အချစ်ကို ဖွင့်ဆိုကြည့်တဲ့အခါ….

Mr. MarGaAugust 27, 20141min39834

 

အချစ် ဆိုတာ…

ရသ ကိုးပါးစလုံး ရောယှက်နေတဲ့ အရာ….

:boss:

 

မနေ့ကပေါ့ဗျာ…..

ဟိုတွေး ဒီတွေး ပတ် တွေးရင်းနဲ့ အပေါ်က စာသားလေး ထွက်လာလေရဲ့… (စိတ်ပါတုန်း တစ်ရက် ခေါင်းစဉ်တစ်မျိုးနဲ့ ဒီလိုလေးတွေ အဓိပ္ပာယ်ဖွင့်မယ်လို့တောင် တွေးထားမိသေး)

အရင်နေ့ကတော့ အလွမ်းနဲ့ ပတ်သက်ပြီး ပြောဖူးတာလေး တင်မိတယ်။

အဲ့လို အဲ့လို.. တစ်ကိုယ်တည်း ထိုင် တွေးပြီး သကာလ တွေးမိတာလေးကို ဖဘမှာ တင်လိုက်သပေါ့။

တင်ပြီး သိပ်မကြာပါဘူး…. ရသ ကိုးပါးနဲ့ အချစ်နဲ့ ဘယ်လိုဆက်စပ်နေလဲ ဆိုတာ ရှင်းပြပါ လို့ ဦးပီချိုက လာမေးလေတော့ ကျနော်လဲ ကိုယ့်စကား ကိုယ် တတ်သလောက် မှတ်သလောက် နဲ့ ပြန်ရှင်းရလေသပေါ့….  :a:

အဲ့လို ရှင်းရင်းနဲ့ ဒီစာ ထွက်လာပါတယ်။

ကျနော့် အတွေး ဖြစ်တာမို့ မှန်ချင်လည်း မှန်ပါမယ် လွဲချင်လည်း လွဲပါမယ်။ ဒါ ကျနော်မြင်မိတဲ့အမြင်ပါ။

 

ရွာထဲက အမြင်လေးတွေကိုလည်း ကြားချင်မိသား……….

 

အချစ်ဟာ ရသ ကိုးပါးကို ဒီလို ဒီလို ပေးစွမ်းနိုင်တယ်လို့ ကျနော်တွေးမိပါတယ်ဗျာ……

 

သိင်္ဂ ါရ ရသ

ချစ်သူနှင့် အတူရှိနေချိန်တွင် ကြည်နူး နှစ်သက်ခြင်းကို ခံစားရသောကြောင့် အချစ်သည် သိင်္ဂ ါရ ရသ မြောက်၏။

 

အဗ္ဘုတ ရသ

ချစ်သူ ပျော်ရွှင်စေရန်အတွက်… ထင်မှတ်မထားသည့် အံ့အားသင့်ဖွယ် အပြုအမူများကို တွေးဆကြံစည် လုပ်ကိုင်စေတတ်သောကြောင့် အချစ်သည် အဗ္ဘုတ ရသ မြောက်၏

 

ဝီရ ရသ

ချစ်ခြင်းသည်… ဘဝကိုရင်ဆိုင်ရန် စိတ်ဓာတ်တက်ကြွဖွယ် ခွန်အားများကိုလည်း ပေးစွမ်းနိုင်သဖြင့် ဝီရ ရသ မြောက်၏

 

သန္တ ရသ

အချစ်သည် မုန်တိုင်းထန်နေသော စိတ်ကိုပင် ငြိမ်သက်သောကန်ရေပြင်အဖြစ် ပြောင်းလဲပေးနိုင်သောကြောင့် စိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေသည့် သန္တရသ မြောက်၏

 

ကရုဏာ ရသ

အချစ်စိတ် ယိုဖိတ်လာလျှင် အပြစ်ဟူ၍ မြူမျှမထင် ကရုဏာသာလျှင် အားရပါးရ ဝင်တတ်သဖြင့် အချစ်သည် ကရုဏာရသ မြောက်၏

 

ဝိဘစ္ဆ ရသ

(တစ်နည်းနည်းဖြင့်) ကံမကောင်း အကြောင်းမလှစွာ အချစ်၏ ဓားချက်အောက်တွင် ကျဆုံး၍သော်လည်းကောင်း၊ တရားဓမ္မတွင် ထဲထဲဝင်ဝင် သက်ဝင်လာသဖြင့် အချစ်ကို တဏှာစစ်စစ်ဟု သိမြင်လာ၍သော်လည်းကောင်း အချစ်သည် စက်ဆုပ်ဖွယ်ဟု ခံစားလာရတတ်သဖြင့် ဝိဘစ္ဆ ရသ မြောက်၏

 

ဘယာနက ရသ

အချစ်တွင် သက်ဝင်ရင်း ချစ်ခြင်း၏ ကျောခိုင်းနှုတ်ဆက်ခြင်းကိုလည်း ကြောက်ရွံ့စိုးထိတ်ရပြန်သဖြင့် အချစ်သည် ဘယာနက ရသ မြောက်၏

 

ရုဒ္ဒ ရသ

အချစ်သည်…..လူတစ်ယောက်၏ စိတ်ထားကို နူးညံ့သိမ်မွေ့ရာမှ တစ်မုဟုတ်ချင်း ကြမ်းကြုတ်ရက်စက်အောင်လည်း တတ်နိုင်သဖြင့် ရုဒ္ဒ ရသ မြောက်၏

 

ဟာသ ရသ

အချစ်သည် တစ်သက်မမေ့နိုင်လောက်သည့် ရယ်မောပျော်ရွှင်ဖွယ်ရာ အမှတ်တရများကိုလည်း ချန်ရစ်ထားခဲ့တတ်ပြန်သဖြင့် ဟာသ ရသ မြောက်၏

(ငါတွေ့ မဟုတ် စာတွေ့ သာ ဖြစ်ပါကြောင်း :-DD  )

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

34 comments

  • ko six

    August 27, 2014 at 7:34 pm

    အချစ်​ဆိုတာ
    သတ္တိမရှိတဲ့လူနှစ်​​ယောက်​ရဲ့
    ​လောကဓံရှစ်​ပါးကို
    ရင်​ဆိုင်​​ဖြေရှင်​းနည်​းတဲ့ဗျ
    နတ်​သမီး​တွေကြား
    ဗျာများ​နေတဲ့ မာဃအတွက်​

    • Mr. MarGa (12512)

      August 28, 2014 at 8:37 am

      အဲ့လာဆိုရင်….
      သတိ္တ ရှိတဲ့သူတွေက အချစ် မလိုဝူးပေါ့ နော် 🙄 :mrgreenn:

  • alinsett

    August 27, 2014 at 7:37 pm

    အချစ်ဆိုတာ … ရသ ကိုးပါးနဲ့…လုံးဝ (လုံး) မဆိုင်တဲ့အရာ ။
    —————

    • ဇီဇီ ခင်ဇော် (15102012)

      August 27, 2014 at 7:42 pm

      အချစ်ဆိုတာ Mr. Marga နဲ့…လုံးဝ (လုံး) မဆိုင်တဲ့အရာ…!
      :mrgreen:

    • Mr. MarGa (12512)

      August 28, 2014 at 8:39 am

      လူတစ်ကိုယ် အတွေးတစ်မျိုး ဆိုတော့
      နီ လဲ နီ့ဟာနီ အဓိပ္ပာယ် ဖွင့်ပေါ့ ငိငိ

  • alinsett

    August 27, 2014 at 7:52 pm

    ထို့အပြင်….
    အချစ်သည်…အချစ်ကို သေချာမသိ၍ စမ်းတဝါးဝါးဖြစ်နေသူများနှင့်လည်း… လုံးဝ(လုံးဝ) မသက်ဆိုင်။

