ခေါင်းခနခန လျှော်လို့ ဆံပင်ပိုကောင်းမယ်ထင်ပါသလား ??

Shwe EiAugust 30, 20142min20813

တစ်ပတ်ကိုခေါင်းဘယ်နှစ်ကြိမ်လျှော်လေ့ရှိသလဲ?????


-ခေါင်းလျှော်တဲ့အကြိမ်ရေဘယ်လောက်များများရှိသင့်ပါသလဲ????

ဒီလိုမေးခွန်းမျိုးကိုအလှပြင်ဆိုင်တွေမှာခေါင်းသွားလျှော်တိုင်းကျွန်မအနေနဲ့ မေးလေ့ရှိပါတယ်။ ယုံချင်ယုံမယုံချင်နေအဖြေကတော့ ရိုးရိုးလေးပါဘဲ။

ကဲအဖြေအတွက် အဆင်သင့်ဖြစ်ပြီလား ???

-ခေါင်းကိုလျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းဘဲလျှော်ပါ။

ကွန်ပျူတာစခရင်ကို ကြည့်ပြီးမျက်စိလည်နေပြီလား။ လျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းလျှော်ဆိုတဲ့ အရေအတွက်ကဘယ်လောက်ဖြစ်မယ်ထင်ပါသလဲ။

ဒီအဖြေကိုပြောဖို့ အတွက် ပထမဆုံးသိစေချင်တာကဆံပင်ကိုလျှော်တယ်ဆိုတာဆံပင်သန့်ရှင်းရေးလုပ်ရုံသက်သက် မဟုတ်ဖူးဆိုတာပါဘဲ။ ဒါဟာကျန်းမာတဲ့ဦးရေပြားရရှိအောင် ထိန်းသိမ်းတာမျိုးပါ..ဒါပေမဲ့ ဦးရေပြားယားယံမှုကိုသက်သာစေဖို့ တနေ့တကြိမ် ခေါင်းလျှော်နေရတာမျိုးကျတော့ ကံမကောင်းစွာနဲ့ဘဲ ကျန်းမာတဲ့ဦးရေပြားလုံးဝမဟုတ်ဘူးဆိုတာ သိထားရပါမယ်။

ဆပ်ပြာ(ခေါင်းလျှော်ရည်)တွေဟာသင့်ဆံပင်ကိုကျန်းမာရေးကောင်းစေတဲ့ အဆီတွေကိုထိန်းသိမ်းထားပေးတဲ့ ဦးရေပြားအလွှာကို ခွါချပစ်လိုက်ပါတယ်။ အိုက်လိုလုပ်လိုက်တာနဲ့ တပြိုင်နက် အဆီထိန်းလွှာဟာအဆီတွေကိုမထိန်းသိမ်းနိုင်တော့တဲ့အတွက် (စိတ်ဆိုးဆိုးနဲ့) ပိုများတဲ့အဆီတွေကိုထုတ်ပေးပါတော့တယ်။ အဆီထွက်တာများလေဆံပင်မှာစေးကပ်ကပ်ဖြစ်လေပါဘဲ။ ဒါနဲ့ဘဲခေါင်းထပ်လျှော်ရပြန်ပါရော။ အပြန်ပြန်အလှန်လှန် အဆီထွက်လိုက် ခေါင်းလျှော်လိုက် သံသရာမှာနေ့တိုင်းလည်ပတ်နေရတာစိတ်ရှုပ်စရာပါဘဲ။
ဒီလိုကိစ္စမျိုးတွေကိုရှင်လဲကြုံဖူးသိဖူးပြီးသားဖြစ်မှာပါ။

ဆံပင်ကိုနေ့တိုင်းလျှော်ခြင်းရဲ့ ကြီးမားတဲ့ အကျိုးဆက်ကဘာပါလဲ????

