” တစ်ချက်ကလေးစောင်းဌဲ့ ကြည်အုံး “

 

မိုးတွေကမစဲ ရွာနေမြဲမှာ

လေးသွဲ့စွာလှမ်းတဲ့ ခြေလှမ်းနဲ့

အိမ်ကနေထွက်ခဲ့မိတယ်

လမ်းဆုံဝယ် လက်ပွေ့ရောင်းဂျာနယ်သယ်

မိုးရွာတာ သုံးလေးရက်မို့

အရောင်းရယ်က လျော့ကျတယ်

ဆိုင်ကိုဝင်ရောင်း ချင်ပေမယ့်

သူ့နေရာ သူ့စားကျက်နဲ့သူ

စည်းကျော်မရ လုပ်ကြသူဌာကွယ်

အိမ်ဝမှာ ကလေးကငိုကာရယ်

ဖေဖေမနေ့က မုန့်မပါတယ်

ဒီနေ့တော့ ပလာတာဝယ်ခဲ့ပါကွယ်

ဒီညနေ အိမ်ပြန်ခရီးလေးလှစေဖွယ်

တိတ်ပါပေါ့ မိုးမင်းကြီးရယ်

ကျွန်တော်တို့ဘဝ

တစ်ချက်လေးစောင့်ဌဲ့ကြည့်ပါဟယ်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF