ဒဏ်ရာဒဏ်ချက်တွေနဲ့ အဖန်တစ်ရာ ရိုက်ခက်နေစဲ
ကောင်းကင်ထက်က နေမင်းလည်း အမှောင်ထုကို လွန်ဆန်ရင်း
မာနတွေတစ်ဖွဲဖွဲပေါ့

ကမ်းမမြင်တဲ့ လမ်းတစ်ဘက်မှာ မှန်းရခက်တဲ့ မေတ္တာမျိုးမို့
ချစ်ခြင်းစကားကို ဘယ်လိုနားလည်ရပါ့မလဲလေ

ရိုးသားခြင်းအက္ခရာက တို့နှစ်ယောက်အတွက်
နှောင်ကြိုးဆိုရင် ခိုင်မြဲခြင်းအရာတွေက
သစ္စာဆိုခြင်းလား

အတွေးကလေးထဲမှာ ကြည်နူးခြင်းများ တိုးဝှေ့နေကြတယ်
တစ်သက်မခွဲဖို့ အမြဲတွေးနေဖူးတယ်

လွမ်းသည်သို့သော် အနားမှာ မင်းမရှိ
ချစ်သည် သို့သော် ရင်ခွင်မဲ့ညမို့
ကောင်းကင်ထက်မှာ ဆီးနှင်းများ သက်ဆင်းလာကြပြီပေါ့

မခေါ်ပဲလာခြင်းထက် မနှင်ပဲ ပြေးခြင်းက
နားလည်ရခက်သော ပုစ္စာတစ်ပုဒ်ဆိုလျှင်
အဖြေခက်လှပါသည်

အလွမ်းတွေလက်ချိုးရေရင်း
သောကလေပြေအကြားက
မောင်လေပြောပြချင်ပါဘိ
အချစ်ဆိုသည်မှာ မချိုသော အခါးလေလားလို့

ကာရံ ၂၆့ ၈့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..