အခု ရှိတဲ့ ဘုရားကို အားမနာဘူးလား…

alinsettAugust 30, 20141min47545

မောင်သူရတို ့ ငယ်ငယ်လေးထဲက

ဖတ်မှတ် ရွတ်ဆိုခဲ့ဖူးမှာ သေချာတဲ့ စာသားလေးတစ်ခုအကြောင်း ပြောရအောင်ဗျာ ။

အားလုံးလည်း ရွတ်ဖူး /ကြားဖူးကြမှာပါ ။

စံပယ်တဲ့လေးရုံ ၊

ပျိုတို့မောင် မပန်ထိုက်တယ် ၊

ပန်းပြတ်ခိုက်ကြုံ၊

အပွင့်ရယ်ကုန်၊

တစ်ငုံဖြင့် ကျန်ပါသေးတယ်၊

ပန်ချင်ရင် ပျို့မောင်ကြီးရယ်၊

ခေါင်းဖြီးခဲ့လေး။

အဲဒီစာသားလေးတွေလေ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘယ်သူရေးတာတွေ ၊

ဘယ်လိုရေးတာတွေ ၊

ကဗျာအမျိုးအစားက ဘာ ဆိုတာတွေ … မပြောချင်ပါဘူး ။

အဲဒါတွေ လျှောက်ပြောဖို့ မောင်သူရမှာ ပါရမီလည်း မပြည့်သေးဘူး ။

ဒီတော့ မောင်သူရ ပြောချင်တာလေးက…

ဒီလိုပါ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မောင်သူရတို့ အဲဒီ စာသားလေးကို ရွတ်တော့…

ငယ်ငယ်ကဆို… စာသားတစ်ပိုဒ်ချင်းစီရွတ်ရင်း…

စာသားက ညွှန်းဆိုပြတဲ့ အဓိပ္ပာယ်က ဘယ်လို ပေါ်လဲ…. ဆိုတော့….

(ကလေးအတွေးနဲ့ ကဗျာကို ခံစားနားလည်ခဲ့တာနော် )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စံပယ်တဲ့လေးရုံ ….(စံပယ်ပန်းရုံကြီး လေးခုကို မြင်ယောင်လိုက်တယ် )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပျိုတို ့မောင် မပန်ထိုက်တယ် ပန်းပြတ်ခိုက်ကြုံ

(ဒီနေရာမှာ နည်းနည်း တွေဝေမိတယ်။ စဉ်းစားမိတယ် ။

ပန်းပြတ်ခိုက်ကြုံ ဆိုတဲ့စာသားကို စံပယ်ရုံကြီးတွေမှာ ပန်းပွင့်တာ မရှိ ။

ပန်း မပွင့်တဲ့အချိန်ကာလနဲ့ ကြုံနေတယ်လို ့ မြင်ယောင်လိုက်လို ့ရပေမယ့်….

ပျိုတို့မောင် မပန်ထိုက်တယ် ဆိုတဲ့စာသားက အတွေးအစဉ်ကို ထစ်ငေါ့သွားစေတယ် ။

ပျိုတို့မောင်က ပန်း ပန်သလား…. ။

မပန်ထိုက်လို ့ လို ့ ပြောတော့…

တကယ်လို ့များ… ပန်းမပြတ်ရင် ပန်ထိုက်တယ်ကွဆိုပြီး ပန်လိုက်လေမလား…စသည်ဖြင့်ပေါ့။

ထားပါတော့… ။ ပန်း ပြတ်ခိုက်နဲ့ ကြုံတယ်ပဲ… ။ ဆက်သွားရဦးမယ် ။ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အပွင့်ရယ်ကုန် ၊ တစ်ငုံဖြင့် ကျန်ပါသေးတယ် ။

( ပန်းရုံကြီးလေးရုံမှာ အပွင့်တွေ ပြတ်နေတယ် ။ ကုန်နေတယ် ။

ဒါပေမယ့်… တစ်ငုံတော့ ကျန်ပါသေးတယ်…တဲ့ ။ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပန်ချင်ရင် ပျို ့မောင်ကြီးရယ်….ခေါင်းဖြီးခဲ့လေး….။

( ဒီစာသားမှာလည်း…ယောကျာ်းကြီးက ပန်းပန်ချင်ရင် ခေါင်းဖြီးခဲ့ရမယ်

ဆိုတာကြီး မြင်ယောင်မိတယ်ပေါ့ဗျာ ။ )

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အဲဒီစာသားတွေ ရွတ်ကြည့်လို့လည်း..ပြီးရော…

ဘာရသမြောက်လဲ…ဆိုတာထက်… မအီမလည်ကြီး ဖြစ်သွားတာက အရင်ဗျ ။

ကလေးအတွေးနဲ ့ …….

စံပယ်ပန်းရုံကြီးတွေ…. ခေါင်းဖြီးနေတဲ့ ယောကျာ်းကြီးတွေကို မြင်ယောင်တာကနေ …..

ခဏ ရပ်ပြီး… နောက်တမျိုး…ထပ် တွေးကြည့်ရပါတော့တယ်…

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အဲဒီ စာသားထဲက စံပယ်ရုံတွေဟာ….

သာမန် စံပယ်ကို ပြောတာမှ ဟုတ်ပါလေစ…

”စံပယ်”လို ့တင်စားပြီး သင်္ကေတပြုလိုက်တဲ့ ညွှန်းပြရာ…နာမ်စားတစ်ခုပဲလား…

အဲဒီ သင်္ကေတဟာ…(ပျိုတို့မောင် မပန်ထိုက်တယ်…လို ့ ဆိုထားပုံအရ)

ယောကျာ်းနဲ့ရော မိန်းမနဲ့ပါ…သက်ဆိုင်တဲ့အရာဖြစ်လိမ့်မယ်…

အပွင့်ကုန်တယ်ဆိုတာလည်း… အဖြစ်အပျက်တစ်ခုခုကို ကိုယ်စားပြုလိုက်တာပဲ….

”ပန်ချင်ရင်” ဆိုတဲ့ ”ပန်ခြင်း”ဟာလည်း…သင်္ကေတတစ်ခု….

”ခေါင်းဖြီးခဲ့”ဆိုတာလည်း… သာမန် မြင်လိုက်ရမယ့် ခေါင်းကို ဘီးနဲ့ ဖြီးတဲ့ကိစ္စကိုပြောတာ မဟုတ်လောက်ဘူး…

ဒါဖြင့်…. ဘာကိုပြောချင်တာလဲ….???

 

အဲဒီလိုနဲ့…..

ကဗျာစာသားကို ဖတ်အပြီးမှာ….

သို့လော သိုလော အတွေးတွေနဲ့ ဇဝေဇဝါဆိုတာကြီး ထ ဖြစ်ပါလေရော….

ဒါပေမယ့် မတတ်နိုင်ဘူးလေ ။

ကဗျာကလည်း…. ဒီအတိုင်းပဲ ပါတာဆိုတော့…

သင်္ကေတတွေနဲ ့ ပြထားတာဆိုရင်တောင် ဘာကို ကိုယ်စားပြုသလဲ..ဆိုတာ…

ကိုယ့်ဘာသာ မှန်းဆတွေးကြည့်ပြီး ယူတတ်သလောက်သာ ရကြရတော့မှာ….

………………

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အပေါင်းအသင်းတွေနဲ့ …..

စာအကြောင်းပေအကြောင်း လေပွေထောင်းထောင်းထတတ်လာတော့….

အဲဒီ ကဗျာ စာသားတွေအကြောင်း…ပြောဖြစ်ကြသေးတယ်ဆိုပါတော့…။

အဲဒီမှာ…. အဲဒီကဗျာစာသားတွေဟာ… ဘာကို ဆိုလိုတယ်ဆိုတာ ဆွေးနွေးရင်း…ငြင်းခုန်းရင်းနဲ့… ပြောဆိုသတ်မှတ်ချက်လေးတစ်ခုကို…ကြားဖူးလိုက်တယ် ။

အဲဒီကဗျာစာသားတွေရဲ ့ သင်္ကေတကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်ထားတာလေးပေါ့လေ။

ဒီလိုကြီးတဲ့ဗျ ….

