” ပန်းနဲ့ပေါက်တာ နာစရာဖြစ်”

ခင္ခAugust 28, 20141min1248

” ပန်းနဲ့ပေါက်တာ နာစရာဖြစ်”

 

 

ပန်းနဲ့ပေါက်တာ နာစရာလား

ပြောဘဲပြောတတ် ပေတယ်။

ရာဇဝင်ဝယ် စာတင်ခဲ့ပ

သုပဒ္ဒါကို ကြည်ဇယ်ပေါက် ပန်း

တွယ်ကပ်ကာ ခါချဉ်လွှမ်းတော့

စိတ်တော်ညိုး ဆိုးတော်ပြုတယ်

ကျိမ်စာဆို မုန်းပွားရက်ပြီ

ကြုံလာဘုံ မိဖုရားခေါင်ဘဝ

ပူစာတယ် ဆင်စွယ်ကိုမှ

နားဋောင်းအဖြစ် ပန်ဆင်ချင်တယ်

မိန့်တော်မှတ်တဲ့ ဘုရင်ရယ်

အစွယ်ရရေး ဆင်သတ်ပေးဖို့

မုဆိုးခိုင်းကာ စေလွှတ်လေသည်

ကိုယ့်စွယ်ကိုဖြတ် အသက်ပေးအပ်

ဆဒ္ဒါန်ဆင်မင်း ချစ်ကြီးရှာကာ

သေပွဲဝင်သတင်း ကြားသိပြီးလျှင်

ယူကြုံးမရ သုပဒ္ဒါရယ်

ငိုပွဲနွဲသလို မဖြစ်လိုတယ်

ပန်းနဲ့မပေါက်ရက် ချစ်ပါ့မယ်။

 

 

ခင်ခ။

8 comments

  • ခင် ခ

    August 28, 2014 at 10:46 am

    ဟို ခါချဉ်ကောင် ဝင်ရှုပ်တာပါ ပန်းကတော့ အင်ကြင်းပန်း ပါဗျ။
    ဦးမာဃပြောသလို ဂေါ်ဖီပန်းနဲ့သာဆို ဆယ်သက်တောင်ကြေပါ့မလားဘဲနော်

    • Mr. MarGa (12512)

      August 28, 2014 at 10:53 am

      ခါချဉ်တွေက သူ့ဟာသူနေတာပါဗျာ…
      ဆတ်ဆော့ပြီး ခါချဉ်လေးတွေရဲ့ အိမ်ကို နေရာရွှေ့တဲ့ ဆဒ္ဒန်ကိုပဲ အပြစ်တင်ချင်ရဲ့ :mrgreenn:

  • Ko chogyi

    August 28, 2014 at 5:15 pm

    ကိုမင်းအောင် သီချင်းကြားယောင်ပြီး လွမ်းတယ်

  • alinsett

    August 28, 2014 at 5:31 pm

    အဲဒီ ရှေးရှေးတုန်းက… ပုဂ္ဂိုလ်ကြီးတွေက…တော်တော် ခက်တယ်နော့

    လွယ်နေတာတွေကို ခက်အောင် သိပ်လုပ်ကြတယ် ။
    သူတို ့ကို နားမလည်ဘူး ။

    :mrgreen:

    ဇာတ်လမ်းလေးတစ်ပုဒ်ကို ကဗျာအဖြစ် သရုပ်ဖော်ထားတာလေး….
    ချစ်တယ်ဗျာ…

    😆

  • ချစ်တဲ့သူက ရက်စက်တဲ့ ဟန်ရေးပြ ကာ ပန်းနဲ့ပေါက်တာလဲ နာ ချင် တယ် တဲ့ ကိုတင်လှိုင်က ဆို သွားတယ်

    အချို့ကတော့ ပန်းနဲ့မပြောနဲ့ အမြောက်နဲ့ပစ်တာ တောင် မဖြုံရေးချ မဖြုံ

  • manawphyulay

    August 30, 2014 at 4:38 pm

    အစွယ်လိုသူ မင်းမိဖုရား
    အသွားစေခိုင်းသူ မင်းကရာဇ်
    အရောက်သွားရသူ ကျွန်တော်မျိုးကိုတော့
    သနားငဲ့ညှာတော်မူပါဘုရား…

  • မွသဲ ( 17082011 )

    August 30, 2014 at 8:18 pm

    ဘဝဇာတ်ညွှန်းဆရာရဲ့ထိမိလှတဲ့ အချိတ်အဆက်မိတဲ့ဇာတ်ကွက်ကလေးပေါ့။

Leave a Reply