လွတ်မြောက်မှုအလင်းတန်းများ အပိုင်း(၉)…

Ko out of...August 27, 20141min1297

၁။ လူ့အခန်းကဏ္ဍပျောက်တာဟာ လူ့လောကကို အမိုက်ဆုံး အမှောင်ချလိုက်တာပဲ…

၂။ လိုလားတပ်မက်မှုဟာ လူတွေကိုမငြိမ်းချမ်းစေဘူးဆိုပြီး အရာဝတ္တု အထွေထွေရဲ့ အဖြစ်တွေကို ကြည့်တဲ့ အလုပ်ကိုလုပ်နေကြတယ်….

၃။ မသိတာတွေထဲမှာ မသိတာတိုရဲ့ မသိဆုံးက ဇာတ်ဝင်ပြီး မိမိကျဆုံးပျက်သုဉ်းတာ မသိတာဖြစ်တယ်….

၄။ တရားမျတ မမျတတာကို ဘယ်သူကမှ သတ်မှတ်ထားမဟုတ်ဘူး သဘာဝအတိုင်းဖြစ်နေတာဖြစ်တယ်…

၅။ လောကုတ္တရာ တရားမျတမှုကတော့ ကိုယ်လွန်ကျူးရင်ကိုယ်ခံ…ကိုယ်မလွန်ကျူးရင်ကိုယ်မခံရဘူး…သူများအရေးယူတာမယူတာနဲ့ မဆိုင်ဘူး…ကိုယ်က တရားမျတမှုပျက်ကွက်တာကို ဘယ်သူသိသိ မသိသိ အရေး မကြီးဘူး အပြစ်ဟာ အပြစ်ပါဘဲ…

7 comments

  • ခင် ခ

    August 27, 2014 at 9:50 am

    ကိုယ်ပြုသော ကံ မှ ရတဲ့ ကိုယ့်အတွက် အကျိုး ပေါ့နော်။
    ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်
    မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။

    • kai

      August 27, 2014 at 2:00 pm

      ဘိုသန်းရွှေတို့စစ်အုပ်စုများ.. မကောင်းတာတွေချည်းရွေးလုပ်သွားပြီး.. ကောင်းလိုက်တာမှ… ဘုန်းကြီးလို့.. အသက်ရှည်…
      အင်း..
      ကိုယ်ကကောင်းတာလုပ်ရင်..(ကိုယ်ရော.. သူများရော) ဖြစ်ချင်တာဖြစ်မယ်..
      ကိုယ်ကမကောင်းတာလုပ်ရင်လည်း..(ကိုယ်ရော.. သူများရော) ဖြစ်ချင်တာဖြစ်မယ်..

      ကိုယ်က.. အသိသညာတွေအပြည့်ထား.. တွက်ချက်လုပ်ရင်.. ကိုယ်ကောင်းတာဖြစ်မယ်..။ :k:

      • ခင် ခ

        August 27, 2014 at 2:43 pm

        ဘိုသန်းရွှေကို သွားမေးရင် သူကဖြေမှာပေါ့ ငါဘုရားတကာပတ် ထီးတကာတင် အလှုရေစက် မပြတ်လုပ်လို့ သက်ရှည် ဘုန်းကြီးနေရတယ်တို့ ဘာတို့ပေါ့။
        သူအတွက်တော့ သူအာဏာနဲ့သူ လုပ်သွားကြတာဘဲလေ။ သူတို့က မိုးရွာတုန်း ရေခံရမည့် အချက်ကိုကျွမ်းသဗျ။ လူထုက နွားအကွဲခံလေတော့ ကျားဆွဲတာ မဆန်းဘူးပေါ့ဗျာ။
        အခုထိလည်း ခြောက်လန့်လိုက်ရင် နွားကကွဲချင်ချင် ဆိုတော့ကာ………….။

      • alinsett

        August 27, 2014 at 4:24 pm

        သဂျီးပြောသလိုပဲ..ပြောချင်တာရယ်…

        :mrgreen:

        မကောင်းတာလုပ်တဲ့လူတွေကို… မိုးကြိုးတောင် မပစ်တော့တဲ့ခေတ်

        ဂစ်ဂစ်

        :kwi:

  • Ko out of...

    August 27, 2014 at 12:53 pm

    ကိုယ်လုပ်တာကိုယ်ခံလို့သူများပါစမ်း လမ်းဆုံးမဖြစ်စေချင်ဘူး

    ဥပမာတခုနဲ့ မေးခွန်းထုတ်ကြည့်မယ်နော် ကိုယ်ကသူများပစ္စည်းခိုးတယ်ဆိုပါတော့ ဘာဖြစ်လို့ပြုကတယောက် အခိုးခံရသူကတယောက်ဖြစ်ရပါသလဲ?
    ခိုသည့်လူက သူများပစ္စည်းရလို့ပျော်နေတယ် တဖက်အခိုးခံသူပစ္စည်း ခိုးခံရလို့ ဒုက္ခရောက် ဘယ်မှာကိုယ်ပြုကိုယ်ခံ?
    ဒါတခုပေါ့နော နောက်တခု ဥပမာ ကိုယ်ကသူများ ကိုလိမ်တယ်ဆိုပါတော့ လိမ်တာကတယောက် အလိမ်ခံလိုက်ရသူကတယောက်ဖြစ်နေတယ် …ဒါလည်းချဲ့တွေးကြည့်ပေါ့…

    တကယ်တော့ခိုးသူဟာ သူခိုးစိတ်ပေါက်ပြီးနောပ်ထပ် ထပ်ခိုးချင်း အကျိုးပေးပေါ့

    • kai

      August 27, 2014 at 2:11 pm

      ကိုယ်ပြု.. သူများခံပေါ့…
      ခိုးကြ… :k:

      အစိုးရပစ္စည်းဆို..( တာဝန်ခံသူတိတိကျကျမရှိတဲ့စနစ်ထဲမှာဆို).. ဘယ်သူမှတာဝန်မယူတာမို့.. ဒုက္ခရောက်သူတိတိကျကျပြမရ.. မရှိ..
      အစိုးရပစ္စည်း.. ပိုခိုးကြ… :k:

      ထေရာတို့ဝါဒမှာ.. လောကမှာ..တရားတယ်..မတရားဖူးကို.. ငရဲပြည်က.. ငရဲမင်းကဆုံးဖြတ်တယ်ဆိုတာပဲ..။
      အဲ..အဲ.. သေပြီးမှ… တဲ့…။
      ခရစ်ယန်တို့..အစ္စလမ်တို့မှာတော့.. ဘုရားသခင်ကတိုက်ရိုက်ဆုံးဖြတ်သဗျ..
      အဟမ်း..
      … ကွာတယ်နော… :k:

  • မြစာကလေး (23122011)

    August 27, 2014 at 11:32 pm

    ရွာထဲ ပြန်ဝင်လာတာ ဝမ်းသာပါတယ် ကိုအောက် ရှင့်။
    { သူများအရေးယူတာမယူတာနဲ့ မဆိုင်ဘူး…ကိုယ်က တရားမျတမှုပျက်ကွက်တာကို ဘယ်သူသိသိ မသိသိ အရေး မကြီးဘူး အပြစ်ဟာ အပြစ်ပါဘဲ…}

    အဲဒီ စကားလေး ကို သဘောကျပါတယ်။
    ကိုချော ရဲ့ တီးဝိုင်း (လဘက်ရည်ဝိုင်း 😉 ) မှာ
    ကိုသစ် ပြောခဲ့တဲ့
    {Spiritual quotient.
    ဟိုကောင်က EQ အပိုင်းမှာ Self-Evaluation ပေါ့နော်။ ကိုယ့်ဟာကို အကဲဖြတ်တာပေါ့။
    SQ ကျတော့ Self-awareness ပေါ့နော်။ အသိတရားရှိတာ။
    ဟာ ဒါ…မလုပ်သင့်ဘူး။ ဒါ…လုပ်သင့်တယ်။ ဟာ ဒါကတော့ ငါ မလုပ်လို့မဖြစ်ဘူး }