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စံပယ်တဲ့လေးရုံဆိုတာ…

ဟောဒီကမ္ဘာမှာ ပွင့်ခဲ့ပြီးသော ဘုရားလေးဆူ( ကကုသန် ၊ ကောဏာဂုံ ၊ ကဿပ ၊ ဂေါတမ တို့ လေးဆူ) ကို ရည်ညွှန်းတာ….တဲ့ ။

 

ပျိုတို့မောင် မပန်ထိုက်တယ် ပန်းပြတ်ခိုက်ကြုံဆိုတာက မောင်သူရကြီးတို ့ မဖူးထိုက်လို ့…

အဲဒီလေးဆူသော ဘုရားတွေနဲ့ သက်ရှိထင်ရှား မဆုံလိုက်ရတာကိုပြောတာတဲ့ ။

အပွင့်ရယ်ကုန် တစ်ငုံဖြင့် ကျန်ပါသေးတယ် ဆိုတာ…

လောလောဆယ်ပွင့်နေတဲ့ ဘုရား   မရှိပေမယ့်…နောင်ပွင့်ဦးမယ့် ဘုရားတစ်ဆူတော့… ရှိပါသေးတယ်…တဲ့။

ပန်ချင်ရင် ပျို ့မောင်ကြီးရယ်..ခေါင်းဖြီးခဲ့လေး….ဆိုတာက…

ဖူးချင်ရင်… ပေါ့လေ…

ခေါင်းဖြီးခဲ့ဆိုတာ… ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို ့ ပြောတာဆိုပဲ… ။

သူ ့အဓိပ္ပာယ်ဖွင့်ချက်နဲ့သူတော့… ဟုတ်တုတ်တုတ်ပဲဗျ ။

 

ဒါပေမယ့်….ထော်လော်ကန့်လန့်ကောင်မို့…မောင်သူရက…

သေချာထပ်စဉ်းစားကြည့်မိတယ်။

လွဲတော့ လွဲနေပြီလို ့…. ။

ဆိုတော့……

အဲဒီ စာသားတွေဟာ…

ဘုရားလေးဆူပွင့်ခဲ့ပြီးတာရယ်

အခု ဘုရားနဲ့ ဖူးတွေ ့ခွင့်မကြုံတာရယ်

နောင်ပွင့်မယ့်ဘုရားကို ဖူးခွင့်ရဖို ့ ကုသိုလ်ကောင်းမှုတွေ လုပ်ရမယ်ဆိုတာရယ်ကို

ရည်ညွှန်းတာ…သေချာသလား….

ကဗျာရေးသူကသာ…. အသိဆုံးဖြစ်လိမ့်မယ်… ။

သေချာတယ်ဆိုပါစို ့… ။

ဒါဆိုရင်တော့…မောင်သူရက သဘောမတူပါဘူး… ။ သဘောမတူဘူးဆိုတာကို မောင်သူရ တရားလက်လွတ်မပြောပါဘူး ။ ရှင်းပြပါရစေဦး ။

 

အဲဒီ အဓိပ္ပာယ် ရစေချင်ချင်လို ့…

အဲဒီ အယူအဆလေးကို..သင်္ကေတနဲ ့ရေးခဲ့တယ်ဆိုရင်….

ကဗျာကို နှစ်ပိုင်း (ယေဘုယျ) ပိုင်းပြီး ပြောပါရစေ ။

(၁) မောင်သူရက…အဲဒီကဗျာ စပ်ပုံအပိုင်း / ရေးဟန်နဲ့ စကားလုံးသုံးစွဲပုံအပိုင်း / သင်္ကေတအထားအသိုနဲ့ ရည်ညွှန်းချက် ဖော်ဆောင်မှုအပိုင်းကို…လေးစားစွာ နှစ်သက်တယ် ။

သဘောကျပါတယ် ။

ဆိုလို့လည်း ကောင်းပြီး ….

မှတ်မိလည်း လွယ်တဲ့ အသံချိုသော … ကဗျာတစ်ပုဒ်အဖြစ် ရေးစပ်ဖန်တီးနိုင်မှုကို ဦးညွတ်ပါတယ် ။

(၂) ကဗျာရဲ့ဆိုလိုချက်(စာသားတွေရဲ့အဓိပ္ပာယ်ကနေ … ရနေတဲ့ ရည်ညွှန်းချက်)

အယူအဆကို မောင်သူရ လက်မခံပါဘူး ။

ကဗျာမှာ ပါလာတဲ့ အယူအဆကို အကြီးအကျယ် ငြင်းဆန်ချင်ပါတယ် ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

မောင်သူရ လက်မခံတဲ့ အယူအဆပိုင်းကို ဆက်သွားကြည့်ပါမယ် ။

စံပယ်တဲ့လေးရုံ

(ဘုရားလေးဆူ ပွင့်ခဲ့ပြီးပြီ…တဲ့ ။ ဒါကတော့ ငြင်းစရာမရှိ ။ လေးဆူပွင့်ခဲ့ပြီးပြီလို့ ဆိုထားရင် လက်ခံတယ် ။ )

……………………………………………………………………………………………………

 

ပျိုတို ့မောင် မပန်ထိုက်တယ်

( မဖူးထိုက်ဘူးတဲ့။။။။

လက်မခံဘူး ။ သူ ့အယူအဆအရ မဖူးထိုက်ဘူးဆိုပေမယ့်…

မောင်သူရရဲ့အယူအဆကတော့… ဖူးထိုက်တယ် ။ ဆယ်ခါပြန်တောင် ဖူးထိုက်သေးတယ် ။

ဖူးထိုက်လို ့… ဘုရားပြခဲ့တဲ့ တရားကို မောင်သူရတို ့နာယူခွင့်ရှိနေတာပေါ့ ။

ဘုရားဆိုတဲ့ သက်ရှိထင်ရှားလူသားအပုပ်ကောင်ကြီးကို မျက်မြင်ကိုယ်တွေ ့ မကြည့်လိုက်ရတာကလွဲရင်…

ဘုရားပြခဲ့တဲ့ တရားနဲ့ မောင်သူရတို ့ ထိုက်တန်လိ်ု ့…

တွေ့နေသားပဲ… ။

ဘုရားကိုယ်တိုင်က ဘာပြောခဲ့လဲ….

ငါဘုရားရဲ့ ရုပ်ကြီး (အပုပ်ကောင်ကြီး)ကို ထိုင်ကြည့်နေရုံနဲ့ အကျိုးမရှိလ်ို ့…..ဟောခဲ့ဖူးတာ ဖတ်ရတယ် ။

ဒီတော့…. သက်ရှိထင်ရှား ဘုရားဆိုတာကြီးကို…

မျက်စိနဲ့ အဲဒီ ဘုရားအဆင်းနဲ့ မတိုက်လိုက်ရတာ…. (မြင်စိတ်မဖြစ်လိုက်တာ) ဘာမှ မပြောပလောက်….

ဘုရားဆိုတဲ့ပုဂိ္ဂုလ်ကြီးက ပြောလိုက်တဲ့ အသံနဲ ့

နားနဲ့ မတိုက်လို ့ ကြားစိတ် မဖြစ်လိုက်ရတာ… (နှစ်သက်ကြည်နူး/ကြည်ညိုသဒ္ဒါ )

မဖြစ်လိုက်ရတာလည်း.. သိပ်မပြောပလောက်…

 

အဲဒီလိုပေါ့…

မောင်သူရတို ့… တကယ်လက်တွေ ့ကျင့်သုံးလို ့ရတဲ့

ဘုရားရဲ့ တရားတော်တွေနဲ ့ နဖူးတွေ့ ဒူးတွေ ့ တွေ ့နေတဲ့အတွက်….

”မဖူးထိုက်ဘူး”ဆိုတဲ့…သူ ့အယူအဆကို…လက်မခံပါဘူး ။

ဖူးထိုက်ပါတယ် ။

ထိုက်တန်လို ့တွေ ့နေသေးတာပါ ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပန်းပြတ်ခိုက်ကြုံ …တဲ ့ ။

ဘုရား မပွင့်တဲ့အခိုက်အတန့်နဲ့ ကြုံတယ်ဆိုတဲ့ သဘောပေါ့… ။

ဒါကိုလည်း… လက်မခံပါဘူး ။

မောင်သူရတို ့အခုရောက်နေတာ… သာသနာတွင်းကာလ ပါပဲ….. ။

သာသနာနဲ ့ ပြတ်နေတဲ့ အချိန်ကာလ မဟုတ်ပါဘူး ။

သာသနာ ပျက်စီးနေပြီပြောပြော… သာသနာ ကွယ်တော့မယ်ပြောပြော…

လောလောဆယ်တော့… ဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေ ပျံ့ပွားနေတုန်းပါပဲ ။

တရားနဲ့ အဆက်မပြတ်သေးတဲ့ကာလမို ့….

ဘုရားသာသနာ တရားသာသနာအတွင်းမှာပဲ ရှိနေသေးလို ့….

ပန်း ပြတ်ခိုက် မကြုံပါဘူး လို ့….

