ညီလေးအလင်းဆက်သို့ ခေတ္တ ခဏမျှ ….. နှုတ်ဆက်ခြင်း
အကို့အနေနဲ့ ဒီ Post က အရေးပေါ်ရေးလိုက်တဲ့စာပါညီရေ……
အချိန်မရတာထက် .. ရှင်းရမှာကြောင့် .. နောက် Post တွေကို မမျှော် သေးဖို့ အောက်က ရေးလက်စ
Comments တွေကိုပဲ Copy ချပေးလိုက်ပါတယ်….. ဖတ်ကြည့်တော့ကွာ….
အလင်းဆက် အပါအ၀င် …. အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်…
ခက်တာက ကျွန်တော်ပြောတဲ့အထဲမှာ .. ကျွန်တော့်အမြင်အမှန်လို့
မပြောခဲ့ဘူးနော်…
ကျွန်တော့်ခံစားချက်ကို ပဲ ပြောခဲ့တာ…
လေးလေးစားစား နဲ့ ကျွန်တော်မှားချင်လည်း မှားမယ်လို့ပြောခဲ့တယ်နော်…..
တစ်ခုပဲကျွန်တော်ပြောမယ်…
မှားကောင်းမှားနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် …
အတင်းကြီး ဒါမှမှန်တယ်ဆိုပြီးရန်လုပ်သံတွေပါလာသလိုပဲ…
ကျွန်တော်သက်သေပြတာပါ..
အားလုံးရင့်ကျက်ဖို့လိုပါတယ်..
ကျွန်တော်အပါအ၀င်ပေါ့…
နောက်ဆုံး… အလင်းဆက်လေးကိုပြောရေးရေးနေတဲ့ Post မှာတောင် ညှီတယ်တွေ
ခါးအောက်ပိုင်းစာတွေစသဖြင့်ရော…
နေရာမရတာတွေရော..စုံလာတယ်..
(၁) ကနေ (၃) အထိ ဒီလိုစာတွေကြည့်ပဲလားလို့ ဖတ်ပြီးကြပြီလား…. ဒီတစ်ခဏ အမြင်နဲ့ တုန့ပြန်ကြတာပါ…………..
အဲ့ဒါမရင့်ကျက်သေးတာပါ..
မှန်ပါတယ်.. ကျွန်တော်လည်း မရင့်ကျက်ပါဘူး…
သို့သော် .. မရိုင်းစိုင်းပါဘူး…
ဒီတော့ နှုတ်ဆက်ရင်းနဲ့ ရွာပြင်ပြန်ထွက်ပါတယ်….
အလင်းဆက်သို့ ဒီ Comments လေးကို ပေးပေးပါ..
ညီလေး အလင်းဆက်သို့ …………………
အကို့အနေနဲ့ အတတ်နိုင်ဆုံး Post တွေမှာ ရေးသားခဲ့ပြီးပေမယ့်
အမြင်မတူတာ ပြောမိတော့ ငါနဲ့မတူ ငါ့ရန်သူ ဘ၀ရောက်သွားတယ်..
ဒီတော့ ညီရေ … ရွာထဲမှာ ဒီမိုကရေစီတောင် မတည်ဆောက်နိုင်မှတော့
တစ်နိုင်ငံလုံးဆိုတော့လည်း ဝေးပါသေးရဲ့ကွာ…
ပြောချင်တာက …
အကိုဖန်တီးတဲ့ စာတွေက ရယ်စရာတွေ .. ပျော်စရာ.. ကလေးကဗျာ…ဆိုပေမယ့်
အချို့သော သူတွေကတော့ အမြင်မတူတာနဲ့တင်
ပုတ်ခတ်မယ် ….ဆဲမယ်… ကိုယ့်အဆင့်အတန်းနဲ့ မညီတဲ့ …
Comments တွေပေးလေ့ပေးထရှိကြတာကြောင့် စိတ်မကောင်းစွာပဲ ရွာအပြင်ခဏထွက်ပါမယ်…
ညီလေးရေ … Post တွေကို ခေတ္တရပ်နားထားမယ်ကွာ…
စိတ်တော့မကောင်းပါဘူး…..
လွတ်လပ်မှု့ဆိုတဲ့ အရာမှာ ကိုယ်မြင်ချင်တာကို မြင်ခွင့်ရှိပါတယ်…
အဲဒီ့အမြင်မှားချင်လည်းမှားမှာပေါ့…
အကိုရေးခဲ့သမျှတွေမှာ အကိုကြည့်မှန်ပါတယ်ပြောရင် အပြစ်တင်ပါ..
သို့သော် အမြင်မတူတာနဲ့တင် အကိုမှားတယ်မပြောနဲ့နော်….
သို့သော် .. မရဘူး ဒီအတိုင်းပဲ မြင်ဆိုရင် … အဲသူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်သွားပြီပေါ့….
သက်သေတစ်ခုအနေနဲ့ပြောမယ်ဆိုရင် အပြိုင်ပြောလို့မရဘူး…
ပြောရင် ဒီလိုပဲတုန့်ပြန်မယ်ဆိုတာကို သက်သေဆက်ထူလိုက်တာပါ….
