” ကိုယ့်အိုးကိုယ်ဆန် တန်ရုံပေါ့ “ ငါသား ဘီဒိုထဲမှာ ငွေကြိုက်သလောက်ယူသွား ကားသော့က တိုင်မှာချိတ်ထားတယ် သူငယ်ချင်းတွေလည်း ခေါ်လိုက်အုံးကွယ် သူဌေးကြီက ပေးရှာတယ်။ ငါ့သား ငွေနှစ်ထောင်ယူသွား မင်းညီမနဲ့နှစ်ယောက်စား ဗိုက်ပြည့်တာလဲစားအုံးနော် အဖေပွဲစား ပေးရှာတယ်။ ငါ့သား လမ်းထိပ်အကြော်ဆိုင်ဝယ် ကောင်းညင်းပေါင်းနဲ့ ငါးရာဖိုးဝယ် ငါ့တို့မိသားစု စားကြမယ် အဖေဝန်ထမ်း ပေးရှာတယ်။ ပဲပြုတ်သယ်ရေ လာပါအုံးကွယ် ပဲပြုတ်တစ်ရာဖိုး ထဲ့ကာပေးပါ ကလေးတွေကို ထမင်ကြမ်းနဲ့နယ်ကြွေးမယ် ကုန်ထမ်းအဖေက ပဲပြုတ်ဝယ်။ ကိုယ့်အိုးကိုယ့်ဆန် တိုင်းထွာကာလုပ် မနက်စာကို ကျွေးကြတယ် အဖေများရဲ့ morning ကွယ်။ ခင်ခ။ Post Views: 783
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed