ဘယ်အသီးစားရင်ကောင်းမလဲ

“ဘယ်အသီးစားရင်ကောင်းမလဲ”

 

ဩဇာသီး
ဩဇာသီး
နဂါးမောက်သီးး
နဂါးမောက်သီးး
လူတွေကတော့ ပြောကြတယ် ဩဇာသီး စားရင်ဩဇာ ရှိ တယ် ဆိုဘဲ။

လူမလေးခွေးမခန့် အလုပ်ခံရတာ တွေ ကြုံတာ များလာတော့

နောက်မှ ရင်ကျပ်ပြီး သေချင်သေပေ့ စေ

ဩဇာသီးတွေအကုန်စားချင်စိတ် ပေါက်လာတာတော့ အမှန်ဘဲ နော်။
ဒါပေမယ့်လဲ အခုခေတ်ကြီး က နဂါးတွေတန်ခိုးထွားတဲ့ခေတ်ရောက်နေတော့
နဂါးမောက်သီးဘဲစားရင်ကောင်းမလားလို့တွေးနေမိတယ်။
ကဲ ဘယ်အသီး စားရင်ကောင်းမလဲ။
တစ်ခုတော့ကြိုမှာထားမယ် ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီးတော့ မစားချင်ဘူးနော်။
 — at ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ .

20 comments

  • ခင် ခ

    August 31, 2014 at 2:30 pm

    ဩဇာသီးက အစေ့များတယ် နဂါးမောက်သီးက အလွယ်စားရပြီး
    ခန္ဓာကိုယ်တွင်းအဆိပ်တွေကိုလည်းလျော့ကျစေပြီး ခုခံအားတိုးစေတဲ့ဂုဏ်သတိ္တရှိစေတယ်လေ

  • kai

    September 1, 2014 at 2:12 am

    အဲဒီနဂါးမောက်သီးကို တွေ့တွေ့နေတာ…
    ဘာခေါ်မှန်းမသိလု့ိ..
    ခုတော့သိပြီ နင့်ကိုငါစားမည်..:k:

  • alinsett

    September 1, 2014 at 11:45 am

    ဖြဲသီးနဲ့ နာနတ်သီးကို အကြိုက်ဆုံး…ပဲ.. .။
    ဩဇာသီးတော့…မကြိုက်…

    :mrgreen:

  • kyeemite

    September 1, 2014 at 1:47 pm

    . ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီး= ေ-ွး ချိုသီး :k:

  • Myo Thant

    September 1, 2014 at 1:49 pm

    အနော်က ပိန္နဲသီး အကြိုက်ဆုံး 🙂

    လုံးဝမစားတာ နဲ့ အနံ့ကို မခံတာက ဒူးရင်းသီး

    အမေ နဲ့ ကလေးတွေက ဒူးရင်းသီး သိပ်ကြိုက်ကြလို့ သူတို့စားရင် ကျနော်ပြေးတာပဲ ၊

  • Ma Ei

    September 1, 2014 at 2:51 pm

    နဂါးမောက်သီးဆို အတွင်းသား အနီသီးကိုပိုကြိုက်တယ်…
    🙂

    • sorrow

      September 1, 2014 at 3:40 pm

      အန်တီအိ..သကြားတစ်ဇွန်း သံပုရာသီးတစိတ် ညှစ်ထည့် …နဂါးမောက်သီးအတွင်းသားအနီကို ဘလန်ဒါနဲ့ထည့်မွှေ..ဖျော်ရည်ဖြစ်ကရော..အလွန်အရသာရှိတယ်ခင်ဗျ…ကျန်းမာရေးအတွက်လဲအလွန်ကောင်းပါသည်ခင်ဗျ. ..

      • မအိပြောတာ လဲ ထောက်ခံ တယ်

        ဆော ဆော ပြော တာ လဲ သဘောကျတယ်

        ဒါေ ပမယ့် ဩဇာ သီး ကိုဆော ဆော ပြော သလို လုပ်ပြီး သောက်ကြည့်ရင်ဘယ်လိုနေမလဲ မသိဘူး

  • Yae Myae Tha Ninn

    September 2, 2014 at 11:51 am

    လေးပေါက်ပြောတဲ့ နားက … အဲဒီတောထဲက ထွက်ဘူးဗျ… တလောက ခရီးသွားတာ တောက်လျှောက်အဲဒါပါတဲ့ မြို့တွေ တော်တော် ဖြတ်ရတယ်ဗျ… 🙂

    • အော်ရေမြေ့သနင်းရယ်

      အဲ့ နား ကို ဖြတ်ရင် ရွာနာမယ်တွေပြောရင် လျျှာ တွန့် ပါတယ် ဆိုေ နမှ

  • manawphyulay

    September 2, 2014 at 2:55 pm

    ဩဇာသီးကတော့ ရာသီချိန်တိုင်း ဝယ်စားဖြစ်ပါတယ်။ နဂါးမောက်သီးကျတော့ ပုံစံကိုက မစားရဲဘူး။ စားရင် ဘယ်လိုနေလဲဟင် လေးပေါက်

Leave a Reply