26.8.2014 က နေမကောင်းလို့ အလုပ်ကခွင့်ယူပြီးအိမ်မှာနားနေတယ်
အားနေတော့ TV ကြည့်ဖြစ်တယ်လေ
I robot ဆိုလားဘာလားပဲ
လူသားတွေနဲ့ self learning လုပ်နိုင်တဲ့ စက်ရုပ်တွေကြားထဲက အဖြစ်အပြက်တခုပေါ့
အဲ စက်ရုပ်တွေမှာ လိုက်နာရမယ့် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ဖန်တီးထားတာပဲ
ဘာပဲလုပ်လုပ် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ မကင်းကွာရဘူး
self learning လုပ်ရင်း စည်းမျဉ်းတွေပေါက်သွားတာလေးပါ
အတွေးလေးနဲနဲရပါတယ်

နောက် အချိန်၏သမိုင်းအကျဉ်းလေးလဲ ဆက်ဖတ်ဖြစ်တယ်
အဲမှာလဲတခုက ယခင်ဥပဒေသအဟောင်းတွေကို တရားသေ ဆုပ်ကိုင်ထားသလောက်
နည်းပညာ အတွေးအခေါ်တိုးတက်မှုနှေးနေမှာပဲဆိုတာလေးပါ
နောက် စာအုပ်ထဲကရေးထားတာတွေကို လက်ခံသင့်မသင့် ကိုယ်တိုင်လဲ ယခင်လက်ခံထားတဲ့ အယူအဆတွေနဲ့ ချိန်ထိုးစဉ်းစားမိပါတယ်
ဘာသာရေးတွေ အပါအ၀င်ပေါ့ (bud,chr,mus ကိုနဲနဲလေ့လာဘူးပါတယ်)

နောက်နေကလဲမကောင်းတော့ အိပ်ယာပေါ်မှာဟိုတွေးဒီတွေးလုပ်မိရော
ဘာသာရေးဘက်ရောက်သွားတယ်
အခုလက်ရှိဘာသာရေးတွေရဲ့ သင်ကြားပေးမှုတွေပါ
ငယ်စဉ်ကလေးဘ၀ထဲက စသင်ခဲ့ရတယ်
ဘာနဲ့တူလဲဆိုတော့ အခြေခံ စည်းမျဉ်း ၃ ခု လိုပါပဲ
ကလေးကထဲကသင်ထားတာတွေက အခြေပြုပါတယ်

ပထမ စည်းမျဉ်းက
god က ဘာညာဘာညာ
god အဆုံးမက ဘာညာဘာညာ
……………..

ဒုတိယ စည်းမျဉ်းက
ပထမစည်းမျဉ်းမှာ ပြောထားတာတွေက မြင့်မြတ်တဲ့အရာတွေ
မဆန်းစစ်ရဘူး
ယုံမှားသံသယမထားရဘူး
မေးခွန်းမထုတ်ရဘူး
လက်တွေ့အဖြစ်တွေနဲ့ နှိုင်းပြီးဝေဖန်မှုမလုပ်ရဘူး

တတိယ စည်းမျဉ်းက
ပထမစည်းမျဉ်းမှာ ပြောထားတာတွေက အမှန်
လိုက်နာရမယ်
လိုက်နာသူတွေက မြင့်မြတ်တယ်
မလိုက်နာသူတွေက နိမ့်ကျတယ် မိတ်ဆာတွေ
မလိုက်နာသူတွေကို နှိမ်နင်းရမယ်
ပါပလူမျိုး ၉၉ ဆိုတဲ့ဟာပဲ

ကလေးငယ်ကတည်းက ဒီအခြေခံ စည်းမျဉ်း ၃ ခုကို ဦးနှေက်ထဲရိုက်သွင်းထားတယ်
လူကြီးဖြစ်လာတော့ ဘာလာလာ ဒီအခြေခံ စည်းမျဉ်း ၃ ခု ဘောင်နဲ့တိုက်စစ်တယ်
ငါနဲ့မတူ ငါ့ရန်သူ
သတ် ချ

ဒီအခြေခံ စည်းမျဉ်း ၃ ခုကို မပြင်ပဲဘာလုပ်လုပ်
နှစ် ၁၀၀၀ ကျိန်စာ ပဲဖြစ်နေဦးမယ်ထင်တယ်

(လူတယောက်ရဲ့ ပကတိတန်ဖိုး နဲ့ နောက်တယောက်ရဲ့ ပကတိတန်ဖိုး ခြားနားချက်ဟာ အမြဲ သုည အဖြစ်လက်ခံနိုင်မှ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်ခြင်းဆိုတာ ဖြစ်နိုင်မယ်
မြန်မာနိုင်ငံကတော့ အနည်းဆုံးနောက် နှစ် ၅၀ ပဲ)

About nicolus agral

nicolus agral has written 61 post in this Website..

Although I am a paladin , I work in the name of the common people.