တစ်ချိန်ချိန်မှာ အကိုလည်း အမြင်ပြောင်းလာရင်ပြောင်းလာနိုင်သေးတာပဲနော်…………
ဒါကို သူတို့လက်မခံဘူး…….ချက်ခြင်းပဲတုန့်ပြန်တယ်…………….
အကို ဒီစာရေးတာ …. ခါးအောက်ပိုင်းကမတတ်ဘူးဆိုတဲ့ .. အဆင့်မရှိတဲ့ Comments
တစ်ခုကြောင့် …. စိတ်မကောင်းစွာပဲ ရပ်နားထားလိုက်ပါတယ်…..
နောက်များမှ စိတ်ပါလာရင် .. ၀င်ဆက်ရေးတာပေါ့…
အဲပြောချင်တာက .. ညီ့ Email လေးနဲ့ Phone နံပတ်လေး Comments မှာရေးထားခဲ့ပါလို့
အကိုပို့ပေးရမယ့် စာလေးရှိနေလို့ပါ… ညီလေး ကဗျာရေးရင်လည်း ပို့ဖို့ပေါ့ကွာ……
အဓိကကတော့ လေးတင်ခန်း လေးကြိမ်းကြိမ်းတဲ့ ဇာတ်စာတစ်ခုကို အကိုရေးလက်စမတင်ဖြစ်တော့တာ
ပဲစိတ်မကောင်းဖြစ်မိပါတယ်လို့…….အမှန်ကတော့ ညီလေးရေ Post တွေက စုစုပေါင်း အပိုင်း(၁၂) အထိချိန်ထားတာပါ။
အခုတော့ ခဏတော့နားမယ်ညီရေ…..
Thanks ပါညီလေးရေ…………
ဖတ်ခဲ့ကြတဲ့
ဦးပါ … ဦးဆာ ….ဇီဇီ….မှစပြီး အားလုံးကို ခင်မင်လျှက်ပါလို့…..
လေးစားစွာဖြင့်………………..
ရွှေညာသား(အထက်အညာမြေ)
ကိုရွှေညာသားရေ လူမှာ မျက်လုံးတောင် တောင်တဖက်မြောက်တစ်ဖက် နှစ်လုံးရှိသေးတာဘဲ လောကကြီးအမြင်မတူတာ အဆန်းမှမဟုတ်တာဗျာ
စာရေးတယ်ဆိုတဲ့နေရာမှာ ချစ်ကြောင်းကြိုက်ကြောင်း ရည်စားစာကလွဲလို့ ကျန်တဲ့စာတော်တော်များများကတော့ တစ်ဦးတစ်ယောက်ထက်ပိုသော စာဖတ်ပရိတ်သတ်ကို ဖတ်စေချင်တတ်ကြမှာပါကိုရွှေညာသားလည်း အဲလိုမျိုး တစ်ဦးတစ်ယောက်မဟုတ်သော စာဖတ်ပရိတ်သတ်ကို ဖတ်စေလိုလို့ရည်ရွယ်ပြီးရေးတာဆိုရင် စာရေးခြင်းကိုရပ်စရာမလိုဘူးလေ
ကျွန်တော်ဆို ကျွန်တော်ရေးချင်ရာရေးတင်တဲ့အခါ ရွာသူားတွေ ဖတ်မန့်တာထက် ဒီဆိုဒ်ကို ဖွင့်ဖတ်မိတဲ့ မန်ဘာမဟုတ်သော စာဖတ်ပရိတ်သပ်တွေဖတ်ဖြစ်သွားရင်ဖြင့်ဆိုတဲ့ အတွေးနဲ့ ရေးတင်နေစဲပါ
ဘာလို့လဲဆိုတော့ ကျွန်တော် ဒီဆိုဒ်ရဲ့ စာဖတ်ပရိတ်သပ်အဖြစ်အရင်ဖြစ်ပြီးမှာ မန်ဘာဝင်ကာစားရေးဖြစ်တာမို့လေ
ကိုယ်ထင်တာ သိတာ တွေးတာ မြင်တာတွေကို ဝေမျှခွင့်ရှိတဲ့နေရာကိုရောက်နေပြီးမှရေငုံနှုတ်ပိတ်နေမယ်ဆိုရင် ဒီနေရာရဲ့ အသီးအပွင့်ကို ကိုယ်မရတာနဲ့ အတူတူပါဘဲဗျာကိုယ်ဘဲအခွင့်အရေးရှုံးမှာလေစဉ်စားပါဗျာ ပြီတော့ စာဖတ်သူဆိုတာလည်း ဖတ်ပြီးတဲ့စာတစ်ခုပေါ် ဝေဖန်လေကန်ခွင့်ရှိတယ်လေ ဒါလည်းစာဖတ်ပရိတ်သပ်ရဲ့ အခွင့်ရေးကိုး။
Was this answer helpful?
LikeDislike-သို့ ဂျစ်သောအစ်ကိုကြီး ဟိုဘက်ကပို့စ်မှာ ဖတ်လိုက်ရလို့ လန့်ပြီး ဒီဘက်ရောက်လာတာ။ စိတ်မဆိုးပါနဲ့။ ဒီရွာက ဒီလိုချည်းပဲ။ ငါနဲ့မတူ ငါ့ရန်သူ သဘောမျိုးဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်။ ဟိုဘက်က ပို့စ်မှာ ဘယ်သူမှန်းမသိကတည်းက ကွန်မင့်ဝင်ပေးလိုက်တာ။ ဒီရွာထဲမှာက အမေစု ထိရင် မလွယ်ကြဘူး။ ဒါပေမယ့် မျှစ်မ တို့ ဒီသဘောမပြောပါဘူးနော်။ စနစ်ကိုပဲ တိုက်ကြတာပါ။ လူကို မတိုက်ပါဘူး။ ဒီဘက်ကလူ မဟုတ်ရင် ဟိုဘက်ကလူဖြစ်လိမ့်မယ့်လို့ ပြောကြတာမျိုးကတော့ လွန်ပါတယ်နော်။ ကြားနေဆိုတာလည်း ရှိတာပဲ။ အစ်ကိုကြီး ပြောတဲ့ကိစ္စ ရန်ကုန်တက္ကသိုလ် နယ်မြေက ပညာတတ်တွေ အမေစုကို သိပ်မကြိုက်ကြဘူး ဆိုတာကတော့ အမှန်ပါပဲ။ ဒါကလည်း ပညာရှင်ဆိုတော့ ပရောဂျက် မမြင်ရရင် စိတ်တိုတယ်။ မျှစ်မကတော့ ဘယ်လိုထင်လဲဆိုတော့ အစ်ကိုကြီးဟာ ဟိုဘက်လည်း မဟုတ်၊ ဒီဘက်လည်း မဟုတ်၊ အကုန်လုံးကို စိတ်ချဉ်ပေါက်မိတဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်လို့ နားလည်ပါတယ်။
—
ကဗျာတွေနဲ့ ပတ်သက်ပြီးတော့ကလေ အရီးလတ် မြန်မာစာမုန်းရင် ကုလားလိုပြောပါလိမ့်မယ်။
မျှစ်မကတော့လေ အချိန်မရလို့ ကောင်းကောင်းကို မဖတ်နိုင်ဘူးဆိုတာ ၀န်ခံပါတယ်။ မြန်မာစာကိုရော တခြားဘာသာစကားကိုရော အလှအပတွေကို ခံစားလို့ရပါတယ်။ ဒီလောက်ရှားရှားပါးပါးတွေ စုထားရတာ ဘယ်လွယ်ပါ့မလဲ။ ဆက်ပြီးတော့လည်း တင်ပါနော်။ စိတ်ဆိုးပြီး ထွက်မသွားပါနဲ့။
–
ရွာထဲကလူတွေနဲ့ ပတ်သက်ပြီးပြောရရင်တော့ ဂေါက်ကြောင်ကိုတော့ ခေါက်ထားလိုက်စမ်းပါ။ ဒီရွာထဲကလူတွေအားလုံး လစ်ရော တစ်ရော တနည်းမဟုတ် တနည်း ဂွသမားတွေချည်းပါပဲ။ ထိပ်ဆုံးကတော့ သဂျီးပါ။ သူက အရေထူတယ်။ မိဂျောင်းကျောကုန်းနဲ့ ဖားပြုတ်ကျောကုန်း နှစ်မျိုးစပ်ထားသလိုမျိုး။ ဒီရွာထဲမှာ ပျော်ပျော်နေပါ အစ်ကိုကြီးရေ။ ကိုယ့်ကိုချစ်သူရော မုန်းသူရော နှစ်မျိုးစလုံးလာနိုင်တာပဲ။
—
ပြီးတော့လေ နည်းနည်းပါးပါး ပေါက်ကွဲတတ်တဲ့လူမျိုး တွေလည်း ရှိတတ်ပါတယ်။ သိပ်အရေးမကြီးပါဘူး။ အထက်က ကိုခ ပြောသလိုပဲ ထပ်မံပြောပါရစေ။
Was this answer helpful?
LikeDislikeအဟင်းဟင်း…
အလွန်ညွှန်းပြောရရင်လေ… သမိုင်းအဆက်ဆက်…
ဂျီးဇက်ခရိုက်စ်ရော.. မိုဟာမက်ရော.. ဗုဒ္ဓရော… တယောက်မှ.. အဲ…အဲ.. တပါးမှ…
အပြောမလွတ်နိုင်တာပဲ.. ဟာပဲ..ဟာကို.. ပဲဟာပဲကိုဗျ….
အပြောလွတ်.. အဆဲလွတ်ချင်ရင်လေ…
ဟိန္ဒူဆာဒူးကြီးတွေလို… ထေရာတို့ရဲ့ဝါဒလိုက်သမားတွေလို.. မလုပ်မရှုပ်မပြုတ်လမ်းလိုက်ဗျ..
အဲ..
လောက,ကထွက်.. လောက,ကထွက်..
Was this answer helpful?
LikeDislikeအကိုဂျီးးး(cd to A Yee)

ကျုပ် အလုပ်များးးနေတုန်းးး ဘာတွေ ဖစ် ကုန်ကြ တုန်းးး???
တစ်ချို့ နဲ့ အများးးး လဲ တော့ မလို့ လားးးတော် ရဲ့????
စိတ်ပြေ လက်ပျောက် နားးချင်နားးးပြီးးး ပြန် လာ ခဲ့ ပါတော်။
ကျုပ် က ခင်ညားးး ကို ချစ် သဗျ။
လောက မှာ ကိုယ် ဘာကို ယုံကြည်တယ် မယုံကြည်ဘူးးးး အမုန်းးးခံ ရဲရဲ ပြောရဲ သူဟာ
သာကူးးးးတွေထက် များးးးကြီးးးး များးးကြီးးး ရိုးးးသားးး တယ် လို့ ခံစားးးးရ လို့ ပါ။
ဆိုတော့……
ကျုပ်မျှော်နေပါ့မယ်။
Was this answer helpful?
LikeDislikeအဲ ဘီလိုဘီလိုဖြစ်ကုန်ပြီလဲ။
အမှန်တရားမျိုးစုံ ရှိနေတဲ့ လက်ရှိ ပိုစ့်မော်ဒန်ခေတ်ကြီးမှာ
ကိုယ့်အမြင်မှ အမြင်မှန်လို့ တယူသန်လို့မရတာ။
ကိုယ့်အမြင်နဲ့ သူ့ အမြင် မတူရင် လွတ်လပ်စွာ ကွဲပြားခွင့်ရှိတာပဲ။
ဆန့်ကျင်ဖို့မလိုပါဘူး။
မတူတာနဲ့ ဆန့်ကျင်တာတောင် မတူပါဘူး။
ဒီအရည်တွေ မြင်လို့ ကိုရွှေညာသားရဲ့ ပိုစ့် အပိုင်းသုံးမှာ
ကဗျာပိုင်းကိုပဲ သီးသန့်ကျကျနန ဝင်ဆွေးနွေးခဲ့တာရယ်။
ဒါတောင် အဲ့ကဗျာတွေက ကျနော်ချစ်သော ကဗျာသာ
ကျနော်စွဲလမ်း၍ကျနော်ရေးချင်သော ကဗျာများ မဟုတ်ဘူး။
ဒါပေမယ့် ကိုယ့်အကြိုက်ကြီးမဟုတ်လို့ မခံစားဘူးကွာဆိုပြီးနေလိုက်ရင်
ဘယ်ဖြစ်မလဲ။
ကဗျာဆို ကဗျာမှန်သမျှကို ချစ်နိုင်ရမယ်။ ချစ်နိုင်သော နှလုံးရည် ပြည့်ရမယ်ဆိုပြီး ဒါလေးတွေ ဝင်ပြောရုံ။
ညှီတဲ့ကဗျာတွေ ခါးအောက်ပိုင်း ကဗျာတွေလို့ ရုတ်တရက် ထင်ကုန်ကြမလားပဲလို့ ထိတ်ခနဲဖြစ်လို့
အဲ့ဒီ ညှီယောင်ဆောင်ထားတဲ့ကဗျာလေးတွေရဲ့ ချစ်စရာကောင်းမှု
အနုနဲ့ ပညာကို ဆွဲထုတ်ပြမိသေးတယ်။
အဲဒီပိုစ့်မှာ ကျနော်ရယ် ကိုရွှေညာသားရယ်
အခြား ကဗျာချစ်သူတွေရယ်
ကဗျာအကြောင်း စာအကြောင်း သီးသန့်ပြောခဲ့ကြတာပဲ
အဲဒါ နွေးထွေးပါတယ်။
အဲဒီ ကဗျာအကြောင်း ပြောရတာကိုပဲ ကျနော်တို့ ရသမြောက်ခဲ့တယ်။
နှစ်သက်ကြည်နူးခဲ့ပါတယ်
ဆိုတော့ ကျနော်တို့ ကဗျာအကြောင်း စာအကြောင်းသက်သက်တွေ
ဆက်ပြောမှ ဖြစ်မယ်ထင်တယ်။
ရသ မြောက်ချင်သေးလို့ပါ။
ရသဆိုတာ ရှာတတ်မှ တွေ့ တဲ့ ကမ္ဘာမြေရဲ့လက်ဆောင်ပါ။
ကိုရွှေညာသား အခုလောလောဆယ် စိတ်ထဲမှာ ခါးနေတယ်ဆိုရင် ခဏ အနားယူပေါ့။
အမောပြေရင် အခါးပြေရင်တော့
ကဗျာအကြောင်းတွေ စာအကြောင်းတွေ ဆက်ပြောကြမယ်
တခြားးးဘာာာာမှ မပါတဲ့ ကဗျာအကြောင်း စာအကြောင်းပေါ့။
အခု မတင်တော့ပဲ ရပ်လိုက်မယ့် ကျန်တဲ့အပိုင်းတွေကို ကျနော်
အကြီးအကျယ် နှမြောတယ်။
ကျန်တာတော့ မေးလ်နဲ့ ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် ပြောပါဦးမယ်။
လောလောဆယ်တော့ ဒါလောက်လေး ဝင်ပြောခဲ့ပါရစေနော့
(အစ်ကို့ မေးလ်ကို ကျနော် အပ်ထားပါတယ်။ )
ချစ်ခင်လေးစားလျက်
အလင်းဆက်(Gazette)
alinsett.art@gmail.com
09 317 86 86 1
Was this answer helpful?
LikeDislikeအမ်မာ.. ထွက်တာတောင် ယိုးဒယားကလေးထွက်လို့… ထွက်မှာဖြင့် မြံမြံထွက်.. ဗယ်သူမှ မဆွဲပါ။ ရွာသဂျီး ဦးမာမွတ် စကားယူသုံးရလျင် ယွှေညာသားမှာ မြန်တျန့်အကျင့် ၁၀၀% ရှိ၏။ သူများကို ပြောမယ် ဆိုမယ်၊ ကိုယ့်ပြန်အပြောခံရလျင် ရိုင်းတယ်၊ မရင့်ကျက်ဖူး ဦးအောင်ပြောမယ် အိညှက်အိညက်လုပ်မင် ငိုချင်းချမယ် အော်ချက်ထုတ်မယ် ကိုယ့်ရေအိုင်လေးထဲမှာ ငါးမန်းဂျီးလုပ်မယ်.. အဲဒလိုလူမျိုး ဘယ်တော့မှ လွတ်လပ်ခြင်းနဲ့မတန်.. ။ ဘိန်းစားဂျင်းအတူတူ တမတ်ဖိုး ပိုရှူ မချဉ်စမ်းပါနဲ့.. တရုတ်ကပေးမည့် ပရောဂျက်သာ ရအောင် လျှာပါတော့ဗျာ…။
Was this answer helpful?
LikeDislikeကိုအလင်းဆက်ခင်ဗျာ
ဟို မန်ဘာစည်းကမ်းတွေကိုကြောင်ကြီးကိုလာပြောပြပါလားခင်ဗျ
ပြောရဲရင်ပေါ့ဗျာ ဟီဟိ
ကြက်ဆင်ပုလိပ်ဆိုတာ ဥပဒေလေးစားကြောင်းပြပါခင်ဗျာ ဟီဟိ
Was this answer helpful?
LikeDislikeဦးကြောင်ကိုလားးး
လျှာယားနေတဲ့လူပဲ ပြောမှာ
(ကျနော် လျှာ မယားဘူး )
ယားတဲ့ လူ ပြောရဲလိမ့်မပေါ့ဗျာ။
ခီညားမို့ ဦးကြောင်ဘက် အတင်းဆွဲလှည့်ပေးတယ်
လျှာလျှာဗွေဗွေ
——-
နောက်ပြီး ကြုံလို့ ပြောပါဦးမယ်။
ရွာထဲ စီခနဲထဖြစ်ပြီဆိုမှ ကိုရာမညဂျီး ရောက်ရောက်လာတယ်ေ်
ကျန်တဲ့အချိန်တွေမှာ ကင်းပုန်းဝပ်နေတာလား။
ပြီးတော့လေ ကျနော်နဲ့ တခြားတယောက်ယောက်နဲ့ အတေ့အဆိုင်လေး စီခနဲဖြစ်ပြီဆို ကျနော်တော့ ကိုရာမညကို ပြေးသတိရတတ်ပြီဗျို့
ကျနော့်ကို တခြားဘက်ကနေပြီးး ဆွမ်းကြီးလောင်းမယ့်သူအဖြစ်နဲ့ သတိရတာလေ။ ဟီဟိ ။
အဖြစ်အပျက်တွေ လူတွေ အကြောင်းအရာတွေသာ ပြောင်းချင်ပြောင်းမယ်
ကျနော့်ကို ဆွမ်းကြီးဝင်လောင်းမယ့် ဘက်တော်သားတွေက မပြောင်းဘူးဗျ။
ထူးပုံ ။
Was this answer helpful?
LikeDislikeစိတ်မဆိုးပါနဲ့ဆရာအလင်းဆက်ရယ်
ကျွန်တော် ဆွမ်းမလောင်းပါဘူးခင်ဗျာ
ကျွန်တော်တို့ ကိုအိမ်လွမ်းသူတို့က အညတရ မန်ဘာတွေပါခင်ဗျာ
အော် ကိုကြောင်ကြီးနဲ့ခြေရာမတိုင်းရဲပါဘူးခင်ဗျာ
ဆရာတို့က ပုလိပ်ပဲဗျာ
ကျွန်တော်မှားသွားရင် တောင်းပန်ပါတယ်ခင်ဗျာ
ကျွန်တော်ပြောမိတာတွေဖျက်လိုကဖျက်ပါခင်ဗျာ
ဆရာကိုအလင်းဆက်တို့က အာဏာရအဖွဲ့အစည်းပါဗျာ
တောင်းပန်ပါတယ်ခင်ဗျာ
ခွင့်လွှတ်ပါခင်ဗျာ
ပြောမှားဆိုမှားရှိရင် ဗွေမယူပါနဲ့ခင်ဗျာ
ဆရာတို့က ဆရာပါခင်ဗျာ
ကိုအိမ်လွမ်းသူလည်း တောင်းပန်နေပါပြီခင်ဗျာ
ကိုကြောင်ကြီးကို ဆရာကိုအလင်းဆက် မပြောရဲဘူးဆိုတာ ကျွန်တော်နားလည်သွားပါပြီ
ကျွန်တော့်ကိုခွင့်လွှတ်ပါခင်ဗျာ
ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာ
Was this answer helpful?