ကျွန်မဆီကိုလာတဲ့ လူနာအများစုကတော့ နေ့တိုင်းခေါင်းလျှော်ရမှဖြစ်မယ်လို့ပြောကြပါတယ်။ စေးကပ်ကပ်ဖီလင်ကိုမခံစားနိုင်လို့ပါတဲ့။

အဆီထွက်များလွန်းတဲ့ ဦးရေပြားကလဲသည်းမခံနိုင်စရာပါဘဲ။ ကျွန်မလဲဒါကိုကောင်းကောင်းနားလည်ပါတယ် အမျိုးသမီးတို့ရေ။

ကျွန်မအသက် ၃၅နှစ်ထိကျွန်မလဲနေ့တိုင်းခေါင်းလျှော် တတ်သူတစ်ယောက်ပါဘဲ။

ဒီအောက်မှာဖေါ်ပြထားတဲ့ နေ့တိုင်းခေါင်းလျှော်ခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေကို ကြည့်ကြည့်လိုက်ပါ။

၁) ဦးရေပြားခြောက်သွေ့ခြင်း … ခေါင်းလျှော်ရည်ကြောင့် ခြောက်သွေ့သွားတဲ့ သင့်ဦးရေပြားဟာယားယံပြီးအဖတ်တွေထွက်လာပါလိမ့်မယ်။
၂) ဆံပင်ရောင်ညိုမွဲဖျော့တော့ခြင်း … ဆေးဆိုးထားတဲ့ဆံပင်တွေဟာခေါင်းလျှော်ရည်ရဲ့နေ့စဉ်တိုက်စားမှုကြောင့် အရောင်ကျတာမြန်လာပါလိမ့်မယ်။
၃) ရေချိုးခန်းထဲမှာဆံပင်ပုံသွင်းဖို့အချိန်ယူရတာတနေ့တခြားပိုကြာလာပါလိမ့်မယ်။
၄) ဆံပင်ပျက်စီးမှုရာခိုင်နှုန်းတိုးလာမယ်၊ အဖျားနှစ်ခွဖြစ်မယ်၊ အကျိုးအကျေများလာမယ်…ဒါတွေဟာခေါင်းလျှော်ရည် သုံးလွန်းလို့ ဆံပင်တွေ ခြောက်သွေ့ရာကဖြစ်လာတာပါ။
၅) ခေါင်းလျှော်ရည်များများပိုသုံးရင်…. ခေါင်းလျှော်တဲ့အကြိမ်ရေများလာတာနဲ့အမျှ ခေါင်းလျှော်ရည်ပိုဝယ်ရမယ်..ပဆံပိုကုန်မယ်။
၆) ရေခွန်ပိုဆောင်ရမယ်…..ဆံပင်မှာခေါင်းလျှော်ရည်စင်ဖို့ ရေများများသုံးရမယ်လေ။
၇) မီးခွန်ပိုဆောင်ရမယ်… ရေအပူပေးတဲ့စက် ဆံပင်အခြောက်ခံစက် သုံးတာတွေအပြင် ရေချိုးခန်းမှာအချိန်ကြာကြာနေရတာကြောင့်လဲပါတယ်။
၈) မကျန်းမာတဲ့ ဦးရေပြားဟာ…..ဆံပင်ရှည်တာနှေးစေတယ်
ဆံပင်အုံထူမှုလျော့ပါးစေတယ်
ဆံပင်ရဲ့ဆွဲဆောင်အားကိုလျော့စေတယ်
ဆံပင်ရဲ့အလေးချိန်ကိုလဲလျော့စေတယ်


ဒါဆိုရင် အစွမ်းရှိတဲ့ ကိန်းဂဏန်းတစ်ခုကဘာဖြစ်မလဲ ????

တကယ့်တကယ်ကျတော့ တပတ်ကိုဘယ်နှစ်ကြိမ်ခေါင်းလျှော်ရမယ်ဆိုတဲ့ ကိန်းဂဏန်းသတ်မှတ်ချက်မရှိပါဘူး။

လူတိုင်းလူတိုင်းမှာကွဲပြားတဲ့ ပုံစံတစ်ခုစီရှိကြမှာဘဲလေ။ ဦးရေပြားပုံစံကွဲလွဲမယ် ဆံပင်ရဲ့ အာဟာရဓါတ်လိုအပ်မှုပုံစံကွဲလွဲမယ်။ ဘယ်နှစ်ကြိမ်ဆိုတဲ့ အကြိမ်အရေအတွက်သိဖို့ကအချိန်ယူပါလိမ့်မယ်။ ခေါင်းထဲကစေးကပ်ကပ်ဖြစ်စေတဲ့ အဆီတွေကိုဖယ်ထုတ်ဖို့ အကြိမ်ရေဘယ်လောက်များများခေါင်းလျှော်သင့်လဲဆိုတာကပိုပြီးနားလည်ဖို့ခက်တဲ့ နက်နဲတဲ့ကိစ္စတစ်ခုပါ။