မောင်သူရက ယူဆပါတယ် ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပန်ချင်ရင် ပျို့မောင်ကြီးရယ်… ခေါင်းဖြီးခဲ့လေး….တဲ့… ။

ဒါလည်း..ပြောချင်သေးတယ်… ။

မောာင်သူရတို ့ လက်ရှိတည်ရှိနေတဲ့ ခန္ဓာသက်တမ်းအတွင်းမှာ…

ဂေါတမဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ တရားတော်တွေ ရှိနေသေးတယ် ။

တရား နည်း/ လမ်းတွေ မောင်သူရတို ့လျှောက်ဖို ့ ကျန်သေးတယ် ။

ဒီ တရားတွေ ဒီလမ်းတွေကို လျှောက်ပြီး

ဘုရားပြခဲ့တဲ့ပန်းတိုင်ကို ရောက်အောင် သွားမှာ မဟုတ်ဘူးလား ။

ဘာလို ့များ…

နောက်ပွင့်မယ့် ဘုရားဆိုတာကြီးကို တွေ့ချင်နေရဦးမလဲ… ။

အမေကျော်ပြီး ဒွေးတော်လွမ်းနေမလို ့လား… ။

 

လက်ရှိ ရှိနေတဲ့ (ကျင့်သုံး လျှောက်လှမ်းသွားလု်ိ့ရနေတဲ့) တရားတော်တွေကို အားနာစရာကြီး…

လက်ရှိကိုးကွယ်နေတဲ့ ဘုရားကြီးကို မျက်နှာပူစရာကြီး… ။

လက်ရှိ ဘဝကနေ ပြတ်အောင် မဖြတ်တော့ဘူးလား ။

နောင် ဘယ်ဆီနေမှန်းမသိတဲ့ ဘုရားကို ဖူးရဖို ့ဆိုတာနဲ့ပဲ….

ဘာဖြစ်လာမယ့်မှန်း မသိတဲ့ နောင် ဘဝတွေ….ဆက် စောင့်ဦးမလို့လား ။

ဒီဘဝ ဒီခန္ဓာနဲ့တင်…

ဒီ သမုဒယတွေ…

ဒီဒုက္ခတွေ…မပြတ်ချင်ဘူးလား ။

ဘယ်ဆီနေမှန်းမသိတဲ့ နောင်ဘုရားကို ဖူးချင်တာ အကြောင်းပြပြီး…

ခန္ဓာရကြောင်းတွေ ထပ်လုပ်နေဦးမလား…

ပန်ချင်ရင်….ခေါင်းဖြီးခဲ့လို့ ပြောတာကို လက်မခံပါဘူး ။

 

 

နောင်ဘုရားဆိုတာကြီးက….

ဘယ်ခုနှစ် ဘယ်ရက် ဘယ်လ ဘယ်နာရီ ဘယ်မိနစ် ဘယ်စက္ကန့်မှာ ပွင့်မယ်ဟေ့….လို ့

အတိအကျ သိရရင်တောင်….

အဲဒီအချိန်…

ကိုယ်တွေက… ဘယ်ခန္ဓာနဲ့ ဘယ်ဘဝ ဘယ်နေရာ ရောက်နေမှာမှန်း သေချာမသိရတဲ့ အနေအထားကြီးနဲ့များ…

စမ်းတဝါးဝါးလမ်းကို…သွားခိုင်းရက်တယ်နော့ ။

အခု လက်ရှိမှာ… မြေကြီးလက်ခတ်မလွဲအောင် သေချာနေတဲ့ တရားတော်တွေ ရှိနေလျက်နဲ့….ဗျာ….

လမ်းရယ်…ပန်းတိုင်ရယ်… သေသေချာချာ အသေးစိတ် ပြထားတဲ့ ….

လက်ရှိဘုရား ၊ တရား ၊ သံဃာတွေ ရှိလျက်နဲ့…..

………………………………………………………………………………………………………….

ဒီတော့…..

မောင်သူရတော့….

ခေါင်းမဖြီးချင်တော့ပါဘူး ။

နောင် ဘယ်ဆီဘယ်ဝယ်မှာ ပွင့်မယ်မှန်းမသေချာ…

(ပွင့်တာသေချာရင်တောင် ပန်ရဖို ့မသေချာတဲ့ ) အနေအထားကြီးမှာတော့… ခေါင်းမဖြီးချင်ပါဘူးလို ့… ။

အခု…ဘဝ …

အခုခန္ဓာရတုန်းရခိုက်မှာ… ဉာဏ် ပညာ ရင့်သန်အောင် ကြိုးစားပြီး….

နောင်အခါနောင်ဘဝတွေမှာ…ခေါင်းဖြီးစရာ မလိုတဲ့ ခန္ဓာပြတ်ကြောင်းကိုသာ….မျှော်မှန်းမိပါကြောင်းးးးး

………………………………………………………………………………..

မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းကြပါစေ…

လေးစားစွာဖြင့်

 

သူရ

၂၈.၈.၂၀၁၄.မနက် ၂းဝ၀

45 comments

  • kai

    August 30, 2014 at 3:55 pm

    “ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဟု မိန့်၏။ ဓမ္မကိုမြင်သူသည် ငါဘုရားကို မြင်၏။ “ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတိ” ငါ့ကို မြင်သူလည်း ဓမ္မကိုမြင်၏။

      • ခင် ခ

        August 30, 2014 at 4:16 pm

        ဒီတစ်ခါတော့ သဂျီးက အဟုတ်။

  • manawphyulay

    August 30, 2014 at 4:21 pm

    “သတ္တဝါအများ အိုချစ်သားတို့။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ ပြုပြင်သမျှ၊ စီရင်သမျှ ခံနေကြရကုန်သော ရုပ်၊ နာမ် နှစ်ပါး သင်္ခါရတရားတို့သည် ဖြစ်လျှင် ပျက်သော သဘော ရှိကုန်၏။ မြဲမြံသော သတိဖြင့် သီလ၊ သမာဓိ၊ ပညာတရားတို့ကို ပြည့်စုံတိုးပွားအောင် အားထုတ်ရစ်ကုန်လော့။”
    (ဒီဃနိကာယ်မဟာဝဂ္ဂပါဠိ – ၁၂၈ မှ)

    • alinsett

      August 30, 2014 at 4:30 pm

      တရား စာသားလေး… ယူလာ ထည့်ပေးထားခဲ့တဲ့အတွက်…
      ဇူးဇူးပါ …မမမနောရေ..

      😆

  • တိမ်မည်း

    August 30, 2014 at 5:56 pm

    အမြင်ကတော့ မတူဖူးဗျ… ကျွန်တော်က ဘုရား တရား သမားတော့ ဟုတ်ဖူးရယ်… ဒီကဗျာ ကို နားလည် သလောက်လေးပဲ ပြောကြည့်တာပါ… အမြင်မတူပုံက ဒီလို….

    စံပယ်တဲ့လေးရုံ

    ဘုရားလေးဆူ… အဲ့ဒါကတော့ တော်တော်များများတူပါ့….

    ပျိုတို့မောင် မပန်ထိုက်တယ်

    ဒီမှာ စတော့တာပဲ…. ပန်ထိုက် မပန်ထိုက်ခြင်း… စာရေးသူက ပန်ထိုက်မပန်ထိုက်ခြင်းဆိုတာကို ဖူးထိုက် မဖူး ထိုက်ခြင်းလို ့ဆိုပါ့… မှန်ပါတယ်… ဖူးထိုက် မဖူးထိုက်ခြင်း မှာ စာရေးသူပြောသလို ဖူးထိုက်တာကတော့ သုံးလောက က သတ္တဝါ အားလုံး ဖူးထိုက်ပါတယ်… ဘုရား ကို မျက်ဝါးထင်ထင် ဖူးမျျော်ရတယ်ဆိုတာ အင်မတန်မှ ကြီးမားတဲ့ ကုသိုလ်ကိုဗျ…. ဒါပေမယ့် ကဗျာ အဆိုအရ မပန်ထိုက်တယ် ဆိုတာက… ဖူးခွင့်မရခြင်း လို ့ပိုနားလည်တယ်… ကမာ္ဘ ကြီး ဖြစ်တည်မှူ အလိုအရ လူချမ်းသာ ရှိတယ်… လူဆင်းရဲ ရှိတယ်.. မင်းမျိုး မင်းမှူထမ်းမျိုး ကုန်သွယ်မျိုး သူရင်းငှားမျိုး ခဝါသည် ပြည့်တန်ဆာ သုဘရာဇာ စသဖြင့် အဆင့်ပေါင်းများစွာ ဖွဲ ့စည်းထားသလို… သက်ရှိသတ္တဝါ သက်မဲ့ သတ္တဝါ ကိုယ်သာရှိပီး စိတ်မရှိ… စိတ်သာရှိပီး ကိုယ်သာရှိသောအရာ… စသဖြင့် အဖုံဖုံပေါ့ဗျာ… ဒါတွေ အားလုံး ဖြစ်တည်လို ့ မတရားဖူး ထင်သလား… မင်းမျိုး လို သုဘရာဇာ အဆင့်တွေ အကုန်ရောက်သွားရင် ဘာဖြစ်ကုန်မလဲ… ကမာ္ဘဦး ခေတ်ပြန်ရောက်သွားမှာပေါ့ဗျာ… ဒါကြောင့် ဘုရား ပွင့် တဲ့ အချိန်တုန်းကလည်း ဖူးထိုက်သူများသာ ဖူးခွင့်ရခဲ့တာပါ….. ( သတ္တဝါ တိုင်း လုပ်ခဲ့တဲ့ အပြစ်လေးတွေကလည်း ရှိသေးသကိုး…) ဆိုတော့ ကျန်လူအများကလည်း နောက် ဘုရား တဆူ က ဒီကမာ္ဘ အဖို ့ ကျန်ပါသေးတယ်…. ဒါလည်း ဒီကမာ္ဘ အပြင် နောက် ကမာ္ဘ ကျန်ပါသေးတယ်…