  • alinsett

    August 27, 2014 at 8:00 pm

    ထို့အပြင် …အချစ်သည်….
    အချစ်ကိုတွေ့ချင် မြင်ချင်လွန်းလို ့ ရှာဖွေစူးစမ်း ဖော်ထုတ်နေသူများနှင့်လည်း…
    လုံးဝ(လုံးဝ)မသက်ဆိုင်ပါ။

  • alinsett

    August 27, 2014 at 8:04 pm

    ထို့အပြင် အချစ်သည်
    အချစ်ဆိုသော စကားလုံး(Love ဆိုသောစကားလုံး) နှင့်ပင် ဖော်ပြရန်မစွမ်းသာသော…
    စကားလုံးများနှင့် ဖော်ပြလျှင်ပင် မပြည့်စုံသော… မလုံလောက်သော
    အလွန်တရာ နက်ရှိုုင်းသော အရာ…

    • Mr. MarGa (12512)

      August 28, 2014 at 8:50 am

      အဲ့လာကြောင့် နီလည်း ခုထိ အူတူတူဖြစ်နေတာ :mrgreen:

  • မြစာကလေး (23122011)

    August 28, 2014 at 12:02 am

    ဒေါသ ရသ လေး ရော ပါဝူးလား။ ထပ်ထည့်ပေးပါ။ lol:-))

    • Mr. MarGa (12512)

      August 28, 2014 at 8:47 am

      ရသ ကိုးပါး ကို ဆယ်ပါး လုပ်ပေးရမှာလား ဟင် :loll:

  • ခင် ခ

    August 28, 2014 at 9:47 am

    အဲဒီလောက် ရသာစုံတဲ့ အချစ်ကို သူမို့လို့ ခုထိမတွေ့သေးတာ အံဩတယ် ဖိုးသိကြားရယ်။

    • Mr. MarGa (12512)

      August 28, 2014 at 10:12 am

      အဲလောက် ရသာတွေ အစုံခံစားပြီးရင်တော့
      သေချာတယ် ကျနော် လူပျိုကြီဖြစ်ဖို့ ရာနှုန်း အတော်များသွားပြီ 🙂

  • နောင် ရိုး

    August 28, 2014 at 10:23 am

    အတော်စုံစုံလင်လင်ပဲခင်ဗျ….
    အတိသရဆိုတာလား…အာ့လဲ ပါမယ်ထင်ပါရဲ့ဗျာ……

    • Mr. MarGa (12512)

      August 28, 2014 at 10:46 am

      အတိဿရ တို့ ဝင်္ကဝုတ္ထိ တို့ ဥပမာ တို့ကျ အလင်္ကာတွေ ဖြစ်ကုန်ပြီ ကိုရင်ရဲ့…
      အဲဒါတွေပါ ထည့်ရရင်တော့ ကျုပ် ချာချာလည်မှာ သေချာရဲ့
      မြန်မာစာပေမှာ ရသ ရယ် အလင်္ကာ ရယ် ဂုဏ် ရယ် နောက်ထပ် ဘာတွေကျန်ဦးမယ်မသိ 🙂

  • Nyo Win

    August 28, 2014 at 10:36 am

    “ငါတွေ့ မဟုတ် စာတွေ့ သာ ဖြစ်ပါကြောင်း”
    ဟုတ်ပါ့မလားသကြားလေးရဲ့….. 🙂

    • Mr. MarGa (12512)

      August 28, 2014 at 10:49 am

      တကယ်ပါဗျာ….
      စာတွေ့သက်သက်ပါ ကိုညိုရဲ့
      အစ်ကိုတို့လို ငါတွေ့ တွေ မဟုတ်ရပါဘု :a:

  • kyeemite

    August 28, 2014 at 11:29 am

    :a: 🙂 :loll: :mrgreen: 🙄 :mrgreenn:
    ဘာမန့်ရမှန်းမသိလို့…အဟွတ်

    • Mr. MarGa (12512)

      August 28, 2014 at 11:38 am

      အနော်လဲ ဘာပြန်ပြောရမယ်မှန်းမသိတော့ဘူး :mrgreenn:

  • Myo Thant

    August 28, 2014 at 12:41 pm

    အချစ်ဆိုတာ ဘာလဲ ဖေဖေ ?

