တရံတခါဆီကပေါ့ရှင်

ကျွန်မမှာ အကသင်ဖို့ကိစ္စဖြစ်လာပါတယ်။ မှတ်မှတ်ယယ ခြောက်တန်းနှစ် ( ၁၉၈ရ ) ရာတန်တွေ ( အဲ့ အစိတ်တန်လား ရာတန်လားသေချာမမှတ်မိ ) တရားမဝင်ကြေငြာလိုက်တော့ တက္ကသိုလ်ကျောင်းသားတွေဆန္ဒပြလေတော့ ကျွန်မတို့ကျောင်းလေးတွေလဲ တလခွဲ နှစ်လလောက် ရောယောင်ပိတ်တဲ့ထဲပါသွား သပေါ့။ နဂိုကမှ ညနေကျောင်းပြီးတာနဲ့ အိမ်တန်းမပြန်ပဲ တောတိုးခြုံဝင်ရွာပါတ်ဆော့တဲ့အမျိုးမို့ ဒီတခါကျောင်းပိတ်တာကတော့ ကျွန်မအတွက်ဆုလာဘ်တပါးဖြစ် သလို မိဘများအတွက်တော့ အင်မတန်ခေါင်းခဲစရာပေါ့ရှင်။ အဲ့အချိန်မှာပဲ မြို့က အနုပညာဝါသနာရှင် ဆရာဝန်မတယောက်က ပတ ္တလားသင်တန်းနဲ့ အကသင် တန်းဖွင့်ပါလေကော။ ကျွန်မလိုမိန်းမပီသသူအတွက်ကတော့ ဘုန်းကြီးနဲ့ဘီးလို လားလားမှမဆိုင်တဲ့သင်တန်းပေါ့။ သို့သော် အိမ်ကတော့ ဗိုင်းကောင်းကျောက်  ဖိဖြစ်အောင် အကသင်တန်းကိုပို့လိုက်တယ်။  :p: မြင်ကြည့်ကြပါအရပ်ကတို့ရယ်။ လမ်းလျှောက်တာတောင် ကားယားကားယား ဇာတ်တောက် ဇာတ်တောက် လျှောက်တဲ့သူက အကသင်တန်းရောက်သွားတဲ့အခါမယ် အတော်လေးကို မတော်မတဲ့ဖြစ်တာကိုပေါ့။ အကသင်တန်းရောက်တော့ ပထမဆုံးသင်ရ တာကတော့ ကဗျာလွတ် ပါ။ ခြေထောက်နှစ်ဖက်ကို တတောင်လောက်ချဲ၊ ဒူးကိုတဝက်ကွေး၊ ဖနောင့်နှစ်ခုကိုနီးအောင်ထား၊ ခြေဖျားနှစ်ခုကိုခွဲ၊ ခါးထောက် အောင် မယ်လေးနှစ် ရက်လောက် အဲ့ဒါကို အသားသေအောင်လုပ်ရတယ်။ လှုပ်စိရွခတ်နေတဲ့သူအတွက်တော့ ဒီသင်ခန်းစာဟာ အတော်ကိုဒါဏ်ပေးတယ်လို့ခံစားရ တယ်။ နောက် သင်တန်းကလဲ တနေကုန်ရှင့်။ အိမ်ကလဲ မကောင်းကျောင်းပို့လားမသိပါဘူးရှင်။ နှစ်ရက်လောက်အသားကျတော့မှ ခြေထိုး၊ မေးထိုးစသင်ရတယ်။ ကွတကွတ နဲ့ပေါ့။ အိမ်ပြန်ရောက်ရင်ဒူးတွေချောင်၊ ပေါင်တွေညောင်းပေါ့။  :chee: တီးလုံးကတော့ မြန်မာ့အသံက သတင်းလာခါနီးလာလေ့ရှိတဲ့တီးလုံး။ တုံတုံတုံတုံ တုံတုံတုံတုံ ဆိုတဲ့တီးလုံး။ အဲ့ဒါနဲ့ကျွန်မတို့ကလဲ လူမဆော့ရတော့ ပါးစပ်ဆော့သပေါ့။ အဲ့တီးလုံးကို စာသားလေးထည့်လိုက်တယ်။ :mrgreen:

ကိုခွေးလေးရယ်မအေးလေးရယ်

ရန်ဖြစ်ကြတယ်ကွယ်

ကိုခွေးလေးရယ်မအေးလေးရယ်

ရန်ဖြစ်ကြတယ်ကွယ်

တော်ကြပါတော့တော်တော့ကွယ်

တော်ကြပါတော့ကွယ်

တော်ကြပါတော့တော်တော့ကွယ်

တော်ကြပါတော့ကွယ်

ရိုက်ကုန်ပြီ ဂျိ သတ်ကုန်ပြီ

ရိုက်ကုန်ပြီ ဂျိ သတ်ကုန်ပြီ :k:

