မန်ယူပရိသတ် ကင်ဂျုံအန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး သူ၏တိုင်းပြည်အတွင်း မန်ယူကစားသည့်ပွဲတိုင်းကို ရုပ်သံမှထုတ် လွှင့်ပြသရန် အမိန့်ပေးထားကြောင်း သိရသည်။
အသက် ၃၁ နှစ်သာ ရှိသေးသော မြှောက်ကိုရီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင် ကင်ဂျုံအန်မှာ မန်ယူကို ကာလရှည်ကြာ အားပေးခဲ့ သူတစ်ဦးဖြစ်ပြီး အခြားဘောလုံးပွဲစဉ်များတွင်မူ ဂျာမနီဘွန်ဒစ်လီဂါပွဲစဉ်များကို လည်း နှစ်သက်သည်ဟု ဆိုသည်။ သူ၏ အမိန့်ကြောင့် မန်ယူပွဲ လာမည့်အချိန်တွင် နိုင်ငံတော်ပိုင်ရုပ်သံမှ အခြားအစီအစဉ်များကို အချိန်ပြောင်းခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရကြောင်းလည်း သိရသည်။ မြင်းပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများကိုလည်း ကြည့်ရှုတတ်သည့် ကင်ဂျုံအန်မှာ မန်ယူ၏ MK ဒွန်းစ်ကို ၄းဝ နှင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက်တွင်မူ ဒေါသတကြီးဖြင့် မန်ယူပွဲစဉ်များ ထုတ်လွှင့်ခြင်းကို ပိတ်ပင်လိုက်ပြန်သည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာ မူ မြောက်ကိုရီးယားပြည်သူများမှာ ကြည့်ရခဲလှသော အစီအစဉ်များအတွက် ကျေနပ်ကြကြောင်းသိရပြီး မကြာမီတွင် မန်ယူပွဲများကို ထပ်မံကြည့်ကြရဦးမည်ဟု မျှော်လင့်နေကြောင်း Mirror သတင်းစာက ရေးသားထားခဲ့သည်။

 

( သူလည်းလေ လောကီသား )      😛

9

14 comments

  • alinsett

    August 28, 2014 at 5:54 pm

    အဲ့ မျက်နှာ ဝိုင်းဝိုင်းကြီးနဲ့လူကို မြင်ရင်… သူလုပ်နေတာနဲ့ သူ ့မျက်နှာနဲ့ မလိုက်ဘူးလို ့…ခံစားမိတယ်။
    အဟိ ။
    ပြီးတော့.. ရီချင်တယ် ။
    :mrgreen:

    —————-

    ဦးမျိုး…

    မန်ယူပရိသတ် ကင်ဂျုံအန် လို ့ ပိုစ့်ခေါင်းစဉ်ပေးတာလေးထဲက….
    ပရိသတ်လို ့ သုံးလိုက်တာလေးကို သတိပြုမိတယ် ။

    ဒီရွာမှာတော်တော်များများက ပရိတ်သတ်လို ့ လို ့ သုံးနေကြတာနော်.. ။

    ပရိသတ် ကမှ အမှန် နော ့… ။

    😆

    • Myo Thant

      August 29, 2014 at 10:04 am

      ဟုတ်ပ အလက်ဆင်းကလေး ဖွေးဖွေးရေ 🙂

  • Mr. MarGa (12512)

    August 28, 2014 at 7:27 pm

    ကျန်တဲ့အသင်းတွေ သတိထားး
    မကျေနပ်ရင် ဒုံးကျည်စာမိမယ်
    :mrgreenn:

    • Myo Thant

      August 29, 2014 at 10:06 am

      လောလောဆယ်တော့ မန်ယူပရိသတ်တွေ မလှုပ်နိူင်သေးဘူးကွယ် ၊

      အင်းးးးးးး ဒီစနေ ဘန်လေကိုတာ့ နိူင်ကောင်းပါရဲ့ 🙂

  • ခင် ခ

    August 29, 2014 at 12:50 am

    မန်ယူ နိုင်ခြင်း ရှုံးခြင်းက မြောက်ကိုရီးယား တီဗွီထုတ်လွှင့်မှုကို လွမ်းမိုးစေတယ်ပေါ့

