အာဏာရှင်တွေရဲ့ ခရေဇီကလပ်များ

မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်မှာ မန်ယူအသင်းခရေဇီဖြစ်ကြောင်း The Mirror သတင်းစာက ဖော်ပြခဲ့ပြီးနောက် ယခုအခါ အခြားအာဏာရှင်ကြီးများ၏ ခရေဇီအသင်းများကိုပါ ဆက်လက် ဖော်ပြခဲ့သည်။
ဇင်ဘာတွေအား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် အာဏာရှင် ရောဘတ် မူဂါဘီမှာ ချဲလ်ဆီးအသင်းကို အားပေးသူဟု ဆိုသည်။ သူပြောခဲ့ဘူးသောစကားမှာ “ကျွန်တော် ဘောလုံးပွဲကြည့်နေတဲ့ အချိန်မှာ ဘယ်သူကမှ လာရှုပ်တာမျိုး မကြိုက်ပါဘူး။ ကျွန်တော့် မိန်းမဆိုရင် သူဘယ်မှာ ထိုင်သင့်တယ်ဆိုတာ သူသိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့အသင်း ဂိုးသွင်းပြီး ဆိုတာနဲ့ ကျွန်တော်လဲ အိမ်မှာ ဂိုးသွင်းတော့တာပဲ။ ကြည့်နေတဲ့နေရာကထပြီး ကျွန်တော့ရှေ့မှာ မြင်သမျှကို ကန်ထည့်လိုက်တာပဲ” ဟု ဆိုသည်။

ယူဂန္ဒာ အာဏာရှင် အီဒီအာမင်မှာ သူအုပ်ချုပ်စဉ် ကာလအတွင်း လူပေါင်း ၅ သိန်းကျော် သေကြေခဲ့ရသည်အထိ ဆိုးခဲ့သူဖြစ်ပြီး သူသည် အာဏာရှင်ဘဝမရောက်မီ ဗြိတိသျှတပ်မတော်တွင် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်သည်။
သူအားပေးသောအသင်းမှာမူ လန်ဒန် အခြေစိုက် အသင်းငယ်လေးတစ်သင်းဖြစ်သော ဟာရက်စ် FC ဟု သိရသည်။

ကမ္ဘာ့အကြမ်း ဖက် ခေါင်းဆောင်များထဲတွင် နာမည်အကြီးဆုံးဖြစ်ခဲ့သော အိုစမာ ဘင်လာဒင်မှာမူ အယ်လ်ကိုင်ဒါ ခေါင်းဆောင်မဖြစ်ခင် လန်ဒန်တွင် မိသားစုနှင့်နေသည့် ကာလများ၌ ဟိုက်ဘူရီ (ကွင်းအမည်ဟောင်း) သို့သွားကာ အာဆင်နယ်ပွဲများကို အားပေးသည်ဟု ဆိုသည်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ မှာ လီဗာပူးခရေဇီတစ်ဦးဖြစ်ပြီး သူ၏သားဖြစ်သူ အဲလ်ဆာဒီ ကဒါဖီမှာ ပရော်ဖက်ရှင်နယ် ဘောလုံး သမားတစ်ဦးဖြစ်ရန် ကြိုးစားခဲ့သူဖြစ်ကာ စီးရီးအေကလပ် ဂျူဗင်တပ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒါရိုက်တာတစ်ဦးဖြစ်လာ ခဲ့သေးသည်။
ထို့အပြင် သူသည် သူ့ဖခင် ခရေဇီဖြစ်သော လီဗာပူး၏ ရှယ်ယာများကိုဝယ်ယူရန် ကြိုးစားခဲ့သေးကြောင်း သိရသည်။

စပိန် အာဏာရှင် ဗိုလ်ချုပ်ကြီး ဖရန်ကိုမှာ အက်သလက်တီကိုကို စတင်အားပေးခဲ့ပြီးနောက် မက်ဒရစ် အခြေစိုက်အခြားအသင်းတစ်သင်းဖြစ်သော ရီးရဲလ်မက်ဒရစ်ကို ပြောင်းလဲအားပေးခဲ့ပြီး ရီးရဲလ်မှာ ၁၉၅၆ မှ ၁၉၆ဝ အတွင်း ဥရောပချန်ပီယံ (ယခု ချန်ပီယံလိဂ်) ဆုများရခဲ့သည့် အသင်းဖြစ်သည်။

ဆိုဗီယက်ခေါင်းဆောင် စတာလင်မှာမူ မော်စကိုအခြေစိုက် ဒိုင်နမိုမော်စကိုအသင်း၏ ပရိသတ်တစ်ဦး ဖြစ်သည်။

 

9

8 comments

  • မြစာကလေး (23122011)

    August 29, 2014 at 1:32 pm

    ရွှေပြည်ကြီး ထဲမှာ ရော ?
    Man U ဘဲ ဖြစ်ရမယ်။ :-)))

    • Myo Thant

      August 29, 2014 at 1:36 pm

      ရွှေပြည်ကြီးထဲက လကွယ်လေးကတော့ မန်ယူ တဲ့ ၊ 🙂

      • မြစာကလေး (23122011)

        August 29, 2014 at 1:43 pm

        သူ မန်ယူ မှတော့ ကျန်သူ တွေ လဲ ယူ ရတော့ မှာ ဟုတ်။ :-))

        • Myo Thant

          August 29, 2014 at 1:47 pm

          သားသားက သူ့အရင် မန်ယူခဲ့တာပါဗျာ ၊ 🙂

          အခုတော့ မန်ယူပွဲကြည့်ရတာ နှလုံးရောဂါ ရချင်နေပြီ အရီးရယ်

        • မွသဲ ( 17082011 )

          August 30, 2014 at 8:12 pm

          အီးးးးးးးးးးးးးးးးးးးး ကွ့ကို ၁၉၉၃ ကတဲက မန်ယူခဲ့ဒါဘာအရီးရယ် :byee: အိုက်ကောင်ကလေးက အဲ့ဒုန်းကစမွေးရုံပဲချိအုံးမှာဘာ :mrgreen:

  • ကန္နားစီး မိဂီ

    August 29, 2014 at 1:41 pm

    သူညားတော့ မသိဝူး .. ကျော် အနှစ်သက်ဆုံး အသင်းကတော ့AKB48 ပါခီညာ ..

    :mrgreen:

    • alinsett

      August 29, 2014 at 1:49 pm

      မျက်မှန်ကြီးနဲ ့တစ်ယောက်က… ကနားစီးနဲ့တောင် တူသေး ။

      :mrgreen:

      မအားသေးလို ့ ပုံပဲ ဝင်ကြည့်သွားတယ် ။
      အားမှ ဖတ်ဖို ့..သိမ်းသွားတယ်.. ။

      😆

  • kai

    September 1, 2014 at 6:38 am

    သူဌေးတွေလည်း.. ကလပ်တွေ…အားကစားအသင်းတွေ..ဝယ်ပါ့ဗျာ..

    Ex-Microsoft CEO Steve Ballmer to buy Clippers for $2B
    http://www.usatoday.com/…/clippers/…/steve-ballmer…microsoft/9...
    USA Today
    May 30, 2014 – Former Microsoft CEO Steve Ballmer agreed to pay $2 billion for the Los Angeles Clippers on Thursday, a person familiar with the situation told …

Leave a Reply