မချိုသောအခါး လေလား

ကာရံAugust 26, 20141min1446

ဒဏ်ရာဒဏ်ချက်တွေနဲ့ အဖန်တစ်ရာ ရိုက်ခက်နေစဲ
ကောင်းကင်ထက်က နေမင်းလည်း အမှောင်ထုကို လွန်ဆန်ရင်း
မာနတွေတစ်ဖွဲဖွဲပေါ့

ကမ်းမမြင်တဲ့ လမ်းတစ်ဘက်မှာ မှန်းရခက်တဲ့ မေတ္တာမျိုးမို့
ချစ်ခြင်းစကားကို ဘယ်လိုနားလည်ရပါ့မလဲလေ

ရိုးသားခြင်းအက္ခရာက တို့နှစ်ယောက်အတွက်
နှောင်ကြိုးဆိုရင် ခိုင်မြဲခြင်းအရာတွေက
သစ္စာဆိုခြင်းလား

အတွေးကလေးထဲမှာ ကြည်နူးခြင်းများ တိုးဝှေ့နေကြတယ်
တစ်သက်မခွဲဖို့ အမြဲတွေးနေဖူးတယ်

လွမ်းသည်သို့သော် အနားမှာ မင်းမရှိ
ချစ်သည် သို့သော် ရင်ခွင်မဲ့ညမို့
ကောင်းကင်ထက်မှာ ဆီးနှင်းများ သက်ဆင်းလာကြပြီပေါ့

မခေါ်ပဲလာခြင်းထက် မနှင်ပဲ ပြေးခြင်းက
နားလည်ရခက်သော ပုစ္စာတစ်ပုဒ်ဆိုလျှင်
အဖြေခက်လှပါသည်

အလွမ်းတွေလက်ချိုးရေရင်း
သောကလေပြေအကြားက
မောင်လေပြောပြချင်ပါဘိ
အချစ်ဆိုသည်မှာ မချိုသော အခါးလေလားလို့

ကာရံ ၂၆ ့၈ ့၂၀၁၄

6 comments

  • မြစာကလေး (23122011)

    August 26, 2014 at 10:20 pm

    ဒါကို သိလို့ ထင်ရဲ့။
    ဟိုမှာ ကိုခ သတိပေးထားတယ်။
    ခါးမှန်းသိရက် မစားစေချင် ဆိုလားဘဲ။ 😀 😉

    • ခင် ခ

      August 26, 2014 at 11:32 pm

      အရီးရယ် ညွှန်းတတ်ပါဘိ

      ကာရံရယ် တွေးနေငေးမနေနဲ့
      တွေဝေခြင်းဟာ ချိန်ကုန်တယ်ဆို
      နှစ်ယောက်လက်တွဲ မြဲမြန်ဆုပ်လို့
      ရှေ့ခရီးကို ဆက်ပါဗျို့

  • ကာရံ

    August 27, 2014 at 6:34 am

    ဆက်ရန်မရှိမို့ ပြောလှည့်ချင်ပါဘိ ၏ခရီးနည်းမလားလို့လေ

    • sorrow

      August 29, 2014 at 10:18 am

      ကွကိုယ်မန့်ပြီး BC ပေးတယ်လား …. စာလေးကတော့ အယဉ်သားရယ်နော့် …အချစ်ဆိုတာ မချိုသောအခါး လေလား .သဘောကျတယ်ဗျို့

  • manawphyulay

    August 30, 2014 at 2:16 pm

    ဒါကြောင့် သီချင်းတောင် ဆိုညီးဖြစ်သေးတယ်…

    အချစ်ဟာ ခါး ခါး…

    ကော်ဖီခါးခါး
    ကြောင်လျှာသီး
    ခွေးတောက်ရွက်
    ကြက်ဟင်းခါးသီး
    ခါးသက်သက်တွေ အရသာကမှ ပိုပြီး လူတွေ နှစ်သက်ကြပါတယ်။

Leave a Reply