ဪ လူတွေ

Ko chogyiAugust 29, 20141min19011

(၁ ) စတင်တွေရှိသူကတော့ ထူးခြားစွာ လုံးဝန်းချောမွတ်နေသော ကျောက်တုံးတစ်တုံးအမှတ်နှင့် ကောက်ယူကြည့်မိခြင်း ဖြစ်လေသည်။ လက်ထဲရောက်သော အခါမှ အချိန်အဆနှင့် အနှစ်အသားအရ သူ့လက်ထဲမှ အရာသည် ကျောက်တုံး မဟုတ်ကြောင်း ခံစားသိရှိလိုက်၏။ ဘာမှ မဟုတ်သော လောကကြီးအတွင်းမှ ဘာမှမဟုတ်သော အရာတစ်ခုအဖြစ် ပြန်လည်လွှင့်ပစ်ခဲ့လျှင် ရသော်လည်း လူ့သဘာဝအရ စူးစမ်းလိုစိတ်ကလေးက ရှိနေပြန်သေး၏။ ထိုသို့ဖြင့် ထို “တစ်စုံတစ်ရာ”လေး ကို လူနေရပ်ကွက်အတွင်းသို့ ယူလာကာ အားလုံးထံ အထင်အမြင်တောင်ခံကြည့်ရေတော့၏။ ထိုသို့ဖြင့်…. (၂ ) “ငါ့အထင်တော့ ဒါဟာ “ကျောက်ဥ” ဖြစ်ရမယ်…” ထိုလူကြီးက သူ့စကားကို ဆက်ရှင်းလေသည်။ “ဆေးဆရာတွေ တောနင်းရှာတတ်တဲ့ ကျောက်သွေးလိုမျိုးပေါ့။ ကျောက်ကရတဲ့ ကျောက်ဥ ဖြစ်ရမယ်။ ကျောက်သွေးလိုပဲ အကြီးအကျယ် ဆေးဖက်ဝင်နိုင်တယ်။ အနီးအနားမှာ နောက်ထပ်လည်း ကျောက်ဥတွေ ရကောင်းရနိုင်တယ်။ ဒါလေး ကောက်ရတဲ့နေရာအနားမှာ ငါတို့တွေ ထပ်ရှာကြည့်ရင် ဒါမျိုးတွေ ထပ်ရနိုင်တယ်” အခြား အမယ်အိုတစ်ဦးကတော့ ထိုလူကြီးနှင့် အယူအဆ မတူချေ။ သူမကလည်း သူမ၏အမြင်ကို ကတုန်ကယင်နှင့် ပြော၏။ “ငါ ငယ်ငယ်တုန်းက ငါ့အမေပြောပြဖူးတဲ့ မြွေနဂါးဥဆိုတာ ဒါပေါ့။ အံမယ်လေး မြင်ဖူးတော့တယ်။ ဒါဆို ဒီဥရတဲ့ ပတ်ဝန်းကျင်မှာ မြွေနဂါးသိုက်ရှိနေပြီထင်တယ်။ ဒုက္ခပါပဲ။ ဘယ့်နှယ့် လုပ်မလဲ” အချို့ လူများက သုတ်သုတ်ပျာပျာဖြင့် ကျောက်ဥရှာထွက်ရန် ပြင်ကြပြီး အချို့လူများကလည်း လန့်လန့်ထိတ်ထိတ်ဖြင့် မြွေနဂါးသိုက်ကို နှိမ်နင်းရန် လူစုကြသည်။ အဘိုးအိုတစ်ဦးက ဆေးတံကြီးဖွာပြီး ခေါင်းတခါခါ လုပ်လိုက်သည်။ (၃ ) “မင်းတို့ အဲဒီလို ဟိုပြေးသည်ပြေး ကြည့်မနေကြနဲ… အဲဒါ လူမိုက်တွေရဲ့ နည်းလမ်းကွ၊ ပညာရှိလို တွေးကြည့်တဲ့ အလေ့အကျင့်ကို မွေးစမ်းပါကွာ…”

