အော်ရီဒူး အကြောင်း တစေ့စောင်း…..

တိမ္မည္းAugust 30, 20141min18514
Analysis on after announce 1MB per 10Kyats for without plan use....
Analysis – After announce 1MB per 10Kyats for without plan use….

ခုနလေးကပဲ Internet Journal ကနေ Ooredoo က တမိနစ် ကို ၂၅ ကျပ်နှုန်း plan မပါပဲ ကောက်ခံနေရာကနေ တမိနစ်ကို ၁ဝ ပဲ ကောက်ခံတော့မယ် အကြောင်း လာမယ့် လကနေ စတင်မယ့်အကြောင်း ပြောကြားသွားတယ်..
Plan တွေကို တော့ ပြောင်းဖို ့အစီအစဉ်မရှိသေးဖူးပေါ့… အဲ့မှာပဲ စဉ်းစားစရာ ဖြစ်လာတယ်… ဖော်ပြထားတဲ့ ဇယားလေး တချက်ကြည့်လိုက်တော့ အတွေးနဲနဲ ဝင်သွားတယ်ဗျာ… စကားပြောသွားတာက သူတို ့ကန် ့လန် ့ထည့်ထားတဲ့ Facebook usage ပေါ့ဗျာ… လူတွေက တကယ်တမ်းတော့ facebook ကို အဲ့လောက် မသုံးကြဖူးဗျ… ဖုန်းနဲ ့… များသောအားဖြင့် ရုံးမှာ သုံးတက်ကြတော့ တကယ်တမ်း အိမ်မှာကြတော့ facebook ကို ချက်လောက်ပဲ သုံးကြတော့တယ်… အဲ့မှာ စကားက စပြောတာပဲ..
ကျွန်တော်ရဲ့ ခွဲခြမ်းစိတ်ဖြာမှူ မှာက facebook ကို ဖုန်းနဲ ့သုံးစွဲမှူ ၁၀ဝ ကနေ ဝ ရာခိုင်နှုန်းအထိ နှိုင်းပြထားတယ်… Plan အနေနဲ ့ တမိနစ် ၁ဝ ကနေ တလ ၄၅၀၀ဝ အထိပါတယ်… အဲ့မှာ ဘာသွားတွေ ့လဲ ဆိုတော့… တချို ့ plan တွေက facebook အသုံးပြုတာ မပြုတဲ့ အပေါ်မူတည်ပီး ဈေးစကားပြောသွားတယ်… လေ့လာကြည့်သလောက် လူတွေ တော်တော်များများက ပေးထားတဲ့ Ooredoo နှုန်းကနေ ဖေ့ဘွက် သုံးတာက ငါးဆယ်ရာခိုင်နှုန်းသာသာပဲရှိတယ်ဗျ… သဘောက တပတ်ကို ၇ဝမက်ထက် ပိုမသုံးတက်ကြဖူး… ပုံမှန်လူတယောက်ကို ပြောပါတယ်…
အဲ့မှာ လေ့လာမိသလောက်… တကယ်လို ့ စာဖတ်သူက တလမှာ ဖေ့ဘွက်ကို ဖုန်းနဲ ့ မသုံးသလောက် နဲတယ်… သဘောက ဖုန်းအင်တာနက်နဲ ့ မသုံးသလောက်နဲ တယ်ဆိုရင် နေ ့စဉ်ပလန် အပတ်စဉ် ပလန်တို ့ကို ယူလိုက်ရင် ၁မက်ကို လေးကျပ်လောက် အပိုဆောင်းပေးရဖွယ် ရှိတယ်… သဘောက ပလန်ယူမယ့်အစား ဒီအတိုင်းပဲ သုံးပေါ့ဗျာ… ၅ဝ ရာခိုင်နှုန်းသုံးမယ်ဆိုရင်တောင် ၁မက် သုံးတိုင်းမှာ နေ ့စဉ်မှာ သုံးကျပ် အပတ်စဉ်မှာ ၁ကျပ် ပိုနစ်နာဖွယ်ရှိသေးတယ်…

တကယ်လို ့သင်သာ ဖေ့ဘွက် ကိုလည်း အရူးအမူး သုံးတဲ့သူ တယောက် ဆိုရင် Plan 4 သည် အသင့်လျော်ဆုံးဖြစ်ကြောင်း…….