အမယ်တယ်ဟုတ်။ ပထမအုပ်လိုက် တယောက်တပေါက်ကနေတာမယ် ဒီစာသားလေးလဲသွပ်လိုက်ကော လိုက်ဆိုရင်းကလိုက်တာ ယိမ်းသမတွေအရှုံးပေးရတယ် ညီလို့။ ကဗျာလွတ်နှစ်ပါတ်လောက်သင်ပြီးတော့ တခြားအကလေးတွေသင်တယ်။ နောက်ထမသိမ်းကို အနားခပ်တာသင်ရတယ်။ အမေ့ရဲ့ မင်္ဂလာဆောင် ငွေတ ဆုပ်ထမီကိုအတင်းတောင်းပြီး အောက်ကရေသီနားထည့်ခိုင်းလိုက်တယ်။ ပြီးတော့ ထမီနားခပ်သင်ရတယ်။ လုံးလိုက်ထွေးလိုက် မှောက်ရက်လဲလိုက်နဲ့။ တဝါးဝါး နဲ့ပျော်ဖို့တောင်ကောင်းသေး။ အဲ့မှာ အကပိုးဝင်သွားပြီး ကြီးရင် အငြိမ့်မင်းသမီးလုပ်ဖို့တောင်စိတ်ကူးလိုက်သေး။ ထမီခပ်တာလဲ တပါတ်လောက်မှနဲနဲလေးမှောက် ရက်မလဲတော့တာ။ နှစ်ပါတ်လောက်ကြာမှ ဝဲကနဲဝဲကနဲလှလှလေးခပ်နိုင်တာ ( ဒါကတော့ ကွ့ကိုယ်ထင်တာပါ )။  :buu: နောက်ဆုံးတော့ သင်ရတာ ဆီမီးခွက် အက။ အောင်မယ်လေး အိုက်မှာသေတော့တာပဲ။ တသက်လုံးကမြင်းကြောထလာပြီး ဘာလေ့ကျင့်ခန်းမှမလုပ်တဲ့သူတွေ ခါးနောက်ကိုလှန်ဆိုလဲဆိုရော တဝက်တောင်အနိုင်နိုင်။ အတောင့်လိုက်ကြီးတွေ။ ရှေ့က ထမီစကို သုံးယောက်လောက်ဝိုင်းဆွဲ ကိုယ်ကခါးချိုးချ၊ ထမီတွေပြဲ။ အိုဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ။ ပထမတော့ ဆီးမီးခွက်နဲ့ချည်းကရတာ။ နောက် အချိုးကျတော့မှ ဖယောင်းတိုင်သေးသေးလေးတွေထွန်းပေးတယ်။ ညော်နံ့လေးတွေတသင်းသင်းနဲ့ပေါ့။ နားရွက် နားကပ်ကပ်ဝိုက်ယူတော့ ဆံပင်မီးလောင်တာ။  :harr: အဲ့အကသင်တာအားတဲ့အချိန်ဆိုရင်တော့ ပတ ္တလားခန်းဝင်ကြည့်၊ စပ်စုပေါ့။ ဟိုဝင်ခေါက်ဒီ ဝင်ခေါက်ပေါ့။ အောင်မယ်လေး ခက်လိုက်ချက်။ ထန်တျာတေရှင် ထန်တျာတေရှင် ဒရန့်ဒရန့် ထက်ပိုမတတ်ခဲ့ဘူး။ တတ်လာတာကတော့ အပြန်တရာသေဘီ အပြန်တရာသေဘီ တကျပ် တကျပ်။ ဟုတ်တယ်လေ သင်လို့မှမတတ်နိုင်တာ အပြန်တရာလောက်သေချင်တာပေါ့လို့။ အဲ့ကနေမှ စည်းနဲ့ဝါးသင်ရတယ်။ တယောက်ချင်းကတာကို ဆရာမက စောင်းနဲ့သီချင်းဆိုပေးတာကို ကျန်တဲ့သူတွေက စည်းနဲ့ဝါး လိုက်ပေးရတယ်။ ကျွန်မအလှည့်ရောက်တော့လဲ လိုက်ပေးရ သပေါ့။ အားရပါးရလိုက်လိုက် တာ သီချင်းတပုဒ်လုံးလဲဆုံးကော ဆရာမက နင့်ဟာက စည်းနဲ့ဝါး လိုက်တာကပြောင်းပြန်ကြီးတဲ့။  :harr:

အိုက်ဒါနဲ့ ကျောင်းတွေလဲပြန်ဖွင့်ကော အငြိမ့်မင်းသမီးလဲဒီတသက်ဖြစ်နိုင်ခြေမရှိတော့မှန်း ကွ့ကိုယ်သဘောပေါက်ပြီး မင်းသမီးရည်မှန်းချက်ကြီး ကိုစွန့်ပစ်လိုက် ပြီးကျောင်းသာပြန်တက်ခဲ့တော့ သပေါ့ရှင်။

About မြသဲ ( 17082011 )

has written 110 post in this Website..

THAKHIN CJ #8172011