    ပန်းပြတ်ခိုက်ကြုံ

    သစ်ပင် တပင် သေတော့မယ်ဆိုရင် ပန်းတွေ အရင်ဆုံး ကုန်တာပဲ ဗျ… ပီးတော့ သစ်ရွက် အနု… ပီးတော့ သစ်ရွက် အရင့်… ပီးတော့ သစ်ကိုင်းအနု… ပီးတော့ သစ်ကိုင်း အရင့်… ပီးတော့ ပင်စည်အနု… ပီးတော့ ပင်စည် အရင်…. နောက်ဆုံးတော့ အမြစ်ပါကုန်တာပေါ့ဗျာ…
    ပန်းပြတ်တယ်ဆိုတာ သာသနာရဲ့ အမြင့်ဆုံးအချိန်မဟုတ်ဖူး ဆုတ်ယုတ်နေတဲ့သဘောပါ… အဲ့အယူကို မှားတယ်ဆိုရင် ပန်းရှိတယ်ဆိုတဲ့ သဘောရောက်ပါတယ်…. အဲ့ဒါဆို ပန်းက ဘယ်မှာလည်း… ရင်ထဲမှာပေါ့… ကြည်ညိုစိတ်ပေါ့… အဲ့ဒါလည်း ပန်းပါ… ဒါပေမယ့် ကဗျာ အလိုအရ ဆိုလိုရင်း ပန်းတော့ မဟုတ်ဖူးဗျ….

    အပွင့်ရယ်ကုန်၊
    တစ်ငုံဖြင့် ကျန်ပါသေးတယ်၊
    ပန်ချင်ရင် ပျို့မောင်ကြီးရယ်၊
    ခေါင်းဖြီးခဲ့လေး။

    စာရေးသူ အဆိုအရတော့ အမေကျော်ဒွေးတော် မလွမ်း သင့်ဖူးပေါ့… အခုလက်ရှိ ရှိတဲ့ နေရာမှာတင် ကျင့်ကြံ အားထုတ်ပီး နိဗ္ဗာန်ရောက်အောင် (ဘဝ ချုပ်ငြိမ်းအောင်) ကြိုးစားသင့်တယ်ပေါ့…..
    မှန်ပါတယ်… လိုနေတာလေးတခုက လူဆိုတာက ကိုယ့်စိတ်နဲ ့ကိုယ်ဗျ… ကဗျာက ဘုရားလေးဆူ မဖူးလိုက်ရတဲ့ စိတ်နဲ ့နောင်ဘုရားတဆူကျတော့ ဖူးခွင့်ရချင်ရဲ့ ဆိုတဲ့ စိတ်လေးပါ….
    သဘောက သူက ဘဝ ချုပ်ငြိမ်းဖို ့တဲ့ စာရင် ဘုရားဖူးချင်စိတ်က ပိုများနေတယ်….
    ဒီမိုကရေစီ လေး နဲနဲ နွယ် ပြောချင်တယ်ဗျာ… လွတ်လပ်တဲ့ လူ ့အခွင့်အရေး အရ ဆိုရင် လူဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိတယ်…. ဟုတ်ပီ… ဘုရားမှာ ပွင့်မယ်ဆို သူနဲ ့အတူ ပါရမီ ဖြည့်ဖတ်တွေ ပါတယ်ဗျ…. အဲ့ပုဂိုလ် အားလုံးဟာလဲ ဘဝချုပ်ငြိမ်းအောင် လုပ်နိုင်တဲ့ ပါရမီ ရှိတဲ့ သူတွေ ချည်းပဲ… သဘောက ဘဝ ဆက်တိုင်းဆက်တိုင်း ဘဝ ချုပ်အောင် ကြိုးစား နိုင်မယ်လို ့ယုံတယ်ဗျာ… ဘုရား ဖြစ်မယ့် သူ ကလည်း အခုအချိန်မှာ ကျွန်တော်တို ့လို လူဘဝမှာ ရှိချင် ရှိနေမှာပဲ… သူသာ ဘဝချုပ်ငြိမ်းအောင် ကြိုးစားရင် ခက်ရချေရဲ့ဗျာ… သဘောအားဖြင့် ပန်းပွင့်ချိန် အချိန်မှန် ပြန်မရောက်တော့ဖူးပေါ့… နောက်တမာ္ဘမှဆို သွားပီဗျာ…. ပီးခဲ့တဲ့ ပန်းပွင့်ချိန်တုန်းက ကမာ္ဘ လူဦးရေ သတ္တဝါ ဦးရေ (အင်းဆက်အပါအဝင်) အားလုံးအရေအတွက် ရဲ့ ၅ ရာခိုင်နှုန်းတောင် ဘဝ ချုပ်ငြိမ်းအောင် ကြိုးစားနိုင်ခဲ့တယ်လို ့ မထင်ဖူးဗျ…. ဘုရားပွင့်ချိန်ကော ဘုရား ပွင့်ပီး အခုအချိန်အထိ အပါအဝင်ပေါ့… ဘုရားဖြစ်မယ့်သူ ဆိုတာ သူအများကောင်းစားဖို ့ သူက အနစ်နာခံပီး ကြိုးစားတယ်လို့မြင်တယ်… သူနဲ ့ သူရဲ့ ပါရီမီဖြည့်ဖတ်အပါအဝင်ပေါ့ဗျာ…. ဆိုလိုတာက ဘဝချုပ်ငြိမ်းတယ် ဘုရား ဖူးခွင့်ရတယ် စသဖြင့်ဟာ ကံကြောင့်လည်း ပါသလို သူတို ့ရဲ့ ရွေးချယ်မှူလည်း ပါတယ်ဗျ…. ခေါင်းဖြီးတယ်ဆိုတာကလည်း ပါရမီ ဖြည့်နေတာလည်း ဖြစ်နိုင်ပါတယ်…. အကြောင်းကြောင့် အကျိုးဖြစ်တယ်ပေါ့ဗျာ…. ဘဝ ချုပ်ငြိမ်းချင်တယ်ဆိုလည်း ကြိုးစားပါ… ခေါင်းဖြိး ချင်တယ်ဆိုလည်း ခေါင်းဖြီးပါ…. ဘဝချုပ်ငြိမ်းအောင် ကြိုးစားတာလည်း မှန်သလို.. ခေါင်းဖြီးတာလည်း မှန်ပါတယ်… အချုပ်အားဖြင့် စာရေးသူ အဆိုအရ ပန်ချင်သူ လို ့ပြောတဲ့အတွက် သူကတော့ ဖူးချင်သူ သက်သက်ဗျ… သူရဲ့ရွေးချယ်မှူကို အားလုံ လုပ်ပါလို ့ မတိုက်တွန်းသရွေ ့တော့ သူလုပ်တာ မှန်သဗျို ့…

    လေးစားလျက်
    တိမ်မည်း

    • alinsett

      August 30, 2014 at 6:49 pm

      ကိုတိမ်မည်း
      (အစ်ကိုအရွယ်လို့ ခန့်မှန်းပြီး ကို တပ်ခေါ်လိုက်ပါတယ်)
      ပထမဆုံး ပြောချင်တာက ကျေးဇူး အထူးတင်ကြောင်းပါ။

      ကျနော့် ကဗျာခံစားမှုဆောင်းပါး/ဝေဖန်ရေးဆောင်းပါးမှာ
      အခု ကိုတိမ်မည်းလို သေသေချာချာဖတ်ပြီး လေးလေးနက်နက် ဝင်ဆွေးနွေးပေးသွားမယ့် comment မျိုးကို အရူးအမူး မျှော်လင့်ပါတယ်။
      ဒါကြောင့် သေချာလေး ဆွေးနွေးပေးသွားတာကို ကျေးဇူးတင်ပါကြောင်း

