ဘာများမှားမိပါလိမ့်

ခင္ခAugust 27, 20141min1516

” ဘာများမှားမိပါလိမ့် “

 

 

ပင်ပျိုထက်ဝယ် ဝတ်ဆံကစုံ
ဝါသွေးရောင်ဖြာ လှဟန်ကြွလို့
ခူးကာမြတ်တနိုး သူထံတိုးကာ
ပန်ဆင်ဖို့အရေး ပေးမိလေသော်
ဒီနေကြာပန်း ဆီဆုံစခန်းကို
နင်ဖာနင်သာ သွားပေးပါလား
ဒီလောက်ကြီးပန်း ငါပန်ထားရင်
အရူးမ ထင် ရုပ်ဆိုးလိမ့်မယ်
ဒါတောင်မတွေး ဦဏှောက်သေးနဲ့
နင်ကိုမုန်းတယ် ဆိုခဲ့လေသံ
ငါဘာအမှား လုပ်မိပါလိမ့်
နေကြာကလည်း ပန်းပါဘဲကွယ်
အဲဒီထဲက မဆုံပေမယ့်
ငါရင်ထဲဝယ် မင်းတစ်ယောက်ကွယ်။

ခင်ခ။

6 comments

  • JackSkellington

    August 27, 2014 at 9:01 am

    ခေါင်ရမ်းပန်း ပိန်းပန်း နဲ့ ဂေါ်ဖီပန်း သုံးမျိုးတွဲ ပေးလိုက်ရမှာ..
    ပန်ပါ့ ခင် ဆိုပြီး… 🙂

    • ခင် ခ

      August 27, 2014 at 9:17 am

      အဲဒီတုန်းက JackSkellington နဲ့အရင်တွေ့လိုက်ရင် ဒီလိုဖြစ်မယ်မထင်ဘူးဗျာ

      • JackSkellington

        August 27, 2014 at 9:29 am

        ကျနော်နဲ့သာ အရင်တွေ့လိုက်ရင် ဒီလို ဘယ်ဖြစ်မလဲဗျာ….
        (ဒီ့ထက် ပို ဆိုး စရာ သာ ရှိတော့တယ် :P)

  • ဦးကြောင်ကြီး

    August 27, 2014 at 9:27 am

    ဗာများမှား
    ရွာနားကျား
    လျှာသွားယား
    ဒါလားပျား..။

  • alinsett

    August 27, 2014 at 3:19 pm

    နေကြာပန်းက… တစ်ပွင့်တည်းပေးရင်… သိပ်ခံစားလို ့ရမယ် မထင်..
    တစ်ခင်းလုံးပေးရင်တော့….
    အင်း…. သေချာတယ်.. ဘာပဲဖြစ်ဖြစ်.. သူ… ယူထားလိုက်မှာပဲ…

    :mrgreen:

  • မြစာကလေး (23122011)

    August 28, 2014 at 12:06 am

    မျက်နှာလောက်ရှိတဲ့ ပန်းကြီး သွားပေးမှတော့ ကိုခ ရဲ့။
    ကဘာ မဆန်လိုက်တာ။ :-)))

Leave a Reply