ရွှေအကြောင်းသိကောင်းစရာ 144,145,146

Zaw AungAugust 30, 20141min1393

ရွှေအကြောင်းသိကောင်းစရာ(144)

1999 ခုနှစ် ဆိုင်ဖွင့်ခါစက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ ဝန်ထမ်းလိုတယ်ဆိုတော့ ပန်းထိမ်ဆရာတစ်ယောက်က
သူ့အသိရဲ့သမီးကို အလုပ်လာသွင်းပေးတယ် တစ်လလောက်ကြာတော့ ဆိုင်ကညနေ ၆ နာရီပိတ်
တာကို ကိစ္စရှိလို့ ၅ နာရီ ြီပန်ဖို့ခွင့်တောင်းတယ် ရိုးရိုးသား
သားပဲထင်လို့ ခွင့်ပြုလိုက်တာပေါ့ ၆ နာရီစာရင်းစစ်တော့
တစ်ကျပ်သားကြိုးတစ်ကုံးပျောက်နေတယ် ဆိုင်မှာကျန်ခဲ့
တဲ့ ဝန်ထမ်းနှစ်ယောက်ကလဲ ကြောက်နေတာပေါ့ သူတို့
နှစ်ယောက်ကတော့ ရိုးပါတယ် အခုထိဆိုင်မှာရှိသေးတယ်သူတို့ရဲ့အိတ်တွေ ကိုယ်တွေမှာလဲ ရှာရတာပေါ့ မတွေ့ဘူးသေချာတယ် စော
ပြန်တဲ့တစ်ယောက်ယူသွားတာ သူ့အိမ်ကဝေးတော့ နောက်နေ့မှလိုက်သွားတော့မယ်ဆိုပြီး ဆိုင်ပိတ်လိုက်တယ် နောက်နေ့မနက်ဆိုင်ဖွင့်တော့ အဲဒီ
ဝန်ထမ်းကခပ်တည်တည်နဲ့ အလုပ်လာဆင်းတယ် ဘာမှ
မသိတဲ့ပုံစံမျိုးနဲ့ပေါ့
(စဉ် 145 သို့)

ရွှေအကြောင်းသိကောင်းစရာ(145)
(144မှအဆက်)

မနေ့ကယူသွားတဲ့ကြိုးကို ပြန်ပေးဖို့ချော့ေ တာင်းရတာပေါ့။မရဘူး မယူဘူးဘဲ ငြင်းနေတယ်ရဲစခန်းတိုင်မယ် ခြိမ်းခြောက်လဲ မရဘူး။သူကိုအလုပ ်သွင်းပေးတဲ့သူကိုခေါ်ပြောလဲမရဘူး။ နောက်ဆုံးရွှေးစရာ ၂လမ်းဘဲရှိတော့တယ်။ ရဲစခန်းပို့မလား အလုပ်ထုတ်မလား။ အလုပ်ပဲထုတ်လိုက်ပါတယ်။ အခုခေတ်မှာတော့CCTV ကင်မရာတွေပေါ်လာတော့ အဲဒီပြဿနာ မရှိတော့ဘူး။တစ်ခုခုဖြစ်ရင်ကင်မရာပြန်ကြည့် လိုက်ရင်အဖြေကရှင်းရှင်းကြီးပေါ် လာတယ်။ ငြင်းလို့မရတော့ဘူးအဲလိုဝန်ထမ်းမျိုး လဲအဲဒီ တစ်ခါပဲကြုံဖူးတယ်။နောက်ပိုင်းရ တဲ့ဝန်ထမ်းတွေအားလုံးလိမ္မာကြပါတယ်။ ပန်းတိမ်ဆရာလက်ထဲမှာ ဆုံးရှုံးတာတော့ တစ်ခါကြုံဖူးသေးတယ်။ ပန်းတိမ်အပ်တဲ့ေ ရွှဆိုင်တိုင်းလိုလိုကြုံဖူးကြတာပါဘဲ။(စဉ် 146သို့)

ရွှေအကြောင်းသိကောင်းစရာ (146)
(စဉ်145မှအဆက်)

ပန်းတိမ်ဆရာတွေက များသောအားဖြင့် စပေါ်တင်ပြီး လုပ်ကြတာပါ။ရွှေ 2 ကျပ်သားဖိုး စပေါ်တင်ထားရင် 2 ကျပ်သားပဲ ရွှေချပေးတာပေါ့။ဒါပေမယ့် နှစ်ကြာလာ လို့ခင်လာတဲ့အခါ ဆိုင်မှာပစ္စည်း အရင်လိုရင်လိုသလို 2 ကျပ်သားစပေါ်တင်ထား ပေမယ့် 5 ကျပ်သား 10 ကျပ်သားချပေးလိုက်ရတဲ့ အခါမျိုးရှိတတ်ပါတယ်။တစ်ချို့ရွှေဆိုင်ကြီးတွေ ပန်းတိမ်ကြီးတွေဆိုရင် ပိဿာလိုက်ချပေးကြတာပါ။ ပန်းတိမ်ဆရာ ပိဿာလိုက်ယူပြီး ပြေးတာမျိုး တစ်ခါတစ်ရံ သတင်းကြားရတတ်ပါတယ်။ ကျွန်တော့်ပန်းတိမ်တစ်ယောက် ပြေးတုန်းက နှစ်ကျပ်သားလောက်ပါသွားတယ်။ အဲဒီလူက လူရိုးပါ လုပ်တာလဲ နှစ်နဲ့ချီကြာပြီ မိန်းမသွားရှုပ်မိပြီး ကြွေးတွေတင်ပြီး ပြေးတာလို့ကြားတာပဲ အမှုလဲမဖွင့် ဖြစ်ပါဘူး အမှုဖွင့်ပြီး လိုက်ဖမ်းရတဲ့ အဖြစ်အပျက်တစ်ခုလဲပြောပြအုံးမယ်။
(စဉ် 147သို့)

3 comments

  • alinsett

    August 30, 2014 at 7:50 pm

    ပန်းထိမ်ဆရာတွေ လောကပါ..တီးမိခေါက်မိ ရှိလာပြီ… ။
    ဖတ်နေရပြီ… ။
    ဗဟုသုတရပါ၏ိ
    တင်ပြပေးနေတာ..ကျေးဇူးတင်ပါ၏

  • ခင် ခ

    August 30, 2014 at 11:52 pm

    ရွှေက ဝယ်လိုက် ရောင်းလိုက်ဘဲသိတာ ဇတ်လမ်းတွေတော့ ခုမှဖတ်နေရတာပါ ဆက်ပါအုံးနော်

  • Zaw Aung

    August 31, 2014 at 6:44 am

    268 ထိ ရေးပြီးသား တင်ပြီးသားတွေ ပြန်တင်ပေးနေတာပါ

Leave a Reply