    အချစ်ဆိုတာ ဘာလဲလို့ ဖေဖေ တစ်ခါမှ မသိခဲ့ပါဘူး သမီးရယ် ၊
    အခုချိန်မှလည်း မသိချင်တော့ပါဘူးကွယ် ၊

    ( စုလှိုင်နှင်း + သုမောင် ၊ ခုနှစ်စဉ်အလွမ်း ၊ ဝတ္ထု မင်းလူ )

    • Mr. MarGa (12512)

      August 28, 2014 at 12:53 pm

      အချစ်အကြောင်းပြောရင်
      ဆရာသုမောင်ရဲ့ အချစ် စီးရီးတွေကိုလည်း သတိရမိသား 🙂

  • Ko chogyi

    August 29, 2014 at 12:58 am

    သိကြားဆိုတဲ့ကောင်လေး
    အချစ်အကြောင်းလည်းသေသေချာချာမသိဘဲနဲ့
    မြှောက်ပေးတိုင်း လျှောက်ရေးတော့တာပဲ

    • Mr. MarGa (12512)

      August 29, 2014 at 9:29 am

      မရေးလို့မှ မရတာဗျ…
      ပြန်ရှင်းတာကို မရေးရင် ကျနော်က ရေးထားပြီး မရှင်းတတ်တဲ့သူ ဖြစ်သွားမှာပေါ့
      ဟုတ်ဘူးလား 😉

  • Shwe Ei

    August 31, 2014 at 8:38 pm

    အခြစ်ကို သိချင်ရင် မွန်မွန်နဲ့ အံစာတုံး မေးကြည့် 😀

  • kai

    September 1, 2014 at 2:34 am

    နတ်ပြည်ထွင်ဖြီးတဲ့သူက.. နတ်သမီး..နတ်သားျတွေကြား..အချစ်ကိုဘယ်လိုဖွင့်ထားခဲ့သလည်း.. သိချင်သား..
    တဖက်ျလးငါးရာတဲ့..
    အိပ်ယာထက်ပက်လက်ပေါ်သတဲ့..
    အချိန်ပြည့်ကာမ ခံစားနေနိုင်သတဲ့..
    ရွှေဘုံရွှေနန်းနဲ့တဲ့..

    ဘာတဲ့.. ပါျသး..
    နတ်သမီးက.. ဘုန်းကြီးတောင်းဆိုလို့.. လက်ညိုးလေးတချောင်းပြလိုက်တာနဲ့..မူးမေ့လဲကျအောင်.. ဖြစ်တယ်ဆိုပဲ..

    နှာဗူးပဲနေမှာ…

    • Mr. MarGa (12512)

      September 1, 2014 at 5:38 pm

      နတ်သမီး တွေ့ရင် ရေသူမလို ရုံသွင်းပြီး ပြစားဦးမှာလားဟင် :a:

  • Crystalline

    September 2, 2014 at 6:17 am

    ငွေထုတ်စက်….. 😛

    • Mr. MarGa (12512)

      September 2, 2014 at 9:45 am

      အမ်…
      တီခွစ် အဲ့စက်ထဲကနေ ဘယ်လောက်များ ထုတ်ပြီးပလဲမသိ 😀

  • ကန္နားစီး မိဂီ

    September 2, 2014 at 6:27 am

    အချစ်လား
    ကျုပ်ကတော့ရှင်းပါတယ်

    အချစ် is equal to စကားဂျို

    • Mr. MarGa (12512)

      September 2, 2014 at 10:35 am

      မနေ့က ထွက်လာတဲ့ leak ထဲမှာ စကားဂျို မပါတာ နာသဗျာ :mrgreenn:

Leave a Reply