ဖယောင်းတိုင်

ခင္ခAugust 31, 20141min844

” ဖယောင်းတိုင် “

 

မီးညွှန့်လွှလွှ ဖယောင်းတိုင်က
ဘုရားစင်ထက် နေရာယူ
ဒီဇိုင်းမျိုးစုံ မီးလုံးမီးချောင်းအဖုံဖုံက
အိမ်ကြီးတစ်ခုလုံး လင်းအားပို
ဖယောင်းတိုင်အလင်း မှိန်ဖျော့ဖျော့တဲ့
လျှပ်စစ်အားကိုး အကြွားပိုခဲ့
သိပ်မကြာခင် မီးပျက်လေသော်
ဘုရားစင်အနီး ဖယောင်တိုင်မီးဖြင့်
လင်းပေသော်လည်း အိမ်ကြီးခမျာမှောင်တိသာမို့
ဖယောင်းတိုင်ကို ကာပြန်မရ မြန်မာပြည်က။

 

 

ခင်ခ။

4 comments

  • alinsett

    September 1, 2014 at 12:07 pm

    မြန်မာပြည်မှာ လေသိပ်တိုက်တယ်…
    ဒါ့အပြင်…မြန်မာပြည်မှာ…အကာအရံသိပ်နည်းတယ်..
    ဒါ့အပြင်..မြန်မာပြည်က လူငယ်တွေ တော်တော် ချမ်းတတ်တယ်…
    ဒါ့အပြင်..မြန်မာပြည်ဟာ..ဖယောင်းတိုင်လိုပဲ…
    ဒါ့အပြင် မြန်မာပြည်ဟာ..မီးဇာကုန်ဆီခမ်းတော့မယ့် နိမိတ်တွေနဲ့….
    ဒါ့အပြင်…..
    ဒါ့အပြင်…..

    😥

  • manawphyulay

    September 2, 2014 at 2:51 pm

    သိနေတယ်လေ ဒါကြောင့် ဖယောင်းတိုင်စက်တွေ ဝယ်ထားပါတယ်… :mrgreen:

  • Mr. MarGa (12512)

    September 3, 2014 at 9:15 am

    ဘာသာရေးလား… သူပါတယ်
    ပညာရေးလား…သူပါတယ်
    စီးပွားရေးလား….သူပါတယ်
    လူမှုရေးလား… သူပါတယ်
    ပါလေရာ… ဖယောင်းတိုင်ငယ် :mrgreenn:

Leave a Reply