ကိုယ့်အိုးကိုယ်ဆန် တန်ရုံပေါ့

ခင္ခAugust 29, 20141min19118

” ကိုယ့်အိုးကိုယ်ဆန် တန်ရုံပေါ့ “

 

 

ငါသား ဘီဒိုထဲမှာ ငွေကြိုက်သလောက်ယူသွား
ကားသော့က တိုင်မှာချိတ်ထားတယ်
သူငယ်ချင်းတွေလည်း ခေါ်လိုက်အုံးကွယ်
သူဌေးကြီက ပေးရှာတယ်။

ငါ့သား ငွေနှစ်ထောင်ယူသွား
မင်းညီမနဲ့နှစ်ယောက်စား
ဗိုက်ပြည့်တာလဲစားအုံးနော်
အဖေပွဲစား ပေးရှာတယ်။

ငါ့သား လမ်းထိပ်အကြော်ဆိုင်ဝယ်
ကောင်းညင်းပေါင်းနဲ့ ငါးရာဖိုးဝယ်
ငါ့တို့မိသားစု စားကြမယ်
အဖေဝန်ထမ်း ပေးရှာတယ်။

ပဲပြုတ်သယ်ရေ လာပါအုံးကွယ်
ပဲပြုတ်တစ်ရာဖိုး ထဲ့ကာပေးပါ
ကလေးတွေကို ထမင်ကြမ်းနဲ့နယ်ကြွေးမယ်
ကုန်ထမ်းအဖေက ပဲပြုတ်ဝယ်။

ကိုယ့်အိုးကိုယ့်ဆန် တိုင်းထွာကာလုပ်
မနက်စာကို ကျွေးကြတယ်
အဖေများရဲ့ morning ကွယ်။

ခင်ခ။

18 comments

  • တိမ်မည်း

    August 29, 2014 at 10:03 am

    လေးခရေ… အားပေးသွားတယ်ဗျို ့

  • Mr. MarGa (12512)

    August 29, 2014 at 10:18 am

    မနက်ခင်းဝယ် နိုးလာတယ်
    နာရီကြည့်တော့ ရုံးသွားချိန်ကွယ်
    ကသုတ်ကရက် ပြင်ဆင်ကာထွက်တယ်
    နံနက်စာငတ်တဲ့ ထိုတစ်နေ့ ဖြစ်ပါတယ် 🙂

  • Ko chogyi

    August 29, 2014 at 10:36 am

    သားတို့ရေ လာကြ ဒီတနေ့တော့ လက်ဖက်ရည်ဆိုင်သွားပြီး စိတ်ကြိုက်စားလိုက်မယ်
    ဝန်ထမ်းဖခင်ရဲ့ လစာထုတ်ရက် morning ကွယ်

  • sorrow

    August 29, 2014 at 11:09 am

    short & sharp story ဆိုတာအဲ့မျိုးကိုပြောတာထင်တယ်ကိုကြီးခရယ်… ကျော်ငယ်ငယ်က ကျောင်းဆရာအဖေက ဘလက်ကော်ဖီထဲ ထမင်းကြမ်းထည့်ပေးတဲ့ မနက်စာကို ပြန်သတိရပါရဲ့ဗျာ ..ဘဝနာခဲ့ပုံများ …

  • ဦးကြောင်ကြီး

    August 29, 2014 at 11:34 am

    သာမီးလေးရေလာ
    ဦးကြောင်လျှာကျွေးမယ်
    ကောင်းသောနံနက်ခင်းဝယ်
    မင်ဂလာဆောင်သောနေ့ဖြစ်စေမယ်..

  • ကို ခရေး တဲ့ အထဲ မှာ ဒီကဗျာလေး ကို အတော်လေး ကို ကြိုက်မိတယ်။

    တိုတို နဲ့ ထိမိ တဲ့ လူတန်းစား သရုပ်ဖော် ကဗျာလေးပေါ့

  • မြစာကလေး (23122011)

    August 29, 2014 at 1:24 pm

    မယုံမရှိနဲ့ ကိုခ။
    ဒီမှာ အစိုးရ စရိတ် နဲ့ နေနေကြတဲ့ Single Mother တွေရဲ့ ကလေး တွေ က
    သာမာန်လခစား ကလေး တွေထက် ပိုကောင်းကောင်းစားနိုင် ဝတ်နိုင် နေကြတာ တွေ့နေရလို့ အခုမှ အစိုးရခမျာ ဘတ်ဂျက် ပြန်ထိန်း နေရတယ်။

    • ခင် ခ

      August 29, 2014 at 1:42 pm

      အရီးတို့ဆီကနဲ့ ဒီကနဲ့ မနှိုင်းယှဉ်သာ ကွာခြားသာတွေ အများကြီးလေ။
      ဒီကအစိုးရက ပြည်သူတွေပေးဖို့ထက် ခရိုနီတွေရဖို့လောက်သာ လုပ်ကြတာလေ။
      အဲဒီတော့လည်း ကဗျာထဲကလိုပေါ့ဗျာ ဒီနိုင်ငံမှာတွေ့ကြုံနေရတဲ့ ဘေးက သဘာဝ ကိုမှီငြမ်းပြီး ရေးဖွဲ့ထားတာပါ။

      • မြစာကလေး (23122011)