    • Myo Thant

      August 29, 2014 at 10:07 am

      အဲသလိုရေးထားတာပဲ ကိုခရေ

  • Zaw Thant

    August 29, 2014 at 9:52 am

    .. နောက်ဆို anti မန်ယူတွေ တွေ့ရင် ကင်ဂျုံအန် ဆီပို့ပေးရမယ်.. ဟင်း ဟင်း 😛

    • Myo Thant

      August 29, 2014 at 10:09 am

      ဟုတ်တယ် ဟုတ်တယ်
      အာကြီးတို့ ချဲလ်ဆီးတို့ မန်စီးတီးတို့ သတိနဲ့သာနေနော 🙂

  • ဝင့်ပြုံးမြင့်

    August 29, 2014 at 12:18 pm

    -ဒါက ဘောလုံးဝါသနာအိုးတွေရဲ့ ကဏ္ဍမို့ လက်ရှောင်ထားတာ။ ဒီခွေးသား ကင်ဂျုံ အွန် ဆိုတဲ့ကောင်ဟာ ကမာ္ဘ့ ဇာတ်ခုံပေါ်မှာ လုံးဝမရှိသင့်တော့တဲ့ အကောင်။
    (၁) သူလည်းလေ လောကီသားပေမို့ ဆိုတာ ဘယ်က စပြောရမယ်တောင် မသိတော့။ ဒီခွေးသား လောကီသားဆိုတာတော့ သိပ်သေချာတာပေါ့။ ကမာ္ဘ့ အညွန့်အဖူးဟူသမျှ သူကရှေ့ဆုံးက စားတာ။ သူဘာပဲ လိုချင်လိုချင် သူ့အတွက် အကုန်ဖြည့်ဆည်းရတယ်။ လေယာဉ်နဲ့ ချက်ချင်းသွား၊ ချက်ချင်းဝယ်။ အခု မန်ယူကို ထုတ်လွှင့်ခွင့်ပေးလိုက်တယ်ဆိုတာ အကြောင်းရှိမယ်။ သူတို့က ဝါဒဖြန့်ချီရေးနဲ့ သွားတာ။ သူ့တိုင်းသူပြည်သားတွေဆီက အပေးအယူ လုပ်ဖို့ လိုလို့ ။ သူ့ဘက်ကနေ မန်ယူ ကြည့်ခွင့်ရစေ ဆိုပြီး ပေးသနားတော်မူလိုက်တဲ့အတွက် ပြည်သူတွေဘက်က အလုပ်ကြမ်းစခန်းကို ဘယ်နှယောက်သွားခဲ့ရသလဲ။ လူဘယ်နှယောက်ရဲ့ သွေးတွေ ထုတ်ယူသုံးစွဲပြီးပြီလဲ။ ဒါတွေ လူမသိဘူး။ တနေ့ကျရင် မြောက်ကိုရီးယားတိုင်းပြည်ထဲ အလည်အပတ်သွားဖို့ ကိုမျိုးသန့်ကို ကျမ ဖိတ်ခေါ်ပါ့မယ်။ အဲဒီလို သွားတဲ့အခါ ဘဖော သွားသလို ရေမြေရှုခင်းလေး ကြည့်သလို မဟုတ်ဘူး။ သူတို့ ဘဝထဲအထိ ချင်းနင်းဝင်ရောက်လည်ပတ်ဖို့ ကျမ ဖိတ်ခေါ်ပါ့မယ်။ ဘယ်လိုသွားရသလဲဆိုတော့ စာအုပ်နဲ့။ စာအုပ်နဲ့ ခရီးသွားခြင်းဟာ တကယ့်ဘဝထဲ တကယ့်တိုင်းပြည်ထဲကို ရောက်တယ်ဆိုတာ ကျမ အာမခံပါရစေ။
    (၂) မန်ယူနိုင်ခြင်း ရှုံးခြင်းဟာ မြောက်ကိုရီးယားကို မလွှမ်းမိုးပါဘူး။ ဘယ်သူမှတောင် သိမှာ မဟုတ်ဘူး။ အားလုံးဟာ ကင်ဂျုံအွန်ရဲ့ ကျေးကျွန်တွေဖြစ်လို့ သူကဒါဆိုဒါ လုပ်ကြရတာ။
    – သေချာတာက ဒီကောင် ကင်ဂျုံ အွန် ဆိုတာ ကမာ္ဘ့လူယုတ်မာထဲမှာ ထိပ်ဆုံးက နေရာယူထားတယ်။ သူ့ကိုယ်သူတော့ သူတော်ကောင်းပေါ့။ ခွေးပါးဝတဲ့ကောင်။

    • Myo Thant

      August 29, 2014 at 12:38 pm

      ကျနော်က သတင်းကို သတင်းအတိုင်းတင်တာပါ ၊

      အဲဒီခွေးသားသိပ်ဆိုးသလို ဗမာပြည်မှာလည်း ခွေးထက်မိုက်တဲ့ကောင်တွေ ရှိနေဆဲပါ ၊

      နောက်လင့်ခ်တစ်ခုပါ ၊ အာဏာရှင်တွေရဲ့ ခရေဇီကလပ်များ တဲ့ ၊

      http://myanmargazette.net/203361

      ကျနော်က ဘောလုံးသတင်းတွေကြားမှာ နေရသူမို့ . . . . .

    • မြစာကလေး (23122011)

      August 29, 2014 at 1:19 pm

      စိတ်ထိန်း ညီမတော်။
      ကိုမျိုး ကို အဲ နိုင်ငံထဲ ခေါ်သွားရင် အဲ့ဒီ မင်းသား ဆံပင် စတိုင် အရင် ပြောင်းပြီးမှ ခေါ်သင့်တယ်။
      ကျား မှန် သမျှ သူ့ ဆံပင်ပုံ ထားရ မယ် ဆိုဘဲ။
      :-)))

      PS – နဲနဲ ပို ပြောလိုက်တာ – သတင်းကြားမိတာက ကျောင်းသားလေး တွေ တိုင်း သူ့ဆံပင် ထားခိုင်းဖို့ ဆိုလား။ :lol:-)

      • Myo Thant

        August 29, 2014 at 1:32 pm

        သားသားက တောင်ကိုးရီးယားပဲ သွားမှာ ၊

        Yoona လေးနဲ့ တွေ့ချင်လို့ အရီးရေ 🙂

    • kai

      August 29, 2014 at 2:46 pm

      ထူးထူးဆန်းဆန်း..
      .. ပြုံးမမက.. ကင်ဂျုံအွန်တော်တော်မုန်းနေပါလား..
      ကြည့်ရတာ.. တခုခုတော့ ဈာန်သွင်းဘာသာပြန်နေတယ်နဲ့တူတယ်.. :k:

Leave a Reply