      ကျနော့်အတွေးကို ဖတ်ပြီး ဖတ်သူရဲ့ အတွေးနဲ့ ညှိကြည့်သွားတဲ့ အတွက်
      ကျနော်လည်း မတူသော အမြင် အတွေးတွေ ထပ် တွေးမိစေတဲ့အတွက်
      အကျိုးများလို့ပါ။

      ——-
      ပန်ချင်သူ ပျို့မောင်ကြီးရယ်. . .လို့
      ကဗျာရှင်က ညွှန်းဆိုခဲ့ပါတယ်။
      ဖူးချင်သူတွေကို ရည်ရွယ်ပြီး မဖူးချင်သူတွေက ကိုယ့်လမ်းကိုယ်သွားခွင့်တော့ ပေးထားပါတယ်။

      ပြီးတော့ ခေါင်း ဖြီးခဲ့လေးးးး ဆိုတဲ့ ငြင်သာ ပျော့ပျောင်းသော အမိန့်ပေးဝါကျလေးနဲ့ ခိုင်းစေခဲ့တယ်။

      မြန်မာစကား မြန်မာစာမှာ ကျနော် ချစ်မိတဲ့ ထောင့်လေးတစ်ထောင့်အဖြစ် အဲ့ဒီ အဖွဲ့အနွဲ့လေး ပါတယ်ဗျ ။

      ဒါကို လုပ်လိုက်စမ်း လို့ အမိန့်ပေးလို့ရတယ်
      နောက်ထပ် ငြင်သာစွာနဲ့ ဒါလေး လုပ်လိုက်နော် လို့ အမိန့်ပေးစကားကိုပဲ သာယာနာပျော်ဖွယ်ဖြစ်အောင် စာစီလို့ရတယ်။
      အဲဒါလေး ချစ်တာဗျ ။
      do and don’t ဆိုပြီး လေသံ မမာဘူး။ ခပ်ပြတ်ပြတ်လည်း ပြောလို့ရသလို သာယာနာပျော်ဖွယ် ငြင်သာအောင်လည်း ပြောလို့ရတယ်ပေါ့။

      အခု ကဗျာ စာသားလေးကိုလည်း ကြည့်ပါဦး။

      ပျို့မောင်ကြီးရယ် ခေါင်းဖြီးခဲ့လေးးးတဲ့။
      အသံအရ ချစ်စရာကောင်းလိုက်တာဗျာာာ
      ဒါပေမယ့် အဓိပ္ပာယ် အရတော့
      ရှင်တို့ ရှင်တို့တွေ ဖူးချင်လား
      အေးး ဖူးချင်ရင် ကုသိုလ်ကောင်းမှုလုပ်
      ဒါပဲ။
      :mrgreen:

      ဆိုတော့ အသုံးလေး လှတယ်လို့ ပြောတာပါ။

      အဓိပ္ပာယ်ကို ကျနော် သဘောမတွေ ့ကြောင်းကတော့
      ဆောင်းပါးထဲ ထည့်ပြောပြီးပါပေါ့။

      ပန်ချင်သူတွေကို ရည်ညွှန်းပြီးရေးခဲ့တဲ့ ဒီမိုကဗျာလေးပါ
      ဒါကို ကျနော်ကလည်း အဲဒီ ပန်ချင်သူတွေ အဲ့ဒီကဗျာထဲက ချစ်စရာ အမိန့်ပေးမှုလေးကို နားယောင်ပြီး
      ခေါင်းတွေ ဖြီးရင်း စောင့်တော့မလားကွယ် လို့ အားမလိုအားမရဖြစ်ပြီး
      ဝေဖန်တဲ့ ညည်းချင်းလေးပေါ့။
      ခေတ်စကားနဲ့ပြောရင်တော့
      ကဗျာရှင်ပြောသလို ခေါင်းဖြီးပြီးစောင့်မနေနဲ့ အခု ရှိတာနဲ့ လုပ်ပါဗျ ဆိုပြီး
      ဆေးထိုးတာပေါ့ဗျာ

      ဆိုတော့ ကျနော့် ဆေးထိုးခြင်းကို အော်အေးးးး ဟုတ်သားးးးနော့် ဆိုပြီး
      လက်ခံမယ့်သူတွေအတွက် ရည်ရွယ်ပြီး
      ဒီဆောင်းပါးကို ရေးပါတယ် ။

      ခေါင်းဖြီးရင်း စောင့်မယ့်သူတွေကို ( အခု ဘုရားရဲ့တရားတွေကို အားမနာသူတွေကို) ရည်ရွယ်ပေမယ့်
      ဆေးအထိုးခံမယ့်သူ နဲ့ အထိုးမခံတဲ့ မိတ်ဆွေများ
      လွတ်လပ်စွာ ကွဲပြားနိုင်ခွင့် ရှိသောာာာာာ
      ဒီမိုဆောင်းပါးးး တစ်ပုဒ် ဖြစ်ပါစေကြောင်းးးးးးး

      အဲ့ဒါလေး ပြန်တင်ပြပါရစေဗျ။

      သေချာဝင်ဆွေးနွေးပေးသွားတဲ့ ကိုတိမ်မည်း
      ကျေးဇူးပါဗျ ။

      ခင်မင်လေးစားလျက်

      သူရ

  • မွသဲ ( 17082011 )

    August 30, 2014 at 7:51 pm

    ကဗျာလား ကြောက်တယ်အေ အာ့လေးလာပြောဒါ :byee:

    • alinsett

      August 30, 2014 at 8:02 pm

      တိန်
      တဲသီ….

      ကဗျာလား..သူကြောက်နေတယ်… ပေါ့လေ…

      အဲ..ဘီလိုဂ ဘီလို..ကဗျာတွေ ကျောက်ဆရာကောင်းသွားပါလိမ့်…

      :mrgreen:

    • တိမ်မည်း

      August 30, 2014 at 8:23 pm

      မကြောက်ပါနဲ ့မွသဲရယ်…. ကဗျာက ကိုက်တက်ပါဖူး… ဟီးဟီး :mrgreen:

      • alinsett

        August 31, 2014 at 1:00 am

        မဟိ

        ကဗျာက မကိုက်တတ်ပေမယ့်
        ကဗျာအကြောင်းပြောရင်းကနေ အင်းးးးးး
        ခေါင်းကိုက်တာ ပြောပါတယ်

        :mrgreen:

        အဲ တကယ်တော့ ဘာပဲ ကိုက်ကိုက်
        ကဗျာနဲ့တော့ ဆိုင်ပါဘူးနော့

        ကဗျာဆိုတာ စိတ်ကိစ္စလေ နှလုံးသားကိစ္စ

        😆

  • Ko chogyi

    August 31, 2014 at 9:34 am

    မပန်ထိုက် မဖူးထိုက်လို့ မင်းအခုဘဝမှာရှိနေတာပေါ့
    မျက်ဝါးထင်ထင်ဖူးမြင်ခွင့်မရတာကို ဆိုလိုတာ
    အတွေးတိမ်တိမ်လေးနဲ့ မဝေဖန်ချင်ပါနဲ့
    ကဗျာဆရာရဲ့ ဆိုလိုရင်းအနှစ်သာရကို သူကိုယ်တိုင်ပဲသိမှာ
    နှောင်းလူတွေက ကိုယ်ထင်တာကိုယ်ဆွဲပြီးပြောနေကြတာ
    အကောင်းဆုံးက မူရင်းကဗျာရေးသူနဲ့သွားဆွေးနွေးကြည့်လိုက်
    အဆင်ပြေသွားမှာပါ

    • alinsett

      August 31, 2014 at 1:18 pm

      တိန် တိန်
      အဲ မဟုတ်ဖူး
      တိမ် တိမ်

      :mrgreen:

      ကဲ ကပီရှို

      အဲ့ ကဗျာဆရာဂျီးရဲ့ လိပ်စာလေး သိရင် ပေးပါဦး
      တစ်နေ့နေ့ သွားဖြစ် ဆွေးနွေးဖြစ်မယ်ထက်တယ်
      အဟိ

      :mrgreen:

  • Shwe Ei

    September 1, 2014 at 1:35 pm

    ဒညင်းဝက်ရယ် နင့်ကိုငါ ဂိတ်ဇဂုတ်တောင်မှာ တွန့်တွန့် တွန့်တွန့် နဲ့သွားနေတာ
    မမြင်ချင်ဝူးဟယ်…ခိခိခိခိ 😛

    • alinsett

      September 1, 2014 at 1:52 pm

      တိန်…တိန် နှစ်ခါတိန်

      :mrgreen:

      တွန့်တွန့် တွန့်တွန့်နဲ့ သွားရမယ်ဆိုရင်တောင်…တစ်ယောက်ထဲတော့..မသွားဘူး။
      ဖွေးဖွေးလေးတော့ ပါမှဖြစ်မယ်..
      ဂွစ်ဂွစ်စ်

