ဗျို ့ သဂျီး ကယ်ကြပါဦး နှစ် ၁၀၀ဝ ကျိန်စာ

nicolus agralAugust 27, 20141min28412

26.8.2014 က နေမကောင်းလို့ အလုပ်ကခွင့်ယူပြီးအိမ်မှာနားနေတယ်
အားနေတော့ TV ကြည့်ဖြစ်တယ်လေ
I robot ဆိုလားဘာလားပဲ
လူသားတွေနဲ့ self learning လုပ်နိုင်တဲ့ စက်ရုပ်တွေကြားထဲက အဖြစ်အပြက်တခုပေါ့
အဲ စက်ရုပ်တွေမှာ လိုက်နာရမယ့် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ဖန်တီးထားတာပဲ
ဘာပဲလုပ်လုပ် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ မကင်းကွာရဘူး
self learning လုပ်ရင်း စည်းမျဉ်းတွေပေါက်သွားတာလေးပါ
အတွေးလေးနဲနဲရပါတယ်

နောက် အချိန်၏သမိုင်းအကျဉ်းလေးလဲ ဆက်ဖတ်ဖြစ်တယ်
အဲမှာလဲတခုက ယခင်ဥပဒေသအဟောင်းတွေကို တရားသေ ဆုပ်ကိုင်ထားသလောက်
နည်းပညာ အတွေးအခေါ်တိုးတက်မှုနှေးနေမှာပဲဆိုတာလေးပါ
နောက် စာအုပ်ထဲကရေးထားတာတွေကို လက်ခံသင့်မသင့် ကိုယ်တိုင်လဲ ယခင်လက်ခံထားတဲ့ အယူအဆတွေနဲ့ ချိန်ထိုးစဉ်းစားမိပါတယ်
ဘာသာရေးတွေ အပါအဝင်ပေါ့ (bud,chr,mus ကိုနဲနဲလေ့လာဘူးပါတယ်)

နောက်နေကလဲမကောင်းတော့ အိပ်ယာပေါ်မှာဟိုတွေးဒီတွေးလုပ်မိရော
ဘာသာရေးဘက်ရောက်သွားတယ်
အခုလက်ရှိဘာသာရေးတွေရဲ့ သင်ကြားပေးမှုတွေပါ
ငယ်စဉ်ကလေးဘဝထဲက စသင်ခဲ့ရတယ်
ဘာနဲ့တူလဲဆိုတော့ အခြေခံ စည်းမျဉ်း ၃ ခု လိုပါပဲ
ကလေးကထဲကသင်ထားတာတွေက အခြေပြုပါတယ်

ပထမ စည်းမျဉ်းက
god က ဘာညာဘာညာ
god အဆုံးမက ဘာညာဘာညာ
……………..

ဒုတိယ စည်းမျဉ်းက
ပထမစည်းမျဉ်းမှာ ပြောထားတာတွေက မြင့်မြတ်တဲ့အရာတွေ
မဆန်းစစ်ရဘူး
ယုံမှားသံသယမထားရဘူး
မေးခွန်းမထုတ်ရဘူး
လက်တွေ့အဖြစ်တွေနဲ့ နှိုင်းပြီးဝေဖန်မှုမလုပ်ရဘူး

တတိယ စည်းမျဉ်းက
ပထမစည်းမျဉ်းမှာ ပြောထားတာတွေက အမှန်
လိုက်နာရမယ်
လိုက်နာသူတွေက မြင့်မြတ်တယ်
မလိုက်နာသူတွေက နိမ့်ကျတယ် မိတ်ဆာတွေ
မလိုက်နာသူတွေကို နှိမ်နင်းရမယ်
ပါပလူမျိုး ၉၉ ဆိုတဲ့ဟာပဲ

ကလေးငယ်ကတည်းက ဒီအခြေခံ စည်းမျဉ်း ၃ ခုကို ဦးနှေက်ထဲရိုက်သွင်းထားတယ်
လူကြီးဖြစ်လာတော့ ဘာလာလာ ဒီအခြေခံ စည်းမျဉ်း ၃ ခု ဘောင်နဲ့တိုက်စစ်တယ်
ငါနဲ့မတူ ငါ့ရန်သူ
သတ် ချ

ဒီအခြေခံ စည်းမျဉ်း ၃ ခုကို မပြင်ပဲဘာလုပ်လုပ်
နှစ် ၁၀၀ဝ ကျိန်စာ ပဲဖြစ်နေဦးမယ်ထင်တယ်

(လူတယောက်ရဲ့ ပကတိတန်ဖိုး နဲ့ နောက်တယောက်ရဲ့ ပကတိတန်ဖိုး ခြားနားချက်ဟာ အမြဲ သုည အဖြစ်လက်ခံနိုင်မှ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်ခြင်းဆိုတာ ဖြစ်နိုင်မယ်
မြန်မာနိုင်ငံကတော့ အနည်းဆုံးနောက် နှစ် ၅ဝ ပဲ)

12 comments

  • nicolus agral

    August 27, 2014 at 2:55 pm

    Bud တွေလဲပြေရဦးမယ်
    ဘုရားကတောင် သူပြောတာ ချင့်ယုံ လက်တွေ့သုံးကြည့် ပြောထားတာ

    ဟုတ်မှဟုတ်ပမလား တို့
    လက်တွေ့နဲ့မကိုက်ဘူးနော် တို့
    ဒါလေးကတော့ တမျိုးကြီးပဲတို့
    ပြောမိဘာတယ်
    ဘာသာမဲ့ကောင်
    ဒိတ်ထိကောင်
    ငါတို့အမျိုးထဲမှာ ဒါမျိုးမရှိဘူးဆိုပဲ

    အာ့တွေကြောင့် ဗုဒ်ဓလမ်းစဉ်ကိုလိုက်တဲ့အခါလိုက်တယ် ဘာသာမဲ့ပါလို့ ကြွေးကြော်ထားတာ

  • ခင် ခ

    August 27, 2014 at 3:14 pm

    သင်္ခ ါရတရားတို့သည် ဖောက်ပြန်ပျက်စီးတတ်တဲ့သဘောရှိပေ၏ ဒါကြောင့် ချစ်သားတို့ မမေ့မလျော့ အားထုတ်ကာ နေကြပေလော့ ဘုရားပရိနိဗ္ဗာန်မပြုမှီ နောက်ဆုံးစကားဤသို့ဆိုလေသည်ဟု သိမှတ်ခဲ့ဘူးပါ၏

  • alinsett

    August 27, 2014 at 3:15 pm

    I robot ….
    ကျနော်လည်း… ကြည့်ဖူးတယ် ထင်တယ် ။

    စက်ရုပ်တွေကို အိမ်ဖော်အဖြစ်တောင် ဝယ်သုံးနေကြတာရယ်…
    စက်ရုပ်အိမ်ဖော်တွေက လူတွေကို တကယ့်လူလို စောင့်ရှောက်ပေးနေကြတာရယ်…
    ဇာတ်လိုက်မင်းသားက…အဲဒိ စက်ရုပ်တွေကို မုန်းနေတာရယ်…
    အင်းးးအဲ….
    အိမ်မှာ အခွေ ရှိသေးမယ် ။ ပြန် ကြည့်ဦးမှ… ။
    😆

    —————————–

    နှစ်ငါးဆယ်ဆိုတာ…
    ဖင်လှည့်ခေါင်းလှည့်နဲ ့ ပြည့်သွားမှာပါ ။
    ဟီဟိ ။

    :mrgreen:

  • မြစာကလေး (23122011)

    August 27, 2014 at 11:59 pm

    ရှူး တိုးတိုး လုပ်ပါဟဲ့။
    အဲဒီ လို နှစ် ၁၀၀ဝ ကျိန်စာ ဆိုတာ နဲ့ ရွာခါခံ ရတယ် ဆိုဘဲ။
    ဟိ၊ မြန်ပြည်ကြီး နဲ့ အတူ လိုက်မှီအောင် ဇာတ်လမ်းထွင်ကြည့်တာ။ :-))

  • ဝင့်ပြုံးမြင့်

    August 28, 2014 at 1:12 am

    -တော်လိုက်တဲ့ ငါ့တူကလေး။ နာမည်ကလည်း ခေါ်ရခက်လိုက်တာ။
    – ဒါကြောင့် ဘကကျောင်းတွေကို နောက်ဆုတ်စေချင်တာပါတော်။ ဓမ္မစကူးလ်က ထားတော့။ သတ်သတ်တက်တာမို့လို့။ ပြဌာန်းစာအုပ်တွေထဲ ဘာသာရေးပါနေတာလည်း ဆိုးတယ်။
    ကလေးတွေက ထားပါတော့။ အခု လူကြီးတွေ ပြောတဲ့အပြောတစ်ခု ရှိသေးတယ်။ နိုင်ငံရေးဆိုတာ ပရဟိတ တဲ့။ အဲဒါလည်း သွားပြီထင်တာပဲ။ နိုင်ငံရေးကိစ္စထဲမှာ ဘာသာရေးသဘောဟာ သိမ်သိမ်မွေ့မွေ့ကလေး ဝင်နေတယ်လို့ မထင်ဘူးလား။ ပရဟိတဆိုတာ အများကို ကူညီတာ။ ဥပမာ နာရေးကူညီမှုအသင်းတို့ ဘာတို့ကနေ ငွေရှိလို့ လှူ မယ်တမ်းမယ် အထိပေါ့။ ဒါတွေအကုန် ပရဟိတထဲမှာ ပါတယ်။
    – နိုင်ငံရေးကိုတော့ ပရဟိတလို သဘောမထားစေချင်ပါ။ ဆရာဝန်ဟာ လူ့အသက်ကို ကယ်မယ်။ နိုင်ငံရေးဟာ မြောက်များစွာသော လူတွေရဲ့ဘဝကိုကယ်မယ်။ အဲဒါကို ဘာသာရေးသဘောဆန်ဆန် ပရဟိတလို့ ပြောတာကို အစာမကြေဘူး။ မကျေနပ်ဘူး။ ဒါကို ချဲ့တွေးရင် အများကြီးပဲ။

  • ဘာသာ တရား ဆို တာက တော့ မကောင်းမူ့တွေကို အလွန်အကျွံမဖြစ်အောင် ဆုပေး ဒဏ်ပေး စံနစ်နဲ့ ထိန်းချုပ်တယ်လို့ ခံယူပါတယ။်

    ဘာသာတရား ဆို တာ ကို အယူ နဲ့ ကိုယ် လက်ခံတဲ့ အတွက် မှန်တယ် မှားတယ် မပြောလိုပါဘူး။

    ကိုယ်နှစ်သက်ရာကိုယ်ကိုးကွယ်ပြီး အပြန်အလှန်လေးစားကြဘို့ဘဲလိုပါတယ်။

    မဆိုင်တာ ပြောရရင် အခု နေရာအ နှံ့မှာ ဆိုင်းဘုတ်တတ်ထားတဲ့ ဓမ္မစကူးလ် ဆို တဲ့ စကားလုံးကိုတော့ မနှစ်သက်ပါ.

    မြန်မာ ဘာသာ မှာ စကူး လ်=ကျောင်းဆိုတာ ရှိပါလျက်နဲ့ သူများ ဘာသာ စကား ယူ သုံးထားတာကတော့ အဆင်မပြေဘူးလို့ ထင်ပါတယ်.

  • ဦးဦးပါလေရာ

    August 28, 2014 at 9:45 am

    အခုပိုစ့်ကတော့ ဘာသာရေးတွေ လို့ ခြုံပြီး သုံးထားတော့..
    အခြားဘာသာတွေကိစ္စ ကို မဆွေးနွေးပါဘူး…

    ကျုပ် ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ကိစ္စကို ပဲ ကွက်ပြီး ပြောပါမယ်…
    ဗုဒ္ဓဘာသာ မှာ အဲသည် စည်းမျဉ်း သုံးချက် မရှိပါဘူး…