        August 29, 2014 at 1:47 pm

        ဒါပါဘဲ ကိုခ ရယ်။
        ဒီမှာ ဆင်းရဲတဲ့ နင်းပြား တွေ (ဒီမှာတော့ အပျင်းထူ တွေ လို့ ဆိုလို့ ရမယ်) က တောင် အစိုးရ ကို နိုင် သေးတာ။
        အစိုးရ ခမျာ သူတို့ ကိုလဲ ကြောက်ရပါတယ်။
        ဒီလို ဟာတွေ တွေ့တိုင်း ကိုယ့်အမျိုး တွေ ကို ဒီလို စိတ်ရှိတဲ့ အစိုးရ နဲ့ တွေ့စေ ရစေ ချင်လွန်းလို့ ပြောနေမိတာပါ ကိုခ ရယ်။

        • ခင် ခ

          August 29, 2014 at 3:09 pm

          အရီးရဲ့ သဘောထားလေးကို သိရတော့ လေးစားသွားပြီဗျာ။

        • မြစာကလေး (23122011)

          August 29, 2014 at 11:51 pm

          ကျေးဇူးပါ ကိုခ။ :-)))

    • kai

      August 29, 2014 at 2:33 pm

      လူထုအလှူငွေနဲ့နေကြတဲ့.. Single Manတွေအကြောင်းမပြောတော့ဘူးလား..
      သာမာန်လခစား ကလေး တွေထက် ပိုကောင်းကောင်းစားနိုင် ဝတ်နိုင် နေကြတာပေါ့…။

      တရက်ထမင်း၂နှပ်…
      တနှပ်၁ဒေါ်လာ… ၂နှပ် ၂ဒေါ်လာ…
      တရက် ၂ဒေါ်လာ…
      တလ ဒေါ်လာ၆၀…
      တနှစ်..တယောက်.. ဒေါ်လာ ၇၂၀..
      အင်အား ၅သိန်း+ ကပ္ပိယ+ ကိုရင်.. = ၁သန်း..
      တနှစ်.. ဒေါ်လာ.. သန်း. ၇၂၀…

      စားဝတ်နေရေးမှာ.. စား..တခုထဲပဲ.. အနိမ့်ဆုံးထား..တွက်တာဖြစ်ကြောင်း…
      ဝတ် = ??
      နေ = ??

      အောင်မြလေးဗျ…
      နှစ်၁ထောင်ကျိန်စာ.. ကြောက်စရာ…။ :k:

      • မြစာကလေး (23122011)

        August 29, 2014 at 11:50 pm

        Middle way approach သူကြီးမင်း Middle way approach။ :-))

      • kai

        August 30, 2014 at 12:43 am

        သူတို့ဖက်က.. အစွန်းနင်းတော့.. ကျုပ်လည်း အမိုက်ခံ..ဟိုမှာဖက်အစွန်းပြန်နင်းတာပါခင်ဗျ
        ဒါမှ..
        ရလဒ်က.. အလယ်ရွေ့မှာလေ…။
        မဟုတ်လား.. :k:

        ဘုန်းကြီးအင်အားတောင့်လို့.. လူတွေမယ်.. တိုင်းပြည်မယ်.. ငါးပါးသီလလုံ..ကမ္ဘာမှာအလုံဆုံးတိုင်းပြည်.. ဗြဟ္မစိုရ်တရားအရှိဆုံးပြည်ဖြစ်တယ်ဆို..မပြောဘူး…
        အခုက.. ကိုယ်ကျင့်တရားပိုင်းဆို.. နောက်ကတွက်ရင် ထိပ်မှာချည်း.. တော်တော်နေနိုင်ကြတာ.. :a:

        စိတ်ပျက်စရာတခုထပ်ပြောပြမယ်.. မြန်မာပြည်မယ်ရင်းနှီးြျမုတ်နှံမယ့်သူတွေသွားလေ့လာတော့.. နယ်တွေမယ်.. မြေတွေကိုပိုင်ဆိုင်ခွင့်ကြည့်ကြတာ.. နေရာကောင်းတွေခမြာ… အစိုးရပိုင်ရယ်.. သာသနာ့မြေတွေရယ်ချည်းပဲတဲ့..။

        နှစ်..၁၀၀ဝ ကျိန်စာ များနည်းနေသလားတောင်မသိ.. :i:

  • alinsett

    August 29, 2014 at 2:05 pm

    ဆုတောင်းလို ့ရမယ်ဆိုရင်..
    အိုးကြီးကြီးထဲ…ဆန်ကြီးကြီးတွေ အပြည့်ရ ရပါလိုအိ

    :mrgreen:

    • Ko chogyi

      August 29, 2014 at 2:11 pm

      ညံ့ပါ့ကွာ အိုးကြီးကြီးထဲ ဆန်ကြီးကြီးထည့်တော့ မဆန့်တာနဲ့မရဘဲနေမယ်
      ဆန်သေးသေးမှများများဆန့်မှာပေါ့

  • manawphyulay

    August 30, 2014 at 1:52 pm

    မိုးလင်းကာကွယ်
    မနည်းထတယ်
    အလုပ်ချိန်မှီအောင် ပြေးရတယ်
    ရုံးရောက်တော့လည်း အလုပ်တွေစောင့်နေ
    မနက်စာ ငတ်တယ်
    နေ့တိုင်းကွယ်… နေ့တိုင်းကွယ်…

  • မွသဲ ( 17082011 )

    August 30, 2014 at 8:14 pm

    ဂွပ်ကနဲကိုထိတာပါလား ကိုခင်ခရယ်။ အတော်လေးထိမိတဲ့ကဗျာလေးမို့ သိမ်းထားပရစေ

Leave a Reply