      :mrgreen:

  • ကန္နားစီး မိဂီ

    September 2, 2014 at 6:21 am

    ဖေ့စဘုတ်ဆိုတာ
    အကုသိုလ်အတုံးအခဲမို့
    မသုံးလေနဲ့ချစ်သားတို့ ဆိုပီး
    သိသိကြီးနဲ့ မတားမြစ်ခဲ့တဲ့
    ဂေါတမကိုယ်တော်ကြီးကို
    မောင် သိပ်အစာမကျေဘူး ဟန်နီ

    • kai

      September 2, 2014 at 3:41 pm

      သိမှတော့.. အဲဒီခေတ်ကတည်းက.. အခုခေတ်ရောက်မှထကြွလာမယ့်.. ပရိုဂရမ်လေးရေးထားပြီး..
      သာသနာပြု..လူတွေကိုဆုံးမ.. တရားဟောတော့မှာပေါ့… ဂီဂီရယ်…

      ဘာတဲ့..
      .. လေးသချေင်္ကမ္ဘာတသိန်းလောက်အချိန်သုံးခဲ့တဲ့.. လူသားက.. နှစ်၃၀၀ဝလောက်အတွင်းလေးတောင်.. မထိမ်းချုပ်နိုင်တာမျိုးကတော့..
      လော့ဂျစ်အောက်နေတယ်.. ထင်.. :k:

  • မြစာကလေး (23122011)

    September 2, 2014 at 3:30 pm

    စိတ်ပညာရှင် တွေ ကလေး တွေ ကို Research လုပ်တာမှာတော့
    အခု အချိန်မှာ မုန့်ကို စားရင် တစ်ခု ရမတဲ့။
    နောက် နာရီဝက် ကြာမှ စားရင် နှစ်ခု ရမတဲ့။
    အဲ့လာ ကို နားယဉ် ပြီး လူ တွေ နိဗ္ဗာန် တစ်ကက် နှစ်စောင် ရဖို့ နောက်ဘုရား ကို စောင့်နေကြတာများလား။ 🙄

    jk :-)))

    • alinsett

      September 2, 2014 at 3:52 pm

      အမေကျော် ဒွေးတော်လွမ်းတာလို့သာ…ခပ်ကြမ်းကြမ်းပြောထည့်လိုက်ချင်တော့တာ…
      အဟိ ။

      :mrgreen:

  • Mr. MarGa (12512)

    September 3, 2014 at 9:35 am

    ဒါ… ကဗျာ နော်
    အေး..
    ကဗျာကို အဓိပ္ပာယ် ပြန်ရင်
    တုတ်ထမ်း ရှင်းရမယ့် ပုဂံရာဇဝင်ထက် ဆိုးတယ်ဆိုတာကို နင် သိတယ်နော်…
    အဲ့ဒါပဲ..

    • alinsett

      September 3, 2014 at 1:02 pm

      ကဗျာသံ ချွင်ချွမ်… ဂွမ်

      :mrgreen:

  • naywoon ni

    September 4, 2014 at 1:17 pm

    ညီ​လေး ​ရေ ​မြှောက်​​ပြောမဟုတ်​ မင်​းကို ​လေးစားတဲ့ အ​ကြောင်​းထဲမှာ ဒါ​လေး​တွေလဲပါသကွ ။ တစ်​ကယ်​​တော့ကဗျာဆိုတာ ​ရေးခဲ့သူက ဘယ်​လို​ကြောင်​့​ရေးခဲ့သလဲမသိ​ပေမဲ့ ​နောက်​ ဆရာ​တွေက အဓိပ္ပာယ်​​ကောက်​ဖွင်​့ပြီး အဲ့ဒါပဲ ဆို​တော့ ကဗျာက အဲ့ဒါပဲဆိုတဲ့ တန်​ဘိုး​လောက်​နဲ့တင်​ရပ်​သွား​လေရဲ့ ။ ​နောက်​လူ​တွေကလည်​း မစဉ်​းစား​တော့ဘူး ။ အဲ့ဒိမှာ ​ရှေး​ဟောင်​းကဗျာ​တွေက ​သေသွား​တော့တာပဲ ။ ကဗျာဆိုတာ အဓိပ္ပာယ်​ တစ်​ခုထဲနဲ့ လိုရာဆွဲငြင်​းတဲ့ အရာမဟုတ်​ဘူး ။ ဒါ​တော့​သေချာတယ်​ ။

    • alinsett

      September 4, 2014 at 5:48 pm

      ဟုတ်။
      ကျနော်လည်း ကျနော်တွေးမိတဲ့ထောင့်လေးကနေ ကဗျာကို ခံစားလိုက်တာ

      ဒီကဗျာခံစားမှုဆောင်းပါးက အနုပညာတော့ ဆန်မှာ မဟုတ်ဘူးနော့ အဘနီ

      :mrgreen:

  • ဇီဇီ ခင်ဇော် (15102012)

    September 4, 2014 at 3:08 pm

    အာဟင့်။
    ဦးတည်ဘွားကို နောက်ပွင့်မဲ့ ဘုရားလို့ ပြောတာရော ကြားဖူးလားဟင်?

    :a:

    • alinsett

      September 4, 2014 at 5:52 pm

      ဟိုတလောကတော့ မဲမဲအရိပ်ကြီးတစ်ခု သူ ့ကိုယ်သူ ဖယားဆိုပြီး
      ပြောနေတာတော့ တွေ ့လိုက်တယ်

      နောက်ပြီး ဘုရာစဆုပန်ထားတယ်ဆိုတဲ့ ဘုန်းဘုန်းတပါးလည်း
      ဒီမှာ ရှိနေသေးတယ်

      ဘာဒေလည်းတော့ မသိ။

      ခေါင်းဖြီးပြီး စောင့်ချင်သူတွေ စောင့်ကြပေါ့။
      ဒီကြားထဲ. . .
      အတုနဲ့ အစစ်ကို ခွဲတတ်မယ့် ပညာတော့ သင်ထားပေါ့

      ဂွစ်ဂွစ်စ်

      :mrgreen:

    • kai

      September 5, 2014 at 8:20 am


      အမှတ်မမှားရင်.. ဦးတည်ဘွားရော.. ကွမ်ယင်မယ်ရောက.. နောက်ပွင့်မယ့် အရိမေတ္တေယျဘုရားပဲ..။
      မဟာ(ကြီးကျယ်သော) ..ယာန(လမ်းကြောင်း) သမားတွေရဲ့.. အယူပေါ့…။

      တကယ့်ဗုဒ္ဓတရားအရဆိုရင်လည်း.. .. လူတိုင်းဘုရားဖြစ်ခွင့်ရှိလို့.. .ဖြစ်နိုင်တယ်…ပေါ့….
      ဆိုတော့…
      လူသားတိုင်း.. ဘုရားဖြစ်နိုင်လို့.. တန်းတူတယ်.. ဖြစ်ပါကြောင်းနဲ့.. အဓိကအနှစ်သာရဖြစ်ပါကြောင်းရယ်လို့.. ထင်..။ :k:

      • alinsett

        September 5, 2014 at 9:44 am

        လူတိုင်းးး တန်းး တူတယ်ဆိုတဲ့အချက်ကို ကျနော်သဘောပေါက်လိုက်တာက
        တန်းတူညီမျှတဲ့ လူ ့အခွင့်အရေး လို့။

        ဆိုတော့ အဲဒီ လူတိုင်း တန်းတူညီမျှစွာ သက်ရှင်နေထိုင်ခွင့် ရှိကြောင်း
        လူသားတိုင်းဟာ လူသားတိုင်းရသင့်တဲ့ တန်းတူညီမျှမှု လူ့အခွင့်အရေးကို လိုချင် ရချင်ကြကြောင်း
        ဟို ဘဘကြီးတို့ကို လေးလေးနက်နက်သိစေချင်လိုက်တာ သဂျီးရယ်

        အခု တန်းတူညီမျှပါပြီ လူ့အခွင့်အရေးတွေ အချိုးဖောက်မခံရတော့ပါဘူးလို့တော့ကြားတာပဲ။
        ဒါပေမယ့် အကြော်သည်နဲ့ ဆိုက်ကားသမား အခွင့်အရေး တန်တူညီမျှတာလောက်က မတက်ဘူး။

        အကြော်သည်နဲ့ ဘဘကြီး တန်းတူညီမျှတဲ့ လူ့အခွင့်အရေး ရရှိရေး

        ဆုတောင်းနေရလေမလားး
        :mrgreen:
        အဲ ပိုစ့်နဲ့ တိုက်ရိုက်မဆိုင်တာတွေဘက် ရောက်ကုန်ပါလား