ထို့နောက် သူ့အယူအဆကို ပြောပြ၏။ “ဒီဟာလေးက စက်ဝိုင်းပုံလည်း မဟုတ်ဘူးကွ၊ ဘဲဥပုံဖြစ်နေတော့ အတော်စဉ်းစားနေရတယ်။ စက်ဝိုင်းလို ဗဟိုတစ်ခုတည်း မဟုတ်ပဲ သူက ဗဟိုနှစ်ခုပါတယ်။ အီလစ်လို့ ခေါ်တယ်။ ငါ့အထင်ပြောရရင်တော့ ဒါလေးဟာ ဂန္ဓာရီသချင်္ာပညာရှင်ကြီး တစ်ယောက်ယောက် ဖေါ်စပ်ခဲ့တဲ့ မှော်ဓာတ်လုံး ဖြစ်နိုင်တယ်။” အဘိုးအို၏ စကားအဆုံးမှာပဲ လူရည်သန့်တစ်ဦးက ချင့်ချင့်ချိန်ချိန် ဝင်ပြော၏။ “ဒီဟာလေးကိုတွေ့တဲ့ အနီးအနားမှာ ထူးခြားတဲ့ တွင်းကလေးတစ်ခုခု ရှိတယ်ဗျ။ ဒီဟာလေးရဲ့ အရွယ်အစားကို ထောက်ပြီး ကျုပ် တစ်ခုစဉ်းစားမိတယ်။ ဒီဟာလေးဟာ ရှေ့ခေတ် လူတွေ ကစားခဲ့ကြတဲ့ ရှေးခေတ်ဂေါက်သီး ဖြစ်နိုင်တယ်” တွေးသူက တွေးပြီး ပြေးသူက ပြေးဆဲဖြစ်၏။ ထိုအရာလေးကိုကား ဘာမှန်း မဖေါ်နိုင်ကြသေးချေ။ ( ၄) အချို့လူများကတော့ မလှုပ်မယှက်ဖြင့် ခပ်တည်တည်ကြည့်နေကြ၏။ သူတို့ထဲမှ တစ်ဦးက လေသံ ခပ်တိုးတိုးဖြင့်…. “လူမိုက်လို ပြေးကြည့်တာတွေ၊ ပညာရှိလို တွေးကြည့်တာတွေထက် သာမန်လူလို စောင့်ကြည့်တာက အကောင်းဆုံးပါပဲဗျာ….” ထိုနောက် တစ်ယောက်က ထိုအရာလေးကို သူ့လက်ထဲသို့ ဆွဲယူကြည့်ကာ…. “ဘာလေးမှန်းကို မသိဘူး” ထိုအရာလေး၏ ထိပ်ချွန်နားမှာ အနီရောင်တစ်စက် လင်းခနဲ လက်လာပြီး…. “ကျွန်တော့်ကို မေးတာလား….” အားလုံး ထိုအသံအတွက် လန့်ဖျပ် အံ့ဩသွားကြ၏။ ကပျာကယာ ပြန်မေးလိုက်ကြ၏။ “အေး ဟုတ်တယ်၊ မင်းက ဘာလေးတုန်း…” ထိုအရာလေးက ချက်ချင်း ပြန်မဖြေသေး၊ အနီစက်ကလေးကို လင်းချည်မှိတ်ချည် သုံးခါပြုပြီးမှ…. “ကျွန်တော်က အဏုမြူဗုံးလေ… ခု ပေါက်တော့မလို့” “ဟေ….” “ဟယ်…ဟိုဒင်း…အောင်းမယ်လေး…” ထိုပေါက်တော့မည့် အဏုမြူဗုံးလေးကို လက်ဖဝါးပေါ်တင်ထားမိသူက အရူးလို ခုန်ပေါက်နေမိတော့၏။ သူ့လက်ထဲမှ အဏုမြူဗုံးကို လွှင့်ပစ်လိုက်ရန်အပြင်မှာ တစ်ယောက်က… “ဟ..