အကြံပေးချင်တာကတော့ နေ့တိုင်းခေါင်းလျှော်တာထက် တရက်ခြားပြောင်းလျှော်ကြည့်ပါ။ တရက်ခြားပြီးရင် နှစ်ရက်ခြားစသည်ဖြင့် ကို့အချိန်ဇယားကိုတဖြည်းဖြည်းနဲ့ရွှေ့ကြည့်ပါ။ ကျွန်မဆိုရင် ကိုယ့်ကိုယ်ကိုတပတ်တခါခေါင်းလျှော်တတ်တဲ့သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ တခါမှတွေးမကြည့်ဖူးပါဘူး။ ဒါပေမဲ့ အိုက်လိုအချိန်ဇယားရွှေ့ကြည့်ရာကနေအခုဆိုရင် လေးရက် သို့မဟုတ် ခြောက်ရက်မှာတစ်ခါ ခေါင်းလျှော်တတ်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။

အဓိကအချက်ကဘာလဲဆိုတော့ ခေါင်းမလျှော်ရတဲ့ နေ့တွေမှာဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြစ်နေအောင် ဘယ်လိုပုံသွင်းမလဲဆိုတာရယ် သိပ်မသန့်တဲ့ဦးရေပြားပေါ်ကယားကျိကျိခံစားမှုနဲ့ အသားကျဖို့ ဘယ်လိုလုပ်ယူရမလဲဆိုတာတွေကစဉ်းစားစရာပါဘဲ။

ပြောခဲ့သလိုမျိုးဒါလဲအချိန်ယူပါတယ်။ တဖြည်းဖြည်းနဲ့တော့ အရမ်းသန့်ရှင်းနေတဲ့ ဆံပင်တွေကိုမုန်းလာပါလိမ့်မယ်…လူကြားသူကြား(ပွဲလမ်းသဘင်လိုဟာမျိုး)သွားစရာမလိုတဲ့နေ့တွေမှာသာဆံပင်သန့်ရှင်းရေးလုပ်ဖို့ အစီအစဉ်ဆွဲတာမျိုးတွေ လုပ်မိလာပါလိမ့်မယ်။

-ခေါင်းလျှော်ဖို့ရက်တွေ များများခြားချင်ရင် ဒါတွေသိဖို့လိုပါလိမ့်မယ်

ဆံပင်ကိုနေ့တိုင်းမလျှော်ရဘူးလို့ သိလိုက်တဲ့အချိန်မှာစေးကပ်ကပ် ယားကျိကျိဦးရေပြားနဲ့ အသားကျဖို့ရယ်အိုက်လိုယားကျိကျိဖြစ်နေတာတောင် ကိုယ့်ဆံပင်တွေဟာ ကြည့်လို့ကောင်းတယ် ဆွဲဆောင်မှုရှိတယ်လို့ ခံစားရစေဖို့ ဆိုတာရယ်ဟာမဖြစ်နိုင်သလောက်ခက်ခဲတဲ့ ကိစ္စတစ်ခုပါဘဲ။

Dry Shampooဒါမှမဟုတ် Texture Powder သုံးခြင်းဟာဆံပင်ကို ပြားကပ်ကပ်ဖြစ်မနေစေဘဲ ကြည့်ကောင်းစေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုအဆီစုပ်ပေးတဲ့ ခေါင်းလျှော်ရည်အခြောက်လိုဟာမျိုးသုံးလေ့သုံးထမရှိသူတွေအတွက် ထူးဆန်းသလိုဖြစ်နေပါလိမ့်မယ်။ ဘာနဲ့တူသလဲဆိုတော့ စားလေ့စားထမရှိတဲ့ အစားအသောက်တွေကိုစားရသလိုပါဘဲ။ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ် ။
ကျွန်မအကြိုက်ဆုံးDry Shampoo များ..