        :kwi:

        • ဇီဇီ ခင်ဇော် (15102012)

          September 5, 2014 at 9:54 am

          ဘုရားဖြစ်ဖို့ တန်းတူ အခွင့်အရေးမရရင် နေပါ။
          လူလိုသူလိုတန်းတူ နိုင်ငံသား အခွင့်အရေး ရချင်ပါတယ်လားးး

          :kwi:

        • kai

          September 5, 2014 at 3:01 pm

          လူသားချင်း.. အခွင့်အရေးတန်းတူညီမျှမှုကို.. မြန်မာကဘယ်မှာဖေါက်(ခံ)ရသလည်းဆိုတော့… လူတယောက်က.. ရွှေစီခုံကြီးနဲ့ ရှေ့မှာထိုင်.. သူတိုင်သမျှ…နောက်ကလိုက်လက်အုပ်ချီ.. ကိုယ့်အတွေးအခေါ်.. အသိသညာလုံးဝမထည့်ရ..ထည့်ခွင့်မရှိ.. လိုက်ဆိုရတဲ့နေရာကစတယ်လို့ ပြောချင်တယ်….။

          သူလည်းဘုရားဆုပန်..ဘုရားဖြစ်နိုင်.. ကိုယ်လည်းဘုရားဆုပန်..ဘုရားဖြစ်နိုင်.. ဘုရားဖြစ်နိုင်သူအချင်းချင်းအတူတူ.. ဘာတွေ.. ဘယ်လောက်များသာလို့…ကွာလို့.. . ဒီလိုဖြစ်ရသလည်း.. တွေးကြစေချင်တယ်..။
          သီလ..သမာဓိ.. ဥစ္စာ… ရာထူးသာတယ်ထင်ရင်လည်း.. အပြန်အလှန်လေးစားသမှု.. Respect ပေးတာလောက်ဆိုရပြီလို့.. ယူဆမိတယ်..။
          (ဒီနေရာမှာ Respect အဓိပ္ပါယ်ကို.. တိတိကျကျနားလည်စေချင်တယ်..)

          ဒီဓလေ့အကျင့်ဆိုးက.. သမ္မတဆိုလည်း.. သမ္မတကြီးဖြစ်လိုဖြစ်..။ ဗိုလ်ချုပ်မှုးကြီးဖြစ်လိုဖြစ်.. ။ ဆရာတော်ကြီးဖြစ်လိုဖြစ်နဲ့.. (ဖားတာ..ဖားတာ..တွေဖြစ်ပြီး) လူသားချင်းသူကပဲ..နှာခေါင်းတပေါက်ပိုနေသလိုလိုမျိုးတွေထိ.. မြန်မာ့ရိုးရာအဖြစ်ထုံကူးသွားတယ်လို့.. မြင်မိတယ်..။

          ဒါဟာ.. ဒီမိုကရေစီရဲ့အနှစ်သာရကို.. တိုက်ရိုက်ချိုးဖေါက်တာဖြစ်သလို.. ကုလသမဂ္ဂပြဌာန်းထားတဲ့.. လူသားအခွင့်အရေးကြေငြာစာတန်းအပိုဒ် ၁ကို တိုက်ရိုက်ချိုးဖေါက်တာပါပဲ..
          လူတွေ.. လူရွယ်တွေခမြာ.. အညွှန့်တွေကျိုးလို့… တလူလူကိုမလွင့်နိုင်…။

          ရလဒ်အဖြစ်.. မြန်မာ့လူဦးရေ ၅၁သန်းကျော်မှာ.. ကမ္ဘာတန်းထိုးထွက်လာတဲ့.. မြန်မာတန်းကျော်တဲ့.. သူတွေကြည့်….။
          ခရစ်ယန်။ မွတ်ဆလင်တွေ(သာ) ရာခိုင်နှုန်းအချိုးအစားနဲ့တွက်ရင်ကို.. ထေရာတို့ဝါဒကိုးကွယ်သမားတွေထက်.. သိသာစွာများနေတာတွေ့ရလိမ့်မယ်…။
          အင်္ဂလန်မှာ ပါတီထဲထိပ်ဆုံးစကားပြောခွင့်ရတဲ့ မြန်မာမိန်းကလေး၂ဦးကြည့်..။ ခရစ်ယန်(ဇိုရာဖန်)နဲ့..မွတ်စလင်(ဝေနှင်းပွင့်သုန်)..။
          မီဒီယာမှာဦးဆောင်နေသူကြည့်.. DVBဆို.. မွတ်စလင်..။
          မြန်မာနိုင်ငံရေး(အတိုက်အခံထဲ)ကြည့်…။ အနုပညာလောကကြည့်..။ ကမ္ဘာတန်းသူဌေးတွေကြည့်…။
          ယူအက်စ်ရောက်မြန်မာတွေထဲဆို.. ပိုလို့ကို.. သိသာ…။

          =

          THIS UNIVERSAL DECLARATION OF HUMAN RIGHTS
          Article 1.

          All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhoo

  • ကြောင်ဝတုတ်

    September 5, 2014 at 9:30 am

    အော်… ဘုရားတရားပြောနေပါလား…
    ငါနဲ့မဆိုင်ပါဘူးလေ…

    ခင်မင်လျက်
    ဖက်ဖက်ကက်

    • alinsett

      September 5, 2014 at 9:47 am

      ဘယ့်နှဲ့ မဆိုင်ရမှာဒုန်း ကိုဂျီးဖက်ဖက်ကတ်

      ဘုရားတရားနဲ့ မဆိုင်ဘူးထင်ရင် ကဗျာ စာနဲ့ ဆိုင်တယ်လို့ မှတ်ပြီး ပြန်လာပါ

      :mrgreen:

      • ကြောင်ဝတုတ်

        September 5, 2014 at 9:52 am

        ဟင့်အင်း….
        ကဗျာစာထဲ ဘုရားရောရင်…
        ကျုပ်ကြောက်တတ်တယ်… ဟီး…

        ခင်မင်လျက်-
        ဖက်ဖက်ကက်

  • Yae Myae Tha Ninn

    September 5, 2014 at 10:57 am

    နိုး နိုး… ဆရာကြီး… ဟုတ်သေးဘူးထင်တယ်… ထင်တယ် ပြောတာနော်…

    စံပယ်တဲ့လေးရုံ ၊

    ပျိုတို့မောင် မပန်ထိုက်တယ် ၊

    ပန်းပြတ်ခိုက်ကြုံ၊

    အပွင့်ရယ်ကုန်၊

    တစ်ငုံဖြင့် ကျန်ပါသေးတယ်၊

    ပန်ချင်ရင် ပျို့မောင်ကြီးရယ်၊

    ခေါင်းဖြီးခဲ့လေး။

    ဘုရားလေးဆူ ပွင့်ပြီးခဲ့ပြီ… ဒါလဲ ဟုတ်တယ်…
    မပန်ထိုက်ခဲ့ဘူး… ဒါလဲ ဟုတ်တယ်… နိဗ္ဗာန် မရောက်သေးဘူးလေ…
    မဖူးရသေးတာကို ပြောတာ… ဘုရားရှိစဉ်ကလဲ ဘုရားကို ကိုယ်တိုင်ကိုယ်ကျ မဖူးခဲ့ရရင် မကျွတ်ဘူး…
    ကျွတ်ထိုက်တဲ့သူ ချွတ်တာကိုး… ကျွတ်ရင် နိဗ္ဗာန်ရောက်မယ်… ပန်ခဲ့တယ်ပေါ့…
    အဲတော့ ကျွတ်ထိုက် ချွတ်ထိုက်ဖို့… ဆိုလိုတာက ဘုရားကို ဖူးပြီး ကျွတ်ဖို့ဆိုတာ ကုသိုလ်ကံပါမှလေ… အဲလိုပါဖို့ လုပ်ခိုင်းတာက ဖြီးခဲ့လို့ပြောတာ… ပန်းပန်ဖို့ ခေါင်းကိုဖြီးတယ်ဆိုတာ… ပန်းရရင် Ready ပန်လို့ရအောင်လေ… ဘုရားနဲ့တွေ့ရင် ကျွတ်ဖို့ ကုသိုလ်ကံ Ready လုပ်ခိုင်းထားတာလို့ မြင်တယ်… အထုံဆိုတာတို့ ဘာတို့ ရှိဦးမယ်… နောက်ပွင့်မယ့် ဘုရားလက်ထက်ဆိုရင် တော်တော်များများ ကျွတ်မယ်လို့တောင် စာအုပ်တအုပ်မှာ ဖတ်ရသေးတယ်…. အထက်အောက်မကျန်… တော်တော်ဆိုးဆိုးတွေမှာသာ … ဒါမှမဟုတ် တချို့သော ဗြဟ္မာတွေလေ… ရုပ်ရှိပြိး နာမ်မရှိတို့လေ… အဲတော့ အဲလို ဘဝတွေ မရောက်နေအောင် Prepare လုပ်ဖို့ ညွှန်းခဲ့တာပါ… ဖူး… ဟုတ်မယ်ထင်တာပဲ… 🙂

