မင်းဟာ နှင်းဆီထက် နည်းနည်း ပိုသွယ်တယ် ၊

ဒါပေမယ့် ဆိုဒ်က သိပ်မကွာပါဘူး ၊

ငါ့အရိုးထဲအထိ စွဲနေတဲ့ နှင်းဆီရဲ့  အရသာကို မီမလား၊

သိပ်မသေချာသွားပေမယ့် မင်းမှာလည်း မင်းအစွမ်းများတော့ ရှိမပေါ့ ၊

ပေးရတဲ့ဈေးက တူသလို မင်းက အရောင်ပိုလှတယ် ၊

မင်းကို ကိုင်မိတာနဲ့ ကျစ်လစ်တဲ့ အတွေ့အထိကို ခံစားမိတယ် ၊

မင်းအသားပေါ်မှာ မွှေးနုစိမ်းကလေးတွေနဲ့ပါလား ၊

မင်းကို နမ်းကြည့်တော့ ရှတတ ၊

မင်းအရသာကို သိပ်သိချင်လာသမို့ အိပ်ထဲက အချစ်ကို ထုတ်လိုက်တယ် ၊

ဖျောက်ကနဲထွက်လာတဲ့  မီးတောက်ကလေးနဲ့ မင်းကို ထိတွေ့စေခဲ့ပြီးတဲ့နောက်

မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကြားမှာ မင်းအရသာကို ငါသိသွားတယ် ၊

မွှေးတေးတေး နဲ့ ချိုအီအီ နှစ်ခုကြား သိပ်ကြိုက်သွားလို့ ထပ်ရှိုက်မိတယ် ၊

တစ်လိပ်မှ နှစ်ဆယ် ငါးလိပ်ကို တစ်ရာ

မင်း တန်ပါတယ်ကွာ ။

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..

   Send article as PDF