1.Bed-Head Roack-a-Holic Dirty Secret by TIGI

bedhead-rockaholic-dirty-secret.png
bedhead-rockaholic-dirty-secret.png

2.Big Sexy Hair Volumizing Dry Shampoo

https://myanmargazette.net/?attachment_id=203410
https://myanmargazette.net/?attachment_id=203410

3.RedKen Powder Refresh 01

https://myanmargazette.net/?attachment_id=203412
https://myanmargazette.net/?attachment_id=203412

4.Pssssst! Dry Shampoo

PssssstDryShampoo.jpg
PssssstDryShampoo.jpg

ဘယ်လိုသုံးရလဲဆိုတော့ ခေါင်းလျှော်ရည်ကိုသုံးသလိုပါဘဲ

– အရင်ဆုံးခေါင်းကိုကျကျနနဖြီးလိုက်ပါ
– Dry Shampoo ဘူးကိုသေချာလှုပ်ပါ
– ဗောက်ဖတ်တွေပေါ်ကို Dry Shampoo သေချာရောက်ဖို့အတွက် ဆံပင်ကိုအပေါ်ဘက်မြင့်မြင့်မြောက်လိုက်ပါ
– ရှန်ပူဗူးကိုတော့ ဆံပင်နဲ့ ခြောက်လက်မအကွာမှာကနေချိန်ပြီးဗောက်ထတဲ့နေရာတွေကိုသေချာဖြန်းပါ
– လိုအပ်သလောက် နှံ့နှံ့စပ်စပ် မရောက်မချင်းသေချာဖြန်းပေးပါ
– ဦးရေပြားကိုလက်ချောင်းထိပ်တွေနဲ့ သေချာနှိပ်နယ်ပေးပါ
– မိနစ်အနည်းငယ်လောက်ထားလိုက်ပါ
– ပြီးသွားရင်တော့ ခေါင်းကိုသေချာဖြီးလိုက်ပြီးဆံပင်ပုံသွင်းလို့ရပါပြီ

Credit To : http://womenshair.about.com/od/products/tp/My-Favorite-Dry-Shampoos-The-Best-Dry-Shampoos-to-Try.htm

Translated by Shwe Ei
30th Aug 2014

13 comments

  • ခင် ခ

    August 30, 2014 at 11:38 pm

    ်ေလေ့ခါင်းလျော်ပုံ ဗဟုသုတမျှဝေလို့ကျေးဇူးပါ
    နေ့တိုင်းတော့မလျော်ဖြစ်ပါဘူးလေ
    သုံးလေးရက်မှတစ်ခါတော့လျော်ဖြစ်လေ့ရှိတာပါ

  • Ko chogyi

    August 31, 2014 at 10:19 am

    အမျိုးသားနဲ့ အမျိုးသမီးကွာမယ်ထင်တယ်
    ကျွန်တော်ကတော့ ရေချိုးတိုင်းခေါင်းလျှော်တယ်

  • Crystalline

    August 31, 2014 at 1:32 pm

    မြန်မာထမင်းဟင်းတွေချက်ပြုတ်ပြင်ဆင်ရရင် ခေါင်းမကြာခဏလျော်ရတယ်.. မချက်ရတော့ သိပ်လျော်စရာမလို.. နွေပိုင်းဆိုရင်တော့ အနည်းဆုံး ၃ရက်တခါလောက်လျော်ရတယ်.. ဆောင်းတွင်းဆိုရင်တော့ ၅ရက်မှ တခါလောက်လျော်တယ်.. :mrgreenn: ခေါင်းလျော်တိုင်း ဘီးတွေဆေး..ခေါင်းအုံးစွပ်ပါလျော်တာလည်းအကျင့်… Dry Shampoo ကြားဖူးနေတာကြာပြီ ဆံပင်ကောက်၊ဖြောင့်၊ ဒရိုင်ယာမသုံးပါဘဲ.. နဂိုကမှ ဆံပင်တွေကျွတ်လို့ စိတ်ပိန်နေတာ.. ဒီကိုတင်သွင်းတဲ့ ပစ္စည်းတွေရဲ့ ကွာလတီကို မစမ်းရဲလို့.. ချွေအိပိုစ့်ဖတ်ပြီး အိုင်ဒီယာရသွားပြီ ဘာဝယ်လာပေးရမလဲ မေးသူတွေ ၄ယောက်ရှိနေတယ်.. ၂ယောက်စာတော့ မှာပြီးပြီ.. လာထား Dry Shampoo plz.. :k:

    • Shwe Ei

      August 31, 2014 at 8:24 pm

      အသုံးတည့်ပါစေဗျာ….(မတည့်ရင်လဲ ဟောဒီက ဆတ်ဆတ်ဆော့ဆော့ ဘာသာပြန်တဲ့ အမိုက်အမဲ လေးကို ဗွေမယူပါနဲ့လို့..အာ.ဟိ)။