LikeDislikeကိုရာမည
ကျနော် စိတ်မဆိုးပါဘူး။ စိတ်ပျက်တာပါ။ စိတ်ပျက်တဲ့ဆိုတာ စိတ်ကြီးပျက်စီးသွားတာ မဟုတ်ဘူးဗျ ။ ဒီလိုတွေပြောနေရတာကို အော်ဂလီဆန်လာတာဆိုပါတော့ဗျာ
ဘာလို့ဆိုတော့
စတာက ကိုရွှေညာသားရဲ့ ပိုစ့်ထဲက ကဗျာတွေကို
ကိုအိမ်လွမ်းသူက
အကြမ်းဖတ်ရုံ ဖတ်ပြီး ခါးအောက်ပိုင်းကဗျာတွေ လို့ သတ်မှတ်တာကို
ကျနော်က အဲ့ဒီကဗျာတွေ မညှီကြောင်း ဝင်ပြောတာ
ကဗျာသဘောတရားလေးတွေ အပြန်အလှန်ပြောကြဆိုကြလို့ ရမလားလို့ပါ။ ဒါပေမယ့်. . .
ဒါပေမယ့် ကျနော် ကိုအိမ်လွမ်းသူရဲ့
ကိုရွှေညာသားကိုပေးတဲ့ comment ကို သေချာပြန်ဖတ်တော့ ကဗျာကို တိုက်တာ မဟုတ်ပဲ လူကို တိုက်တာဖြစ်နေတာ
တွေ့ တယ်။
ဒီတော့ ကဗျာကိစ္စ မဟုတ်တော့တဲ့ ပုဂ္ဂလိကဆိုင်ရာ တိုက်ခိုက်မှုတွေကြား ဝင်မပါချင်တော့လို့
ဂဇက် စည်းကမ်းချက်နဲ့တောင် ငြိနေမလားပဲ လို့ ပြောပြီး
အဲ့ဒီ ကိစ္စ ရပ်လိုက်တော့မလို့ပဲ။
ဒါပေမယ့် အဲဒီအချိန်မှာ ကိုရာမည ဘွားခနဲပေါ်လာတယ်။
ကျနော့်ကို အစကတည်းက မကျေနပ်တဲ့ အရိပ်အယောင်ပြနေသူပီပီပဲ
ကျနော်နဲ့ ဦးကြောင်ကို လှည့် ရန်တိုက်ပေးတယ်။
ဦးကြောင်ကိုဂဇက်စည်းကမ်းချက်တွေပြောရဲသလားဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။
တော်တော် ပေါတဲ့ တိုက်ကွက်ပဲဗျ ။
အဲဒီလို ရန်တိုက်ပေးလိုက်တာဟာ ကြားဝင်ဖြန်ဖြေနည်းလား
ဖြေရှင်းနည်းလားး
ပြန်စဉ်းစားကြည့်ပါဦးဗျ ။
ဦးကြောင် ရဲ့ comment တွေကို တစ်ယောက်ယောက်က ဂဇက်စည်းကမ်းနဲ့ လိုက် ပိတ်ရဲလား မပိတ်ရဲဘူးလားဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ ကျနော့်ကို တည်ပေးတာ။
ဖြစ်သင့်လား ။
ထားတော့။ ကိုရာမညက ကိုရာမည ရည်ရွယ်ချက်နဲ့ တည်ပေးလိုက်တယ်။ ကျနော်က ကိုအိမ်လွမ်းသူရဲ့ comment ဟာ စည်းကမ်းနဲ့ ငြိနေတယ်လို့ ပြောရင်
တရားနည်းလမ်းကျကျ ကြားဝင်ပြောပါတော့လား။
ဘာလို့ ဦးကြောင်နဲ့ လှည့်တိုက်သတုန်း။
တိုက်ပေးတိုင်းရော ကျနော်တို့က ဖြစ်ရမှာလား။
ရီတာပေါ့ဗျာ ။
ကျနော်က ခပ်နောက်နောက်နဲ့ ရှောင်ထွက်လိုက်တော့
ဟောာာာ အခု နောက်တစ်မျိုး လှည့်သွားပြန်ပြီ။
မန်ဘာအချင်းချင်းမှာကို အလင်းဆက်တို့က ဆရာဆိုတဲ့ သဘောမျိုး
super member ဆိုတဲ့သဘောမျိုးနဲ့ ခနဲ့တဲ့တဲ့ ပြောလာပြန်ပြီ။
အာဏာရအဖွဲ့ ဆိုတဲ့ သဘောမျိုးနဲ့ လှည့် တိုက်ပြန်ရော။
ဒါနဲ့. . .

နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်တာပါလားဗျ ။
ဆိုတော့ အဲ့ဒီ အညတရ မန်ဘာတို့ super memberတို့ ခွဲခြားသတ်မှတ်တဲ့ စိတ်က ကိုရာမညတို့ စိတ်ထဲမှာ
မကျေနပ်ချက် အစိုင်အခဲလေး ဖြစ်နေတာများလား။
ဒီလို ကျနော်ပြောလို့ နောက်လူတွေနဲ့ လှည့် တိုက်ပေးချင်ပေးဦးမှာ။ ကိစ္စတော့မရှိပါဘူး ။
ဒီ comment ပြီးရင် ဒီကိစ္စ ကျနော်
လှည့်ကိုမကြည့်တော့ဘူးဗျ ။
ဆိုတော့ဗျာ. . .
