” လုပ်ပင်လုပ်သော်ငြား “

ခင္ခAugust 30, 20141min812

” လုပ်ပင်လုပ်သော်ငြား “

 

သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ် အသက်နှစ်နှစ်အောက် ကလေးနို့မှုန့်ကြော်ငြာများ နေရာအသီးသီးတွင် တားမြစ်ပိတ်ပင်တော့မည်တဲ့။ အသက်နှစ်နှစ်အောက်ကလေးများအတွက် ထုတ်လုပ်ထားသည့် နို့မှုန့်များ၏ ကြော်ငြာခြင်းကို နေရာအသီးသီးတွင် ပိတ်ပင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုပါတယ်၊ မွေးကင်းစမှ အနည်းဆုံး အသက်ခြောက်လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် ကျန်းမာရေးဝန်ကြီး ဌာနက စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိခဲ့ပါတယ်၊ အရက်နဲ့စီးကရက် အမှတ်တံဆိပ်ကြော်ငြာတွေကို အများပြည်သူ မြင်တွေ့နိုင်သည့် နေရာများတွင် ကြော်ငြာခြင်း တားမြစ်ပိတ်ပင်ခဲ့ဘူးပါတယ်၊ အခု လာမယ့် စက်တင်ဘာလနေစပြီး နှစ်နှစ်အောက်ကလေးနို့မှုန့်ကြော်ငြာတွေကို ပိတ်သွားမှာဖြစ်ပြီး အလုပ်ရုံဆွေးနွေး ပွဲတွေလည်း လုပ်သွားမယ်လို့ဆိုပါ။

ရည်ရွယ်ချက်အနေနဲ့ ကောင်းပါတယ်၊ မိခင်နို့တစ်မျိုးတည်းကို ကလေးအရွယ် ခြောက်လထိ တိုက်စေချင်တဲ့ နိုင်ငံတော်၏ စေတနာပါ။

ဒါပေမယ့် တကယ်ထိထိရောက်ရောက် လုပ်တတ်ကြဖို့လိုသလို ခဏတာ သတင်းရေးကောင်းရုံလုပ်တာမျိုး မဖြစ်စေချင်ပါဘူး။

အရက်နဲ့ဆေးလိပ်ကြော်ငြာတွေကို ကျန်းမာရေးအရ တားမြစ်လာတယ်၊ တကယ်တော့ ကျန်းမာရေးအတွက် မကောင်းသောကြောင့် သောက်သုံးသူနည်းစေတဲ့ ရည်ရွယ်ချက်မျိုးဖြစ်ပါလိမ့်မယ်၊ အဲဒီတုန်းက ဘယ်လောက် ထိ တင်းကြပ်ခဲ့လည်းဆိုရင် လဘက်ရည်ဆိုင်တွေမှာ ဆေးလိပ်ကို တစ်လိပ် နှစ်လိပ် အလိပ်လိုက် ရောင်းချ ခြင်း မလုပ်ရဘူး ဗူးလိုက်ဘဲရောင်းရမယ်ပေါ့။ သဘောကတော့ ငွေကျပ် ၅ဝ ရှိရင် ဆေးလိပ်တစ်လိပ် အလွယ် တကူ ဝယ်သောက်လို့ရတယ် အလိပ်လိုက်ရောင်းရင်ပေါ့၊ အဲ ဗူးလိုက်ဘဲရောင်းတယ်ဆိုတော့ ငွေကျပ် ၅ဝ ရှိရုံနဲ့ မရတော့ဘူး ဒီလိုဆို မသောက်ဖြစ်ရင်းက လျော့သောက်လာကြမယ်ပေါ့၊ အရက်လည်း ဒီလိုဘဲ ကြော်ငြာ တွေ အားမကောင်းတော့ဘူးဆိုတော့ အရောင်းတွေထိန်းသွားကြမယ် ပျံနှံမှုတွေနှေးပြီး အသောက်လျော့လေ မယ်ပေါ့။ အဲဒီလို ဆေးလိပ်နဲ့အရက် ကြော်ငြာပိတ်တဲ့ချိန် လဘက်ရည်ဆိ်ုင်တွေမှာ စီးကရက်အလိပ်လိုက် မရောင်းတော့ချိန်တွေမှာ စီးကရက်ဆို ပရီးမီးယားနဲ့ရူဘီ လောက်လူအတော်များများ သောက်သုံးနေကြတာပါ အဲလို စီးကရက်ကြော်ငြာတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဆေးလိပ်သောက်ခြင်းလျော့ကျရေးအနေနဲ့ လုပ်ချိန်မှာ ပခုက္ကူက စီးကရက်စက်ရုံကြီး ပြန်လည်အသုံးပြု စီးကရက်ထုတ်လို့ရအောင် ပြင်ဆင်ခွင့် ပါမစ်တွေ ခွင့်ပြုခဲ့တယ်၊ စီးကရက်ဈေးကွက်ထဲ နိုင်းနိုင်းတို့ လန်ဒန်တို့ ဝင်ရောက်လာတာကိုတွေ့ရတယ်။ အရက် ကြော်ငြာတွေ ကန့်သတ်တဲ့အချိန်လွန်လောက်မှာဘဲ စည်ဘီယာဆိုင်တွေ မှိုလိုပေါက်လာတယ် မန္တလေးရမ် တစ်ပက် ဘယ်လောက်ဆိုပြီး စက်မှုဝန်ကြီးနဲ့ ဖက်စပ်အရောင်းဆိုင်တွေ ဟိုနေရာ ဒီနေရာ မှိုလိုပေါက်အောင် ပေါ်လာခဲ့တာမျိုးတွေ တွေ့ခဲ့ရတယ်။