ဟ.. လွှင့်မပစ်နဲ့လေ၊ လွှင့်ပစ်မှ ထပေါက်သွားဦးမယ်…” “ဒါဖြင့် ခင်ဗျား ခဏယူထားလိုက်လေ…နော်” ထိုလူက လက်ကမ်း၍ ယူလိုက်ပြီးမှ… “အဲ…ဟ… မဟုတ်ဘူးလေ… ဟို…” သူဘာလုပ်ရမှန်း မသိ ဖြစ်နေချိန်မှာ…. “ပြေး…ပြေးကြလေ၊ ဘာလို့ မပြေးကြတာလဲ…” “အဏုမြူဗုံးပါဆို…ပြေးလို့ ခုမှ ဘယ်လိုလွတ်မှာလဲ…အဟီး…ဟီး…သေပါပြီ…” “ဒါ…ဒါဆို..ဘယ်…ဘယ်လို လုပ်ကြမလဲ… အဟင့်” သူတို့ ကြံရာ မရတော့သည့် အဆုံးမှာ ကြောက်စိတ်လည်းမွှန်၊ ဒေါသလည်း ဖြစ်ဖြစ်နှင့်… “ငါတို့ ဒီ သောက်အဏုမြူဗုံးကို ဆဲမယ်ကွာ…” “အေး …ဆဲမယ်…အားလုံး ဝိုင်းဆဲရအောင်…” ထိုနောက် သူတု့ိ တစ် – နှစ် – သုံး သံပြိုင်တိုင်ပြီး “ခွေး…မ…သား…အ…ဏု…မြူ…ဗုံး…” (၆ ) ကမာ္ဘပတ်လမ်းကြောင်းထဲမှာ ရပ်တံ့ထားသော ပန်းကန်ပြားပျံတွင်းမှ ဂြိုဟ်သားတစ်ယောက်က ဖန်သားပြင်တစ်ခုမှာ မြင်နေရသော ထိုမြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်၏။ ပန်းကန်ပြားပျံ၏ မောင်းနှင်စက်ခလုပ်ကို လက်နှင့် နှိပ်လိုက်ရင်း… “ပေါက်တော့မယ့် သိပ္ပံလောက်စာလုံးကလေးကိုများ ပြေးကြည့်တဲ့သူနဲ့၊ တွေးကြည့်တဲ့သူနဲ့၊ စောင့်ကြည့်တဲ့သူနဲ့ ခံရတာတောင် နည်းသေး၊ တော်တော် အသိဉာဏ်မရှိတဲ့ သတ္တဝါတွေ” ပန်းကန်ပြားပျံ ရိပ်ခနဲ ပျံသန်းသွား၏။ အဖေါ် ဂြိုဟ်သား ထောက်ခံ ပြောကြားသံက ကမာ္ဘပတ်လမ်းကြောင်းထဲမှာ လွင့်ပျံကျန်ရစ်ခဲ့သည်။ “အေးလေ….ဒါကြောင့်… ဒီသတ္တဝါတွေ “လူ” ဖြစ်နေကြတာ…”

(တာရာမင်းဝေရဲ့ စုန်းကိုက်ခံရသောသစ်သီးစာအုပ်မှ စာတစ်ချို့အားကူးယူဖော်ပြခြင်းဖြစ်ပါသည်)

11 comments

  • ခင် ခ

    August 29, 2014 at 9:21 am

    အဏုမြူဗုံးမှန်းမသိလို့ ကြောက်ရမှန်း မသိလေလော
    အဏုမြူဗုံးဟု သိပြီးသော်လည်း သေမထူးဘဝမို့ မကြောက်ကြလေလော
    တစ်ခါတလေ သေကာမှ၏ သော်ကောင်း၏ အခြေအနေတွေမှတော့ ကြောက်စိတ်သည် တွန်းလှန်လိုစိတ် သို့ ကူးလေသည်။

  • ကျနော်အမြင်ကတော့ အလုပ် မရှိဘဲ အားနေတဲ့လူတွေများလေလေ

    ဒီလိုပေါက်ကရတွေကို ထင်ရာမြင်ရာပြောလေဘဲ

    ကိုယ့် အလုပ် နဲ့သာ ကိုယ် ရှိ နေ ရင် ဒီလိုအပိုအလုပ်တွေ မစဉ်းစားအားဘူးလေ

  • တိမ်မည်း

    August 29, 2014 at 9:53 am

    စူးစမ်းတယ်ဆိုတဲ့ စိတ်ကြောင့် လူတွေဟာ တိုးတက်လာတယ်လို ့ပြောလို ့ရတယ်….
    အာ့ကြောင့် လူတွေဟာ တချိန်မှာ ဂြိုလ်သားတွေကိုတောင် တချိန်ကြရင် လက်ဦးမှူ ရယူမယ်လို ့ အတွေးတွေ ဝင်လာတယ်…
    စူးစမ်းတဲ့ စိတ်ဟာ လူတွေ မှာပဲ ရှိတယ်လို ့တော့ထင်ဖူးဗျ….
    တိရစာ္ဆန်တွေမှာလည်း အနဲနဲ ့အများရှိမှာပဲ… ဂြိုလ်သားမှာလည်း ရှိမှာပဲ….
    စူးစမ်းပုံ စူးစမ်းနည်း မှန်မမှန်…
    ဒါလေးပဲ ရှိသဗျ….

    လေးစားလျက်
    တိမ်မည်း

  • kyeemite

    August 29, 2014 at 9:57 am

    ခုမှသတိထားမိတယ်…Ko chogyi ကနဂါးကြီးဖမ်းမိပြီး အဗက်တာ တောင်လုပ်ထားသကိုးဗျ
    ခေတ်မှီပါပေ့ :k:

    • Ko chogyi

      August 29, 2014 at 10:48 am

      မူလလက်ဟောင်းပါ ကိုမိုက်ရေ
      ခါတော်မှီမဟုတ်ရပါ
      မီဒီယာတွေကြားရင် အပြေးလာဗျူးနေပါဦးမယ်

      • manawphyulay

        August 30, 2014 at 2:19 pm

        ပူဇော်ပြီးမှ ယူလာတာလား လေးချိုကြီး… ကြည့်လုပ်ဦးနော်.. သူတို့က ခြေရာခံနေတာ…:mrgreen:

  • alinsett

    August 29, 2014 at 11:00 am

    ဖတ်ဖူးပါ့ ။ ကိုရွှေဘုန်းရဲ ့ မြင်းစီးထွက်သောအိပ်မက်များ စာအုပ်ထဲမှာလည်း..ပါတယ် ။
    ဝတ္ထုတိုနာမည်က … လူနှင့်မျက်လုံး ဆိုလား…. ။

    :mrgreen:

    ပေါက်တော့မယ့် သိပ်ပံလောက်စာလုံးလေးကိုများ…….

  • မြစာကလေး (23122011)

    August 29, 2014 at 1:29 pm

    ဖတ်နေရင်း တိမ်မည်း လိုဘဲ တွေးလိုက် မိတယ် ကိုနဂါးကြီး ချို ရဲ့။
    အရာတစ်ခု ကို ဘက်ပေါင်းစုံ က ကြည့်နိုင်လေ အမှန် ကို မြင်ဖို့ အကောင်းကို ရဖို့ နည်းတွေ့မှာလေ။
    ရန်ပွဲ တွေ အမုန်းတရား တွေ နဲ့ မဆုံး ခဲ့ရင်ပေါ့။
    ;-))

  • kai

    August 29, 2014 at 2:38 pm

    လောလောဆယ်ခေတ်မှာတော့..
    လူဟာ..
    တောင်ကိုလည်းဖောက်.. ပင်လယ်လည်းကူး..လေပေါ်လည်းပျံခဲ့ပြီ..
    .. အနုမြုဗုံးလည်းလုပ်နိုင်ပြီ…။
    လကမ္ဘာပေါ်လည်းခြေချခဲ့ပြီ…
    အင်္ဂါဂြိုလ်ပေါ်လည်း.. ယာဉ်လွှတ်စူးစမ်းနေပြီ..

    လူလုပ် အာကာသယဉ်ဟာ.. နေစင်္ကြဝဌာကို.. ကျော်လုလုခရီးတောင်ရောက်ခဲ့ပြီ…
    ဒါဟာ.. လူသတ္တဝါ…။ :k:

  • မွသဲ ( 17082011 )

    August 30, 2014 at 8:00 pm

    အဟိ ကိုယ်လဲဘာများလဲလို့ အပြေးအလွှားလိုက်စဉ်းစားမိနေသေး။ နောက်ဆုံးတော့ အဖြေထွက်မှာပဲဆိုပြီး လဲထိုင်စောင့်မိသေး။ :mrgreen:

Leave a Reply