ကိုရာမညတို့က ကိုယ့်ဘာသာကိုယ် အညတရမန်ဘာလို့ သတ်မှတ်တယ် ။
ခင်ဗျားတို့သဘောပဲလေ။ ကိုယ် ယူတာ ကိုယ်ရမှာပဲ။
ကျနော်တို့ကို အာဏာရအဖွဲ့ လို့ သတ်မှတ်ပေးတယ်။
ဒါလည်း ခင်ဗျားတို့ သတ်မှတ်ချက်ပဲ။
ခင်ဗျား သတ်မှတ်ပေးလိုက်လို့ ဖြစ်သွားတာလည်း မဟုတ်ဘူး။ ဘာမှလည်း ထူး မသွားဘူး။
ပြီးတော့ . . .
ကိုရာမညက ကျနော့်ကို တောင်းပန်တယ်။
ကျနော်ကတော့ ဘယ်သူမှ မမှားဘူး လို့ ယူဆတဲ့အတွက် တောင်းပန်တာကိုလည်း ခွင့်လွှတ်ခြင်း ခွင့်မလွှတ်ခြင်းမရှိ/ ကျနော့်အတွက်မလိုအပ်ဘူး။
ဒီတော့ ကိုယ့်ဘာသာ တောင်းပန်ပြီး ကိုယ့်ဘာသာပဲ ခွင့်လွှတ်လိုက်ပေတော့ဗျာ။
——–
ခင်မင်ခြင်းတစ်ဝက်/အော်ဂလီဆန်ခြင်းတစ်ဝက်ဖြင့်
သူရ
28. 8. 2014/ 10 : 36
Was this answer helpful?
LikeDislikeကိုကြောင် — ကိုရွှေ့ညာသားမှာ အပျိုပေါက်သမီးချောချောလေး နှစ်ယောက်တောင်ရှိသတဲ့။
Was this answer helpful?
LikeDislikeဦးကြောင်ကတော့ ဂေဇက်မှာ ကြောင်ဂျီး လုပ်တယ်ပေါ့။ ငါးမန်း၈ျီးကတော့ သူ့ဘာသာနေတာ. ကြောင်၈ျီးကတော့…အားလုံးကိုလိုက်ကုတ်နေတာပဲ။
Was this answer helpful?
LikeDislikeကိုရွှေညာသားရေ
စာရေးကောင်းသူတစ်ယောက်ကို အကြာကြီး မဆုံးရှုံးချင်ပါဘူး ၊
အမြင်မတူတာတွေကတော့ တစ်အိမ်ထဲမှာတောင် ရှိနိုင်သေးတာပဲဗျာ ၊
ကိုယ်ယုံကြည်ရာဟာ ကိုက်ယုံကြည်ရာပါပဲ ၊
အမြင်မတူတိုင်း စကားများနေရမယ်ဆိုရင် ရှေ့ရောက်ရန်မမြင် ၊
Was this answer helpful?
LikeDislikeကိုရွှေညာသားရေ
စာရေးကောင်းသူတစ်ယောက်ကို အကြာကြီး မဆုံးရှုံးချင်ပါဘူး ၊
အမြင်မတူတာတွေကတော့ တစ်အိမ်ထဲမှာတောင် ရှိနိုင်သေးတာပဲဗျာ ၊
ကိုယ်ယုံကြည်ရာဟာ ကိုယ်ယုံကြည်ရာပါပဲ ၊
အမြင်မတူတိုင်း စကားများနေရမယ်ဆိုရင် ရှေ့ရောက်ရန်မမြင် ၊
Was this answer helpful?
LikeDislikeအော် ……………………ဘာလို ထွက်ရမှာလဲဗျ
ကိုယ်နှစ်သက် တာ ကိုယ်မြင် တာ ကိုယ်ရေး လို့ ရတယ်လေ
အမြင်တူ တာ မတူ တာတော့ ရှိကြမယ်
ကျနော်တို့ရွာထဲမှာ ကော်မင်း မပေး ဘဲ စာဖတ်နေသူ တွေရှိတယ်
ကျနော်တို့ စာရေး သူတွေ ကအဲဒီလူ တွေရဲ့ မျက်နှာကို ကြည့် ရမယ်လေ
အဲတော့……………………………
Was this answer helpful?
LikeDislikeဒီမယ် အစ်ကိုကြီး ရဲ့
ရွာထဲမယ် တစ်လ ကျော်ကျော် တစ်ခါ အမြဲ ဘဲ ရွာခါ တတ် တယ် ဆိုဘဲ။
ကျွန်မတို့ သူကြီးမင်း ရဲ့ လက်ဆယ်ချောင်း ထောင်လိုက် တိုင်း ဒီ လို အခါ ခံ ရတာ တဲ့။
မယုံရင် ပြန် စစ်ကြည့်။
ကြည့်ရတာ အခု လဲ နှစ် တစ်ရာ လုပ်ပြန်ပြီ ထင်ရဲ့။
အခါ မခံ လိုက်စမ်းပါနဲ့ ။
ရွာစည်းရိုးကို မြဲမြဲ ကိုင်ထားစမ်းပါ။
ရွာထဲ ကာလသား တွေ က စိတ်ထဲ ရှိရာ ဒီလို ရှင်းရှင်းပြောတတ်တာ။
အဆန်းလား တော့။
ဒါပေမဲ့ ခဏ ဆိုတော့ ပြန်လာမှာ ပါ။ မဟုတ်လား။ :-)))
Was this answer helpful?
LikeDislikeလျှာမည ဆိုတဲ့ကောင်ကို လဗြင်ထွဋ်..
Was this answer helpful?
LikeDislike.စာပိနေလို့ ရွာရှောင်လုပ်နေတာ ဖွဘုတ်ထဲမှာ .ဆူညံဆူညံကြားလို့ အဖွားကြီးဒုံ .ပြုတ်ကျနေတဲ့မျက်မှန်ကောက်တပ်ကြည့်လိုက်မိတယ်။
………….
.ဗျို့ မုန့်ကျွဲသဲ ၊ကျမက ညှီတယ်ပြောမိလို့ ကျွဲမြီးတိုသလား။
.အကိုတွေမောင်တွေတူတွေကို ချစ်စနိုးစတာပါဗျာ။
.ခင်ဗျား စုထားတဲ့ကဗျာတွေ မနေနိုင်မထိုင်နိုင် ၀င်ဝင်ဖတ်မိလို့ .စာမေးပွဲကျတော့မှာပဲ အော်တဲ့ ပရိသတ်ကို .စိတ်မဆိုးကြေးလေ။
.ပုံ …..မုန့်ဖက်ထုပ်
.ခက်ဆစ်..
.မုန့်ကျွဲသဲ=အညာသားကျောကုန်း
.မုန့်ဖက်ထုပ်=အောက်သူမ ဗိုက်ပူ
.(ကဲ…မနေနိုင်လို့ ..၀င်မန့်မိပြန်ပြီ၊စာမေးပွဲကျရင် .ခင်ဗျားလျော်ပေးရမယ်။အစားလာဖြေပေးရမယ်၊ဒါဗျဲ။)
.(ကိုသစ်မဟုတ်ကြောင်း ဖုန်းနံပါတ်ပေးပါမယ်ဆိုတဲ့ အီးမေးကို .စာပို့တာကြာပြီ။ စာလည်းမပျံ၊ကျီးကန်းလည်းမပျံ)
Was this answer helpful?
LikeDislikeDemocracy မှာ အာဏာပိုင်ရှိတယ် အတိုက်အခံရှိတယ်… 6 နဲ့  9 လို့ ပေါ့ဗျာ….
သူ့ ဘက် ကြည့် သူအမှန် ကိုယ့်ဘက်ကြည့် ကိုယ်အမှန်ပေါ့….
ငါနဲ့  မတူ ငါ့ရန်သူဆိုတာလည်း လူ့ သဘာဝပါဗျာ….
လျှာနဲ့ သွားတောင် ခနခန ကိုက်သေးတာပဲ….
တစိမ်းနဲ့ ဆို ပိုကိုက်တော့မှာပေါ့…..
ရွာထဲကတော့ မထွက်ပါနဲ့ ဗျာ….
တခါတလေတော့လည်း အဲ့လို ဆူဆူပူပူရှိမှ နေလို့ ကောင်းတယ်လို့ ထင်သဗျို့ …
အဲ့ကြောင့်လားမသိဖူး… တခါတလေတော့လည်း သမ္မတနဲ့ တူတော့ သဂျီး ကလည်း အာစေးနေတာ…
ဒါပဲဗျာ…
မထွက်နဲ့ ….. ပြန်ချ…. လက်မပါရင်ပီးရော….. ဟီး
Was this answer helpful?
LikeDislikeဟေ့..ဟေ့ ပြန်မလာနဲ့နော်.. ပျော့ပီးစလစ် နံပြားညှစ်…
Was this answer helpful?
LikeDislikeဒီရွာထဲမှာ ရန်ဖြစ်တိုင်းမကျေနပ်တိုင်းသာထွက်ရမယ်ဆိုရင် လူတောင်ရှိမှာမဟုတ်တော့ပါဘူး ကိုရွှေညာသားရယ်။ ကျွန်မတို့လဲ မကျေနပ်တာတွေ ရန်ဖြစ်ကြတာတွေရှိခဲ့ဖူးတာပဲ။ ရှိလဲရှိနေဆဲ နောင်လဲရှိနေအုံးမှာပဲ။ ဒါပေမဲ့ကိုယ်နဲ့အမြင်မတူလို့ ဆိုတာလေးနဲ့တော့ မထွက်စေချင်ပါဘူး။ အမြင်ဆိုတာ ဒီတချိန်တူတတ်ပေမဲ့ ခဏနေကွဲချင်ကွဲတတ်တာပဲလေ။ အဲ့တော့လဲ တူတာလေးယူ မတူတာလေးဖယ်ပြီး ဆက်ချီတက်ကြရအောင်လား
Was this answer helpful?
LikeDislikeအလဂါးး
အဲ့လူရီးးဂ
အချော့ခံချင်လို့. . .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
လို့ အပြောခံချင်နေတာနေမှာ
ထုံစံအတိုင်း ပြောထည့်လိုက်ကြဇမ်းဘာဗျာာာာ
ဟေ့လူရီး ကိုချွေညာတား ပြန်ထွက်လာပါဗျ
ဒီရွာမှာနေရင် အရေခွံထူမှ ရမှာဗျ ။
Was this answer helpful?
LikeDislike