မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး သူ၏တိုင်းပြည်အတွင်း မန်ယူကစားသည့်ပွဲတိုင်းကို ရုပ်သံမှထုတ် လွှင့်ပြသရန် အမိန့်ပေးထားကြောင်း သိရသည်။
အသက် ၃၁ နှစ်သာ ရှိသေးသော မြှောက်ကိုရီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူကို ကာလရှည်ကြာ အားပေးခဲ့ သူတစ်ဦးဖြစ်ပြီး အခြားဘောလုံးပွဲစဉ်များတွင်မူ ဂျာမနီဘွန်ဒစ်လီဂါပွဲစဉ်များကို လည်း နှစ်သက်သည်ဟု ဆိုသည်။ သူ၏ အမိန့်ကြောင့် မန်ယူပွဲ လာမည့်အချိန်တွင် နိုင်ငံတော်ပိုင်ရုပ်သံမှ အခြားအစီအစဉ်များကို အချိန်ပြောင်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရကြောင်းလည်း သိရသည်။ မြင်းပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများကိုလည်း ကြည့်ရှုတတ်သည့် ကင်ဂျုံအန်မှာ မန်ယူ၏ MK ဒွန်းစ်ကို ၄းဝ နှင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်တွင်မူ ဒေါသတကြီးဖြင့် မန်ယူပွဲစဉ်များ ထုတ်လွှင့်ခြင်းကို ပိတ်ပင်လိုက်ပြန်သည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာ မူ မြောက်ကိုရီးယားပြည်သူများမှာ ကြည့်ရခဲလှသော အစီအစဉ်များအတွက် ကျေနပ်ကြကြောင်းသိရပြီး မကြာမီတွင် မန်ယူပွဲများကို ထပ်မံကြည့်ကြရဦးမည်ဟု မျှော်လင့်နေကြောင်း Mirror သတင်းစာက ရေးသားထားခဲ့သည်။

 

( သူလည်းလေ လောကီသား )      :P

9

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..