အဲဒီတော့ ရောင်းကောင်းနေမှာဆိုးလို့ ရောင်းမကောင်းအောင်လုပ်လိုက်ခြင်းတွေရဲ့ နောက်ကွယ်မှာ ကောင်းကျိုးပြုစီမံကိန်းတွေဆို ဝန်ကြီးဌာနအချင်းချင်းလည်း ချိတ်ဆက်ပြီး အောင်မြင်အောင်လုပ်ကြဖို့ လိုမယ်ထင်ပါတယ်၊ အဲလိုမဟုတ်ဘဲနဲ့ ဟိုဝင်ကြီးဌာနက မလုပ်နဲ့ပိတ်လေ အဲဒီပိတ်တဲ့အရာနဲ့နှီးနွယ်တဲ့ လုပ်ငန်း တွေရဲ့ လုပ်ခွင့်ပါမစ်တွေရဖို့ ခက်လေ ပေးကမ်းစွန့်ကျဲရမှုများတဲ့ စားကွက်ဖြစ်လာတာမျိုးသာ သံသရာလည် နေရင်ဖြင့် လုပ်ပင်လုပ်သော်ငြား…………………. ဟုသာဆိုရပေမယ်ပေါ့။

ဘာပြီးရင် ဘာဖြစ်မယ် ဘယ်လိုလုပ်ပြီးရင် ဘာတွေလုပ်ရမယ်ဆိုတဲ့ ပုံမှန်သွားနေကျလမ်းရိုးအတိုင်းဘဲ လုပ်ထုံးလုပ်နည်းတွေကို လုပ်နေတဲ့ စနစ်တွေကနေခွဲထွက်ပြီး တကယ်တိုင်းပြည်အတွက် ပြည်သူအတွက် ထိရောက်သော ကျန်းမာရေး အသိပညာပေးတွေ ထိရောက်သော နည်းလမ်းတွေကို ရေတိုထင်ပေါ်ရုံမျှ မဟုတ်ဘဲ ရေရှည်အောင်မြင်သောလမ်းတစ်ခုအဖြစ် အမြဲလျှောက်နိုင်သော လမ်းသာလေးတစ်ခုအဖြစ် ခင်းထားနိုင်အောင် လုပ်ဆောင်သွားကြမယ်ဆိုရင် ခင်းသောလမ်းသာတွေများလာလေလေ လျောက်သောသူ ပြည်သူများအတွက် ကောင်းမွန်သော ပိုလို့ပိုလို့ ကောင်းမွန်သာယာသော ပြည်နိုင်ငံဖြစ်ဖို့မလွဲတော့ဟုသာ တွေးမိပါတယ်လေ။

xxx ဒါလည်းအတွေးပါဘဲ xxx ရေပြင်လေးငေးကြည့် သက်ပြင်းချ xxxxxx ( ဟိုးတုန်းက ဒေါ်ချိုပြုံးဆိုခဲ့တဲ့ သီချင်းတစ်ပိုင်းတစလေး ညီးရင်းနဲ့ဘဲ……………… သက်ပြင်းလေးတွေချ သက်ပြင်းလေးတွေချျျျျျျျျျျျျျျ

 

 

ခင်ခ။

2 comments

  • manawphyulay

    August 30, 2014 at 2:06 pm

    မီးမီးကိုရေ.. ဘဘ တိရား..
    ဘေဘီဗိုက်တာ… ကရေးညား အားတိုးရှေး… ရိုက်ချင်လို့ လာထော်ကြတယ်.. 😆

  • alinsett

    August 30, 2014 at 7:29 pm

    အဲဒါ… အဲဒါ…

    လုပ်တယ် ဆိုင်းဘုတ်ကိုဖြုတ်ပြီး
    လုပ်ပြီး ရလဒ်ကို ပြသင့်ပြီဖြစ်ပါကြောင်းးးးး

    ထိရောက်သော ရလဒ်ကို မြင်ရဖို ့..ထိရောက်သော Management နဲ့..စပြီး…
    ထိရောက်သော လုပ်ဆောင်မှုတွေနဲ ့ ဖော်ဆောင်သင့်ပြီ ဖြစ်ပါကြောင်းးးး

    ကြောင်းးးးး

    :mrgreen:

Leave a Reply