    • alinsett

      September 5, 2014 at 12:08 pm

      ဆိုတော့ ရယ်ဒီဖြစ်နေအောင် ခေါင်းဖြီးပြီးစောင့်နေမလား

      နောင်တစ်ပွင့် ပွင့်လည်း ပျိုတို့မောင် မပန်ထိုက်တယ်ဆိုပြီး ရွတ်ချင် ရွတ်နေရဦးမှာလေ ။
      အခုတောင် ဒီကမ႓ာတစ်ခုထဲမှာကို လေး ပွင့် ပွင့်ခဲ့ပြီးပြီ။
      တစ်ပွင့်မှ မပန်ထိုက်ခဲ့လို့ အခုလို ငုတ်တုတ်ကြီး ကျန်နေခဲ့သေးးတာ။
      လေးပွင့်မှာတောင် လွဲရင် တစ်ပွင့်မှာ လွဲ မလွဲ မသေချာ
      တော်တော့်ကို မသေချာ
      😆

      ကျနော်တော့ (ကျနော့်တစ်ယောက်သဘောကတော့) ဘုရားဆိုတဲ့ ရုပ်ကြီးနဲ့ မတွေ ့လိုက်ရတာကို သိပ်ခံစားချက်မရှိ ။
      ဒါကြောင့် နောက် ပွင့်မယ်ဆိုတာကိုလည်း သိပ် စိတ်မဝင်စား။

      အခုလက်ရှိ ကျနော်တို့ မြင်တွေ ့ သင်ကြားခွင့် ရနေတဲ့ မျက်မြင်တရားလမ်းစဉ်နဲ့သာ ပန်းတိုင်ရောက်ချင်မိသူ

      ဒီအတွေးကို အခြေခံပြီး ဒီဆောင်းပါးကို ရေးပါတယ် ကိုရေမြေ့သနင်းရေ

      သေချာဝင် ဆွေးနွေးပေးသွားတဲ့အတွက် ဇူးဇူးပါ။

      ခင်မင်လျက်

      ခေါင်းဖြီးပြီး စောင့်မနေချင်သူ

      :mrgreen:

  • Yae Myae Tha Ninn

    September 5, 2014 at 12:28 pm

    ခုမြင်တွေ့ သင်ကြားခွင့်ရနေတဲ့ မျက်မြင်တရားလမ်းစဉ်တွေတောင် ကွဲနေသေးတယ်… ဆရာကြီးရဲ့…
    Local နဲ့ International ဆိုပြီး… တချို့ဆို တော်တော်လွဲနေတာ…
    ကျွန်တော့်အကြိုက်ပြောတာပါ… ကိုယ်တိုင်သာ ဖူးပြီး တရားသာ နာလိုက်ချင်တယ်…
    အဲလို အတွက်လဲ ဆရာကြီးလုပ်တဲ့ လမ်းစဉ်တွေ လုပ်ရမှာပဲ… ဘာလို့ဆိုတော့ အထုံတို့ ပါရမီတို့ဆိုတာ.. အဲက စတာကိုး… လင်းနို့သားတွေတောင် နားမလည်ပေမဲ့ အထုံဖြစ်ခဲ့သေးတယ်လေ.. ကိုယ်တွေက ပိုမြင့်တော့ ပိုနီးစပ်မှာပါ… Keep Going ပေါ့… ခေါင်းဖြီးပြီး စောင့်မနေဘူး ပြောပေမဲ့… နဂိုဆံသားကလှတော့ Auto ဖြီးပြီးသားဖြစ်နေသလို ဖြစ်သွားမယ် ထင်တယ်… ဒီလိုလမ်းစဉ်ဆက်လိုက်ရင်လဲ… The Same လို့ထင်တယ်… 🙂

    • alinsett

      September 5, 2014 at 12:48 pm

      အင်းး
      လမ်းစဉ်ကွဲနေသလို ဂိုဏ်းကွဲ နည်းကွဲဆိုတာတွေ ခွဲထားကြသေးတယ်နော့

      ဒီတော့ ပန်းတိုင်ကို မြင်အောင်ကြည့်ဖို့
      (ကိုယ်မြင်တဲ့ပန်းတိုင်အောက်မှာ ခေါင်းဖြီးပြီး ထိုင်စောင့်နေစရာ မလိုအောင်)
      ပန်းတိုင်က သေချာပြီဆိုရင် လမ်းကွဲတွေထဲ ဝင်္ကပါလှည့်ရခြင်းထဲ ပျော်မွေ ့မနေဖို့
      ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့်လမ်းကို ရွေးပြီး လျှောက်ဝင်သွားဖို့ လိုတယ် ထင်တာပဲ ။

      ကျနော်တော့ သင်္ကန်းစီး / တရား (နည်းနည်း) လုပ်မိပြီးကတည်းက ဒီမူ ဒီလူတွေ လုပ်နေတဲ့အထဲက လိုရာယူရမယ် မလိုတာ ပယ်ရမယ်ဆိုတာ မြင်မိတယ်ဗျ။

      ကိုယ်တော်ကြီက ငါပြောသမျှ အကုန် လုပ်ကြလို့ မပြောခဲ့ မဟောခဲ့တော့
      တော်တော် ဝမ်းသာမိတယ်။

      အဲ ကိုယ်တော်ကြီးက ခေါင်းဖြီးပြီး စောင့်ကြဦးလို့လည်း မမှာခဲ့ဘူးနော်။
      တကယ်လိူ့ သူ မှာခဲ့လည်း စောင့်ရတာ စိတ်မရှည် (စိတ်မဝင်စား)သူတွေကိုရော
      ဘာပြောမတုန်း
      ဘာာာမှ ပြောနေမှာ မဟုတ်ဘူး။

      :mrgreen:

      ဆိုတော့ အချိန်ရှိတုန်းလေး လုပ်စရာ ရှိတာ လုပ်ကြဦးစို့
      ခေါင်းဖြီးမနေရအောင် ကတုံးပါ တုံးသင့်တဲ့အခါ တုံးကြဦးစို့

      :mrgreen:

      • ဇီဇီ ခင်ဇော် (15102012)

        September 5, 2014 at 2:15 pm

        ရွာကြီး နည်းနည်း အေး ပြီး လေးလံ ထိုင်းမှိုင်းနေသလိုပဲ။
        :kwi:
        ရန်ဖြစ်ကြမားးး
        မုန်းဆေးကုန်နေလို့ ဆေးမသောက်နိုင်ခင်..!!

        :mrgreen:

        • Yae Myae Tha Ninn

          September 5, 2014 at 2:53 pm

          အေးဆေးပဲ ကောင်းပါတယ်… ဇီဇီရယ်… 🙂

        • kai

          September 5, 2014 at 3:02 pm

          ကဲ..
          လိုက်ဆို…။
          ဩကာသ..ဩကာသ.. ငါ့ထိုင်ကန်တော့ကြ..
          မကန်တော့သူ.. ငရဲသွားကြ..။
          ကန်တော့သူ..လှူသူ.. နတ်ပြည်တက်ကြ..။ :k:

          အဲ…
          ကျန်လို့..
          ငါ့မကန်တော့သူကို.. ဝိုင်းသမပေးတဲ့သူ.. နတ်ပြည်တွင် နတ်သမီး တဖက် ၃ယောက်စီ ကိုတာပိုရမည်..။
          ပူးပေါင်းပါဝင်ကြ..။

        • alinsett

          September 5, 2014 at 3:37 pm

          ဖျစ်ကြဇို ့….

          သိုင်းလောကသား ကဗျာသမားကွ

          :mrgreen:

  • Yae Myae Tha Ninn

    September 5, 2014 at 1:27 pm

    ကဲပါ.. ပရီမီယာ ကော်ဖီကြော်ငြာထဲကလိုပဲ… သားက 3 in 1… မီးမီးက 2 Plus 1… ကိုယ်ကြိုက်တာကိုယ်သောက်ကြဗျာ… 🙂 ဒါပေမဲ့ ပရီမီယာပဲ ဖြစ်ရမယ်နော်… 🙂

  • Yae Myae Tha Ninn

    September 5, 2014 at 4:15 pm

    ရရင်ထ.. မရရင် မထ… အာမဘန္တေ ပါ ရှင်ဘုရား… အဲလိုလား.. တဂျီး… တူညား ပို့စ်ကို လိုက်မနောက်နဲ့နော်… 🙂

Leave a Reply