကြောင်းးး

  • Shwe Ei

    August 25, 2014 at 1:13 pm

    တကယ်တော့ ဗောက်ထတဲ့ရောဂါကို အမြစ်ပြတ်ကုနိုင်တဲ့ ဆေးမရှိသေးဝူးဗျ။

    ရောဂါလက္ခဏာ လျော့ပါးသွားအောင် လုပ်နိုင်တာမျိုုးလောက်တော့ရှိတယ်…အိုက်ဒါကြောင့်

    သဘာဝဆေးနည်းကိုသုံးဖို့ အကြံပြုု ကြတာပေါ့လေ။

    နာတာရှည်ဗောက်ထနေပြီဆိုရင်တော့ ဆရာဝန်မပြရင် သက်သာနိုင်ဖွယ်မရှိတာ ကျိန်းသေပါကြောင်း ..

  • မြစာကလေး (23122011)

    August 28, 2014 at 5:57 pm

    ဗောက်ထက် သန်း က ပိုပြီး ကြောက်ဖို့ ကောင်းသလားလို့။
    ဒါပေမဲ့ သန်း ကတော့ တို့ ဘားမိနည်း ဘားမိဟန် (စီဒီ – ဂဂ) ဘီးစိတ် က အစွမ်းအထက် ဆုံးလို့ ထင်တာဘဲ။ :-)))

    • Shwe Ei

      August 29, 2014 at 3:41 pm

      သန်းကတော့ အမြစ်ပြတ်ချင်ရင် ဂတုံး တုံးလိုက်ရုံဘဲလေ.အရီးရဲ့..
      ငယ်ငယ်ကတော့ သန်းဥတွေသန်းတွေရှိဖူးလို့ အဒေါ်အပျိုရီးတွေရဲ့ ဒူးနှစ်လုံးကြားခေါင်းညှပ်ခံပီး ရှင်းပလိုက်တာ သိပ်မကြာဝူး အမြစ်ပြတ်ရော :mrgreen:
      ဗောက်ထတဲ့ကိစ္စကျ အသေးအဖွဲဖြစ်တဲ့လူတွေ အတွက် ပြသနာမဟုတ်ပေမဲ့…
      ဆိုးဆေးတွေကြောင့် ကုရခက်တဲ့ အဆင့်ရောက်နေတာတွေ မြင်ဖူးလို့ ပိုကြောက်ဖို့ကောင်းတယ် ထင်မိတယ် ။

  • ဆောင်းတွင်းဆိုအရင်က ဗောက်ထ တတ်တယ်။
    မနှစ်က ငါးကြီးဆီသောက်တော့ ဘောက်မထတော့ဘူး။
    ဆိုင်လားတော့မသိဘူး။

    • Shwe Ei

      August 29, 2014 at 4:23 pm

      စာထဲမှာပါသလို ဆိုရင် နဲနဲတော့ ဆိုင်တယ် လေးပေါက်ရဲ့…

      အသေးအဖွဲ ဗောက်ထတာလောက်ဆိုရင် ခေါင်းလျှော်ရည်ပြောင်းသုံးတာ ခေါင်းလျှော်တဲ့အကြိမ်ရေ လျှော့လို်က်တာလောက် လုပ်ရင်ရတယ်။

      ငါးကြီးဆီကတော့ အရေပြားကျန်းမာရေးကို ခေါင်းအစခြေအဆုံး အထောက်အကူပြုတယ်တဲ့ခင်ဗျာ 🙂

  • ကျနော် မနှစ်က စပြီး ငါးကြီးဆီတစ်နေ့ တစ်လုံးသောက်တာ ဆောင်းတွင်းတိုင်းခြေထောက်ကွဲတာလဲ ရပ်သွားတယ် အဲဒါကတော့ အမှန် ပါ ဘဲ

  • Crystalline

    August 30, 2014 at 10:40 am

    ဗောက်မထဘူး.. ဆံပင်ကတော့ အသေကျွတ်တာ.. မကြာခင် ကတုံးတုံးရတော့မယ်.. ခေါင်းလျော်ရည်တွေ လည်းပြောင်းသုံးကြည့်.. နည်းတွေလည်း စမ်းတာကုန်နေပြီ.. :((

    • Shwe Ei

      August 30, 2014 at 7:28 pm

      ဆံပင်ရှည်သူတွေ နည်းလမ်းကောင်းတချို့ပါတဲ့ ပို့စ်ထပ်တင်ထားပါတယ်ခီညော် 😀

  • manawphyulay

    August 30, 2014 at 1:38 pm

    ဗောက်ကတော့ ခေါင်းလျှော်ရည်မတည့်ရင်ပဲ ထပါတယ်။ ကျန်တဲ့အချိန်တော့ မရှိဘူးလို့ ထင်မိတာပါပဲ။ 😆

    • Shwe Ei

      August 30, 2014 at 7:30 pm

      .ဗောက်မထဒါကောင်းပါတယ် အမရေ…ဆံပင်ရှည်ပီးဗောက်ထရင် ဒွတ်ခပိုများလို့ပါ 😛

  • မွသဲ ( 17082011 )

    August 30, 2014 at 8:34 pm

    မှတ်သားသွားပါတယ် ရွှေအိရေ။ တကယ်လိုအပ်ရင်ကျတော့ တကယ့်ကိုအသုံးဝင်တဲ့ပိုစ့်ကလေးပါ

Leave a Reply