နိယာမ

ရဲနဲ့အပူစာ
အပူစာနဲ့ရဲ
စာရဲသူစားစတမ်​း။

စားရဲလို့ဝင်​လုပ်​တာ
သမ္မာရင်​ ထမင်​းငတ်​တဲ့​ခေတ်​
ခပ်​တင်​းတင်​းယူရမှာပဲ။

အပြစ်​လုပ်​မိတာ ငါ့​ကြောင်​့မဟုတ်​
ဥပ​ဒေမသိတာ ငါ့​ကြောင်​့မဟုတ်​
ငါ့အလုပ်​က ​ငွေထုပ်​​ကောက်​ဖို့။

​ဟောက်​ချင်​လည်​း​ ​ဟောက်​မယ်​
​အောက်​ကျဆိုလည်​း ရတယ်​
အထက်​ဖား​အောက်​ဖိ အကုန်​သိ၏။

အပြစ်​ရှိတယ်​ လာမ​ပြောနဲ့
ကုန်​လိုက်​တာ ​ဟောကနဲ
ငါ့တစ်​မိသားစုလုံး ​ရောဂါရှိတယ်​။ ။

Posted from WordPress for Android

10 comments

  • alinsett

    August 25, 2014 at 12:25 pm

    ဘာရောဂါလဲ… ဟင်…

    အခု..ကျနော်တို ့ရပ်ကွက်ထဲက..မိသားစုတော်တော်များများလည်း..
    ရောဂါတွေ ဖြစ်နေကြတယ် ။
    ဆင်းရဲမွဲတေမှုရောဂါလေ…

  • ခင် ခ

    August 25, 2014 at 12:33 pm

    ပေးလည်းယူမယ် မပေးလည်း ရအောင်ခြူမယ်
    အဲဒါကို ဆိုစကားပြုတာရှိတယ် ငိုစား ရယ်စား တဲ့။
    ဆိုင်မဆိုင်တော့သိဘူးဗျ ကိုယ်သိတာလေးလာပြောတာပါ။

    • ငိုစား ရယ်​စား
      ဟုတ်​ပါ့ ​လေး​လေးရယ်​.. သူများငိုပြီး​ပေးတာကို ရယ်​ပြီးစားတာ​ပေါ့..

  • မင်း ခန့် ကျော်

    August 25, 2014 at 12:36 pm

    အထက်ကိုတဲ့ ဖား ပါလို့
    အောက်ကိုတဲ့ဖိကားထောင်းး
    မျိုးရိုးကိုတော့မသိစကောင်းး
    ဟောဒိ မိချောင်းး :mrgreen:

    ဖားသာဖား
    ဖိသာဖိ
    ဒကျိဒကျိ :p

  • Mr. MarGa (12512)

    August 25, 2014 at 1:54 pm

    နိယာမ ဆိုတာ
    လူတွေဖန်တီးတာ
    အဲဒါကို
    ဖောက်မထွက် နိုင်ရင်တော့
    ဥခွံထဲမှာပဲ အဆုံးသတ်သွားမယ်
    ဒါဘဲ
    🙂

  • မြစာကလေး (23122011)

    August 26, 2014 at 10:16 pm

    အတ္တရောဂါပေါ့။
    ဒီလိုလား။ :-))

    • မတရားသဖြင်​့ ရတဲ့​ငွေက ​ရောဂါ​တွေ​ကြောင်​့ ြြြြပြန်​ထွက်​သွားတဲ့သ​​ဘော​ပေါ့ 🙂

Leave a Reply