  • ကျနော်ကတော့ ရေချုးိရင်ခေါင်းလောင်းချုးိတာအကျင့်ပါနေပြီ

    ဒါပေမယ့် ဆပ်ပြာနဲ့တော့ ခေါင်းမလျော်တာ ကြာပြီ

    • Shwe Ei

      August 31, 2014 at 8:27 pm

      ငင်…သများတို့ ဆံပင်တေသာ ဆပ်ပြာမသုံးရင် သန်းမွေးတဲ့ ဌာနကြီးဖြစ်လိမ့်မယ် 😛

  • kai

    September 1, 2014 at 6:15 am

    သာမန်အားဖြင့်ကတော့.. သဘာဝဟာ..သဘာဝအတိုင်းကကောင်းတယ်ပေ့ါ…
    လူသားရဲ့ဖြစ်တည်မှု အီဗူးလူးရှင်းမှာ..နေ့တိုင်း ခေါင်းလျှော်တာအတွက်ထည့်တွက်ထားပုံ..မရတဲ့အတွက်.. ဆံပင်နဲ့ဦးရေပြားသန်းစွမ်းကျန်းမာမှုဟာ.. နေ့တိုင်းခေါင်းလျှော်နေသူအတွက်ဆိုရင်ထိခိုက်မယ်ပေါ့..
    အဲလိုတွေးပါတယ်..

    ဆိုတော့.. ဒီခေတ်ကြီးမှာ..
    လူတိုင်း… (ဒါမှမဟုတ်) လူအများစု.. နေ့တိုင်းခေါင်းလျှော်ရင်.. ခေါင်းလျှော်ရေ..ခေါင်း..ဆံပင်ကျန်းမာရေးနဲ့ဆိုင်တဲ့.. ဘီလီယန်ဘစ်ဇနက် တိုးတက်ကြီးပွားမယ်ဖြစ်ပြီး.. အလုပ်အကိုင်အခွင့်အလန်း.. သန်းပေါင်းများစွာထွက်လာမယ်ဖြစ်ပါတယ်..
    အဲဒီကနေ.. လူနေမှုအဆင့်အတန်းတွေမြင့်လာကြမယ်ဖြစ်ပါတယ်..
    အဲဒီကနေ.. လူသားနဲ့သူ့အသိုင်းအဝိုင်းဟာ..သက်တော့င်သက်သာ နေနိုင်ကြမယ်ဖြစ်ပါတယ်..

    ချိန်ဆ.. တွေးကြ.. ကစားကြစေလို… :k:

    Hair care grew by 2% in current value terms in 2013, rising to US$11.4 billion; this growth rate was above the review period CAGR of 1% from 2008-2013, but in line with the 2% CAGR from 2011-2013. Despite decent growth from conditioners and salon products, colourants, perms and relaxants, and, most surprisingly, styling agents, all served to hold back growth in the category.

    Hair care in the US is predicted to rise by 12% in value terms at constant 2013 prices over the forecast period, to reach retail sales of US$12.8 billion in 2018.

    • Shwe Ei

      September 1, 2014 at 11:53 am

      ဆံပင်ပုံသွင်းတဲ့ ဘီလီယံဘစ်ဇနက်ပီးရင် ဆံပင်တု ဘစ်ဇနက်ဆက်လက်ထွန်းကား အုံးမှာဘာသဂျီးရဲ့…..
      အခုတောင် ညှပ်ကြ ဖြတ်ကျ ဆိုးကျ ကောက်ကျနဲ့ ဆံပင်အကောင်းသိပ်ကျန်ကျတော့တာမှုတ်ဖူး…..အိုက်ဆံပင်တု ဘစ်ဇနက်ပီးသွားရင်တော့…သဘာဝအတိုင်းပေါက်တဲ့ ဆံပင်တွေ ပြန်တောင့်တကျအုံးမှာမို့ သများဘာသာပြန်ထားတဲ့ဆေးနည်းတွေ အလကားဖြစ်တော့မှာမဟုတ်ကြောင်းးးး….ခွစ်ခွစ် 😀

  • alinsett

    September 1, 2014 at 2:20 pm

    ကျနော်လည်း ရေချိုးရင် ခေါင်းလျှော်မိတာပဲ.. ။
    ခေါင်းလျှော်ရည်တောင် စွဲစွဲမြဲမြဲ…ဘာမှ မထား။ တွေ့ကရာနဲ့ လျှော်တယ် ။