    ကိုလင်းဝေ ပြောတဲ့
    { နောက်တစ်ချက်က လူသည် ဆင်ခြင်တတ်သော သတ္တဝါ ဆိုတဲ့ အမြင် တစ်ခု။
    Human Beings are Rational ဆိုတဲ့ ဆိုရိုးကြီးအတိုင်းပေါ့လေ။
    ကျနော်တို့ လူအများစုကြီးဟာ မတွေးခေါ်တတ်ရင်တောင်မှ ဆင်ခြင်တတ်ကြပါတယ်။
    ကျနော်တို့ဟာ အကျိုးအမြတ် နဲ့ အပျက်အစီး လောက်တော့ ဆင်ခြင်နေထိုင်ကြသူတွေဖြစ်ပါတယ်။ }

    အဲဒီ ၂ခု ကို ပေါင်းကြည့်လိုက်ပါ။
    အဲဒီ အချက်တွေ ကနေ လူ ဆိုတာ ကိုယ့်ဟာကို ဘာလုပ်နေတယ် ဆိုတာ မသိစိတ် က နေ သိနေတဲ့ စိတ်ရှိပါတယ်။ (ရှင်း တယ်နော် 😉 )
    အဲဒီစိတ် က ကိုယ့် ကို ဒုက္ခ ပေးမှာပါ။
    အဲဒါ ကို သူ့ဟာသူ ဘဲ သိမှာပါ။
    ဥပမာ – သူကြီးမင်း ပြောသလို ဦးသန်းရွှေ တို့ လူစု ကို ကြည့်ပါ။
    သူတို့ မှာ ရုပ်ဝတ္တု ချမ်းသာပေမဲ့ စိတ်ချမ်းသာ တယ်လို့ ပြောနိုင်ပါ့မလား။
    သူတို့ စိတ်ထဲ သူတို့ စည်းစိမ် တွေ ပြုတ် မဲ့ အရေး၊ သူတို့ အာဏာ လက်လွတ်ရရင် ဆိုတဲ့ အတွေး နဲ့ စိတ် ရဲ့ လွတ်မြောက် အေးချမ်းခြင်း ကို မရပါဘူး။
    ဒါကြောင့် သူတို့ ရဲ့ အတိုက်အခံ ဆို အသေမုန်း နေရတာ မဟုတ်လား။
    လူတစ်ယောက် က တစ်ယောက် ကို မုန်း နေရ တယ် ဆိုတာ အမုန်းခံရသူမှာ ဒုက္ခရောက်တာထက် မုန်းနေတဲ့ စိတ် ရှိသူ မှာ ဒုက္ခရောက်နေတာ လေ သူကြီးမင်း ရဲ့။

    မပြီးသေးဘူး။
    ခိုးတဲ့ အမှု။
    ခိုးတယ် ဆိုကထဲ က ဘာကို ခိုးခိုး ဘယ်က ခိုးခိုး မကောင်းပါဘူး။
    လူတစ်ယောက် မှာ (သို့) အများပြည်သူ (ဆင်းရဲ တဲ့ ကလေး ကျောင်းနေနိုင်ဖို့၊ ဆင်းရဲ တဲ့ အဖွားအို ဆေးကုနိုင်ဖို့ ပြည်သူ့ ဘဏ္ဍာ က အရေးကြီးပါတယ်) မှာ နစ်နာ လို့ပါ။
    ကိုယ်ချင်းစာတရား ခေါင်းပါး လို့ပါ။
    ဒါကြောင့် မသိလို့လို့ ခိုးခိုး၊ သိလို့ ခိုးခိုး အဲဒါ မကောင်းတာ ပြောရပါမှာပါ။
    ဥပဒေ နဲ့ ဖြစ်စေ၊ ဘာသာရေး နဲ့ ဖြစ်စေ၊ သင့်တော်ရာ နည်းမျိုးစုံ သုံးပြီး တားရမှာ လူ့ အသိုင်းအဝိုင်း မှာ ရှိတဲ့ အသိ ရှိ တဲ့ လူတွေ ရဲ့ တာဝန်ပါ။
    (ချွင်းချက် – ရော်ဘင်ဟု မပါ 😉 )

