” တစ်ချက်ကလေးစောင်းဌဲ့ ကြည်အုံး “

ခင္ခAugust 30, 20141min585

” တစ်ချက်ကလေးစောင်းဌဲ့ ကြည်အုံး “

 

မိုးတွေကမစဲ ရွာနေမြဲမှာ

လေးသွဲ့စွာလှမ်းတဲ့ ခြေလှမ်းနဲ့

အိမ်ကနေထွက်ခဲ့မိတယ်

လမ်းဆုံဝယ် လက်ပွေ့ရောင်းဂျာနယ်သယ်

မိုးရွာတာ သုံးလေးရက်မို့

အရောင်းရယ်က လျော့ကျတယ်

ဆိုင်ကိုဝင်ရောင်း ချင်ပေမယ့်

သူ့နေရာ သူ့စားကျက်နဲ့သူ

စည်းကျော်မရ လုပ်ကြသူဌာကွယ်

အိမ်ဝမှာ ကလေးကငိုကာရယ်

ဖေဖေမနေ့က မုန့်မပါတယ်

ဒီနေ့တော့ ပလာတာဝယ်ခဲ့ပါကွယ်

ဒီညနေ အိမ်ပြန်ခရီးလေးလှစေဖွယ်

တိတ်ပါပေါ့ မိုးမင်းကြီးရယ်

ကျွန်တော်တို့ဘဝ

တစ်ချက်လေးစောင့်ဌဲ့ကြည့်ပါဟယ်။

 

ခင်ခ။

5 comments

  • manawphyulay

    August 30, 2014 at 1:19 pm

    တစ်ချက်လေး စောင်းငဲ့ကြည့်ဦး….ဦး…
    အချိန်မလွန်ခင်… နောက်ပြန်လှည့်ခဲ့…

  • kai

    September 1, 2014 at 6:36 am

    ကယ်လီဖိုးနီးယားကတော့… ရာဇဝင်တွင်တဲ့.. မိုးမရွာ(သွေ့ခြောက်မှု) နဲ့ထိပ်တိုက်တွေ့.. ဘဝတွေပျက်နေကြလေရဲ့..
    ကြည့်ရတာ.. ယူအက်စ်ရဲ့.. ရာသီဥတုအတုလုပ်တဲ့..ကစားကွင်းမှာ.. ကစားများနေပြီလားမသိ.. :k:

    Weather Warfare: Beware the US Military’s Experiments with …
    http://www.globalresearch.ca/weather-warfare-beware-the…warfare/7561
    Jun 29, 2014 – Pdf version of article on Weather Warfare by Michel Chossudovsky, … Established in 1992, HAARP, based in Gokona, Alaska, is an array of …

  • alinsett

    September 1, 2014 at 11:42 am

    သူ့နေရာနဲ့သူ…စားကျက်လုပ်ထားတာရယ်…
    ရေကြည်ရာမြက်နုရာ..ရှာရခြင်းရယ်…

    အင်း….
    ကိုယ်တွေရဲ့ လက်ရှိနေရာကို..ရေကြည်ရာ ဖြစ်အောင် လုပ်ဖို့..
    မြက်နုရာ ဖြစ်အောင် လုပ်ဖို ့….
    ဒီတိုင်းပြည်မှာ လိုနေတယ်ထင်တယ်.. ။
    အခုဟာက…
    ရေမနောက်အောင် နေတတ်ရုံ..
    မြက်မနှုတ်ပဲ..နေနိုင်ရုံလောက်ကို တော်တော် ဟုုတ်လှပြီထင်နေကြတယ်…(ထင်တယ်)

    ဒီတော့.. ကိုယ် လက်ရှိနေတဲ့နေရာကို..ရေကြည်အောင်… မြက်နုနုတွေ ထပ်ထွက်အောင်..
    လုပ်ကြရမယ်လို ့…ထင်ပါတယ်။။

    ဘာရယ်မဟုတ်…
    ကဗျာ ဖတ်ပြီး.ဒီအတွေး ဝင်လာလို့ပါ ။

    • ခင် ခ

      September 1, 2014 at 11:50 am

      အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့လူနေမှု အဆင့်အတန်းမြင့်ဖို့ အတော်လိုနေသေးတဲ့ တိုင်းပြည်မှာ အခုလို ကြုံရာကျပန်းလုပ်ရင်း ဘဝတွေနိမ့်နေကြတာ အများများကြီးရှိနေသေးတယ် ကိုအလင်းဆက်ရေ။

      • alinsett

        September 1, 2014 at 12:02 pm

        စိမ်းပေးထားတဲ့အတွက် ကျေးဇူး လေးခ … ။

        😆

        ————-

        ကျနော့်အတွေးထဲမှာတော့…
        အဲဒီ ရေကြည်ရာမြက်နုရာ ပြောင်းကြတာတို ့…
        အခွင့်အလမ်း မရှိလို ့..ရှိရာကို သွားကြတာတို ့ မြင်တိုင်း ကြားတိုင်း တွေးမိတာလေးတွေပါ ။

        အပေါ်မှာ ပြောသလိုပေါ့.. ။
        ရေမနောက်အောင် နေတတ်ရုံကို… သာယာနေတဲ့ လူငယ်တွေရယ်..
        မြက်မနှုတ်ပဲ..နေနိုင်ရုံနဲ့ ဟုတ်လှပြီ ထင်နေတဲ့လူငယ်တွေရယ်…
        အားမရတာပါ ။
        ———
        ကျနော့်အထင်…
        အခွင့်အရေးဆိုတာကို… မရရင်. ရအောင် လုပ်ယူကြည့်ပြီး..မရနိုင်တာသေချာမှ…
        ရေကြည်ရာ မြက်နုရာကို ရှာသင့်တယ် ထင်တာပေါ့နော်.. ။

        အခွင့်အရေးကို…သူများက ပေးလာမယ့်အချိန် စောင့်မျှော်နေမယ့်အစား…
        ကိုယ်တိုင် လုပ်ယူသင့်တယ် ထင်တာပေါ့.. ။

        အဝေးက မြက်ခင်းစိမ်းတယ် ထင်ပြီး..သွားမယ့်အစား..
        လက်ရှိနေရာကို..မြက်ခင်းစိမ်းအောင် တတ်စွမ်းသမျှ ပျိုးယူတဲ့ နည်းပေါ့… ။

        အဲဒီလို တက်ညီလက်ညီ လုပ်နိုင်ကြရင်..
        ဒီတိုင်းပြည် ရေကြည်မယ်..မြက်နုမယ်ထင်တယ်.. ။

        ဆိုတော့…
        ကိုယ့်လက်ရှိနေရာဟာ..ကိုယ့် စားကျက်ကောင်းဖြစ်ဖို ့…

        :mrgreen:

Leave a Reply