    မိန်းကလေးတွေအတွက် ဒီပို့စ်လေးက.. ..လွှတ် ကောင်းတာပဲ.. ။

  • manawphyulay

    September 2, 2014 at 2:53 pm

    တစ်ပတ် တစ်ခါ လျှော်ရင်ကော ရပါသလား။ မနောက တစ်ပတ်မှ တစ်ခါလောက်ပဲ လျှောက်ဖြစ်ပါတယ်။ နောက်ပြီး ဆံပင်ကို ဘာမှမလုပ်ဖြစ်ပါဘူး။ စက်ဆွဲတာတို့ ကောက်တာ ဖြောင့်တာတို့ နောက် ညှပ်ခြင်းပြုခြင်းလည်း သိပ်မလုပ်ဖြစ်လို့ပါရှင်။

    • Shwe Ei

      September 2, 2014 at 4:32 pm

      ခွိ သများလဲ သေချာမပြောတတ်…အောက်မှာ အရီး ပြောထားတဲ့အတိုင်းပါဘဲလို့ 😛

  • မြစာကလေး (23122011)

    September 2, 2014 at 3:06 pm

    { တကယ့်တကယ်ကျတော့ တပတ်ကိုဘယ်နှစ်ကြိမ်ခေါင်းလျှော်ရမယ်ဆိုတဲ့ ကိန်းဂဏန်းသတ်မှတ်ချက်မရှိပါဘူး။
    လူတိုင်းလူတိုင်းမှာကွဲပြားတဲ့ ပုံစံတစ်ခုစီရှိကြမှာဘဲလေ။ ဦးရေပြားပုံစံကွဲလွဲမယ် ဆံပင်ရဲ့ အာဟာရဓါတ်လိုအပ်မှုပုံစံကွဲလွဲမယ်။ ဘယ်နှစ်ကြိမ်ဆိုတဲ့ အကြိမ်အရေအတွက်သိဖို့ကအချိန်ယူပါလိမ့်မယ်။ }

    အဲဒီ အကြံပြုချက် လေး ကို ကြိုက်တယ် ချွေအိ။
    သူများကောင်းတယ် ဆိုတဲ့ ဟာ က ကိုယ့်မှာ ကောင်းချင်မှ ကောင်းတာ ကိုယ်တွေ့သိခဲ့လို့ဘဲ။
    အရီး တို့ ငယ်တုန်း ကတော့ တရော်ရည် ချွဲချွဲ မန်ကျီးသီး ပြုတ် နဲ့ ရော လျှော် ရတာဘဲ။
    အုန်းဆီ အဖွား က သုံးခိုင်းပေမဲ့ ကိုယ့်ဆံပင် က အဆီများတော့ မသုံးပါဘူး။
    ထောလပါတ်ရွက် ကို ချေပြီး လဲ သုတ်ရသေးတယ်။
    ဆံပင် မဲပြီး သန် အောင်လို့။
    နောက်ပိုင်း ရှန်ပူး တွေ ပေါ်လာတော့ ဘားမိနည်း ဘားမိဟန် (cd – ဂဂ) ခေါင်းလျှော်တာ ရာဇဝင်ထဲ ကျန်ခဲ့ပေါ့။
    အမှန်ပြောရရင် တရော်ရည် သုံးတာထက် ရှန်ပူး တွေက ဆံပင် အမြင် နဲ့ အနံ့ ကို ပိုပြီး ကောင်းတာထင်တာဘဲ။

    Dry Shampoo ဆိုတာတော့ အခု မှ ဘဲ ကြားဖူးတော့တယ်။
    ကျေးဇူးပါ ချွေအိ ရေ။

    • Shwe Ei

      September 2, 2014 at 4:34 pm

      နည်းပညာ တိုးတက်လာတာနဲ့ အမျှ ပစ္စည်းကောင်းတွေ အများကြီး ထွက်လာတာတော့ လက်တွေ့ပါဘဲအရီးရေ…
      အရည်အသွေးကောင်းတာသုံးလို့ ဈေးကြီးပေးရတယ်ဆိုပေမဲ့ တကယ်လဲအကျိုးရှိတယ်…
      အာမခံနဲ့လဲ ရောင်းပေးကြပါတယ်။

Leave a Reply