    ဒီမှာ မောင်ဇော်သန့် ပြောတဲ့ စကားလေး ကိုလဲ ကြိုက်ပါတယ်။
    { ဘာသာရေးကြောင့် မဟုတ်ပဲ Moral ပိုင်းကို အလေးထားသူတွေကို ပြောရတာ ပိုရှင်းမယ်ထင်တယ်..
    Bill Gates လိုလူမျိုးကို ဥပမာပေးလို့ရမယ်ထင်တယ်…။ }
    ဒီလို အများက လူကောင်း လို့ သတ်မှတ် သူ တွေ ရဲ့ လူ့ အသိုင်းအဝိုင်း ကို လွှမ်းမိုး ခြင်း မျိုး တွေ လဲ အများကြီး လိုပါတယ်။
    ဒီနေ့ ခေတ် မှာတော့ ဒီလို လူမျိုး တွေ ကနေ လူ့ အသိုင်းအဝိုင်း ကို အသိပညာတွေ၊ လူသားချင်းစာနာဖို့ တွေ၊ ကိုယ်ချင်းစာစိတ် တွေ တော်တော်လေး ဖြန့်ဝေ နေတာ တွေ့ရတာဘဲ။

    ဒီမှာတော့ အခုရက်ပိုင်း တွေ မှာ – အာရုံကြော ဦးနှောက်အားနည်း ရောဂါ ခေါ်မလား – Steven Hawkin ဆိုတဲ့ သိပ္ပံပညာရှင်ကြီး ဖြစ်သွားတဲ့ ရောဂါ မျိုး အတွက် အလှူခံနေကြတာ။
    အဲဒီရောဂါအကြောင်းရှင်းပြ၊ ရေခဲရေအေး တွေ ရေခဲတုံး တွေ ကိုယ်ပေါ်လောင်းပြီး ဗီဒီယိုရိုက် ပြီးတော့ facebook ဒါမှမဟုတ် သတင်း site တွေ ထဲ ထည့်ပြီး တော့ နီးစပ်ရာတွေ ကိုပါ ဆက်ပြီး Challenge လုပ်။
    အနဲဆုံး ၅ပေါင် အလှူထည့်ရပါတယ်။
    Bill Gates ရော ပါဝင် ဆင်နွဲ သပေါ့။
    Mark Zuckerberg က သူ့ကို Challenge လုပ်ခဲ့တာ။
    သူ့ ရဲ့ vice president – Sheryl Sandberg က Melinda Gates ကို Challenge လုပ် နဲ့ ဗီဒီယိုတွေ မှာ ပျော်စရာကြီး။
    အဲဒီ က နေ ကလေး တွေ ပါပါပြီး လူကြီး တွေ ပါ ဆက်ပါ နဲ့ အသိုင်းအဝိုင်း တစ်ခုလုံး ဆက် ကုန်ရော။
    အိုဘားမား ကတော့ Justin Bieber က Challenge လုပ်တာမို့ လား မသိ။
    ပိုက်ဆံ ဘဲ လှူပြီး မလုပ်ဘူး။ :-))

    ဒီတော့ သူကြီးမင်း ရှင့်။
    ရွာထဲ မယ် ဆန်ပျ ဖြစ်ဖို့ ကနေ ဆန်ပြာ ဖြစ်နေပါ့မယ်။
    :-)))

Leave a Reply