    ဒုတိယ စည်းမျဉ်းက
    ပထမစည်းမျဉ်းမှာ ပြောထားတာတွေက မြင့်မြတ်တဲ့အရာတွေ
    မဆန်းစစ်ရဘူး
    ယုံမှားသံသယမထားရဘူး
    မေးခွန်းမထုတ်ရဘူး
    လက်တွေ့အဖြစ်တွေနဲ့ နှိုင်းပြီးဝေဖန်မှုမလုပ်ရဘူး

    တတိယ စည်းမျဉ်းက
    ပထမစည်းမျဉ်းမှာ ပြောထားတာတွေက အမှန်
    လိုက်နာရမယ်
    လိုက်နာသူတွေက မြင့်မြတ်တယ်
    မလိုက်နာသူတွေက နိမ့်ကျတယ် မိတ်ဆာတွေ
    မလိုက်နာသူတွေကို နှိမ်နင်းရမယ်

    …….ဆိုတာတွေဟာ ဗုဒ္ဓအဆုံးအမ နဲ့ မကိုက်ညီတဲ့အပြင် ဗုဒ္ဓအဆုံးအမကို ဆန့်ကျင်နေပါတယ်…

    အဲသလိုမျိုး ဟောပြောနေသူရှိရင် အဲဒါဟာ ဗုဒ္ဓဘာသာအမည်ခံပြီး ကိုယ့်ဘာသာကိုယ့်တရား ဟောနေတာပါ
    ဒေါက်တာနန္ဒမာလာဘိဝံသ စကားနဲ့ပြောရရင် ဓမ္မပေါ်လူးရှင်း (သို့) တရားကို ညစ်ညမ်းပုံပျက်စေတာတွေပါ..
    ကိုယ်တိုင် ဗုဒ္ဓတရားတော်ကိုမသိပဲ နားမလည်ပဲ တရားလျှောက်ဟော ရင် ကိုယ်ထင်တာတွေ ဟောမိတတ်ပါတယ်..
    အဲသလိုနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ပုံပျက်လာတာပါပဲ…။

  • ဦးကြောင်ကြီး

    August 28, 2014 at 11:47 am

    ဂေါတမမြတ်စွာဘုရား အလောင်းတော်ဘဝတခုမှာ အာချောင်ခဲ့လို့ သူများဘုရားတွေ ရက်ပိုင်းမျှ အပင်ပန်းခံရပေမဲ့ သူ့အလှည့်မှာ ခြောက်နှစ် အစာရေစာပြတ် ၆နှစ် ဒုက္ခစရိယာကျင့်မှ ဘုရားဖြစ်တယ်။ သင်ခန်းစာက ဘာလဲဆိုတော့ ဝစီဗေဒ ထိတိုင်းရှတဲ့…။ မနေနိုင်လျင် နှစ်ချက် မြဲမြဲမှတ်.. (၁) ပရမတ်သစ္စာနဲ့ အရိယာကို မဆင်မခြင် မပြောနဲ့.. (ဘယ်လိုလုပ် သိမလဲဆို.. မသိနိုင်လို့ အဲဒီအပိုင်းရောက်လျင် သတိကြပ်ကြပ်ထား..။ (၂) သီလ သမာဓိ မြင့်သူကို သောက်ရမ်း မပြောနဲ့ (ဒါလဲ အပြင်ဗန်းကြည့် သိဖို့ခက်လို့ အသေပိတ် မဆော့နဲ့.. ဖွင့်ဆော့ အရှင်ထားဆော့..။ ဆိတ်အချရဆုံးက ပရမတ်သစ္စာ ကိုယ်ပိုင်အသိ ရှိအောင်လုပ်..။ ဘာနဲတူလဲဆိုတော့ သံချပ်ကာဝတ်စုံနဲ့တူတယ်။ လတ်ယားလတ်ယားလုပ်ဖို့ အကာအကွယ်ကောင်းရမယ်..။ တကယ်ပေါက်မြောက်သွားသူ ဆရာတော်ကြီးများ မိန့်ခဲ့တာ တမဂ်တဖိုလ်ရဖို့ ပါရမီကြီးကြီးမားမား မလိုတဲ့..။ သာသနာပွင့်ခိုက် လုပ်နိုင်စွမ်း၊ လုပ်ခြင်စိတ်ရှိပြီး လုပ်ခွင့်ကြုံတုံး သင်ပြပေးနိုင်သူများရှိလျက်နဲ့ ကိုယ်ထင်ရာ သောက်ရမ်းလုပ်လို့ကတော့ မာမွတ်ခိုမ်နဲ့အတူ အဝီစိ ဇောက်ထိုးဆင်းရမည်။

    • kai

      August 28, 2014 at 1:15 pm

      တော်တော်နောက်တယ်..
      ဝိဘဇ္ဇဝါဒကို.. ကိုရင့်ဆြာတော်ကြီးတွေဖွင့်ပြမှပဲ.. ရှေ့နောက်ကိုကိုက်လို့…
      ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်ယုံတင်မက…
      ခြောက်သူ/မြောက်သူကို.. မော်မကြည့်အောင်ကို လုပ်ထားသဗျ…

      ကိုရင့်လိုဇတ်လမ်းများနဲ့တော့.. နှစ်၁သောင်းကျိန်စာ…
      ကွိ… :k:

      စကားအတင်းစပ်..
      အောက်က.. ဇတ်လမ်းလေးလည်းဖတ်ကြည့်ပါဦး…
      အဲ.. အာတော့မချောင်နဲ့နော…. ချောင်သူတွေကို.. အဲဒီအကောင်တွေအိမ်ပို့ပေးမတဲ့.. :i:
      =
      နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တဦးပညာတေဇအား မေးမြန်းလျှောက်ထားခြင်း
      ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမပေါ်ရှိ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးခဲ့ပြီးနောက်…
      >> http://www.ygnnews.com/2014/06/blog-post_6770.html

  • nicolus agral

    August 28, 2014 at 12:27 pm

    no no no
    ဗုဒ်ဓက စည်းမျဉ်းသုံးချက်ကိုမသတ်မှတ်ဘူး
    ဘာသာဝင်ဆိုတဲ့လူတချို့ကသာ မယ်ဘော်ကကဲလုပ်နေတာ

    ဗုဒ်ဓကိုသဘောကျတယ်
    သူကphilosopherမဟုတ်ဘူး
    လက်တွေ့စမ်းသပ်ပြီးမှ ရလဒ်ကိုပြောတာ scientist

    ကယ်တင်ရှင်မဟုတ်ဘူး
    လွပ်မြောက်မဲ့နည်းလမ်းကိုပြတယ်
    လျှောက်ချင်လျှောက် ကိုယ့်သဘောပဲ

    ပြီးတော့ ယုံရမယ်လို့အတင်းမခိုင်းဘူး
    လက်တွေ့လာစမ်းကြည့်
    သူပြောတယ့်အေးချမ်းမှုတကယ်ရတယ်

    ဘာသာဝင်တချို့ကသာ သဒါလွန်တယ်ပဲပြောရမလား မျက်ကန်းယုံကြည်မှုပုံစံပြောရမလားပဲ

    ဗုဒ်ဓကသူ့လမ်းစဉ်မလိုက်တဲ့သူတွေကို နှိမ်နင်းဖို့လည်းမပြောဘူး
    သနားဂရုဏာဖြစ်တာပဲရှိမယ်

    ဗုဒ်ဓကသူ့လမ်းစဉ်ကိုအမှန်တကယ်ကျင့်သုံးနိုင်ရင် ငြိမ်းချမ်းနိုင်ပါတယ်
    လက်ရှိဗမာပြည်ကလူတွေအများစုရဲ့ကိုးကွယ်မှုကသာလမ်းချော်နေတယ်ထင်တာပဲ

  • nicolus agral

    August 28, 2014 at 1:29 pm

    ဦးကြောင်

    ဂေါတမကိုအပြည့်အဝယုံကြည်တယ်

    သူ့လမ်းစဉ် တရားတော်အနှစ်သာရကိုလည်း ယုံတယ် လိုက်နာတယ် ကျင့်သုံးတယ်
    ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်
    မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်
    ကိုယ်လုပ်တာကိုယ်တာဝန်ယူရမယ်
    အဖြစ်ရှိရင် အပျက်ရှိမယ်
    ဘယ်ဟာမှမမြဲဘူး

    ကျနော်သဂျီးနဲ့မတူဘူး
    ပစ်စုပ်ပန်ကမ်မဝါဒီမဟုတ်ဘူး
    အကြောင်းကြောင့် အကျိုးဖြစ်တာ လုံးဝသေချာတယ်
    ယခင်ဘဝက အကြောင်းတရားတွေက ယခုဘဝအကျိုးတရားတွေနဲ့ နွယ်နေတယ်

    တကယ်ကိုလိုက်နာကျင့်သုံးပြီးဟောပြောနေတယ့် သံဃာကိုလည်း ယုံတယ်
    ကျနော်အခုဘဝတလျှောက်လုံး ငြိမ်းချမ်းတဲ့ခံစားမှု ရတဲ့အခါတိုင်းက သံဃာတော်တွေကြောင့်ပဲ
    တကယ့်ဆရာတော်တွေက မျက်နှာမြင်လိုက်ရရင်ကို တခဏတာအတွင်း အေးချမ်းမှုကိုခံစားရတယ်
    သူတို့ဟောတဲ့တရားတွေကိုနာရရင် ပိုအေးချမ်းတယ်
    ကျင့်နေတဲ့အချိန်ဆိုရင်တော့ ပြေမနေနဲ့တော့

    ရူပဗေဒကိုလေ့လာလေလေ ဗုဒ်ဓတရားတွေကို သဘောပေါက်လေလေပဲ
    ပရမတ်သစ္စာကို အကြမ်းအားဖြင့်တီးမိခေါက်မိတော့ရှိပါတယ်
    အရိယာကို မဆင်မခြင် မပြောပါဘူး ကျနော်ပြေတာအရိယာတွေကိုမဟုတ်ဘူး

    ဦးပါ

    ဗုဒ်ဓဘာသာအမည်အောက်က တချို့ဟာတွေကသာ
    တခြားphilosophyတွေနဲ့ရောထွေးအောင်လုပ်ပြီး နိမ့်ကျစေတာ
    စည်းမျည်း ၃ ခုပုံစံမျိုး လုပ်နေတာတွေတွေ့ရတာ

    အန်တီပြုံး

    အခြေခံပညာရေးမှာ ဘာသာတရားတွေ မထည့်စေချင်ဘူး
    သီလကို လူ့ကျင့်ဝတ်တွေထဲမှာထည့်သင်တာတော့ ဟုတ်သေးတယ်
    တကယ်သာ ပညာတတ်တွေဖြစ်အောင်သင်ပေးထား (စာတတ်မဟုတ်)
    အကောင်းအဆိုးကိုဝေဖန်နိုင်ချိန်ရောက်မှ ဘာသာတရားတွေကို လေ့လာခိုင်း

    နောက်လောကီမှာ ဘာသာတရားတွေမပါစေချင်ဘူး
    ဒိတ်ထိတွေပြောသလိုပဲ ဗုဒ်ဓက ပွားစီးခြင်းကိုအားမပေးဘူးကိုး (ဆဲခံလိုက်ပါဦးမယ်)

    နိုင်ငံရေးဟာ ပရဟိတမဟုတ်တာလည်းလက်ခံတယ်
    Party interest, National Interest မပါပဲလုပ်
    ပရဟိတဆိုရင် whole world အကြုံးဝင်သွားမှာပေါ့
    ဖင်ပေါင်ရမှာပေါ့

    နိုင်ငံရေးကို ဘာသာရေးနဲ့ရော မိုးမီးလောင်ဖို့သေချာတယ်
    မယုံ middle east ကြည့်

    လေးပေါက်

    ကျနော် သီလကိုထိမ်းပါတယ်
    ငရဲကြောက်လို့မဟုတ်ဘူး လူ့ကျင့်ဝတ်အရ မလုပ်သင့်တဲ့ဟာတွေမို့လို့ ရယ် ကိုယ်ချင်းစာလို့ရယ်
    စကူးဟာတွေကတော့ နာမည်ကတမျိုးပဲ christian တွေကိုပုံတူကူးနေသလိုပဲ

Leave a Reply