မှီငြမ်း http://internetjournal.com.mm/content/14208

14 comments

  • မွသဲ ( 17082011 )

    August 30, 2014 at 8:48 pm

    အီးးးးးးးးးးးးးးးးးးး အဲ့ဒါတွေနားမလည်ဖူးတော့။ သိတာတော့ အော်ရီဒူးလောလောဆယ်ဆယ်သုံးမရသေး တာပဲ။ အင်တာနက်ဝေးလို့ တိုင်တောင်မတက်။ လမ်းတကာလှည့်သွားပြောရမဲ့အနေအထားမို့ အော်ရီဒူးကဒ် ကို ငြုပ်ဆုံထဲ ထည့်ထောင်းမလို့စီစဉ်နေပါကြောင်း

    • တိမ်မည်း

      August 30, 2014 at 9:01 pm

      ဒီလို ဒီလို… အော်ရီဒူး က တကယ်တော့ သူတို ့မှာ တခြားရည်ရွယ်ချက် ရှိတယ်… ဒါတွေက သာမညတွေ သူတို ့ဘောစိတွေကလည်း ဒီ ပရောဂျက်ကြီး ရှုံးသွားလည်း ဂရုစိုက်တဲ့အထဲမပါဖူး… လောလောဆယ်ပေါ့…

      အင်တာနက်လိုင်း ကောင်းကောင်းမရတာက တိုင်တွေ အပြည့်ထောင်လို ့ရဖူးလေ… တချို ့အိမ်တွေက မျိုးချစ်စိတ် ကြီးတယ်… တချို ့အိမ်တွေက အဆမတန် တောင်းတယ် ဈေး… ကျွန်တော်တို ့ရပ်ကွက်မှာတော့ အော်ရီဒူးက အလန်းဇယား… သို ့ပေသိ အလုပ် မှာတော့ တလိုင်းမှ မတက်လို ့ ငိုပါရဇီ… ရုံးရောက်ရင် ဖုန်းက ငြုပ်ဆုံထဲ ရောက်မသွားရုံးတမယ်ပါ….. ငြုပ်ဆုံထဲ ထည့်မယ်ဆို ထည့်သာ ထည့်ပစ်လိုက်… အားမနာနဲ ့… 😀

  • ခင် ခ

    August 30, 2014 at 11:46 pm

    တယ်လီနောကဘယ်လိုလာအုံးမလဲ
    mpt က ဘာလုပ်အုံးမလဲ
    အောဒီဒူးကရော နှုန်းလျော့အုံးမလား
    အဲလို အဖွဲ့တွေဆုံတဲ့ထိ ခဏအချိန်စောင့်ပြီးမှ ရွေးချယ်တော့မယ်ဗျာ
    အခုလည်းစိတ်ရှည်သည်းခံလမ်းကြောင်းမှန်နဲ့သွားလိုက်အုံးမယ်ဗျို့

    • တိမ်မည်း

      August 31, 2014 at 3:29 pm

      လေးခရေ..
      ဒီလို ဒီလို…
      တယ်လီနောကတော့ အော်ရီဒူလို ပဲ data package ပဲဗျ…. သို ့ပေသိ သူကသော သက်သာတဲ့ ဈေးနှုန်းနဲ ့ ဖြစ်မယ်… နဲနဲတော့ နှေးမယ်ဗျာ… တကယ်ဖုန်းကောင်းကောင်းနဲ ့ Ooredoo နဲ ့ Telenor ကိုယှဉ်သုံးမယ်ဆိုရင်တော့ နှေးမယ်ဗျ တယ်လီနောက (ဟိုလိပ် MPT ထက်တော့ သာမယ်ဗျာ)…..
      အော်ရီဒူးက နှုန်းထားလျော့ဖို ့အစီအစဉ်ရှိတယ်လို ့ ကြားမိပါတယ်… လောလောဆယ် ကနဦးကို ၂၅ ကျပ်ကနေ ၁ဝကျပ်ကို Pay par use အတွက် ပြောင်းပေးလိုက်ပီ… ပရိုမိုးရှင်း တလလား.. အမြဲတမ်းအတွက်လား အဲ့ဒါတော့ သဲသဲ ကွဲကွဲ မဖတ်မိသေးဖူး…
      အခုတော့ MPT နဲ ့ သွားတာလည်း ကောင်းပါတယ်ဗျာ….

  • Ko chogyi

    August 31, 2014 at 8:55 am

    တစ်မိနစ် ၁ဝ နှုန်းဆိုအရမ်းများနေပြီ
    1 MB ကိုပြောတာလား

    • တိမ်မည်း

      August 31, 2014 at 9:45 am

      @ Ko Cho Gyi. 1MB ကို ပြောတာပါ။

  • အော်ရီဒူး ဖုန်း ကဒ် တစ်ကဒ် ရ လာပါဒယ်

    ခက်တာ က ကိုယ့် မှာ 3G ဖုန်းမရှိ

    အဲတော့ မသုံးဖြစ်ဘူးပေါ့

    ကျနော်သာ အော်ရီဒူး သုံးမိလို့ကတော့ သူမအော်ဘဲ ကိုယ်အော် ရလိမ့် မယ်ထင်တာဘဲ

    အင်တာနက်ဆိုင်မှာ ရှိသမျှ ဆိုဒ် အကုန်ဖွင့် ကြည့် ပြီး ပုံတွေ တင် နေတာကိုးဗျ

    • တိမ်မည်း

      August 31, 2014 at 3:46 pm

      လေးပေါက်ရေ… မန်းဒလေးကတော့ တိုက်မြင့် နဲပါးတဲ့အတွက် ရန်ကုန်ထက်တော့ coverage area မှာ သာတယ်ဗျို ့… 3G ဖုန်း ဝယ်ချင်သပဆိုရင် Samsung V ဆိုပီး ပရိုမိုးရှင်း ပေးနေတယ်ဗျ… တလုံး ၉၀,၀၀ဝ လောက်ရှိမယ်… အသေးစိတ်ကိုတော့ Samsung Showroom ကိုသာ မေးကြည့်ဗျာ… အလုံးကတော့ နဲနဲသေးတယ်လို ့ပြောတယ်… ခပ်ကောင်းကောင်း ဝယ်ချင်တော့ LG G3 ဝယ်ဖို ့ညွန်းသဗျို ့…. Huawei လေးမှ ကိုင်ချင်သပဆိုလည်း Acend P7 လေးလည်း နှိမ့်သဗျ.. သူလေးက ၃ ပုံးလို ့ပြောတယ်…

      လေးခ ရေ ပုံတင်တဲ့ ကိတ်စကတော့ ဒီလို လေးတော့ ပြောချင်သဗျ…
      လက်ရှိ သူတို ့ပေးတဲ့ဈေးကတော့ တကယ်များသဗျို ့….. နဲနဲလေးတော့ စောင့်စေချင်…
      ပျှမ်းမျှ 1MB ကို လေးကျပ်လောက်ဆိုရင်တော့ တန်သဗျို ့… ဘာလို ့လဲဆိုတော့ MPT ၁ မိနစ်မှာ ၂ ကျပ်ဆိုပေမယ့် Size ကြီးရင် အဆင်မပြေတာတို ့ လိုင်းမကောင်းလို ့ စောင့်ရတာတို ့ကရှိသေးတယ်လေ… ပီးတော့ message ပိုတဲ့ နေရမှာလည်း normal message ကို အားကိုးနေရတာကလည်း အလုပ်မဟုတ်ဖူးဗျ… သများနိုင်ငံတွေမှာဆို skype ဆို skype whatsapp ဆို whatsapp သုံးနေသဗျ…
      တိုးတက်လာတဲ့ ခေတ်မှာ အချိန်ဆိုတာ တွက်တက်ရင် တော်တော် တန်ဖို းကြီးသဗျ… အချိန်က စကားပြောပါလိမ့်မယ်… လောလောဆယ် 1MB 10-14 Kyats ဖြစ်နေလို ့ မပြောသာသေးဖူး….

      1MB 6-8 Kyats အထိ Ooredoo Telenor က များပေးလာခဲ့ရင် MPT လည်း data plan ပြောင်းဖို ့ လေသံ ဟလာမည်ဖြစ်ကြောင်း….

      လေးစားလျက်
      တိမ်မည်း

      • ခင် ခ

        August 31, 2014 at 4:26 pm

        ကိုတိမ်မည်းရေ ရှင်းပြပေးတာကျေးဇူးပါ
        mpt ကိုဘဲ အားမကိုးပါဘူး
        တယ်လီနောနဲ့အော်ဒီဒူး အဲဒီနှစ်ခု ဘယ်သူအားသာလဲ နှုန်းအနေအထားဘယ်လိုလဲ ယှဉ်ကြည့်ပြီးမှ အဆင်ပြေရာသုံးမလို့လေ
        ကဒ်ဖိုးက ဈေးမရှိပေမယ့် ဟန်းစက်က ရွေးမှာမိုပါ

  • alinsett

    August 31, 2014 at 10:23 pm

    အင်းး အဲ့ဒီလို ပလန်တွေဘာတွေနဲ့ကိုတော့ သိပ်နားမလည်ဘူး။
    ဒါမယ့် ပညာရပ်ဆန်ဆန် သေချာလေး ရှက်းပြပေးထားတာကြောင့် မှတ်သားထားလိုက်ပါတယ်ဗျ။

    ကျနော်တော့ ဖုန်းနောက်တစ်လုံး လိုအပ်နေပေမယ့်
    အူရီဒူးကို မသုံးရဲဘူးဖြစ်နေတယ်။
    ပြီးတော့ သူက ဟန်းစက်လည်း ရွေးတော့ မဝယ် မသုံးဖြစ်သေးဘူးပေါ့။

    ဒါနဲ့ သိချင်တာလေးတစ်ခု
    အဲ့ဒီ အူရီဒူးဆင်းကတ်ကို အိမ်မှာ အထိုင်ဖုန်းအဖြစ်
    လက်ကိုင်ဖုန်းမဟုတ်တဲ့ ဖုန်းလေးတွေထဲ ထည့်သုံးလို့ရလား
    အဲ့ဒီ လက်ကိုင်ဖုန်းမဟုတ်တဲ့ ဖုန်းပြောရုံသက်သက်
    သာမန် အထိုင်ဖုန်းလေးတွေနဲ့ဆိုရင်ရော သုံးလို့ရရင်တောင် လက်ရှိ နှုန်းထားအတိုင်းပဲ ခေါ်ဆိုခတွေဘာတွေ ဒီလိုပဲလားပေါ့။
    လက်ကိုင်ဖုန်း မဟုတ်တဲ့ သာမန် ၁၀၀၀ဝ ကျပ် ပတ်ဝန်းကျင် ပေးဝယ်ရင် ရတဲ့ ဖုန်းတွေနဲ့ ထည့် သုံးလို့ရ မရပေါ့။
    အဲ့ဒါလေး သိချင်တာ။
    ပြီးတော့ အူရီဒူးနဲ့ တယ်လီနော ဘာတွေ ဘယ်လိုကွာပြီး ဘယ်ဟာက ပို သုံးသင့်တယ်ဆိုတဲ့အချက်တွေကိုလည်း စိတ်ဝင်စားနေတယ်။

    😆

    • တိမ်မည်း

      September 1, 2014 at 8:56 am

      အော်ရီဒူး ဆင်းကဒ် က 3G ကွန်ရက် ကို အပြည့်သုံးထားတာပါ… ဆိုတော့ သာမာန် 2G အထိုင်ဖုန်းတွေနဲ ့အဆင်ပြေမယ့် မထင်ဖူး… တကယ်လို ့ 3G WCDMA အထိုင်ဖုန်း ရှာတွေ ့ရင်တော့ ဖုန်းခေါ်ဆိုခ ပြောင်းလဲမှာ မဟုတ်ပါဖူး… အဆင်ပြေမှာပါ….

      လက်ကိုင်ဖုန်းမဟုတ်တဲ့ သာမန် ၁၀,၀၀ဝ ထဲကတော့ ရှိမယ်မထင်ဖူး….

      အော်ရီဒူးနဲ ့တယ်လီနော် ဘယ်လိုကွာတယ်ဆိုတာကတော့ ပြောရခက်ပါသေးတယ်….

      လက်ရှိ သိသလောက် ပြောရရင်တော့…

      အော်ရီဒူး က သူရဲ့တိုင်စိုက်ပုံက မြို ့ကြီးတွေကို အလေးထားပါတယ်… တကယ်လို ့ သင်သာ ရန်ဖန် ရန်ခါ ခရီးသွားတက်သူ တယောက်ဆိုရင် အော်ရီဒူး ဟာ တနှစ်အတွင်း လုံးဝ ကိုင်ဖို ့မသင်သေးပါဖူး… ဒါပေမယ့် ရန်ကုန် မန္တလေး နေပြည်တော် စသဖြင့် မြို ့ကြိး တခုခုမှာ အထိုင်ချ နေပီး ခရီးသွားမှူ မရှိသလောက် ဆိုရင် အော်ရီဒူးဟာ အထူးသင့်လျော်ပါတယ်….

      တယ်လီနော်က မြို ့ကြီး နှစ်မြို ့ ရန်ကုန်ကနေ မန်းဒလေး အထိ လမ်းတောက်လျှောက်မှ တိုင် ကို အထူးတလည် လိုက်စိုက်နေပါတယ်… လက်ရှိ တိုက်စိုက်ပီးစီးမှူ အနေအထားကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် နောက်ခြောက်လအတွင်းတော့ ခရီးသွားသူတွေအတွက် လမ်းတလျှောက်လုံး လိုင်းမိနေမယ့် အနေအထားရှိသလို အနိမ့်ဖုန်းနဲ ့ပဲ ဖုန်းခေါ်နှုန်း ချိုချိုသာသာလိုချင်သပဆိုရင် တယ်လီနော်က အထူးသင့်လျော်ပါတယ်….

      အချုုပ်အားဖြင့် အော်ရီဒူးဟာ ဖုန်းကောင်းကောင်းနဲ ့ ဇိမ်ခံ လူတန်းစားကို ရည်ရွယ်တယ်လို ့ယူဆပီး… တယ်လီနော်ကတော့ အခြေခံလူတန်းစားကို ရည်ရွယ်တယ်လို ့ယူဆလို ့ရပါတယ်…
      လက်ရှိတော့ ဒီလောက်ပဲပြောနိုင်ပါသေးတယ်

      လေးစားလျက်
      တိမ်မည်း

      • alinsett

        September 1, 2014 at 11:48 am

        ဟုတ်.. ။ ရှင်းပြပေးတာ ကျေးဇူးပါ ။
        တယ်လီနောကိုပဲ..စောင့်ကြည့်လိုက်တော့မယ်

        :mrgreen:

  • kai

    September 1, 2014 at 2:18 am

    အခြေခံအချက်ကတော့..တိုင်းပြည်ရဲ့ ဖုံးစနစ်ကို ဘယ်နိုင်ငံခြားတိုင်းပြည်လက်ကိုမှ အပြီးအပ်ရတာမဟုတ်..
    စစ်တပ်ဘောင်းဘီချွတ်အစိုးရ မသိမဟုတ်…

    ဆိုတော့..
    ပြိုင်ဖက်တွေမှိုလိုပေါက်လာမယ်…ထင်..

    • တိမ်မည်း

      September 1, 2014 at 9:42 am

      ပြိုက်ဘက်ကလက်ရှိမှာ အတော်များနေပါပီ…. တယ်လီနော် အော်ရီဒူ MPT MECTEL အဲ့လေးခုနဲ ့တင် များပါ့…. ဒီထက် ပိုပီးခွင့်ပြုမယ်တော့ မထင်ဖူး… MPT ကြောင့်လေ… သူက ဈေးကွက်ကို ချုပ်ကိုင် ချင်နေသေးတယ်….
      ဈေးကွက်က ပြိုင်ဘက်တွေ ပိုပေါက်လာပီး နိုင်ငံတကာအတိုင်းဖြစ်လာမလား…
      ဒါမှ မဟုတ် MPT ကပဲ ဆက်လက် ချုပ်ကိုင်ထားနိုင်မလားဆိုတာ….
      မြန်မာနိုင်ငံရဲ့ အင်တာနက် ဆက်ကြောင်းတွေအပေါ်မှီခိုနေပါတယ်……

      ကျန်တာကတော့ ပိတ်ကားပေါ် ဆက်ရှုပါရန်….

      လေးစားလျက်
      တိမ်မည်း

Leave a Reply